We are Lisu

We are Lisu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from We are Lisu, News & Media Website, .

၁. လူနည်းစုထဲက ထပ်ဆင့်လူနည်းစု (Double minority or minority within minorities) တွေမှာပဲ ဘာလို့ ပြည်သူ့စစ်တွေ အားကောင်းရသ...
18/07/2025

၁. လူနည်းစုထဲက ထပ်ဆင့်လူနည်းစု (Double minority or minority within minorities) တွေမှာပဲ ဘာလို့ ပြည်သူ့စစ်တွေ အားကောင်းရသလဲ? စဉ်းစားဖူးလား၊ တွေးဖူးလား။
ထပ်ဆင့်လူနည်းစု အုပ်စုတွေက မဟာဗမာလူမျိုးကြီးဝါဒကိုင်စွဲတဲ့ လူအုပ်စုတစုရဲ့ ဖိနှိပ်မှုကို ခံရတဲ့အပြင် အတူယှဉ်တွဲနေထိုင်ကြတဲ့လူမျိုးတွေထဲက လူများစုလူမျိုးကြီးတွေဆီကလည်း ထပ်ဆင့်ဖိနှိပ်မှုကို ခံကြရတယ်။
ဒါကြောင့် အဲ့ဒီ လူနည်းစုထဲက ထပ်ဆင့်လူနည်းစု အုပ်စုတွေက ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့အတွက် ကြိုးစားအားထုတ်လာကြတာ ဖြစ်တယ်။ ပြည်သူ့စစ်တွေက နိုင်ငံရေးအတွေးအခေါ် အားမကောင်းဘူး။ မရှိဘူး။ ဖက်ဆစ်စစ်တပ် (စကစ)နဲ့ ပေါင်းတယ်။ ဖက်ဆစ်စစ်တပ်က သူတို့အာဏာတည်မြဲရေးအတွက် လက်ကိုင်တုတ်အနေနဲ့ အသုံးပြုနေတာ မှန်တယ်။ သို့သော် ပြည်သူ့စစ်တွေက အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေး ကြိုးပမ်းကြတဲ့ လူနည်းစုထဲက ထပ်ဆင့်လူနည်းစု အုပ်စုတွေရဲ့ ကြိုးစားအားထုတ်မှု တရပ်ဖြစ်တယ် ဆိုတာ မေ့ထားလို့ မရဘူး။
ကျနော်ကိုယ်၌က အာဏာရှင်စနစ်ကို တော်လှန်သော လူငယ်တဦးဖြစ်သော်လည်း သမိုင်းကြောင်းနှင့် အခြေအနေအရှိတရားကို မေ့မထားဘဲ စဉ်းစားတွေးတောနိုင်အောင် အမြဲသတိချပ်ပြီး ထည့်သွင်းစဉ်းစားတဲ့အရာ ဖြစ်တယ်။

၂. မနေ့က ကျနော် မိတ်ဆွေတဦးနဲ့ စကားပြောဖြစ်တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ TNLA က စစ်မှုမထမ်းမနေရအမိန့်နဲ့ အဓမ္မစစ်သားစုဆောင်းမှုကြောင့် လီဆူလူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မလုပ်ချင်ကြောင်း ပြောရင် ရိုက်နှက်နှိပ်စက်ကြောင်း၊ ပိုင်ဆိုင်တဲ့ပစ္စည်း (အိမ်၊ ခြံ၊ အိမ်မွေးတိရစ္ဆာန်) များ ဈေးပေါပေါနဲ့ ရောင်းထုတ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားရတယ်။ ကျနော် စွံ့အသွားတယ်။ 'ငါ တော်လှန်ရေးမှာ ပါဝင်နေတာ ဘာအတွက်လဲ' ဆိုတဲ့ အတွေး ပြန်ဝင်လာတယ်။ အဲ့ဒီလုပ်ရပ်က ကျနော်တို့ တော်လှန်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်နဲ့ ဘာများကွာပါသလဲ။
လူနည်းစုတွေထဲက ထပ်ဆင့်လူနည်းစု ဆိုတာ လူဦးရေအရသာ သတ်မှတ်ခေါ်ဆိုတာ ဖြစ်တယ်။ လူနည်းစုတွေထဲက ထပ်ဆင့်လူနည်းစုတွေသည်လည်း ဒီမြေ၊ ဒီရေ၊ ဒီတောတောင်တွေရဲ့ ပိုင်ရှင်ဖြစ်တယ်။ ဘိုးဘွားဘီဘင်နေထိုင်လာတဲ့ နယ်မြေရှိတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ရှိတယ်။ ဘာသာစကား ရှိတယ်။ သမိုင်းကြောင်း ရှိတယ်။ ထပ်ဆင့်လူနည်းစုအုပ်စုတွေမှာလည်း ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတယ် ဆိုတာ သတိချပ်ပါ။ မဟာဗမာလူမျိုးကြီးဝါဒကို တိုက်ဖျက်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြွေးကြော်နေတဲ့ လူမျိုးကြီး (ဒုတိယအုပ်စု)၊ လက်နက်ကိုင်အင်အားကြီးအုပ်စုတွေလည်း အဲ့ဒီအချက်ကို သတိချပ်ဖို့ လိုပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး (သို့) ၂၀၂၁ မြန်မာ့တော်လှန်ရေးကို ပြည်သူလူထုက သယ်ဆောင်လာတာ ဖြစ်သလို အဲ့ဒီ “ပြည်သူလူထု” ဆိုတဲ့အထဲမှာ ထပ်ဆင့်လူနည်းစုအုပ်စုတွေလည်း အပါအဝင်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။
ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ လက်နက်ကိုင်အင်အားစု အားကြီးတဲ့ အုပ်စုတွေကပဲ တဘက်သတ် ဆုံးဖြတ်ချက်ချခြင်း မဟုတ်ဘဲ လူဦးရေအရ ထပ်ဆင့်လူနည်းစု အုပ်စုတွေအပါအဝင် လူမျိုးပေါင်းစုံ ပါဝင်ဆုံးဖြတ်နိုင်တဲ့အခင်းအကျင်း ဖြစ်ဖို့ လိုပါတယ်။

#ပြည်သူ့အာဏာတည်ဆောက်ကြ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ။

မူရင်းpost ပိုင်ရှင်
Dee Jar Fish

*******************************************

ထပ်တိုး ပြောရရင် ကချင်ပြည်နယ် လီဆူ ဝိုင်းမော်ပြည်သူ့စစ် ဖြစ်တည်လာခြင်းကလည်း လီဆူ အပေါ် KIA KIO ရဲ့ ဖိနှိပ်ခြင်းကြောင့်ဆိုတာ အားလုံးအသိ။ မြန်မာတပြည်လုံးကို ဗမာက လူကြီးဝါဒ ကျင့်သုံးသလို ကချင်ပြည်နယ်မှာ KIA KIO တွေက (ဂျိန်းဖော)လူမျိုးကြီးဝါဒ ကျင့်သုံးဖိနိပ်မှုကြောင့် မိမိဒေသ မိမိလူမျိုးကို ကာကွယ်ရန် ရ၀မ်၊ လော်ဝေါ်၊လီဆူ၊ ရှမ်းနီ ပြည်သူ့စစ်ပေါ်လာခဲ့ပြီ။

လီဆူလူမျိုးလီဆူလူမျိုး (အင်္ဂလိပ်: Lisu people; တရုတ်: 傈 僳 族, Lìsù zú; ထိုင်း: ลีสู่; လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ) သည် တိ...
22/05/2025

လီဆူလူမျိုး
လီဆူလူမျိုး (အင်္ဂလိပ်: Lisu people; တရုတ်: 傈 僳 族, Lìsù zú; ထိုင်း: ลีสู่; လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ) သည် တိဗက်-ဗမာနွယ် လူမျိုးစု ဖြစ်ပြီး မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ အရူနာချာပရာဒစ်ပြည်နယ်တို့ရှိ တောင်တန်းထူထပ်သော ဒေသများတွင် နေထိုင်ကြသည်။

လူဦးရေ စုစုပေါင်း= ၁,၂၀၀,၀၀၀ (ခန့်မှန်း))
အများစု နေထိုင်သည့် နေရာ
တရုတ်နိုင်ငံ (ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်)၊[၁] မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အနောက်-အရှေ့ အိန္ဒိယ (အရူနာချာပရာဒစ်ပြည်နယ်)
ဘာသာစကား=လီဆူ၊ Lipo, လေမယ် နှင့် နော
ကိုးကွယ်မှု=ခရစ်ယာန်ဘာသာ, Animism နှင့် ဗုဒ္ဓဘာသာ

လီဆူလူမျိုးသည် တိဗက်မြန်မာအနွယ်ဝင် လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ လီဆူလူမျိုးတို့တွင် အဓိကအားဖြင့် အနွယ်(၃)မျိုးရှိသည်ယင်းတို့မှာ လီဆူမည်း၊ လီဆူဖြူနှင့် ပန်းလီဆူ ဟူ၍ပင်ဖြစ်သည်။ လီဆူအနွယ်တို့သည် ၎င်းတို့၏ မူလနေရင်းဌာနေဖြစ်သော သံလွင်မြစ်ဝှမ်း အထက်ပိုင်းဒေသ၌ နေထိုင်လျက် ရှိနေကြပြီး၊ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှု လွှမ်းမိုးနေခြင်းကို ခံနေရပေသည်။ လီဆူအနွယ် သုံးမျိုးတွင် ဆွေမျိုးပေါင်း (၁၄) စုခန့်ရှိသည်။ ယင်းတို့မှာ ဂျာခေါ်ဆွေမျိုးနှင့် ဖာ့ခေါ်ယောက်ျားမျိုးဟု အဓိပ္ပာယ်ရသော ဆွေမျိုးစုများ ဖြစ်ကြလေသည်။

မြောက်ဖျားဒေသရှိ လီဆူတို့သည် ပူတာအို၊ လောခေါင်နှင့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနှင့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စသည့်အရပ်များတွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။

Crd
လူဦးရေအားဖြင့် လက်ရှိအခါ ၂ သန်း (သို့) သိန်း ၂၀ ရှိမည်ဟု ခန်းမှန်းပါသည်။ အထက် post ပိုင်ရှင်က လွန်ခဲ့တဲ့ ၂၀ ရာစုမှ စာရင်းကို ကူးကားထားခြင်းသာဖြစ်သည်။

မတ်လ ခုနှစ်(၇) ရက်သည် လီဆူအမျိုးသားရေးလုပ်ရှားသူ မျိုးချစ် ဖခင်ကြီး ဆီဖာရွှေမင်းသည် လီဆူဒေသရရှိရေးအတွက် လီဆူအမျိုးသား‌ရေ...
06/03/2025

မတ်လ ခုနှစ်(၇) ရက်သည် လီဆူအမျိုးသားရေးလုပ်ရှားသူ မျိုးချစ် ဖခင်ကြီး ဆီဖာရွှေမင်းသည် လီဆူဒေသရရှိရေးအတွက် လီဆူအမျိုးသား‌ရေး အကျိုးကို သယ်ပိုးရင်း မြင့်မြတ်စွာ ခေါင်းချခဲ့ပါသည်။ ထိုနေ့ရက်ကို justical lisu research organization အဖွဲ့မှ လီဆူအာဇာနည် သူရဲကောင်းနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး၊ ယခုအခါ တစ်နှစ်ပြည့်လာပြီဖြစ်သောကြောင့် မတ်လ ခုနှစ်(၇)ရက်နေ့တွင် လီဆူဖခင်ကြီး ရွှေမင်းအား ဂုဏ်ပြုစွာ Profile ချိန်း လှုပ်ရှားမှု တခုကို လုပ်ဆောင်ကြရန် တိုက်တွန်းလုံ့ဆော်အပ်ပါသည်။

#လီဆူအမျိုးသားရေးဖခင်ဆီဖာရွှေမင်း #အာဇာနည်ခေါင်းဆောင်ဆီဖာရွှေမင်းအားအလေးပြုပါသည်
#လီဆူသတင်းစုစောင်းရေးအဖွဲ့

Crd ပေးပါတယ်

လီဆူ နှစ်သစ်ကူး အမှန်တကယ်ရှိလား*******************************************ယနေ့ ၂၁ ရာစု ရောက်လာတဲ့အခါ ခေတ်သစ်လီဆူလူငယ်တွေ...
31/01/2025

လီဆူ နှစ်သစ်ကူး အမှန်တကယ်ရှိလား
*******************************************

ယနေ့ ၂၁ ရာစု ရောက်လာတဲ့အခါ ခေတ်သစ်လီဆူလူငယ်တွေ လီဆူသမိုင်းနဲ့ပတ်သက်ပြီး သိတဲ့သူ မရှိသလောက်ဖြစ်လာသလို လီဆူလူမျိုးကျင်းပလျက်ရှိတဲ့ ပွဲလမ်းသဘင်တွေလည်း ပပျောက်လို့နေပြီ။ ထိုတို့အထဲ လီဆူနှစ်သစ်ကူး အပါ၀င်ပေါ့။ ကမ္ဘာပေါ်မှာ ဒေသအခြေခံတဲ့ နှစ်သစ်ကူးတွေ၊ ရိုးရာဓလေ့ အခြေခံ နှစ်သစ်ကူးတွေ၊ ဘာသာရေး အခြေခံ နှစ်သစ်ကူး စသဖြင့် အမျိုးမျိုး ရှိကြတယ်။ ယနေ့ လီဆူတွေ ဇန်နဝါရီ ၁ ရက်နေ့ မှာ ကမ္ဘာ့ New Year (Gregorian) ကို ကျင်းပသလို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ ကြား တရုတ်နှစ်သစ်ကူးအတွင်းမှာလည်း လီဆူနှစ်ကူး ကျင်းပကြပါတယ်။ Gregorian New Year က ခရစ်ယာန် ဘာသာသက်၀င်ယုံကြည်လာရာနောက်ပိုင်းမှ ကျင်းပတဲ့ နှစ်သစ်ကူးဖြစ်ပြီး လီဆူ ဘိုးဘေးနှစ်သစ်ကူးကို Chinese New Year နဲ့ နီးကပ်ကပ် ကျင်းပလျက်ရှိပါတယ်။ လီဆူတွေ ကျင်းပလျက်ရှိတဲ့ နှစ်သစ်ကူး နှစ်မျိုးစလုံးသည် အခြားလူမျိုး မှ ကူးယူ ကျင်းပခြင်းဖြစ်လို့ စင်စစ်လီဆူနှစ်သစ်ကူးမရှိဘူး ပြောတဲ့သူတွေရှိလာတယ်။

ကမ္ဘာ့ ပြက္ခဒိန်ကို အစိကအားဖြင့် နှမျိုးနှစား သတ်မှတ်နိုင်ပြီး အနောက်တိုင်းအများစုက Solar အခြေခံ၊ အရှေ့တိုင်းအများစုက Lunar အခြေခံလျက် ရှိကြပါတယ်။ မိမိတို့ လီဆူလူမျိုးက အရှေ့တိုင်းမှာနေထိုင်သလို Lunar ကို အခြေခံတွက်ချက်တဲ့ ရက်၊ လ၊ နှစ်တွေကို အသုံးပြုလျက်ရှိပါတယ်။

Lunar အခြေခံအသုံးပြုတိုင်း တရုတ်နှစ်သစ်ကူးမှ ပုံတူကူးယူထားကြောင်း တပ်ချ ပြောလို့မရပါ။ ကမ္ဘာ့အရှေ့ဘက်ခြမ်း နေထိုင်သည့် လူမျိုးတိုင်းနီးပါး Lunar အခြေခံ အသုံးပြုကြတာပါ။ လီဆူ ပြက္ခဒိန် ရေတွက်ပုံက တရုတ်နဲ့ ဆင်တူ(တိရိစ္ဆာန်)သော်လည်း အချို့ သတ်မှတ်ချက်တွေ မတူကြပေ။ တရုတ် နှစ်သစ်ကူးက ဗုံတီး (drums)၊ နဂါးနှင့် ခြင်္သေ့အကများ ကခြင်း၊ အနီရောင်စာအိတ်ပေးခြင်း စသဖြင့် ပြုလုပ်လျက်ရှိပေမယ့် လီဆူတို့မှာ မရှိပေ။ သီးခြားစီ ဖြစ်လေရဲ့။

လီဆူ နှစ်သစ်ကူးသည် ၁၂ လ နှင့် စိုက်ပျိုး၊ ရိတ်သိမ်းခြင်း၊ နွေ မိုး ဆောင်း တို့ကို အခြေခံ ရေတွက် ကျင်းပကြပါတယ်။ တစ်လလျှင် ရက်ပေါင်း ၃၀၊ တနှစ်လျှင် လ ပေါင်း ၁၂ လ သတ်မှတ်ပြီး နှစ်ကုန်ခါနီး အလိုမှာ နတ်ဆရာတို့မှ ရက်သတ်မှတ်ပြီး နှစ်ကူးကြရပါတယ်။ လီဆူနှစ်ကူးသည် သုံးရက် သို့တည်းမဟုတ် ခုနှစ်ရက် ကြာ ကျင်းပလျက်ရှိပါတယ်။ နှစ်သစ်ကူးသစ်ပင် ပတ်ပတ်လည် ဝိုင်းပြီး ရိုးရာအကက၊ သီဆိုသည့် ဓလေ့လည်း ရှိပါသေးတယ်။ အပြိုင်အဆိုင် ရိုးရာအတီးအမှုတ်၊ ဆိုက လျက် သာယာနာပျော်ဖွယ်ကျင်းပကြပါတယ်။ နတ်စားခေတ်မှာ နတ်ဆရာက မီးပင်လယ်ကျော်ဖြတ်ပြီး ဓားတောင်ကို တက်ကာ နှစ်သစ်ကောင်းကြီးပေးသလို သက်ကြီးရွယ်အို တို့ထံမှလည်း ကောင်းကြီးခံယူကြရပါတယ်။ ထို့အတူ နှစ်သစ်ရေချိုးခြင်း ဓလေ့လည်းရှိပြီး၊ ရေမချိုးနိုင်တဲ့ သက်ကြီးရွယ်အိုတွေဆီ အိမ်တိုင်ရာအ‌ရောက် ရေချိုးပေးလျက်ရှိပါတယ်။

အချုပ်အနေနဲ့ ပြောရရင် လီဆူနှစ်သစ်ကူးရှိပါတယ်။ လီဆူနှစ်ကူးက Gregorian New Year မှ ဆင်းသက်လာတဲ့ နှစ်သစ်ကူးမဟုတ်သလို Chinese New Year မှ ပုံတူ ယူသုံးတဲ့ နှစ်ကူးလည်းမဟုတ်ပါ။ Lunar အခြေခံ ထားသော်လည်း ကျွန်ပ်တို့မှာ ကိုယ်ပိုင် သမိုင်း၊ အဖြစ်အပျက်၊ ထုံးတမ်းဓလေ့၊ အဆိုအက၊ အနက်အစိပါယ် ရှိပြီး မူပိုင်နှစ်ကူးဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

မှတ်ချက်။ ။
ယခုအခါ လီဆူနှစ်ကူး ရက်သတ်မှတ်ခြင်းကို နတ်ဆရာမှ သတ်မှတ်ခြင်းမဟုတ်တော့ဘဲ လီဆူရိုးရာလူကြီးတို့မှ သတ်မှတ်ထားသော ရက်အတွင်း နှစ်ကူးပွဲတော်ကို ဆင်နွေကြပါကြောင်း။

လီဆူနှစ်သစ်ကူးမှာ ကိုယ်စိတ်နှဖြာ ကျန်းမာရွှင်လန်းကြပါစေ၊ နှစ်သစ်မှာ ဘုရားကောင်းကြီးပေးပါစေ။
Lisu Happy New Year
page
#မူလာရှီကော်ငွား

LI-SU Volley ball တွင်အစောဆုံးကစားပေးခဲ့သောMLG Volley ball အဖွဲ့ အား G.W RAMA KO-MI-TI VOLLEY BALL MAN SHING JAWNG POI (...
06/05/2024

LI-SU Volley ball တွင်အစောဆုံးကစားပေးခဲ့သောMLG Volley ball အဖွဲ့ အား G.W RAMA KO-MI-TI VOLLEY BALL MAN SHING JAWNG POI (1977)ပြိုင်ပွဲမှပထမဒိုင်းဆုကြီးနဲ့အတူ ကျွန်တော်MLGအား/ကာတာဝန်ခံမှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဓါတ်ပုံကိုသိမ်းထားပေးသောကူးယူခွင့်ပြုသောသင်းထောက်ဦးဝေါ်တား(ခ)အားတာ(မန်ခိန်)၊သင်းထောက်ဦးမူဆီးခီ(မန်ခိန်ပိုးဇာ)တို့အားအထူးကျေးဇူးတင်ရှိပါသည်။

မူရင်း Zi Baw Sar
Crd ပေးပါတယ်

 #ခံယူချက်ချင်းမတူပေမယ့် လီဆူတစ်ယောက်သတ်ခံရတာ ဝမ်းသာမနေတာအမှန်ပါ။ #တိုက်ပွဲမှာတိုက်ခိုက်ကြပြီးကျဆုံးရင်တော့ ဘာမှပြောစရာမ...
08/03/2024

#ခံယူချက်ချင်းမတူပေမယ့် လီဆူတစ်ယောက်သတ်ခံရတာ ဝမ်းသာမနေတာအမှန်ပါ။

#တိုက်ပွဲမှာတိုက်ခိုက်ကြပြီးကျဆုံးရင်တော့
ဘာမှပြောစရာမရှိပါ။ သူသေကိုယ်သေပစ်ကြတယ်ဆိုတော့။

အခုဟာက လမ်းမပေါ်မှာစီးနင်းလာတဲ့ ကားကိုသေချာချောင်းမြှောင်းပြီး ခွေးကျင့်ခွေးကြံတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကိုမြင်တာနဲ့ အရင်က ကေအိုင်မှာ လီဆူအရာရှိတွေအသတ်ခံရဖူးတယ်ဆိုတာပိုပြီး သတိရစေတယ်။

LISU BU HW.CHI:

Crd

လီဆူအခေါ် ငွါးဒါလော် (ꓥꓪ. ꓓꓹ-ꓡꓴ) ခေါ်ဆိုကြပြီး လီဆူရိုးရာ ငါးဖမ်းအသုံးအဆောင်တခုဖြစ်ပါတယ်။
09/12/2023

လီဆူအခေါ် ငွါးဒါလော် (ꓥꓪ. ꓓꓹ-ꓡꓴ) ခေါ်ဆိုကြပြီး လီဆူရိုးရာ ငါးဖမ်းအသုံးအဆောင်တခုဖြစ်ပါတယ်။

တချိန်တုန်းက လီဆူနှစ်သစ်ကူးပွဲတော်
14/08/2023

တချိန်တုန်းက လီဆူနှစ်သစ်ကူးပွဲတော်

၁၈၉၅ခုနှစ်မှာမြစ်ကြီးနားလွင်ပြင်မှာမှတ်တမ်းမှတ်ရာဖြင့်ရွာတည်ခဲ့ကြောင်းမှတ်တမ်းတွင်မန်ခိန်ရွာသာရှိခဲ့ရာထိုအချိန်လီဆူ(၃)အိ...
03/08/2023

၁၈၉၅ခုနှစ်မှာမြစ်ကြီးနားလွင်ပြင်မှာမှတ်တမ်းမှတ်ရာဖြင့်
ရွာတည်ခဲ့ကြောင်းမှတ်တမ်းတွင်မန်ခိန်ရွာသာရှိခဲ့ရာထိုအချိန်လီဆူ(၃)အိမ်
ထောင်ပါခဲ့ကြောင်း
ထို(၃)အိမ်ထောင်မှ
မျိုးဆက်ကျောင်းဆရာငွါးလေးသည်၁၉၄၈
ခုနှစ်တောင်တန်းဒေသကချင်နယ်သို့
လွတ်လပ်ရေးအတွက်ရှေ့ပြေးစည်းဝေးမှတ်တမ်းနှင့်ဘာသာပြန်ရာ
တွင်ပါဝင်ခဲ့သလို
ပင်လုံညီလာခံသို့
တက်ရောက်ခဲ့သူ
ဖြစ်ပါသည်ထို့အတွက်၂၀၀၁-၀၂
မြစ်ကြီးနားခွမ်ရာ
မဂျွယ်မနောင်ပွဲတော်တွင်ဆရာ
ငွါးလေးအားဂုဏ်ပြု
မှတ်တမ်းဒိုင်း/ ငွေ
ဓါးလွယ်နှင့်လွယ်အိတ်ကိုချီးမြှင့်
ခဲ့ပါသည် ထိန်းသိမ်းထားပေး
သည့်စတုတ္ထချွှေးမ
နှင့်မြေးကိုငွါးဆာ။
ဆရာငွါးလေး၏သား(၇)ဦး
သမီး(၄)ဦး မြေးမြစ်
မျာစွာရှိပါသည်
လက်လှမ်းမီသမျှ
တနိူင်းထွေအုပ်ရုံး
အုပ်ကြီးဒေါ်ရာဆီနာ
သည်လည်းမြေးတဦးဖြစ်ပါသည် ။

Crd

ꓣꓳ ꓡꓲ-ꓢꓴ ꓓ ꓒ: (3)ꓣꓳ ꓠꓬ꓾ (12-17•9•2022) ꓠꓬꓲꓺ ꓗꓪ ꓛꓲ ꓬꓰ ꓔꓬ ꓟ꓾ꓗ-ꓢꓰ-ꓢꓲ:-ꓔ ꓗꓴꓷ; (ကာဇက်စတန် )Under 12 Asia ITF (ꓔꓲ.-ꓠꓰ. ) ꓓꓶ:  ...
17/09/2022

ꓣꓳ ꓡꓲ-ꓢꓴ ꓓ ꓒ: (3)ꓣꓳ ꓠꓬ꓾ (12-17•9•2022) ꓠꓬꓲꓺ ꓗꓪ ꓛꓲ ꓬꓰ ꓔꓬ ꓟ꓾
ꓗ-ꓢꓰ-ꓢꓲ:-ꓔ ꓗꓴꓷ; (ကာဇက်စတန် )
Under 12 Asia ITF (ꓔꓲ.-ꓠꓰ. ) ꓓꓶ: ꓔꓯꓺ ꓡꓯꓼ ꓘꓳꓺ ꓟ ꓑꓮꓲ ꓗꓪ ꓔꓯꓺ ꓡꓯꓼ ꓘꓳ ꓔꓬ ꓟ ꓥꓹ ꓡꓳ=

ꓔꓯꓺ ꓡꓯꓼ ꓘꓳ ꓔꓬ ꓟ ꓠꓬ꓾

၁။ မြန်မာ Vs ကာဇက်စတန် 0-3
၂။ မြန်မာ Vs ပါကစ္စတန် 2-1
၃။ မြန်မာ Vs အီရန် 2-1
၄။ မြန်မာ Vs ဟောင်ကောင်. 3-0

(4) ꓗꓴꓷꓼ ꓔꓯ. ꓓꓶ: ꓔꓯꓺ ꓡꓯꓼ ꓘꓳˍ ꓟ ꓗꓪ (3) ꓗꓴꓷꓼ ꓔꓯ. ꓧꓪ. ꓔ. (1) ꓗꓴꓷꓼ ꓔꓯ. ꓠꓬ ꓛꓳ. ꓓꓶ: ꓟ ꓧꓪ ꓡꓰ =

ꓡꓯꓼ ꓫꓵ ꓢꓯꓼ ꓖꓶ: ꓓꓴ ꓬꓰ ꓡꓯ=

1. ꓓ-ꓪꓵ (ꓑꓴ-ꓔ-ꓴ )
2. ꓒꓲ-ꓢ-ꓢꓯ. (ꓟꓲ-ꓚꓲ-ꓠ)
3. ꓖꓪ-ꓤ-ꓞꓰ ( ꓢꓳ.-ꓡꓳꓼ)

crd

Address


Website

Alerts

Be the first to know and let us send you an email when We are Lisu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share