လူငယ်

  • Home
  • လူငယ်

လူငယ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လူငယ်, Media, .

"ML diamonds" ဘာညာလိုတဲ့ညီကိုတွေ ဒီမာဝယ်လို့ရတယ်နော် "လူငယ်" ကညီကိုတွေဘဲပူးပေါင်းဆောင်ရွက်နေတာမို့ ယုံကြည်စွာအလုပ်လုပ်လိ...
06/06/2025

"ML diamonds" ဘာညာလိုတဲ့ညီကိုတွေ ဒီမာဝယ်လို့ရတယ်နော် "လူငယ်" ကညီကိုတွေဘဲပူးပေါင်းဆောင်ရွက်နေတာမို့ ယုံကြည်စွာအလုပ်လုပ်လို့ရပါတယ်🤝

"MJN က စာခြောက်ရုပ်ရဲ့ ကျွန်တော်အနှစ်သက်ဆုံး သီချင်းစာသားအပိုင်းအစတစ်ချို့"ဒီနေ့မာကတော့ "MJN" နဲ့ "Legendary" member ဝင်...
29/05/2025

"MJN က စာခြောက်ရုပ်ရဲ့ ကျွန်တော်အနှစ်သက်ဆုံး သီချင်းစာသားအပိုင်းအစတစ်ချို့"

ဒီနေ့မာကတော့ "MJN" နဲ့ "Legendary" member ဝင်တစ်ယောက်ဖြစ်တဲ့ "စာခြောက်ရုပ်" ရဲ့သီချင်းအပိုင်းအစတစ်ချို့ကို ကောက်နုတ်ဖော်ပြထားပါသည်။

ကြော်ငြာ - "မြန်မာ ကနေ မလေးရှား" "မြန်မာ ကနေ ထိုင်း" "မြန်မာ ကနေ စင်ကာပူ" ကို ပစ္စည်းပို့ချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ "လူငယ်" Page က ညီအကိုများ ပူးပေါင်းဆောင်ရွက်နေတဲ့ "Mahaw Cargo" ကနေပစ္စည်းပို့လို့ရပါကြောင်း အသိပေးကြော်ငြာလိုက်ပြီးပစ္စည်းပို့ချင်ရင် အောက်ကလင့်ကနေ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျား"

"Mahaw Cargo" - " https://www.facebook.com/share/1AL8Mkr7xL/ "

"ကျွန်တော်နှစ်သက်မိသော Bigg-Y သီချင်းစာသားအပိုင်းအစတစ်ချို့""မြန်မာပြည် HipHop" လို့ ပြောလိုက်တာနဲ့ "HipHop" ကြိုက်နှစ်သ...
26/05/2025

"ကျွန်တော်နှစ်သက်မိသော Bigg-Y သီချင်းစာသားအပိုင်းအစတစ်ချို့"

"မြန်မာပြည် HipHop" လို့ ပြောလိုက်တာနဲ့ "HipHop" ကြိုက်နှစ်သက်တဲ့ လူတွေအတွက်ကတော့ "J Me,Bigg- Y,ကြက်ဖ,G Tone" တို့ကိုပြေးမြင်မိမာတော့အမှန်ပါဘဲ။ဒီထဲမာမှ "Bigg-Y" ကတော့ Underrated အဖြစ်ဆုံး Rapper တစ်ယောက်ပါဘဲ။"Bigg-Y" က ဘယ်လိုပုံစံ Rapper မျိုးလဲ ဆိုတာ ကျွန်တော်အများကြီးမရှင်းပြချင်တော့ပါ။ ဒါကြောင့် "HipHop" အသိုင်းအဝိုင်းက "Bigg-Y" ကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာကိုသာပြောပြချင်ပါတယ်။

J Me : "HipHop"ကိုနားမလည်ရင် Bigg-Y နားသွားသင်သွား။
Jouk Jack: "Bigg-Y"ပြောသလို သူအကြွေစိ ငါအကြွေစိဘယ်လိုမှဒင်္ဂါးပြားမဖြစ်ဘူး။
Anegga(Acid) : "Bigg-Y" ပြောသလို အဲဒါကျွန်တော်တို့ ၇တန်းထဲကလုပ်ခဲ့တာ။
G tone : "Bigg-Y" flow၊J meဒီဇိုင်း၊ပြည်သာ၊ကြက်ဖနဲ့ရသ Rhyme
Kyaw Htut Swe : ငါက ရသ၊လင်းပင်၊Bigg-Y တပည့်ပါလို့.....

ဒီလောက်ဆိုရင် "Bigg-Y" က ဘယ်လို "Rapper" လည်းဆိုတာ မြင်လောက်ပြီထင်ပါတယ်။ နောက်ဆုံးအနေနဲ့ "Bigg-Y" ကို ဘာလို့ကြိုက်လဲလာမေးရင်တော့ ဖြေစရာက "စောက်ရမ်းမိုက်လို့ကြိုက်တယ်ကွာ"လို့သာ ဖြေချင်ပါတော့တယ်။

ကြော်ငြာ - "မြန်မာ ကနေ မလေးရှား" "မြန်မာ ကနေ ထိုင်း" "မြန်မာ ကနေ စင်ကာပူ" ကို ပစ္စည်းပို့ချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ "လူငယ်" Page က ညီအကိုများ ပူးပေါင်းဆောင်ရွက်နေတဲ့ "Mahaw Cargo" ကနေပစ္စည်းပို့လို့ရပါကြောင်း အသိပေးကြော်ငြာလိုက်ပြီးပစ္စည်းပို့ချင်ရင် အောက်ကလင့်ကနေ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျား"

"Mahaw Cargo" - " https://www.facebook.com/share/1AL8Mkr7xL/ "

25/05/2025

Pov : Bigg y မိုက်ကြောင်း အမှန်အကန်ပြောနေတဲ့ Bigg y fan ကျွန်တော်နဲ့ လတ်လတ်ဆတ်ဆတ်ကျွန်တော်ရှော်တီအခြေအနေ🤣

Bigg Y fan ကျွန်တော် - "Bigg Y ရဲ့ Rap တွေနားထောင်ဖူးလား"

ကျွန်တော်ရှော်တီ - " Bigg Y က မြန်မာပြည်ကလား?"

Bigg Y fan ကျွန်တော် - 🤣

"Be Amby" ရဲ့ "Season To Sing" Album  ကို ခံစားကြည့်ခြင်း"Mumble" တွေ "Drill" တွေ အသစ်အသစ်သော "Music type"တွေများလာတဲ့ ဒ...
06/05/2025

"Be Amby" ရဲ့ "Season To Sing" Album ကို ခံစားကြည့်ခြင်း

"Mumble" တွေ "Drill" တွေ အသစ်အသစ်သော "Music type"တွေများလာတဲ့ ဒီဘက်ခေတ်မာ "April" 24 ရက်နေ့ကထွက်ရှိလာတဲ့ "Be Amby" ရဲ့ "Season To Sing" album ကတော့ "Hiphop" ကြိုက်နှစ်သက်တဲ့သူတွေ "အချစ်သီချင်း"ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဒီအခွေကို နားထောင်သင့်တယ်ဆိုတာ အရင်ဦးဆုံးပြောပြချင်တယ်။

ဒီအခွေထဲမာ သီချင်းအရေအတွက် အားဖြင့် "၁၃" ပုဒ်ထိပါဝင်ပြီး တစ်ခွေလုံးကို "LP 24" ကနေ တီးခတ်အသံညှိ
ထားတယ်။"Be Amby" ရဲ့ထွက်ရှိပြီသားဖြစ်တဲ့ "Your Friendly Neighborhood" နဲ့ "The Night Before Christmas" သီချင်းတွေလည်း ဒီအခွေထဲမာ ပြန်လည်ပါဝင်လာတာတွေ့ရပြီး Featuring အနေနဲ့ "Junie" နဲ့ "Zen Yves" တို့က အားဖြည့်ထားတယ်။

ရှေးဦးစွာ ကျွန်တော်အနေနဲ့ Shoutout လုပ်ပေးချင်တာက ဒီအခွေကိုတီးခတ်ထားတဲ့ "LP-24"ဘဲ။ ဒီအခွေထဲမာ "LP-24" တီးခက်ထားတဲ့ "Hide And Seek" "Painkiller" နဲ့ "Fake Romance" သီချင်းတွေက တော်တော်နှစ်သက်ဖွယ်ကောင်းတယ်။ "LP-24" ဒီအခွေထဲမာ တီးခတ်ထားတဲ့ "Painkiller"သီချင်းက"HipHop" နဲ့ "Jazz" ကို ရောစပ်ထားတဲ့ပုံစံလေး ကိုတော့ ကျွန်တော်တော်တော်လေး သဘောကျမိတယ်။အဲဒီတော့ "Be Amby" ဘက်ကိုဆက်လက်ပြီးသွားလိုက်ကြရအောင်။

"Be Amby" ကတော့ သူရဲ့ထုံးစံအတိုင်း ဒီအခွေထဲမာ အကြောင်းအရာခိုင်ခိုင်လုံလုံ နဲ့ Flow ကောင်းကောင်းကို Perform လုပ်ထားတယ်။"Fake Romance" ဆိုတဲ့ သီချင်းမာ ဆိုရင်တော့ သူရဲ့ Music Carrier ကို စိတ်ပျက်လို့ပစ်သွားတဲ့ ကောင်မလေးကြောင့် မခံစားဘဲ ရှေ့ဆက်သွားနေပြီး အသဲကွဲနေတဲ့ ဘော်ဒါတွေကိုလည်း ခံစားမနေဖို့ "Rap" တစ်ပုဒ်အနေနဲ့ ပုံဖော်ထားတာလေးကိုတော့ ကျွန်တော်အနေနဲ့ သဘောကျမိတယ်။ "Be Amby" ရဲ့ သီချင်းတွေကို အမြဲစောင့်ကြည့်နားထောင်နေတဲ့ ကျွန်တော်အနေနဲ့ ဒီတစ်ခွေလုံးနီးပါး အချစ်သီချင်းတွေကြီးဘဲ ထုတ်လာတဲ့ "Be Amby" ကို ကျွန်တော်မေးချင်မိတာကတော့ ဒါကရော သူရဲ့ "စိတ်အပြောင်းအလဲ"ဘဲလားဆိုတာလေးပါ။

ဒီတစ်ခွေလုံးမာ ကျွန်တော်အနေနဲ့ အကြိုက်ဆုံးသီချင်းကိုရွေးချယ်ရမယ့်ဆိုရင်တော့ "Hide and Seek" ဘဲ ဖြစ်လိမ့်မယ်။ကဲ အဲဒီတော့ ပြောနေတာတွေလည်း များနေပြီဆိုတော့ "အချစ်သီချင်းတွေ" ကြိုက်နှစ်သက်တယ် "Hiphopသီချင်းတွေ" ကြိုက်နှစ်သက်တယ် "Be Amby" ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ "Youtube" နဲ့ "Spotify" မာ သွားရောက်နားထောင်လို့ရပါကြောင်း ပြောကြားရင်း ကျွန်တော်စာကို အဆုံးသတ်လိုက်ရပါတယ်။

ကြော်ငြာ - "မြန်မာ ကနေ မလေးရှား" "မြန်မာ ကနေ ထိုင်း" "မြန်မာ ကနေ စင်ကာပူ" ကို ပစ္စည်းပို့ချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ "လူငယ်" Page က ညီအကိုများ ပူးပေါင်းဆောင်ရွက်နေတဲ့ "Mahaw Cargo" ကနေပစ္စည်းပို့လို့ရပါကြောင်း အသိပေးကြော်ငြာလိုက်ပြီးပစ္စည်းပို့ချင်ရင် အောက်ကလင့်ကနေ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျား"

"Mahaw Cargo" - " https://www.facebook.com/share/1AL8Mkr7xL/

"ကျွန်တော်နှစ်သက်မိသော "Lil'Z" သီချင်း စာသားတစ်ချို့"ကျွန်တော်တို့ "HipHop" ရဲ့ Finest Mc လို့ပြောလို့ရတဲ့ "Lil'Z" ရဲ့သီ...
03/05/2025

"ကျွန်တော်နှစ်သက်မိသော "Lil'Z" သီချင်း စာသားတစ်ချို့"

ကျွန်တော်တို့ "HipHop" ရဲ့ Finest Mc လို့ပြောလို့ရတဲ့ "Lil'Z" ရဲ့သီချင်းစာသားတစ်ချို့ကို ယခု Post မာ ကောက်နုတ်ဖော်ပြပေးထားပါတယ်။ တကယ်လို့ ယခုဖတ်နေတဲ့မိတ်ဆွေက "Hiphop culture"ထဲမာနေထိုင်နေတဲ့လူတစ်ယောက်ဆိုရင် "Lil'Z" ရဲ့ "If" သီချင်းထဲကလို "HipHop" သာမရှိခဲ့ရင်ဘာတွေများဖြစ်နေမလဲ??????

ကြော်ငြာ - "မြန်မာ ကနေ မလေးရှား" "မြန်မာ ကနေ ထိုင်း" "မြန်မာ ကနေ စင်ကာပူ" ကို ပစ္စည်းပို့ချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ "လူငယ်" Page က ညီအကိုများ ပူးပေါင်းဆောင်ရွက်နေတဲ့ "Mahaw Cargo" ကနေပစ္စည်းပို့လို့ရပါကြောင်း အသိပေးကြော်ငြာလိုက်ပြီးပစ္စည်းပို့ချင်ရင် အောက်ကလင့်ကနေ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျား"

"Mahaw Cargo" - " https://www.facebook.com/share/1AL8Mkr7xL/ "

"ကျွန်တော်အကြိုက်တွေ့မိသော J Me သီချင်း စာသားတစ်ချို့"မြန်မာပြည်ရဲ့ "HipHop" လို့ ပြောလိုက်တာနဲ့ "J Me" "Bigg Y" "ကြက်ဖ"...
27/03/2025

"ကျွန်တော်အကြိုက်တွေ့မိသော J Me သီချင်း စာသားတစ်ချို့"

မြန်မာပြည်ရဲ့ "HipHop" လို့ ပြောလိုက်တာနဲ့ "J Me" "Bigg Y" "ကြက်ဖ" တို့လို လူတွေကိုပြေးမြင်မိမာအမှန်ပါဘဲ။ ဒီနေ့တော့ "J Me" ရဲ့ သီချင်းစာသားတွေထဲက ကျွန်တော်အကြိုက်ဆုံးသော သီချင်းစာသား တချို့ကို ရွေးချယ် ကောက်နုတ်ပြီး တင်ပြထားပါတယ်

ကြော်ငြာ - "မြန်မာ ကနေ မလေးရှား" "မြန်မာ ကနေ ထိုင်း" "မြန်မာ ကနေ စင်ကာပူ" ကို ပစ္စည်းပို့ချင်တဲ့ မိတ်ဆွေများအတွက် ကျွန်တော်တို့ "လူငယ်" Page က ညီအကိုများ ပူးပေါင်းဆောင်ရွက်နေတဲ့ "Mahaw Cargo" ကနေပစ္စည်းပို့လို့ရပါကြောင်း အသိပေးကြော်ငြာလိုက်ပြီးပစ္စည်းပို့ချင်ရင် အောက်ကလင့်ကနေ သွားရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျား"

"Mahaw Cargo" - " https://www.facebook.com/share/1AL8Mkr7xL/ "

"Lan Bar Vs Frenzo" နဲ့ "Knock Out သီချင်း""Knock Out" ဆိုပြီး သီချင်းနဲ့ "Lengendary" နဲ့ "M.H.A" တို့ comeback မယ်လို့...
03/02/2025

"Lan Bar Vs Frenzo" နဲ့ "Knock Out သီချင်း"

"Knock Out" ဆိုပြီး သီချင်းနဲ့ "Lengendary" နဲ့ "M.H.A" တို့ comeback မယ်လို့ "Official announce" လုပ်ထဲက ကျွန်တော် က ဘယ်လိုထွက်လာမလဲ ဆိုပြီး ရင်ခုန်ပြီး မျှော်နေတာ။မျှော်နေတဲ့ အတိုင်းဘဲ ထွက်ထွက်ချင်းဝင်နားထောင်လိုက်တော့ "မှန်းချက်နဲ့နှမ်းထွက်က ကွက်တိကျရုံတင်မကဘူး ဟိုဘက်တောင်လျှံကျနေတာ

သီချင်းကို စတင်ပြီးဖွင့်လိုက်တာနဲ့ "Lan Bar" ရဲ့ Verse က ကျွန်တော်ကို "၂၀၁၅ " "၂၀၁၆" ကာလကို ဆွဲခေါ်သွားခဲ့တယ် "Lan Bar" ရဲ့ သီချင်းတွေဖြစ်တဲ့ "2015 Freestyle" "2016" တို့ "စာခြောက်ရုပ်"နဲ့တွဲထုတ်တဲ့ "Hit" သီချင်းတွေတုန်းက vibe တွေအတိုင်းကျွန်တော်ကို ကွက်တိပြန်ရပြီး Rapper သွေးကိုကြွစေပြန်တယ်။ ဒီ Verse ထဲမာ "Lan Bar" က မြန်မာပေါကားတွေမာ ပါတဲ့ "Rapper" တွေလို အပြင်က "Rapper" တွေဟာစောက်ပေါမဟုတ်ကြောင်း၊ "Underground Hiphop" က ပရိတ်သတ်ကိုချီးမကျွေးကြောင်းနဲ့ "Main Stream" က "Frenzo" ကိုကောင်းကောင်းကြီး ဖြုတ်လိုက်တာဟာ အားရစရာကောင်းလွန်းတယ်။

ဒီလိုမျိုး တွေ " Lan Bar " ဘက်က Diss လိုက်တာကို "Frenzo" ဘက်ကဘာပြန်ပြောမလဲဆိုပြီး ပရိတ်သတ်တစ်ယောက်က ဝင်မေးထားတဲ့ဟာကို အောက်ကနောက်တစ်ကောင်က "မင်းတို့ကိုအဖတ်တောင်မလုပ်ဘူး "ဆိုတဲ့စကားကို ကျွန်တော်တွေ့လိုက်ရတယ်။ အဲတာနဲ့ပတ်သတ်ပြီး ကျွန်တော် ဒီဘဲကို သိစေချင်တာက ခင်ဗျားက "Hiphop Culture" ကိုမသိတဲ့လူတစ်ယောက်ဆိုတာနဲ့ "Main Stream Hiphop" ကခင်ဗျားဦးနှောက်ကိုအရည်ဖျော်ထားတယ်ဆိုတာသိသာလွန်းတယ်။

"Hiphop Culture" အရ "Rapper" တစ်ယောက်က "Diss" လုပ်တဲ့အခါမာ Diss ခံရတဲ့ လူက "Response" လုပ်ရတယ်။ သဘောကတော့ဗျာ "ငါ Skillက ဒီလောက်ရှိတယ် မင်းကဘယ်လောက်လဲဆိုပြီး ပြောတဲ့အခါမာ ငါကလည်းဒီလို Skill ရှိတယ်ကွဆိုပြီး ပြန်ပြရတယ် တကယ်လို့ပြန်မပြောရင် အဲကောင်က "Rap Skill" မရှိဘူးဆိုပြီးသတ်မှတ်လို့ရတယ်" သိသာထင်ရှားတဲ့ ဥပမာပေးပြောရရင်တော့ "Kendrick" နဲ့ "Drake" တို့ Beef မာ "Drake" ဘက်က ထပ်ပြီး "Response' မလုပ်တော့တာကို အများသူငှာက "Drake" ဘက်ကစောက်ပေါဖြစ်ကြောင်းသတ်မှတ်လိုက်သလိုပေါ့ "Lan Bar" နဲ့ "Frenzo" ဟာလည်း ကျွန်တော် ဥပမာပေးထားတဲ့အတိုင်းပေါ့ဗျာ

အဲဒီတော့ သီချင်းဘက်လေးပြန်သွားလိုက်ရအောင် သီချင်းကို "Iamhiphop.mm" ကထုတ်ပေးထားပြီး "Dr.Sai Lay" နဲ့ "O.B.O(G-Tone)" တို့က ပေါင်းစပ်တီးခက်ထားတယ် ရိုက်ကူးထားတာကလည်း ပြောရက်စရာမရှိအောင် ကောင်းလွန်းတယ်။ Fun Fact အနေနဲ့ပြောရရင်တော့ သီချင်းထဲမာ "Mary Mall" နဲ့ "1996 Alyinn Yaung" ပါဝင်ကူညီသရုပ်ဆောင်ထားတာတွေ့ရတယ် ကျွန်တော်အနေနဲ့ အကြိုက်ဆုံး "Verse" ရွေးရမယ်ဆိုရင်တော့ "Shyne Mon" ရဲ့ Verse ပေါ့ဗျာ

ကျွန်တော်ရဲ့ စာကအရမ်းရှည်သွားမာစိုးတာက တစ်ကြောင်း "ဟေး စောက်ရမ်းမိုက်တယ်ကွ" "ဟေး စောက်ရမ်းကောင်းတယ်ကွာ" ဟာ ဒီဘဲက အဲလိုကြီးဆိုသွာတာလား" ဆိုပြီး "Reaction Video" မဟုတ်ဘဲ သီချင်းတစ်ပုဒ်လုံးကို "Analysis" လုပ်တဲ့ "Style" နဲ့ဖြစ်နိုင်ရင်တင်ဆက်ချင်တာကတစ်ကြောင်း ပေါင်း ၂ကြောင်းနဲ့ ကျွန်တော်ရဲ့ဒီစာလေးကို ဒီမာဘဲအဆုံးသတ်လိုက်ပြီး အောက်မာ "Link"ပေးထားတဲ့ကျွန်တော်တို့ "လူငယ်" Youtube Channel မာ "Hiphop" "Metal" နဲ့ "Rock N Roll" အကြောင်းတွေဝင်ကြည့်လို့ရပါကြောင်းပြောကြားရင်အဆုံးသတ်လိုက်ပါတယ်

လူငယ်

"မြန်မာ ကနေ မလေးရှား" ကို ပစ္စည်းပို့ချင်တဲ့ညီအကိုတို့ ဒီ Page ကိုဆက်သွယ်ပြီး ပို့ဆောင်လို့ရကြောင်းကျွန်တော်တို့ " လူငယ်...
21/01/2025

"မြန်မာ ကနေ မလေးရှား" ကို ပစ္စည်းပို့ချင်တဲ့ညီအကိုတို့ ဒီ Page ကိုဆက်သွယ်ပြီး ပို့ဆောင်လို့ရကြောင်း

ကျွန်တော်တို့ " လူငယ် " အဖွဲ့ထဲက အကိုတွေအမတွေဘဲ လုပ်တာမို့လို့ ယုံကြည်လို့ရကြောင်း

နောက်ပိုင်းကျရင် " စက်ာပူ နဲ့ ထိုင်း " ကိုပါ ပို့ဆောင်လို့ရမာဖြစ်ကြောင်း

အကြောင်းပေါင်း များစွာ နဲ့ Share လိုက်ရပြီးသိပ်မကြာခင် Content အသစ်တွေနဲ့ပြန်ဆုံတွေ့ကြမယ်ဗျို့🤘

Address


Telephone

+959420293279

Website

Alerts

Be the first to know and let us send you an email when လူငယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လူငယ်:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share