Myamnar News Day

  • Home
  • Myamnar News Day

Myamnar News Day Myanmar News Day

23/02/2025

မင်္ဂလာမန္တလေး ၁၀နှစ်ပြည့် နှစ်ပတ်လည်ပွဲ အောင်မြင်စွာကျင်းပပြီးစီး၍ အမှတ်တရ ကိတ်မုန့်ခွဲ(ရုပ်သံ)

Feb 23, 9:25 PM

မင်္ဂလာမန္တလေး ၁၀နှစ်ပြည့်နှစ်ပတ်လည်( Mingalar Mandalay 10th Year Anniversary 2025) အခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး အမှတ်တရကိတ်မုန့်ခွဲခြင်းအစီအစဉ်ကို ယနေ့ ဖေဖော်ဝါရီ၂၃ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပံ့ပိုးခဲ့သူများကိုလည်း မင်္ဂလာမန္တလေးမှ တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုတံဆိပ်နှင့် လက်ဆောင်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

၁၀နှစ်ပြည့်အမှတ်တရပွဲကို ဖေဖော်ဝါရီ၂၁ရက်မှ ၂၃ရက်အထိ နံနက်၉နာရီမှ ည၇နာရီအထိ သုံးရက်တိုင်တိုင် မင်္ဂလာမန္တလေး လမ်းလျှောက်ဈေးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲလေး၊ ထက်ယံ၊ Bobby Soxer၊ အိမ့်ချစ်၊ မိစန္ဒီ၊ Yung Hugo၊ Jason Ace၊ ခိုင်မြဲသစ္စာ၊ ချစ်ဇွဲသာ၊ ရဲရဲသဏ္ဍာန်၊ ယံယံ၊ ပိုင်ပိုင်၊ မိုင်းမိုင်တို့၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ DJ Black, DJ Kaung Myat၊ Bees Poison Dancer Group၊ Mernix Dancer Group တို့က တင်ဆက်ဖျော်ဖြေခဲ့ကြသည်။

Address


Website

Alerts

Be the first to know and let us send you an email when Myamnar News Day posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share