Gangaw Youths Voice

  • Home
  • Gangaw Youths Voice

Gangaw Youths Voice Gangaw Youths Voice is publishing the correct news and exact informations about Gangaw region and ot

Breaking News: မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဂန့်ဂေါနယ်မှာ မြစ်သာမြစ်ရေ မြင့်တက်လာနေပြီး မြစ်အောက်ပိုင်းနှင့် မြေ...
14/05/2023

Breaking News: မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဂန့်ဂေါနယ်မှာ မြစ်သာမြစ်ရေ မြင့်တက်လာနေပြီး မြစ်အောက်ပိုင်းနှင့် မြေနိမ့်ပိုင်းဒေသများ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်။ အလွန်အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ချင်း၊ယော၊စစ်ကိုင်း ဒေသဘက်သို့ ဆက်လက် ဦးတည်လာနေတယ်လို့ ခန့်မှန်းချက်များအရ သိရပါတယ်။
Photo-crd
ဂန့်ဂေါ မေ ၁၄
Gangaw Youths Voice

မုန်တိုင်းအရှိန်ကြောင့် ချင်း၊မကွေး ဒေသများတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ အထိ ရှိနိုင်၊ ပြည်သူများဂရုပြုနေထိုင်ရန် ...
14/05/2023

မုန်တိုင်းအရှိန်ကြောင့် ချင်း၊မကွေး ဒေသများတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ အထိ ရှိနိုင်၊ ပြည်သူများဂရုပြုနေထိုင်ရန် ဂန့်ဂေါမြို့နယ် ပအဖ သတိပေး

ဂန့်ဂေါ မေ ၁၄

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဟာ မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ပြီး ဂန့်ဂေါမြို့သည်လည်း မုန်တိုင်းဒဏ်ကို ခံစားရနိုင်သည့်အတွက် မုန်တိုင်းဒဏ်ကို ခံနိုင်သည့် အဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က အသိပေးထုတ်ပြန်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) အကြိုကာလနှင့် ဝင်ရောက်ဆဲကာလများတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း နှင့်အခြားနောက်ဆက်တွဲ ဘေးအန္တရာယ်များ ကျရောက်လာနိုင်တဲ့အတွက် မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦများထံ ပြောင်းရွှေ့နေထိုင်ကြရန်လည်း အသိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) သည် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ကုန်းတွင်းပိုင်းသို့ ဝင် ရောက်နိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြပြီး ချင်း၊မကွေး ဒေသများမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ ကျော်အထိ ရောက်ရှိနိုင်ကြောင်း ပြောဆိုနေကြပါတယ်။

Gangaw Youths Voice

ထီးလင်းနယ်မှာ စစ်တပ်ကို YRAနဲ့ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်လို့ စစ်တပ်ဘက်က ၇ဦးခန့်သေဂန့်ဂေါ မေ ၄      (1.5.2023)နေ့ ကျ...
04/05/2023

ထီးလင်းနယ်မှာ စစ်တပ်ကို YRAနဲ့ ပူးပေါင်းအဖွဲ့များက တိုက်ခိုက်လို့ စစ်တပ်ဘက်က ၇ဦးခန့်သေ

ဂန့်ဂေါ မေ ၄

(1.5.2023)နေ့ ကျောက်ထုထွက်လာတဲ့ အင်အား (၇၀) ကျော်ပါ စစ်ကောင်စီတပ်ဟာ ရွှေအောင်သာအထိုင်တပ်မှ အင်အား (၆၀)ခန့်နှင့်ပူးပေါင်း၍ အောင်းရွာဘက်သို့ (4.5.2023)ရက်နေ့မှာ စစ်ကြောင်းထိုးလာခဲ့ရာ ယနေ့မနက် (8:10)မိနစ်ခန့် အောင်းမြောက်ရွာအရှေ့နားအရောက် ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းနှင့်ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)-YNRFပူးပေါင်းတပ်မှအနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း ရန်သူ့ဘက်မှ ၇ ဦးခန့်သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း၊တိုက်ပွဲပြင်းထန်ချိန်တွင် ဂျက်ဖိုက်တာတိုက်လေယာဥ်တစ်စီးဝဲလာသဖြင့် တိုက်ပွဲရပ်နားခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

Gangaw Youths Voice

စစ်တပ်ရဲ့ပစ်ခတ်မှု‌ကြောင့် ဂန့်ဂေါနယ် PDF ရဲဘော် ၂ဦး ကျဆုံး၊ ခလရ ၅၀ တပ် တောတောင်ထဲ ဆက်လက် လှည့်လည်နေဂန့်ဂေါ ဧပြီ ၂၉လွန်ခ...
29/04/2023

စစ်တပ်ရဲ့ပစ်ခတ်မှု‌ကြောင့် ဂန့်ဂေါနယ် PDF ရဲဘော် ၂ဦး ကျဆုံး၊ ခလရ ၅၀ တပ် တောတောင်ထဲ ဆက်လက် လှည့်လည်နေ

ဂန့်ဂေါ ဧပြီ ၂၉

လွန်ခဲ့တဲ့ရက်ပိုင်းက ဂန့်ဂေါမြို့မြောက်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးရဲဘော်အချို့ ထိပ်တိုက်ထိတွေ့မှုအချို့ရှိခဲ့ပြီး အဆိုပါ ဖြစ်စ‌ဉ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲ‌ဘော် နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ ခလရ ၅၀ တပ်ဟာ တောတောင်တွေထဲ စစ်ကြောင်းထိုးနေပြီး တပ်မ ၇၇ စစ်ကြောင်းမှာလည်း ခြေရာခံမရ ဖြစ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Gangaw Youths Voice

Breaking News: ယနေ့နေ့ခင်းပိုင်း ထီးလင်းနယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့ပြီး ထိခို...
20/04/2023

Breaking News: ယနေ့နေ့ခင်းပိုင်း ထီးလင်းနယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးအခက်အခဲများကြောင့်
ပစ်ခတ်တဲ့အကြောင်းရင်းနဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Gangaw Youths Voice

ရက်ပိုင်းအတွင်း ဂန့်ဂေါနယ်ထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်နေဂန့်ဂေါ ဧပြီ ၁၃ဂန့်ဂေါမြို့နယ်ထဲမှာ ယခုရက...
13/04/2023

ရက်ပိုင်းအတွင်း ဂန့်ဂေါနယ်ထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်နေ

ဂန့်ဂေါ ဧပြီ ၁၃

ဂန့်ဂေါမြို့နယ်ထဲမှာ ယခုရက်ပိုင်းအတွင်း အင်တာနက်နဲ့ ဖုန်းလိုင်းများ အမြဲလိုလို ပြတ်တောက်နေတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က မြို့အနီးဝန်းကျင်ကို မကြာခဏ စစ်ကြောင်းထိုးတတ်ပြီး ယမန်နေ့ညက သံချပ်ကာကားတွေနဲ့ အင်အားပြ ကင်းလှည့်တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လကုန် ကာလ က ဂန့်ဂေါနယ် ကန်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖုန်းလိုင်းကြပ်တာတွေ တောက်လျှောက်ကြုံတွေ့နေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

Gangaw Youths Voice

စစ်ကောင်စီတပ်များက ဂန့်ဂေါမြို့ ငါးမိုင်ဝန်းကျင်ကို နေ့စဉ် စစ်ကြောင်းထိုး၊ ပြည်သူအများအပြား နေ့စဉ်တိမ်းရှောင်ရဂန့်ဂေါ ဧပ...
09/04/2023

စစ်ကောင်စီတပ်များက ဂန့်ဂေါမြို့ ငါးမိုင်ဝန်းကျင်ကို နေ့စဉ် စစ်ကြောင်းထိုး၊ ပြည်သူအများအပြား နေ့စဉ်တိမ်းရှောင်ရ

ဂန့်ဂေါ ဧပြီ ၉

ခလရ ၅၀မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့ ငါးမိုင်ဝန်းကျင်ဒေသတွေဆီ နေ့စဉ်ဆက်တိုက် စစ်ကြောင်းထိုးနေပါတယ်။ မြို့ရဲ့မြောက်ဘက် ရွာတွေထိ စစ်တပ်က တပ်ဖြန့်သွားလာနေပြီး စစ်ကြောင်းရန်ကြောင့် ဒေသခံအများအပြားလည်း တိမ်းရှောင်နေကြရပါတယ်။
ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေဟာ မြစ်သာမြစ်ကို ဖြတ်ကူးပြီး စစ်ကြောင်းထိုးလျက်ရှိပါတယ်။

Gangaw Youths Voice

03/04/2023

ကန်ရဲစခန်းကို ဂန့်ဂေါခရိုင်တပ်ရင်းများက တိုက်ခိုက်ရာ စစ်တပ်ဘက်က ၄၀ကျော်သေ၊ စခန်း ၇၅ရာခိုင်နှုန်းကို မီးရှိူ့ဖျက်ဆီးနိုင်

ဂန့်ဂေါ ဧပြီ ၃

၊ဂန်ဂေါမြို့နယ် ၊ကန်ရွာနယ်မြေခံရဲစခန်းအား ဂန့်ဂေါခရိုင်တပ်ရင်းများဖြစ်ကြတဲ့ အမှတ် ၁/၇/၁၁/၁၂/၁၄/၁၉၊ ABSDF ၊ HyperUAV Force၊ ပကဖ ရဲဘော်များဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ
ရန်သူစခန်းအား ၇၅ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခဲ့ပြီး
ရန်သူ့ဘက်မှ ၄၅ ဦးခန့်ကျဆုံး၍ ၁၀ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ပြီး ရဲဘော်တစ်ဦး နင်းမိုင်းမိကာ ‌ခြေတစ်ဖက် ဆုံးရှုံးခဲ့ရ‌ေကြာင်း၊ ထိခိုက်ဒဏ်ရာရသူ ၉ဦး (မစိုးရိမ်ရ ဒဏ်ရာ)ရရှိခဲ့ပြီး ကျန်ရဲဘော်များမှာ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Gangaw Youths Voice

Breaking News: တပ်မ ၇၇ စစ်ကောင်စီတပ်နဲ့ ခလရ ၅၀ ယာဉ်တန်းဟာ ယနေ့ ဂန့်ဂေါမြို့ ခလရ ၅၀တပ် ထဲ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပ...
01/04/2023

Breaking News: တပ်မ ၇၇ စစ်ကောင်စီတပ်နဲ့ ခလရ ၅၀ ယာဉ်တန်းဟာ ယနေ့ ဂန့်ဂေါမြို့ ခလရ ၅၀တပ် ထဲ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါယာဉ်တန်းပါ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့လာရာလမ်းတစ်လျှောက် ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေ ကျူးလွန်ခဲ့ကြပါတယ်။

Gangaw Youths Voice

Breaking News: ယနေ့မနက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ထိတွေ့တိုက်ခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်...
31/03/2023

Breaking News: ယနေ့မနက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ထိတွေ့တိုက်ခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ဆက်လက်ပစ်ခတ်မှုတွေပြုလုပ်နိုင်တာကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ လိုအပ်ပါတယ်။

Gangaw Youths Voice

Breaking News: မင်းရွာဘက်က စစ်ကောင်စီယာဉ်တန်း ဂန့်ဂေါဘက် စတင်ထွက်ခွာလာဂန့်ဂေါ မတ် ၂၇  မင်းရွာဒေသကို ရောက်ရှိနေတဲ့ ကားအစီ...
27/03/2023

Breaking News: မင်းရွာဘက်က စစ်ကောင်စီယာဉ်တန်း ဂန့်ဂေါဘက် စတင်ထွက်ခွာလာ

ဂန့်ဂေါ မတ် ၂၇

မင်းရွာဒေသကို ရောက်ရှိနေတဲ့ ကားအစီး ၃၀ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဂန့်ဂေါဘက်ကို ဆက်လက်ထွက်ခွာလာပြီလို့ သိရပါတယ်။ အဆိုပါယာဉ်တန်းဟာ ယနေ့အတွင်း ဘယ်ထိဆက်လက် ရွေ့လျားမယ်ဆိုတာတော့မသိရသေးပါဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းက ပန်းထိပ်ရွာမှာ တပ်စွဲနေခဲ့တဲ့ ခလရ ၅၀ တပ်ဖွဲ့ဟာလည်း ဂန့်ဂေါမြို့ဘက် ဦးတည်ဆုတ်ခွာလာခဲ့ပြီး ဖြစ်ပါတယ်။

Gangaw Youths Voice

ဂန့်ဂေါမြို့နယ် ပအဖက ဂန့်ဂေါမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်နေ၊ စစ်ကောင်စီစစ်ကြ...
23/03/2023

ဂန့်ဂေါမြို့နယ် ပအဖက ဂန့်ဂေါမြို့နယ်တောင်ပိုင်း စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်နေ၊ စစ်ကောင်စီစစ်ကြောင်းရန်က ရှောင်တိမ်းကြဖို့ တိုက်တွန်း

ဂန့်ဂေါ မတ် ၂၃

လွန်ခဲ့တဲ့ရက်ပိုင်းက တပ်မ ၇၇ စစ်ကောင်စီယာဉ်တန်းဟာ ဂန့်ဂေါနယ်ထဲ ဝင်ရောက်လာပြီး ခလရ ၅၀ စစ်ကြောင်းကလည်း ဂန့်ဂေါတောင်ပိုင်းကို ထွက်ခွာသွားပါတယ်။ အဆိုပါ စစ်ကြောင်း ၂ ခုကြောင့် တိမ်းရှောင်နေကြရတဲ့ ပြည်သူများအတွက် ဆန်၊ဆီ အခြေခံစားသောက်ကုန်များကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကနဦး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာဒေသများတွင် ရှောင်တိမ်းနေထိုင်ကြပါရန် မြို့နယ်ပအဖက သတိပေးတိုက်တွန်းထားပါတယ်။
ဂန့်ဂေါမြို့နယ် ပအဖ အနေဖြင့် ၂၀၂၃မတ်လအတွင်း ဂန့်‌ဂေါမြို့နယ် ကုက္ကားကျေးရွာမှ စစ်ကောင်စီနှင့်ပျူစောထီး ရန်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူများအတွက်လည်း ဆန်၊ဆီ အခြေခံစားသောက်ကုန်များကို ထောက်ပံ့ခဲ့ပြီး ကူညီထောက်ပံ့မှုဆောင်ရွက်စဉ် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံများက စစ်ဘေးရှောင်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

Gangaw Youths Voice

ဂန့်ဂေါနယ်တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ခု ဝင်နေပြီး ကျေးရွာ အများအပြား စစ်ဘေးရှောင်နေရ၊ ကူညီထောက်ပံ့မှုများ လိုအ...
22/03/2023

ဂန့်ဂေါနယ်တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ခု ဝင်နေပြီး ကျေးရွာ အများအပြား စစ်ဘေးရှောင်နေရ၊ ကူညီထောက်ပံ့မှုများ လိုအပ်နေ

ဂန့်ဂေါ မတ် ၂၂

လွန်ခဲ့တဲ့ရက်ပိုင်းက တပ်မ ၇၇ စစ်ကောင်စီယာဉ်တန်းဟာ ဂန့်ဂေါနယ်ထဲ ဝင်ရောက်လာပြီး ခလရ ၅၀ စစ်ကြောင်းကလည်း ဂန့်ဂေါတောင်ပိုင်းကို ထွက်ခွာသွားပါတယ်။ အဆိုပါ စစ်ကြောင်း ၂ ခုကြောင့် ဂန့်ဂေါတောင်ပိုင်းမှာ ဒေသခံ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တစ်ချို့ကို နီးစပ်ရာရပ်ရွာအသိဆွေမျိုးတွေက ကူညီကြပြီး ရက်ကြာလာတာကြောင့် အများစု အခက်တွေ့နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- YRA

Gangaw Youths Voice

တပ်မ ၇၇ စစ်ကြောင်းထိုးစဉ် ထီးလင်းဒေသမှ ထိခိုက်ကျဆုံး ပြည်သူ၊ ရဲဘော် အချို့ရှိဂန့်ဂေါ မတ် ၂၀         မတ်လ ၁၈ ရက်နေ့ နေ့လယ...
20/03/2023

တပ်မ ၇၇ စစ်ကြောင်းထိုးစဉ် ထီးလင်းဒေသမှ ထိခိုက်ကျဆုံး ပြည်သူ၊ ရဲဘော် အချို့ရှိ

ဂန့်ဂေါ မတ် ၂၀

မတ်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီ ကားတန်း၏နောက်ချန်ကင်းအဖွဲ့အား ပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ ပစ်အားအဆမတန်ကွာဟမှုကြောင့် ပူးပေါင်းတပ်ဖွဲ့တပ်ဆုတ်ရစဥ် ဒဏ်ရာရှိသူနှစ်ဦးထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ ဂန့်ဂေါခရိုင်တပ်ရင်း(၁၇)၊တပ်ခွဲ(၃)၏ တပ်ခွဲမှုး ကျော်မင်းလွင်မှ ကျန်တပ်ဖွဲ့ဝင်များဆုတ်ခွာနိုင်ရန် ကာပစ်ပေးရင်း မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး AK မောင်းပြန်တစ်လက်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။
ဒါ့အပြင် ဆေးမင်းတောကျေးရွာထဲ သေဆုံးပြည်သူ ရုပ်အလောင်း ၂လောင်းတွေ့ရှိခဲ့ရပြီး စစ်ဘေးရှောင်ရင်းပျောက်ဆုံးသူ ၂ဦးထဲက ၁ ဦးရဲ့ ရုပ်အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ကြရပါသေးတယ်။

Gangaw Youths Voice

တပ်မ (၇၇)စစ်ကြောင်း ဂန့်ဂေါဘက် ဆက်လက်ဦးတည်လာရာ ခလရ ၅၀ စစ်ကောင်စီတပ်က အောင်မြင်ရွာမှ တောင်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာ၊...
19/03/2023

တပ်မ (၇၇)စစ်ကြောင်း ဂန့်ဂေါဘက် ဆက်လက်ဦးတည်လာရာ ခလရ ၅၀ စစ်ကောင်စီတပ်က အောင်မြင်ရွာမှ တောင်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာ၊ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်

ဂန့်ဂေါ မတ် ၁၉

ကားအစီး ၃၀ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ထီးလင်းဘက်ကနေ ဂန့်ဂေါသို့ ဦးတည်ထွက်ခွာလာရာ ယမန်နေ့ ညနေက ကား ၂ စီး မင်းရွာနယ်မြေထဲ ဝင်ရောက်လာတယ်လို့ သိရပါတယ်။
မတ် ၁၈ မနေ့က နေ့လယ်ပိုင်း ဂန့်ဂေါ ခလရ ၅၀တပ် အင်အား ၁၀၀ ခန့်ဟာ မြစ်ကိုဖြတ်ကူးကာ အောင်မြင်ရွာမှာ တပ်စွဲခဲ့ကြပြီး ယနေ့မနက်မှာ တောင်ဘက်ကို ဆက်လက်ဦးတည် ထွက်ခွာသွားကြပါတယ်။ အဆိုပါဒေသအနီးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် မင်းရွာ ဂန့်ဂေါ လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ ပြည်သူတစ်ဦးကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် လို့ သိရပါတယ်။

Gangaw Youths Voice

ဂန့်ဂေါဘက်ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်း YRAက တိုက်ခိုက်လို့ စစ်တပ်ဘက်က ၄ ဦးသေဂန့်ဂေါ မတ် ၁၈      ထီးလင်းဘက်ကနေ ဂန့်ဂေါ...
18/03/2023

ဂန့်ဂေါဘက်ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်း YRAက တိုက်ခိုက်လို့ စစ်တပ်ဘက်က ၄ ဦးသေ

ဂန့်ဂေါ မတ် ၁၈

ထီးလင်းဘက်ကနေ ဂန့်ဂေါဘက်ဦးတည်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဆေးမင်းတောကျေးရွာမြောက်ဘက်ရှိ အင်းနားလမ်းခွဲသို့အရောက် (17.3.2023) ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကားတန်းရှေ့ပြေးပွိုင့်မှ မိုင်းရှင်းလင်းရေးစစ်သားများအား အသင့်ပြင်ဆင်ထားသောမိုင်းကွင်းဖြင့် တိုက်ခိုက်ခဲ့ရာ လေးဦးပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17}-YRA ထီးလင်းက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်သား အလောင်းတွေကို ပြန်လည်တူးဖော်စစ်ဆေးပြီး မီးသင်္ဂ်ြုလ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Gangaw Youths Voice

စစ်တပ်ရဲ့ပစ်ခတ်မှု‌ကြောင့် ဂန့်ဂေါနယ်တောင်ပိုင်းက ရဲဘော် ၂ဦး ကျဆုံး၊ ခလရ ၅၀ တပ် စိုင်ဒူးရွာ  GTCကျောင်းထဲ ဝင်ရောက်မွှေနှ...
05/03/2023

စစ်တပ်ရဲ့ပစ်ခတ်မှု‌ကြောင့် ဂန့်ဂေါနယ်တောင်ပိုင်းက ရဲဘော် ၂ဦး ကျဆုံး၊ ခလရ ၅၀ တပ် စိုင်ဒူးရွာ GTCကျောင်းထဲ ဝင်ရောက်မွှေနှောက်

ဂန့်ဂေါ မတ် ‌၅

မတ်လ ၂ရက်နေ့က ဂန့်ဂေါမြို့နယ် မင်းရွာဒေသကို နှစ်ပတ်ကြာစစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပကဖ နဂါးညီနောင်တို့အကြား ပစ်ခတ်မှုများရှိခဲ့ပြီး အဆိုပါ ဖြစ်စ‌ဉ်အတွင်း
အဖွဲ့ခေါင်းဆောင် ဦးဇော်ဇော်နဲ့ အဖွဲ့ဝင်ရဲဘော် ပြည့်ဖြိုးမင်း(ခ)မိုးမျှော် တို့နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မတ်လ ၄ရက်မှာတော့ ခလရ ၅၀ တပ်ဟာ စိုင်ဒူးရွာဘက် စစ်ကြောင်းထိုးခဲ့ပြီး ဂန့်ဂေါမြို့၊ စက်မှုလက်မှုသိပံ္ပကျောင်းက
လက်လုပ်သေနတ်၊ ကျည် စတာတွေ သိမ်းဆည်းရတယ်လို့ စစ်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။ မတ်လ ၅ ရက်နေ့ ညနေမှာ ခလရ ၅၀တပ်တွေ ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

Gangaw Youths Voice

ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ၂ ပတ်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဂန့်ဂေါမြို့အနီး ပြန်ကပ်လာ၊ ထိတွေ့ပစ်ခတ်မှု ဖြစ...
02/03/2023

ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ၂ ပတ်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဂန့်ဂေါမြို့အနီး ပြန်ကပ်လာ၊ ထိတွေ့ပစ်ခတ်မှု ဖြစ်စဉ်အချို့ရှိ

ဂန့်ဂေါ မတ် ၂

ဖေဖော်ဝါရီ ၁၇ရက်က စစ်ကြောင်းထိုးထွက်ခွာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ မင်းရွာဝန်းကျင်မှာ ၂ ပတ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ အဆိုပါ ကာလအတွင်း စစ်ကောင်စီတပ်တွေဟာ မင်းရွာနယ်မြေရဲစခန်းအတွက် ပြည်သူ့ရိက္ခာတွေကို ခိုးယူစုဆောင်းတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖျက်ဆီးတာတွေ ကျူးလွန်ခဲ့ပါတယ်။ PDFတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်လို့ စစ်တပ်ဘက်က ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ် လို့လည်း သိရပါတယ်။ ယနေ့ မွန်းလွဲပိုင်း မန်ကျည်းခင်ဒေသအနီးမှာ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အချို့ ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ အနောက်ဂန့်ဂေါ၊ ရှုံးရှီ ကို ဖြတ်ပြီး ဂန့်ဂေါမြို့ပေါ်ကို ပြန်လည်ဝင်ရောက်နေတယ်လို့ သိရပါတယ်။

Gangaw Youths Voice

Address


Website

Alerts

Be the first to know and let us send you an email when Gangaw Youths Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gangaw Youths Voice:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share