31/08/2026
ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)တွင်
Innovative Project Exhibation- 2026 ပြိုင်ပွဲကျင်းပ"
ပြင်ဦးလွင်၊ဩဂုတ် ၃၁၊၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊
ပြင်ဦးလွင်မြို့နယ်ရှိ UNIVERSITY Of TECHNOLOGY ၊ (Yatanarpon Cyber City )နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ခန်းမဆောင် တွင်နည်းပညာတက္ကသိုလ်ကျောင်း သား၊ကျောင်းသူ များ၏ နည်ပညာ Innovative Projects Exhibition .2026(ဆန်းသစ်တီထွင်မှု စီမံကိန်းများ ပြပွဲ-၂၀၂၆) ပြပွဲ ကို ယနေ့နံနက် ၉း၁၅ နာရီ အချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါပြပွဲသို့ မန္တလေး တိုင်းဒေသကြီး၊ လူမူရေးဝန်ကြီး ဒေါက်တာ လှကြွယ် ၊ သိပ္ပံနှင့်နည်းပညာသုတေသနဌာန ဌာနချုပ်မှူး ဗိုလ်ချုပ် ဇော်မင်းဦး၊ နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ တင်မြင့်နိုင်၊ပြင်ဦးလွင်ခရိုင်အုပ် ချုပ်ရေးမှူး ဦးရဲထူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မြင့် ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင် တို့ပါဝင်သော ခရိုင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်း
သူ (၇၀၀)ဦးတို့ခန့် တက်ရောက်ခဲ့ကြပါသည်။
နည်ပညာ Innovative Projects Exhibition .2026(ဆန်းသစ်တီထွင်မှု စီမံကိန်းများ ပြပွဲ-၂၀၂၆) ပြပွဲသို့တက် ရောက်လာကြသောတာဝန်ရှိသူများသည် မေဂျာအလိုက် ဆောင်ရွက်ထားရှိသည့် Project များအားလိုက်လံကြည်ရှုခဲ့ကြရာ မေဂျာအလိုက်ကျောင်းသား၊ကျောင်းသူ များမှ မိမိတို့၏ Project နှင့် ပတ်သက်၍ မိတ်ဆက် ဆွေးနွေးရှင်းလင်းပြသ ခဲ့ကြကြောင်းသိရှိရပါသည်။
Real News
Credit
#နေလင်း(ပြင်ဦးလွင်)