Har Bee

Har Bee ��

30/06/2025

မွေးဖွားခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်
မမွေးဖွားပေးခဲ့ရင် ပိုကျေးဇူးတင်မိမှာပါ😓

25/06/2025

အမေရိကန် - အီရန် စစ်ပွဲ လက်ရှိအခြေအနေ (Current status of the US-Iran war)

23/06/2025

#နောက်ဂျောထိုးပြီး တပတ်နားလိုက်ရတယ်တဲ့

22/06/2025

အီရန်ကိုတိုက်ခိုက်ဖို့လာတဲ့ အမေရိကန်ဗုံးကြဲလေယာဉ်တွေ.....အခုတော့ အီရန်က နျူပစ်မှတ် ၃ နေရာကို တိုက်ခိုက်အပြီး စစ်ဆင်ရေးအောင်မြင်ကြောင်း ထရန်က အသိပေးထားပါတယ်... #အီရန်ရဲ့လက်ရှိအခြေနေကတော့မတွေးရဲစရာဘဲ့

22/06/2025

US has attacked Fordow nuclear facility, Iran

22/06/2025

U.S. စ တဲ့ ဇာတ်ကို သူတို့ အဆုံးသတ်ပေးမယ် လို့ အီရန်သတင်းဌာန တခုက ထုတ်လွှင့်TNISO - 22 June 2025U.S. စတဲ့ ဇာတ်လမ်းကို သူတို့ အသုံးသတ်ပေးမယ်လို့ အီရန်သတင်း ကြေညာသူတဦးက မာန်အပြည့်နဲ့ ပြောနေတဲ့ ရုပ်သံတခု လူမှုကွန်ရက်မှာ ပြန့်နှံ့လာပါတယ်။အီရန်သတင်းဌာနက ထုတ်လွှင့်ထားတဲ့ ရုပ်သံကို Russia Today (RT) က ထပ်ဆင့် ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်သံဟာ ဘယ်အချိန်က ထုတ်လွှင့်ခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ဇွန်လ ၂၂ ရက် မြန်မာစံတော်ချိန် မနက် ၆ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ အမေရိကလေတပ်က B-2 Spirit ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ အီရန်ရဲ့ နျူးကလီးယား စက်ရုံ သုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အီရန်သတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံမှာ "အမေရိက သမ္မတ ခင်ဗျာ၊ မင်းတို့ စ တဲ့ ဇာတ် ဖြစ်တယ်၊ ငါတို့ အဆုံးသတ်ပေးမယ်" လို့ သတင်းကြေညာသူက ပြောဆိုထားခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ အခြေစိုက်ထားတဲ့ အမေရိက စစ်စခန်း ၁၀ ခုကိုလည်း မြေပုံမှာ ပြသထားပါတယ်။U.S. က အီရန်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲမှာ သမ္မတထရမ့်က မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။

22/06/2025

အီရန်ရှိ Fordo နျူးကလီးယားစက်ရုံကို ဗုံးကြဲဖို့ B-2 လေယာဉ်ဟာ မိုင်ပေါင်း ၆,၅၀၀ ပျံသန်းခဲ့ (animated video)TNISO - 22 June 2025ဒီနေ့ ဇွန်လ ၂၂ ရက် မနက် ၆ နာရီ ၄၀ မှာ အီရန်နိုင်ငံ၊ ကွမ်မြို့အနီးက ဖော်ဒို နျူးကလီးယားစက်ရုံကို ဖမ်းယူလို့မရတဲ့ အမေရိကရဲ့ B-2 ဗုံးကြဲလေယာဉ်နဲ့ အမေရိကက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အီရန်-အစ္စရေး စစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာခဲ့ပါတယ်။အဲဒီ B-2 Stealth Bomber လေယာဉ်ကြီးဟာ အမေရိကပြည်ထောင်စု ကန်ဆက်စီးတီးနားမှာ ရှိတဲ့ Whiteman လေတပ်စခန်းကနေ ထွက်ခွာလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။Whitman လေတပ်စခန်းကနေ Fordo နျူးကလီးယားစက်ရုံကို မျဉ်းအဖြောင့်တိုင်းရင် မိုင်ပေါင်း ၆,၅၀၀ ဝန်းကျင် ကွာဝေးပါတယ်။B-2 ဗုံးကြဲလေယာဉ်ဟာ တနာရီကို မိုင် ၅၆၀ နှုန်းနဲ့ ပျံသန်းနိုင်ပြီး ၁၂ နာရီစာ ဆီပါဝင်ပါတယ်၊ လေပေါ်မှာ အခြားလေယာဉ်တွေက ဆီဖြည့်ပေးမယ်ဆိုရင် နာရီ ၄၀ ဝန်းကျင် ပျံသန်းနိုင်ပါတယ်။B-2 ဗုံးကြဲလေယာဉ်ဟာ အမေရိက ကနေ မြန်မာစံတော်ချိန် ဇွန်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ သို့မဟုတ် ၄ နာရီလောက်မှာ စတင်ထွက်ခွာခဲ့တာလို့ ပျံသန်းမှု အကွာအဝေးနဲ့၊ အမြန်နှုန်းပေါ် မူတည်ပြီး တွက်ချက်နိုင်ပါတယ်။ဒီအချက်တွေအရ အမေရိကဟာ စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ဖို့ နဂိုကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ဝေဟင်မှာ အခြားလေယာဉ်တွေကို ဆီဖြည့်ပေးနိုင်တဲ့ ဆီဖြည့်လေယာဉ်ကြီးတွေဟာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းမှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေဆိပ်တွေဆီမှာ ရောက်နှင့်ပြီးသားဖြစ်ပါတယ်။လက်ရှိမှာ အီရန်နိုင်ငံကလည်း အစ္စရေးကို ဒုံးကျည်ပေါင်းများစွာ ပစ်ခတ်ပြီး တုံ့ပြန်ထားပါတယ်။ အီရန် တီဗီချန်နယ်ကလည်း အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ အမေရိက စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြောဆိုထားပါတယ်။

22/06/2025

#တိမ်တွေကိုသဘောကျပါတယ်☁️

Address


Website

Alerts

Be the first to know and let us send you an email when Har Bee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Har Bee:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share