Shwe Burma

Shwe Burma ���

Fact Check^^^^^^^^^^^^စက်တင်ဘာလ ၁၂ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမောဆိုးမြို့နယ် သေးဆူလဲကျေးရွာတွင်  KNDF/B-05 နှင့် KRU ပူးပ...
15/09/2022

Fact Check
^^^^^^^^^^^^
စက်တင်ဘာလ ၁၂ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမောဆိုးမြို့နယ် သေးဆူလဲကျေးရွာတွင် KNDF/B-05 နှင့် KRU ပူးပေါင်းအဖွဲ့များက ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီ တပ်သား များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ၊ ပြည်သူ့ ကာကွယ်ရေးတပ်များဘက်မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄) ဦး ခန့်သေဆုံးခဲ့သည် ဟုအတည်ပြုနိုင်ခဲ့ကြောင်း KNDF/B-05 ၊ကရင်နီအမျိုး သားများကာကွယ်ရေးတပ် (KNDF)၊ တပ်ရင်း ၅ က သတင်းထုတ်ပြန်တယ် Khit Thit Media Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#တိုက်ပွဲဖြစ်စဉ်ရှိပါတယ်။
#စက်တင်ဘာလ ၁၂ ရက်နေ့ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာတွင် စကစတပ်များနှင့် PDF+KNDF ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
Thit Media Pageနှင့် DVB TV News Pageတို့ မှ ဖြစ်စဉ်အမှန်မရေးဘဲ စကစစစ်သား၄ ဦး သေဆုံးတယ်ဆိုပြီး အပုတ်ချကာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။

Sep 14

Fact Check^^^^^^^^^^^^မုံရွာမြို့တောင်ဘက်အထွက်ရှိ မအူစစ်ဆေးရေးဂိတ်အား စက်တင်ဘာ လ ၁၂ ရက်နေ့က လက်နက်ကြီးအများပြားပစ်ခတ် တိ...
15/09/2022

Fact Check
^^^^^^^^^^^^
မုံရွာမြို့တောင်ဘက်အထွက်ရှိ မအူစစ်ဆေးရေးဂိတ်အား စက်တင်ဘာ လ ၁၂ ရက်နေ့က လက်နက်ကြီးအများပြားပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီစစ်သား ၄ ဦးနဲ့ ရဲတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ People's Defence Force - South Monywaတာဝန်ခံက မြေလတ် အသံကိုပြောပါတယ်လို့ မြေလတ်အသံ - Myaelatt Athan Page ကတင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#ဖြစ်စဉ်ရှိပါတယ်။
#စက်တင်ဘာလ ၁၂ ရက်နေ့ မုံရွာမြို့တောင်ဘက်အထွက်ရှိ မအူပင်စစ်ဆေးရေးဂိတ်အား PDF များအဝေးမှ ချောင်းမြောင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စကစတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။
#မြေလတ်အသံ - Myaelatt Athan Page မှ ဖြစ်စဉ်အမှန်မရေးဘဲ စကစတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာကာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်

Sep 14

ကလေးမြို့မှ ပီတိသံ******************စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းမ...
15/09/2022

ကလေးမြို့မှ ပီတိသံ
******************
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်
တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်း
များမှထွက်ရှိသည့် ပိုလျှံသည့်
- အသား
- ငါး
- ကွကျဥဘဲဥ
- နို့ထွက် ပစ္စည်းများနှင့်
- ဟင်းသီးဟင်းရွက်များအား
ပြင်ပပေါက်ဈေးထက် သက်သာသော
ဈေးနှုန်းများဖြင့် ဒေသခံပြည်သူများနှင့်
ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်း
ချပေးခဲ့ ...
ကလေးမြို့ ဒေသခံများမှ ကျေးဇူးတင်
ရှိကြောင်း၊ အခုလို ကြပ်တည်းနေတဲ့
ကာလမှာ မကြာမကြာ ရောင်းချပေးစေ
လိုကြောင်း ရပ်မိ/ဖ များက ပြောကြား
ပါတယ် ။။။ 💚💚💚

Sep 14

 #မျောက်ပြဆန်တောင်းနေသောဘဂ်လားဒေ့ရှ်🐒🐒🐒🙊🙊🙊🍃🍃🍃🍃🍃🍃🍃🍃🍁 ၂၄နိုင်ငံကစစ်တပ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သောဘဂ်ါလီများမှမြန်မာ...
15/09/2022

#မျောက်ပြဆန်တောင်းနေသောဘဂ်လားဒေ့ရှ်
🐒🐒🐒🙊🙊🙊

🍃🍃🍃🍃🍃🍃🍃🍃

🍁 ၂၄နိုင်ငံကစစ်တပ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သောဘဂ်ါလီများမှ
မြန်မာဝတ်စုံဝတ်ပြီးတွေ့ ဆုံခြင်းသည်...

၎င်းတို့မှာ မြန်မာနိုင်ငံမှလာ​ရောက်ခဲ့သူများဖြစ်ကြောင်းကလိမ်​စေ့ငြမ်းဆင်ပြုလုပ်တာဖြစ်ပါသည်။

👉 ရခိုင်မှာရှိတဲ့ဘဂ်ါလီတွေတယောက်မှတိုက်ပုံမဝတ်ဘူး.

#ယောက်ကျားလေးမှန်သမျှခေါင်းမှာLခွံဆောင်းတယ်..
ခု....
👉 တယောက်မှခေါင်းမှာLခွံဆောင်းမထားဘူး...

သူတို့တွေ ဘယ်လောက်အထိ စနစ်တကျ အကွက်စေ့ လုပ်နေသလဲဆိုတာ ပေါ်လွင်အောင်ကြည့်တတ်မြင်တတ်ဖို့လိုပါတယ်..

ပုံလေးကြည့်...စာလေးဖတ်ယုံနဲ့ ဒီခေတ်မှာ မရတော့ပြီ
********

မီဒီညာ👉RFA. သတင်းမှ.ကူးယူဖော်ပြ👇
===========

ကမ္ဘာ့ (၂၄) နိုင်ငံက စစ်တပ်ကိုယ်စားလှယ်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်
~~~
🍁 ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၂၄) နိုင်ငံက စစ်တပ်ကိုယ်စားလှယ်တွေဟာ ကော့ဆက်ဘဇားပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို မနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နဲ့ အမေရိကန်တို့ ဦးဆောင်ကျင်းပတဲ့ (၄၆) ကြိမ်မြောက် အင်ဒို-ပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှုနှီးနှောဖလှယ်ပွဲ(IPAMS)-2022 ကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတာပါ။

အမေရိကန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Flynn နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Shafiuddin Ahmed တို့နဲ့အတူ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေပါဝင်တဲ့ စစ်တပ်ကိုယ်စားလှယ်တွေဟာ စခန်းတွင်းက ဒုက္ခသည်တွေနဲ့ စကားပြောခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာတော့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ယာယီကော်မရှင်နာမင်းကြီးနဲ့ အရာရှိတချို့က ဒုက္ခသည်စခန်းတွင်းက အခြေအနေအရပ်ရပ်ကို တင်ပြခဲ့ကြပါတယ်။

စက်တင်ဘာ (၁၂) ရက်နေ့က ပြုလုပ်တဲ့ အင်ဒို-ပစိဖိတ်စစ်တပ်များ စီမံခန့်ခွဲမှုနှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စာနာပေမယ့် ဒုက္ခသည် တစ်သန်းကျော်၊ ပြည်တွင်းမှာ ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး၊လုံခြုံရေး၊ လူမှုရေး နိုင်ငံရေးမတည်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေပေါ်ပေါက်လာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးဟာ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေမယ့် သူတို့ကို အတင်းအဓမ္မ ပြန်ပို့မှာတော့ မဟုတ်ဘူးလို့လည်းဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆိုခဲ့ပါတယ်။

Photo: Benar News

- ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ
(၁၃)ရက်နေ့က ကော့ဆက်ဘဇားပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့ကြသည့် အမေရိကန်စစ်တပ်

အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Flynn အပါအဝင် နိုင်ငံ (၂၄) နိုင်ငံမှ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ။

Sep 14

9/11 ဒီနေ့ 9/11 ရောက်တော့ အမေရိကန်က 9/11 ဖြစ်စဉ် အပြီး ကမ္ဘာနဲ့အဝှမ်း အကြမ်းဖက်လုပ်ရပ်တွေကို မုန်းသွားတယ်၊အမေရိကန်က ပြည်...
12/09/2022

9/11
ဒီနေ့ 9/11 ရောက်တော့ အမေရိကန်က 9/11
ဖြစ်စဉ် အပြီး ကမ္ဘာနဲ့အဝှမ်း အကြမ်းဖက်
လုပ်ရပ်တွေကို မုန်းသွားတယ်၊
အမေရိကန်က ပြည်သူတွေဆို ပြည်တွင်းတင်
မကဘဲ အကြမ်းဖက် မှန်သမျှ ချေမှုန်းစေချင်လို့
War on terror စကားလုံးကို သွင်သွင်သုံးပြီး
နိုင်ငံတကာမှာစစ်လှည့်တိုက်နေတာကိုတောင်
ထောက်ခံခဲ့ ​ကြသေးတာ၊
ခုတော့ 9/11 တုန်းက အကြမ်းဖက်
တွေထက် ယုတ်ကန်း တဲ့ PDFကို
ကြိုးကိုင်နေ သူ NUG ရယ်၊ အကြမ်းဖက် ဖို့
သွေးထိုးလှုံ့ဆော်၊ လက်နက်ဖိုး ထောက်ပံ့နေတဲ့
ပန်ဆယ်လို ၊ မျိုးရန်နောင်သိမ်း တို့ကို
မသိသလိုနေကြတယ်၊

ဘယ်လိုပဲ ဒီမိုကရေစီ ဗန်းပြနေပါစေ
ဥပဒေ ကြောင်း နဲ့ ထောက်ပြ နိုင်ဖို့
လိုနေတာ။အကြမ်းဖက် ဖို့ လှုံ့ဆော်
ထားတဲ့သက်သေတွေမှ တစ်ပုံတစ်ပင်နော်၊

အဲ့လို လုပ်နိုင်ဖို့ ဆို US က နိုင်ငံ နဲ့ လူမျိုး
ကိုတကယ်တန်ဖိုးထားတဲ့သူတွေ၊
မိဘ ဆရာသံဃာတွေ ကို ရန်မရှာတဲ့
အမှန်တရားမြတ်နိုးသူတွေ ရဲ့ အားကို
ရယူဖို့ လိုပါတယ်၊
အကြမ်းဖက် မှုတွေပပျောက်ဖို့
အကြမ်းဖက် ထောက်တိုင်တွေကို
ရိုက်ချိုးကြပါစို့။


Sep12

-ဝရမ်းပြေးကျော်မိုးထွန်း ထိုင်ခုံနေရာရဖို့ NUG အဖွဲ့က လူရာဝင်မှ ဖြစ်မယ်ဆိုတော့ Facebook ပေါ်မှာ လုပ်နေတဲ့ အစည်းအဝေးကို ရ...
12/09/2022

-ဝရမ်းပြေးကျော်မိုးထွန်း ထိုင်ခုံနေရာရဖို့
NUG အဖွဲ့က လူရာဝင်မှ ဖြစ်မယ်ဆိုတော့
Facebook ပေါ်မှာ လုပ်နေတဲ့ အစည်းအဝေးကို
ရုံးခန်းထဲမှာ သေသေချာချာ အကျွေးအမွေးနဲ့
လုပ်ပြပါလား

-NUG ကနယ်မြေတွေကို ထိန်းချုပ်နိုင်ပြီဆိုတော့
ရုံးလုပ်ငန်းတွေ ဆက်သွယ်တာကို လုပ်​​​နေတဲ့
NUG လက်အောက်ခံ ရုံးတစ်ရုံးလောက် လမ်းညွှန်ပြပေးပါလား။

-NUG အဖွဲ့ကိုယ်စားလှယ်ရုံး ဩဇီမှာ ဖွင့်ထားတယ်ဆိုတော့ Passport သက်တမ်း တိုးပေးလို့ရလား? သံတမန်ကိစ္စဘာလုပ်ပေးနိုင်လဲ။

-ရွာတွေကို PDF တွေက မီးရှို့၊ မြို့ပြပျောက်ကြားဆိုသူတွေကို လက်နက်မဲ့ ပြည်သူကို လုပ်ကြံသတ်ဖြတ်ပြီး ပြည်သူကို အကြောက်တရားနဲ့ ခြိမ်းခြောက်ထားနိုင်တာကို NUG က အုပ်ချုပ်နိုင်ပြီလို့ ပြောနေတာလား။

-မသိလို့ မေးကြည့်တာပါ
နောက်တာမဟုတ်ရပါဘူး
ဟာသတွေဖြစ်နေလို့ပါ
ဇွတ်အတင်းကို NUG ကပဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေသလိုလိုတွေသာ ပြောနေတာ
တကယ်တော့
လေထဲမှာသာ အုပ်ချုပ်တယ်လို့ ပြောနိုင်တာပါ
တကယ့်မြေပြင်မှာတော့
ဘယ်နားလိုက်ရှာရမှန်းတောင်မသိဘူး
လူတောမတိုးနိုင်လို့ အမြီးကိုကုပ်နေတာပဲ
အလှူခံတာတောင်
ပေါ်တင်မလုပ်ရဲပါဘူးဆိုနေတာကို
နီပိတ်တွေက ဇွတ်ကို နုဂျီ ဟာ မြန်မာရဲ့ အစိုးရ ။😅

ယူတို့နဲ့တော့ ခက်ပြီ စိတ်ကုန်လိုက်တာ တကယ်ပဲ

Sep12

Fact Check^^^^^^^^^^^^^ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွ...
12/09/2022

Fact Check
^^^^^^^^^^^^^
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ နာမည်ကြီး တပ်မ (၆၆) ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွင် ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီတပ်မတော် (KA) က ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ကြောင်း Mizzima - News in Burmese က တင်ထားပါတယ်။

(ဖြစ်စဉ်မှာ -) 👇👇👇
#သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။
#ကယားပြည်နယ်တွင် စကစ တပ်ရဲ့ တပ်မ(၆၆) မှ တပ်မမှူး ဒဏ်ရာရတယ်ဆိုတာ သတင်းအမှားတစ်ခုသာဖြစ်ပါတယ်။
#ကယားပြည်နယ်ဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စကစဘက်မှ စစ်သားအချို့ ထိခိုက်ကျဆုံးခဲ့သလို PDF များဘက်မှလည်းအများအပြား ထိခိုက်ကျဆုံးခဲ့ တာတွေရှိတယ်လို့သိရပါတယ်။ ယခု Mizzima Page က စကစတပ်သားတွေ စစ်မြေပြင်မှာ သုံးစွဲလေ့မရှိတဲ့ အသုံးအဆောင်အချို့ကို ဖော်ပြပြီး စစ်ကောင်စီကျဆုံး တပ်သားတွေထံမှ သိမ်းဆည်းရမိသလိုလို ပုံမှားရိုက်ကာ ပြည်သူတွေကို ဂျင်းထည့်နေခြင်းသာဖြစ်ပါတယ်။ Mizzima Page ကတင်ထားတဲ့ အရာခံအဆင့်တံဆိပ်၊ ဦးထုပ်တံဆိပ်တွေဟာ စစ်မြေပြင်ကို ယူဆောင်လေ့မရှိဘဲ နောက်တန်းတွေမှာသာတပ်ဆင်အသုံးပြုတဲ့အရာတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်ပါက ကျည်ကာဦးထုပ်သာသုံးစွဲခြင်း၊ အဆင့်တံဆိပ်များမှာလည်း အမည်းရောင်များသာသုံးစွဲကြပါတယ်။
#နောက်တစ်ခု တပ်မမှူး ဗိုလ်မှူးချုပ် မျိုးမင်း ဒဏ်ရာရတယ်ဆိုတာ ကလည်းသတင်းအမှား တစ်ခုသာဖြစ်ပါတယ်။ အဆိုပါ တပ်မမှူးဟာ ရာထူးတိုးပြီး တစ်ဆင့်မြင့်တာဝန်နှင့် တာဝန်ထမ်းဆောင်နေတာဟာဆိုရင် တစ်နှစ်ပင်ပြည့်တော့မှာဖြစ်ပါတယ်။
#အချုပ်အားဖြင့်ပြောရရင် Mizzima Page ဟာ ဖြစ်စဉ်ဖြစ်ပွားမှုပေါ်အခြေခံပြီး သတင်းဖတ်သူ ပြည်သူတွေထင်ရောင်ထင်မှားဖြစ်စေရန်နှင့် စစ်ကောင်စီရဲ့ တရစပ်ထိုးစစ်ဒဏ်တွေ ခံနေရသည့် အတွက် PDF များ စိတ်ဓာတ်ကျဆင်းနေမှုကို ဖာထေးရန် သတင်းအမှားများ တင်နေခြင်းသာဖြစ်ပါတယ်။


Sep12

စစ်သားသမီး..ဘဝ...******************အမှတ်တရ......(၁)==========အသက်နဲ့ရင်း......ရှာကျွေးနေတဲ့....အဖေကြီးရဲ့......ကိုယ်ပိုင...
01/09/2022

စစ်သားသမီး..ဘဝ...
******************
အမှတ်တရ......(၁)
==========
အသက်နဲ့ရင်း......ရှာကျွေးနေတဲ့....အဖေကြီးရဲ့......
ကိုယ်ပိုင်အမှတ်.....(..:...)ကို ငယ်ငယ်ကတည်းက........
အလွတ်ကျက်ထားရတယ်...
ဘာလို့ဆို....ရိက္ခာထုတ်ပေးနေတယ်ဟေ့ဆို...
လက်ဆွဲခြင်းထဲ....
ဆန်အိတ်၊ ဆီးဗူးခွံလေးရယ်၊ ကြွပ်ကြွပ်အိတ်အလွတ် ၄/၅
ခုလောက်ထည့်ပြီး.....
သူငယ်ချင်းတေနဲ့...ရိက္ခာစတိုမှာ.... တန်းသွားစီထားရပီ.....
ကိုယ့်အလှည့်ရောက်ပြီဆို......အရင်ဆုံး..အဖေ့ရဲ့ကိုယ်ပိုင်အမှတ်ကို.....ဒေါက်ဒေါက်နဲ့..ရွတ်ပြပလိုက်တာ.....
(ထုတ်ပေးတဲ့ဆရာကြီးက....သဘောတေကျလို့....အဲ့လိုမှပေါ့ကွ..ဆိုပြီး)....
ပြီးရင်.....ဆွဲခြင်းထဲက....အိတ်တေဗူးတေထုတ်ပီး......
ထုတ်ပေးတဲ့....အမယ်တေကို....ထည့်.....
ခေါင်းပေါ်ရွက်ပြန်လာတာ.....
(လမ်းမှာ အထုပ်ချပီး.....ဖန်ခုန်တမ်း ဝင်ကစားသေးတာ...... ?? )

စစ်သားသမီးဘဝ(၂)
===========
မိုးလင်းစပြုပြီဆိုတာနဲ့.....အမေရဲ့....ဆန်ရေဆေးနေတဲ့အသံကိုအရင်ဆုံး....
ကြားရပီ
လာပါပီ.....ဟေ့...ကလေးတေ...မထကြသေးဘူးလား......၅နာရီခွဲနေပီ.....
(မနက်ခင်းတေးသံသာချိုချိုလေး)
ဟုတ်....ထနေပြီမေရေ့..... အိပ်ယာသိမ်းနေလို့.......
အကုန်ပြင်ဆင်ပြီးရင်.....
အဝါရောင်သန်းနေတဲ့.....ဆနွင်းထမင်းကြေယ်....ဆီနဲနဲနဲ့လှိမ့်ထား
တာလေးရယ်...ရိက္ခာကရတဲ့...အချိုခြောက်လေးကို.လဘက်ရည်လေးဖျော်ထားတာရယ်နဲ့...
မနက်....လွေးပြီးရင်......လွယ်အိတ်ထဲ...အစုံအလင်ပါမပါစစ်.....ပြီးရင် ဘုရားခန်းဝင် ဉီးချရှိခိုးပြီး......ပြန်ထွက်လာရင်....
စားပွဲခုံပေါ်မှာ....ထမင်းချိုင့်ကအဆင်သင့်.....
အမေရေ့သွားပြီနော်......
ဟဲ့.....နဲနဲစောသေးတယ်.....
ကားနေရာဦးရအုံးမှာ....မေ...ရ..
(အေးအေး)......အင်္ကျီအဖြူမပေလာစေနဲ့.....(ဟုတ်....... )
ကျောင်းသွားတဲ့စတိုင်ကတော့......
တပ်တွင်းဆံသက...ဆရာကြီးညှပ်ပေးတဲ့....ဘိုကေနဲ့.....ပဲကြီးကျသလို.....အမေ..လိမ်းပေးလိုက်သနပ်ခါးမှာ
ခေါင်းက....အုန်းဆီတေက...နထင်ကနေ....အရွဲသားစီးဆင်းကျနေရဲ့.....
ဘေးလွယ်အိတ်ကိုကျောပိုးအိတ်လို....လုပ်လွယ်ပီး......ကဆုန်ပေါက်....
ပြေးလာတာ....
(ကားနေရာဦးဖို့....)
ဟော.....တွေ့ပီ....တို့ကျောင်းကား....
တပ်မတော်....(ဖောကား...)ကိုသံလှေကားချိတ်ပေးထားတယ်......

Sep 1

အနောက်တံခါးမှ သူရဲကောင်းများ******************************၂၀၁၇ ARSA အရေးခင်းစဖြစ်ကတည်းက အတိုက်ခံရတဲ့စခန်းဖြစ်တယ်။(ပုံမှာ...
01/09/2022

အနောက်တံခါးမှ သူရဲကောင်းများ
******************************
၂၀၁၇ ARSA အရေးခင်းစဖြစ်ကတည်းက
အတိုက်ခံရတဲ့စခန်းဖြစ်တယ်။
(ပုံမှာပြထားပါတယ်)
နယ်ခြားကင်းစခန်းငယ်တစ်ခုဖြစ်လို့
၁+၉ လောက်သာရှိတာကနေ ရခိုင်ဒေသ
တကြော့ပြန်တိုက်ပွဲတွေ စတဲ့အခါမှ
၂+၁၈ နဲ့အင်အားဖြည့်တင်းထားတဲ့
ရဲကင်းငယ်တစ်ခုသာဖြစ်တယ်။
ဇွန်လဒုတိယအပတ်ကနေစလာတဲ့
တိုက်ပွဲကာလတောက်လျှောက်
မောင်တောမြို့နယ်နဲ့ဘင်္ဂလားနယ်စပ်
တောက်လျှောက်မိုင်တိုင် ၅၀ ကနေ
၄၀ အနားထိတပ်မတော်နဲ့ နယ်ခြားစောင့်
ရဲတပ်ဖွဲ့တွေအထိုင်ချထားတဲ့စခန်းတွေ
အကုန်ဆုတ်ပေးခဲ့ရတယ်။
ဇူလိုင်လ ဒုတိယအပတ်မှာ
AA သောင်းကျန်းသူတွေဟာ
နယ်ခြားမျဉ်းပေါ်ကပ်နေရာယူပြီး
မိုင်တိုင်၄၀ က နယ်ခြားရဲကင်းစခန်းကို
စတင်တိုက်ခိုက်တယ်။
လွယ်လွယ်နဲ့မရတော့ စခန်းကို
ဝိုင်းရံပိတ်ဆို့တယ်။
စစ်ကူလာရာလမ်းတွေကို
ဖြတ်တောက်တယ်။
ချဉ်းကပ်လမ်းမှန်သမျှကို
မိုင်းတွေအပြည့်ခင်းထားခဲ့ပြီး
စခန်းကိုပြင်ပ အဆက်သွယ်လုံးဝ
ဖြတ်တောက်ပိတ်ဆို့ပြီးမှတိုက်တယ်။
မိုင်တိုင် ၄၀ စခန်းကို
စတိုက်ပြီးမကြာခင်မှာ
တပ်စစ်ကြောင်းတွေရော
နယ်ခြားစောင့်ရဲတပ်ဖွဲဝင်တွေကပါ
စစ်ကူလိုက်ပေမယ့်
ခဲယမ်းပိုတဲ့အဖွဲ့တွေရော
စစ်ကူအဖွဲ့တွေပါ ရန်သူရဲ့
ဖြတ်တောက်တိုက်ခိုက်တာကိုခံခဲ့ရပြီး
ကျဆုံးဒဏ်ရာရတာတွေဖြစ်လာတယ်။
စခန်းထဲမှာခဲယမ်းရှိနေပေမယ့်
ရက်ကြာလာတဲ့အခါမှာ
ရိက္ခာကစပြတ်လာတယ်။
နယ်ခြားမျဉ်းနဲ့ကပ်နေတော့
ရဟတ်ယာဉ်နဲ့ချပေးလို့မလွယ်ဘူး
မြေပြင်ကနေလည်းအနားမကပ်နိုင်တော့
ဝေဟင်ကနေ တခြားနည်းနဲ့ချပေးရတယ်။
ဒါက မစို့မပိုပမာဏလောက်ဆိုပေမယ့်
စခန်းထဲက နယ်ခြားရဲတပ်ဖွဲ့ဝင်တွေ
ဆန့်စားပြီးတောင့်ခံထားတဲ့အခြေနေမှာရှိပါတယ်။
ရန်သူဟာမိုင်တိုင် ၄၀ စခန်းကို
အကြိမ်ကြိမ်ချဉ်းကပ်တိုက််ခိုက်ပြီး
နောက်ဆုံးညမှာ အင်အား ၃၀၀
ကျော်စုဖွဲပြီးတော့ RPGတေွ
စုပြုံပစ်ခတ်ပြီးတက်တိုက်တယ်။
၄၅ ရက်လုံးလုံးတောင့်ခံနေခဲ့တဲ့
စခန်းဟာသာလွန်အင်အားနဲ့တက်တိုက်တဲ့
ရန်သူကိုမထိန်းချုပ်တော့တဲ့နောက်
ရုန်သူတွေစခန်းထဲထိဝင်လာတဲ့အခါ
စက်ထဲကနေ ရဲအရာရှိကလှမ်းပြောတယ်။
"ရန်သူတွေနှစ်ထပ်ဘန်ကာနားအထိ
တက်လာပြီ။နှုတ်ဆက်ခဲ့တယ်အဘရေ
ကျနော်တို့ဆီကိုသာလှမ်းပစ်ပေးတော့"တဲ့။

နယ်ခြားမျဉ်းပေါ်ကစခန်းပေမယ့်
လက်နက်ကြီးကျည်ဟာပုံမှန်ထက်
ပိုကျလာတယ်။စက်အသံတိတ်သွားတဲ့အခါမှာ
အသက်ရှိလိုရှိငြားဖုန်းဆက်တော့
ဖုန်းတစ်ခါကိုင်တယ်
ရခိုင်သံတွေပဲကြားရပြီးနောက်ခေါ်
မရတော့။
တပ်ဖွဲ့ဝင်တွေအကုန်ကျဆုံးပါတယ်။
ဒဏ်ရာပြင်းတဲ့စစ်သည်တစ်ဦးကလည်း
မရေရာပါ။
မိုင်တိုင် ၄၀ နယ်ခြားရဲကင်းစခန်းငယ်ဟာ
အင်အား ၂၀ လောက်နဲ့ ရန်သူ့ရဲ့ဝိုင်းရံ
ပိတ်ဆို့တိုက်ခိုက်မှုကို ၄/၅
ရက်ကြာအောင်ခုခံတိုက်ခိုက်ခဲ့တယ်။
ရန်သူရဲ့နယ်မြေသိမ်းတဲ့စစ်ဆင်ရေးကို
အဟန့်တားဖြစ်စေခဲ့တယ်။
ရဲအရာရှိဟာ သူ့စစ်သည်တွေကို
စိတ်ဓာတ်ကျဆင်းမသွားအောင်
ဦးစီးဦးဆောင်ထားနိုင်ခဲ့ပြီး
တပ်ဖွဲ့ဝင်၂၀ ဟာ ရန်သူကို
နောက်ဆုံးအချိန်ထိခုခံသွားတယ်။
အသက်သာအသေခံသွားတယ်
ရန်သူကိုအညံ့မခံခဲ့ဘူး။
ဓာတ်ပုံကတော့မိုင်တိုင် ၄၀
နယ်ခြားကင်းစခန်းက တပ်ဖွဲ့ဝင်စစ်သည်တွေ
ပိတ်ဆို့တိုက်ခိုက်ခံနေရစဉ်ကာလအတွင်း
မကျဆုံးမီပေးပို့ထားခဲ့တဲ့
ဓာတ်ပုံဖြစ်ပါတယ်။

Sep 1

Address


Website

Alerts

Be the first to know and let us send you an email when Shwe Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share