28/10/2021
မင်းပြား "အောက်ဆီဂျင်စက်" ဝယ်ယူတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရငွေ/သုံးငွေ ငွေစာရင်းရှင်းလင်းပွဲပြုလုပ်
---------------------
(မင်းပြား၊ အောက်တိုဘာ ၂၈)
၂၀၂၁ ခုနှစ် ကိုဗစ်ကာလအတွင်း အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ဝယ်ယူတည်ဆောက်ခဲ့သည့် မင်းပြားမြို့ အောက်ဆီဂျင်စက်နှင့်ပတ်သက်၍ ရငွေ/သုံးငွေ ငွေစာရင်းရှင်းပွဲတစ်ရပ်ကို အောက်ဆီဂျင်စက်ဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သည့် မင်းပြားမြို့၊ COVID 19 ကာကွယ်/ထိန်းချုပ်/ပံ့ပိုးရေး မြို့နယ်အဆင့် အရပ်ဖက် အထောက်အကူပြုကော်မတီက မြို့ပေါ်လူမှုအဖွဲ့အစည်းများအားဖိတ်ကြား၍ (၂၈-၁၀-၂၀၂၁) ရက်နေ့ နံနက်ပိုင်းက မင်းပြားမြို့၊ OSS ရုံး၌ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ငွေစာရင်းရှင်းတမ်းအရ အလှူရှင် (၇၁၀) ဦးမှ လှူဒါန်းရရှိငွေမှာ ၂၆၂,၉၅၈,၅၀၀ (ကျပ် နှစ်ထောင့်ခြောက်ရာနှစ်ဆယ့်ကိုးသိန်း ငါးသောင်းရှစ်ထောင်ငါးရာတိတိ) ရရှိကြောင်း၊ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း၊ အဆောက်အဦ တည်ဆောက်ခြင်းတို့အတွက်ကုန်ကျငွေမှာ ၂၁၇,၄၅၈,၅၀၀ (ကျပ် နှစ်ထောင့်တစ်ရာခုနစ်သိန်းဆယ့်လေးသိန်း ငါးသောင်းရှစ်ထောင်ငါးရာတိတိ) ဖြစ်ကြောင်း၊ လက်ကျန်ငွေမှာ ၄၄,၅၀၀,၀၀၀ (ကျပ် လေးရာ့လေးဆယ့်ငါးသိန်းတိတိ) ဖြစ်ကြောင်းနှင့် အဆိုပါ လက်ကျန်ငွေများကို မင်းပြားမြို့၊ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအဖွဲ့ထံသို့ မတည်ရန်ပုံငွေအဖြစ် ၂၂,၅၀၀,၀၀၀ (ကျပ် နှစ်ရာ့နှစ်ဆယ့်ငါးသိန်းတိတိ) ကိုလည်းကောင်း၊ မင်းပြား နာရေးကူညီမှုအဖွဲ့အား မီးသင်္ဂြိုလ်စက်အသစ်တည်ဆောက်ရန်အတွက် မတည်လှူဒါန်းငွေအဖြစ် ၁၅,၀၀၀,၀၀၀ (ကျပ်သိန်း တစ်ရာ့ငါးဆယ်တိတိ) ကိုလည်းကောင်း၊ မင်းပြားသွေးလှူရှင်များအဖွဲ့အား သွေးလှူဘဏ်ငွေပြုလုပ်ရန် မတည်ငွေ ၈,၀၀၀,၀၀၀ (ကျပ်သိန်းရှစ်ဆယ်တိတိ) ကိုလည်းကောင်း (၂၈-၁၀-၂၀၂၁) ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အလှူငွေရရှိ/သုံးစွဲမှုနှင့်ပတ်သက်၍ တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းများအား ငွေစာရင်းရှင်းတမ်းစာရွက်များပေးအပ်ခဲ့ပြီး အများပြည်သူကြည့်ရှုစစ်ဆေးနိုင်ရန်အတွက် အလှူရရှိငွေနှင့် သုံးစွဲငွေစာရင်းကိုလည်း မြို့နယ်ဓမ္မာရုံအတွင်း၌လည်းကောင်း၊ ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအဖွဲ့ အောက်ဆီဂျင်ရုံး၌လည်းကောင်း ကပ်ထားမည်ဖြစ်ကြောင်းနှင့် သုံးစွဲငွေစာရင်းနှင့်ပတ်သက်၍ မေးမြန်းလိုပါက သက်ဆိုင်ရာခေါင်းစဉ်အလိုက် တာဝန်ယူဖြေရှင်းပေးမည့် တာဝန်ခံအမည်နှင့်ဖုန်းနံပါတ်များကိုပါ ကပ်ထားပေးမည်ဖြစ်ကြောင်း မင်းပြား အောက်ဆီဂျင်စက် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ (၂) ဦးသခင်ချို က ငွေစာရင်းရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
Laymro Media Group
(Zawgyi)
မင္းျပား "ေအာက္ဆီဂ်င္စက္" ဝယ္ယူတည္ေဆာက္ျခင္းႏွင့္ပတ္သက္၍ ရေငြ/သုံးေငြ ေငြစာရင္းရွင္းလင္းပြဲျပဳလုပ္
---------------------
(မင္းျပား၊ ေအာက္တိုဘာ ၂၈)
၂၀၂၁ ခုႏွစ္ ကိုဗစ္ကာလအတြင္း အလႉရွင္မ်ား၏ လႉဒါန္းေငြမ်ားျဖင့္ ဝယ္ယူတည္ေဆာက္ခဲ့သည့္ မင္းျပားၿမိဳ႕ ေအာက္ဆီဂ်င္စက္ႏွင့္ပတ္သက္၍ ရေငြ/သုံးေငြ ေငြစာရင္းရွင္းပြဲတစ္ရပ္ကို ေအာက္ဆီဂ်င္စက္ျဖစ္ေျမာက္ေရးအတြက္ ဦးေဆာင္ခဲ့သည့္ မင္းျပားၿမိဳ႕၊ COVID 19 ကာကြယ္/ထိန္းခ်ဳပ္/ပံ့ပိုးေရး ၿမိဳ႕နယ္အဆင့္ အရပ္ဖက္ အေထာက္အကူျပဳေကာ္မတီက ၿမိဳ႕ေပၚလူမႈအဖြဲ႕အစည္းမ်ားအားဖိတ္ၾကား၍ (၂၈-၁၀-၂၀၂၁) ရက္ေန႕ နံနက္ပိုင္းက မင္းျပားၿမိဳ႕၊ OSS ႐ုံး၌ ျပဳလုပ္ခဲ့သည္ဟု သတင္းရရွိသည္။
ေငြစာရင္းရွင္းတမ္းအရ အလႉရွင္ (၇၁၀) ဦးမွ လႉဒါန္းရရွိေငြမွာ ၂၆၂,၉၅၈,၅၀၀ (က်ပ္ ႏွစ္ေထာင့္ေျခာက္ရာႏွစ္ဆယ့္ကိုးသိန္း ငါးေသာင္းရွစ္ေထာင္ငါးရာတိတိ) ရရွိေၾကာင္း၊ ေအာက္ဆီဂ်င္စက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားဝယ္ယူျခင္း၊ အေဆာက္အဦ တည္ေဆာက္ျခင္းတို႔အတြက္ကုန္က်ေငြမွာ ၂၁၇,၄၅၈,၅၀၀ (က်ပ္ ႏွစ္ေထာင့္တစ္ရာခုနစ္သိန္းဆယ့္ေလးသိန္း ငါးေသာင္းရွစ္ေထာင္ငါးရာတိတိ) ျဖစ္ေၾကာင္း၊ လက္က်န္ေငြမွာ ၄၄,၅၀၀,၀၀၀ (က်ပ္ ေလးရာ့ေလးဆယ့္ငါးသိန္းတိတိ) ျဖစ္ေၾကာင္းႏွင့္ အဆိုပါ လက္က်န္ေငြမ်ားကို မင္းျပားၿမိဳ႕၊ က်ိန္းရိပ္က႐ုဏာလူမႈကူညီေရးအဖြဲ႕ထံသို႔ မတည္ရန္ပုံေငြအျဖစ္ ၂၂,၅၀၀,၀၀၀ (က်ပ္ ႏွစ္ရာ့ႏွစ္ဆယ့္ငါးသိန္းတိတိ) ကိုလည္းေကာင္း၊ မင္းျပား နာေရးကူညီမႈအဖြဲ႕အား မီးသျဂၤိုလ္စက္အသစ္တည္ေဆာက္ရန္အတြက္ မတည္လႉဒါန္းေငြအျဖစ္ ၁၅,၀၀၀,၀၀၀ (က်ပ္သိန္း တစ္ရာ့ငါးဆယ္တိတိ) ကိုလည္းေကာင္း၊ မင္းျပားေသြးလႉရွင္မ်ားအဖြဲ႕အား ေသြးလႉဘဏ္ေငြျပဳလုပ္ရန္ မတည္ေငြ ၈,၀၀၀,၀၀၀ (က်ပ္သိန္းရွစ္ဆယ္တိတိ) ကိုလည္းေကာင္း (၂၈-၁၀-၂၀၂၁) ရက္ေန႕က ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရွိရသည္။
အလႉေငြရရွိ/သုံးစြဲမႈႏွင့္ပတ္သက္၍ တက္ေရာက္လာသည့္ လူမႈအဖြဲ႕အစည္းမ်ားအား ေငြစာရင္းရွင္းတမ္းစာ႐ြက္မ်ားေပးအပ္ခဲ့ၿပီး အမ်ားျပည္သူၾကည့္ရႈစစ္ေဆးနိုင္ရန္အတြက္ အလႉရရွိေငြႏွင့္ သုံးစြဲေငြစာရင္းကိုလည္း ၿမိဳ႕နယ္ဓမၼာ႐ုံအတြင္း၌လည္းေကာင္း၊ က်ိန္းရိပ္က႐ုဏာလူမႈကူညီေရးအဖြဲ႕ ေအာက္ဆီဂ်င္႐ုံး၌လည္းေကာင္း ကပ္ထားမည္ျဖစ္ေၾကာင္းႏွင့္ သုံးစြဲေငြစာရင္းႏွင့္ပတ္သက္၍ ေမးျမန္းလိုပါက သက္ဆိုင္ရာေခါင္းစဥ္အလိုက္ တာဝန္ယူေျဖရွင္းေပးမည့္ တာဝန္ခံအမည္ႏွင့္ဖုန္းနံပါတ္မ်ားကိုပါ ကပ္ထားေပးမည္ျဖစ္ေၾကာင္း မင္းျပား ေအာက္ဆီဂ်င္စက္ ျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠ႒ (၂) ဦးသခင္ခ်ိဳ က ေငြစာရင္းရွင္းလင္းပြဲ၌ ေျပာဆိုခဲ့သည္။
Laymro Media Group