Swalpaymel - ဆွဲပေးမယ်

  • Home
  • Swalpaymel - ဆွဲပေးမယ်

Swalpaymel - ဆွဲပေးမယ် Creating Social Media Design

ကလေးပါမကျန် ပစ်သတ်နေတဲ့ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အားနဲ့ အမြစ်ဖျက်ကြမယ်
21/09/2022

ကလေးပါမကျန် ပစ်သတ်နေတဲ့ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အားနဲ့ အမြစ်ဖျက်ကြမယ်

Infographics of Human Rights Violations on Mone Taing Pin Village by Swalpaymel
23/07/2022

Infographics of Human Rights Violations on Mone Taing Pin Village by Swalpaymel

11/07/2022

Swalpaymel - ဆွဲပေးမယ် က တော်လှန်ရေးရဲဘော်တွေ စေတနာအပြည့်နဲ့ ဆွဲပေးထားတဲ့ ကျွန်တော်တို့ page ရဲ့ cover photo အသစ်ပါ။
( အရင် cv က သင်္ကြန်ပြီးတာကြာပြီဆိုပေမယ့် ပြောင်းစရာပုံမရှိလို့ ငြိမ်နေကြတာပါ 🤣 )

ကျွန်တော်တို့ Fortress Team ကို ဖွဲ့စည်းခဲ့တာ ၁ နှစ် ကျော်ခဲ့ပါပြီ။ ဒီအချိန်ကာလအတွင်းမှာ ကြီးကြီးကျယ်ကျယ်တွေမဟုတ်ပေမယ့်လည်း အလှူရှင်တွေရဲ့အကူအညီနဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် နေရာစုံကို ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ်။

ရှေ့ဆက်ပြီးလည်း ကူညီပေးသွားဦးမှာပါ။ အစောပိုင်းကာလတွေတုန်းကတော့ Admin တွေလည်း အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ စိတ်ညစ်ခဲ့ရပေမယ့် အခုတော့ " လှူချင်လို့ပါ၊ မဲဝယ်ချင်လို့ပါ " ဆိုတဲ့ စာလေးမြင်တာနဲ့ကို ရည်းစားရလိုက်သလို ပျော်ပါတယ် 🥳

p.s. Admin တွေက ၄ ယောက်တော့ မ , က ပါဘူး။ နောက်ပြီး အကုန် စင်ဂယ်တွေပါ :3

ရုံး Laptop ရုံး Wifi ရှိသူတိုင်း ပါဝင်နိုင်မယ့် တော်လှန်သော ရုံးတက်ရက်များ Campaign ✊ပါ၀င်ကူညီရေးဆွဲခွင့်ရရှိခဲ့သောကြော...
05/05/2022

ရုံး Laptop ရုံး Wifi ရှိသူတိုင်း ပါဝင်နိုင်မယ့်
တော်လှန်သော ရုံးတက်ရက်များ Campaign ✊

ပါ၀င်ကူညီရေးဆွဲခွင့်ရရှိခဲ့သောကြောင့်လည်း Swalpaymel မှ များစွာ၀မ်းမြောက်မိပါသည်။

ရုံး Laptop ရုံး Wifi ရှိသူတိုင်း ပါဝင်နိုင်မယ့်
တော်လှန်သော ရုံးတက်ရက်များ Campaign ✊

တနင်္လာနေ့ကနေ သောကြာနေ့ထိက ပုဂ္ဂလိက ရုံးဝန်ထမ်းများရဲ့ နိစ္စဓူဝ ရုံးတက်ရက်များ ဖြစ်ပါတယ်။

လကုန်ရင် ရရှိလာမယ့် ဝင်ငွေရဲ့ % တစ်ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ပုံမှန် လှူဒါန်းတာလိုမျိုး ထိရောက်တဲ့ တော်လှန်သော ရုံးတက်ရက်များ Campaign ကို ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။

" Word , Excel, Notepad, Photoshop တို့လို ကိုယ့်အလုပ်နဲ့ ဆိုင်တဲ့ Software တွေကို ဖွင့် အလုပ်လုပ်နေရင်းနဲ့ နောက်ကွယ်မှာ Chrome ကို တပြိုင်တည်း ဖွင့်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို Youtube ကနေ နားထောင်တတ်ကြတာ ရုံးဝန်ထမ်းတွေရဲ့ Habit တစ်ခု ဖြစ်ပါတယ်။

ခု Campaign က အဲ့ Habit လေးကို အသုံးချကြမှာ ဖြစ်ပါတယ်။

အများကြီး မဟုတ်ဘူး ။ အလုပ်လုပ်လည်းလုပ် ၊ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေလည်း နားထောင်ရင်း Chrome ကနေ Tab တစ်ခု နှစ်ခုလောက် ပို ခေါ်ပေးပြီး Monetization ရဖို့ Watch Hours လိုနေတဲ့ နိူရာတို့ Spring Archive Youtube Channel လေးကို Play ထားပေးဖို့ပါပဲ ။

ဒါက Channel လေးပါ။
👉 https://youtube.com/c/SpringArchive

အလုပ်တွေ မပျက်ပဲ လုပ်ဆောင်နိုင်တာမို့ ဆက်ဆက် ပါဝင်လိုက်ရအောင် ။

သံပူခိုက်ဝယ် အားစိုက်ထုနှစ်ကြပါစို့ 👊

#တော်လှန်သောရုံးတက်ရက်များCampaign
ြည့်ရင်းကူ
#ရုံးတက်ရင်းWatchHoursလှူကြမယ်

တော်လှန်ရင်းဆွဲပေးဖို့ တော်လှန်သော လက်ပိုင်ရှင်/ ဂရစ်ဖစ် ဒီဇိုင်းပညာရှင်များ အလိုရှိပါတယ်။(SWAL PAY MEL VOLUNTEER RECRUI...
11/04/2022

တော်လှန်ရင်းဆွဲပေးဖို့ တော်လှန်သော လက်ပိုင်ရှင်/ ဂရစ်ဖစ် ဒီဇိုင်းပညာရှင်များ အလိုရှိပါတယ်။
(SWAL PAY MEL VOLUNTEER RECRUITMENT)

၂၀၂၁မှာ သန္ဓေတည်လာခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ တစ်နှစ်ကျော်အချိန်ကာလကိုရောက်လာခဲ့ပါပြီ။‌နည်းပညာခေတ်မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေးမို့ ကျွန်တော်တို့မှာ ကွက်လပ်ဖြည့်စရာ ကဏ္ဍတွေများလှပါတယ်။ ကာယအားဖြင့်သော်လည်းကောင်း၊ ဉာဏအားဖြင့်သော်လည်းကောင်း ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ တော်လှန်ရေးတထောင့်တနေရာက ပါ၀င်ခွင့်ကို ဆွဲပေးမယ်ရဲ့ဝိုင်းတော်သားတစ်ဦးအဖြစ် အရယူလိုက်ပါ ခင်ဗျာ။

ဆွဲပေးမယ်ရဲ့ ဝိုင်းတော်သားတစ်ဦးဖြစ်ဖို့ ဆန္ဒရှိပြီဆိုရင် ဆွဲပေးမယ်အကြောင်းနဲ့ကနဦး မိတ်ဆက်ပေးချင်ပါတယ်။

Swel Pay Mel ဆိုတာ တော်လှန်သောအဖွဲ့အစည်းများအတွက် လိုအပ်တဲ့ Graphic Design အမျိုးမျိုးကို ဖန်တီးရေးဆွဲကူညီဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံတဝန်းက ကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာနှင့်နှီးနွယ်သော တက္ကသိုလ်များရပ်၀န်းမှကျောင်းသားလူငယ်များစုပေါင်းတည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဆွဲပေးမယ်က ဘယ်လိုမျိုးအကူအညီပေးနေတာလဲ။

အောက်တိုဘာလ ၁ ရက်၊ ၂၀၂၁ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး ဒီနေ့အထိ GSCB, SURC, MOE NUG, MOD NUG တို့အပါအဝင် တစ်နိုင်ငံလုံးက သပိတ်အင်အားစုတွေ၊ မြေအောက်တော်လှန်ရေးအင်အားစုတွေ၊ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေ စတဲ့ တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း ၅၀ကျော်အတွက်
ဂရပ်ဖစ်ဒီဇိုင်း ရာနှင့်ချီပြီး ဖန်တီးကူညီပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆွဲပေးမယ်မှာ ပါ၀င်ဖို့ ဘယ်လိုလုပ်ရမလဲ။

အောက်ဖော်ပြပါ formမှာကိုယ်ရေးအချကိအလက်အချို့ကို ဖြည့်ပြီး လျှောက်ထားလို့ရပါပြီ။ လာရောက်လျှောက်ထားသူတွေရဲ့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လုံခြုံ‌မှုရှိဖို့အတွက် ကျွန်တော်တို့က တာ၀န်ယူတာမို့ စိတ်ချပြီး ပါ၀င်လို့ရပါတယ်။

[ https://forms.gle/wzqnMVSy2cCyBt1k8 ]

ကိုယ်တိုင်ရေးကြတဲ့သမိုင်းကိုပြန်ကြည့်တိုင်း ကိုယ်ဖန်တီးတတ်ကျွမ်းတဲ့ ပညာနဲ့ တော်လှန်ရေးရဲ့ ကွက်လပ်အချို့ကို ဖြည့်ပေးနိုင်တယ်ဆိုတာ အင်မတန် ဂုဏ်ယူစရာပါ။ ဆွဲပေးမယ် ဝိုင်းတော်သားတစ်ဦးဖြစ်လာဖို့အတွက် ကျွန်တော်တို့ကလည်း နွေးနွေးထွေးထွေးကြိုဆိုနေတာမို့ ပါ၀င်လျှောက်ထားကြဖို့ ထပ်တိုက်တွန်းလိုပါတယ်ခင်ဗျာ။

#တော်လှန်ရင်းဆွဲပေးမယ်

🐝🐝ကရင်နီဒေသအတွက်လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကို တဖက်တလှမ်းကနေ ပါဝင်အားဖြည့်ပေးမည့် The Bee Fundraising Team 🐝 Profile bra...
27/03/2022

🐝🐝

ကရင်နီဒေသအတွက်လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကို တဖက်တလှမ်းကနေ ပါဝင်အားဖြည့်ပေးမည့် The Bee Fundraising Team 🐝 Profile branding အား ဆွဲပေးမယ်-team မှ ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူစွာဖြင့် ပြန်လည်တင်ပြအပ်ပါတယ်ခင်ဗျ။

🔗

ကျွန်တော်တို့ The Bee Fundraising Team ၏ logo အား ဆွဲပေးပါသော Swalpaymel - ဆွဲပေးမယ် အားအထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

မြေပြင်သပိတ်တွေရဲ့ ဓာတ်ပုံမှတ်တမ်းအတွက် အမြဲမပြတ် ပါဝင်လှုပ်ရှားနေတဲ့ ရဲဘော်တွေဖြစ်တဲ့  SIMULATION အဖွဲဲ့ရဲ့ logo ကို ကျ...
05/03/2022

မြေပြင်သပိတ်တွေရဲ့ ဓာတ်ပုံမှတ်တမ်းအတွက် အမြဲမပြတ် ပါဝင်လှုပ်ရှားနေတဲ့ ရဲဘော်တွေဖြစ်တဲ့ SIMULATION အဖွဲဲ့ရဲ့ logo ကို ကျွန်တော်တို့ Swalpaymel က ဂုဏ်ယူဝမ်းသာစွာ ရေးဆွဲပေးဖြစ်ခဲ့ပါတယ်။

"ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး"သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
03/03/2022

"ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး"

သွေးကြွေးမှာ ဆွေးနွေးစရာမရှိ



နွေဦးတော်လှန်ရေးရဲ့ လမ်းမများပေါ်က "ဆွဲပေးမယ်"မန္တလေးသပိတ်အင်အားစု အတွက် ကျွန်တော်တို့ Swalpaymel မှ ကူညီရေးဆွဲပေးထားသော...
03/03/2022

နွေဦးတော်လှန်ရေးရဲ့ လမ်းမများပေါ်က "ဆွဲပေးမယ်"

မန္တလေးသပိတ်အင်အားစု အတွက် ကျွန်တော်တို့ Swalpaymel မှ ကူညီရေးဆွဲပေးထားသော logo design လေးကို မန္တလေးမြို့လမ်းမကြီးပေါ်က မြေပြင်သပိတ်တွေမှာ တပ်ဦးအလံအဖြစ်တွေ့ရတဲ့အတွက် အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းသာမိပါတယ်။

အခြားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်အဖွဲ့တွေအနေနဲ့လည်း graphics design, logo တို့နဲ့ ပတ်သတ်လာရင် ကျွန်တော်တို့ကို အကူအညီတောင်းလို့ရပါတယ်ခင်ဗျာ။

#တော်လှန်ရေးအတွက်ဆွဲပေးမယ်
#မန္တလေးသပိတ်အင်အားစု

photos crd

“အုပ်ချုပ်မခံ တို့တော်လှန်” ✊  #တော်လှန်ရေးအတွက်_ဆွဲပေးမယ်
01/02/2022

“အုပ်ချုပ်မခံ တို့တော်လှန်” ✊


#တော်လှန်ရေးအတွက်_ဆွဲပေးမယ်

"အုပ်ချုပ်မခံ တို့တော်လှန်"

ဖေဖော်ဝါရီ(၁)ရက်နေ့၊ ၂၀၂၁ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ အဓမ္မအာဏာသိမ်းခြင်းကို ခံခဲ့ရသည်။ တစ်နှစ်တာကာလအတွင်း လူထုလှုပ်ရှားမှုများ၊ တော်လှန်ရေး အင်အားစုများ များစွာပေါ်ပေါက်လာခဲ့ပြီး ရရာနည်းလမ်းဖြင့်ဆန့်ကျင်တော်လှန်လျက်ရှိကြသည်။‌
ယခုအခါ တော်လှန်ရေးကာလသည် တစ်နှစ်တာမျှရှိခဲ့ပြီဖြစ်သည်။ စစ်ကောင်စီသည် ပြည်သူလူထုကိုလုံး၀အုပ်ချုပ်၍ မရသေးပေ။ နည်းလမ်းများစွာဖြင့် ရက်စက်ယုတ်မာနေသည့် ကြားထဲကပင် ပြည်သူသည်စစ်တပ်အားကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိကြသည်။ အုပ်ချုပ်မခံတော်လှန်လျက်ရှိကြသော ပြည်သူလူထုနှင့်အတူ ကျွန်ုပ်တို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်သည်လည်း ရပ်တည်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။


#အုပ်ချုပ်မခံတို့တော်လှန်

"မြန်မာပြည်ကို လုံးဝအုပ်ချုပ်ခွင့်မရစေရ"Feb 1 မှာ ပြုလုပ်မယ့် Silent Strike အတွက် Swalpaymel ကို ထပ်မံအကူအညီတောင်းလာကြတဲ...
28/01/2022

"မြန်မာပြည်ကို လုံးဝအုပ်ချုပ်ခွင့်မရစေရ"

Feb 1 မှာ ပြုလုပ်မယ့် Silent Strike အတွက် Swalpaymel ကို ထပ်မံအကူအညီတောင်းလာကြတဲ့ မြို့တွေကို ရေးဆွဲပေးထားတဲ့ Silent strike posters တွေပဲဖြစ်ပါတယ်။ poster အားလုံးကို online မှာ လှုံ့ဆော်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ စာရွက်ထုတ်ပြီး ဖြန့်ဝေဖို့ပဲဖြစ်ဖြစ် စိတ်ကြိုက် ယူသုံးလို့ရပါတယ်ခင်ဗျာ။

ကျွန်တော်တို့ အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကို နီးကပ်လာပြီဖြစ်တာကြောင့်ရော၊ တခြား အဖွဲ့အစည်းတွေရဲ့ Campaign တချို့ကို ကူညီစရာတွေ ကျန်ရှိနေသေးတာကြောင့်ရော မြို့တွေအတွက် Silent strike poster ရေးဆွဲပေးတာကို ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါမယ်ခင်ဗျာ။

တခြားတော်လှန်ရေးအဖွဲ့တွေ သပိတ်အင်အားစုတွေအနေနဲ့တော့ logo, design ပိုင်းနဲ့ပတ်သက်ပြီး လိုအပ်သမျှ အကူအညီ လာတောင်းနိုင်ပါတယ်ဆိုတာ သတင်းကောင်းပါးပါရစေ။

"တော်လှန်ရေးအတွက် ဆွဲပေးမယ်"

Feb 1 အကြောင်း အသေးစိတ်
https://www.facebook.com/100001423180795/posts/5016761638381226/?d=n




"လုံးဝအုပ်ချုပ်ခွင့်မရစေရ"Poster art for General Strike Coordination Body - GSCB x Global Myanmar Spring Revolution - ကမ...
28/01/2022

"လုံးဝအုပ်ချုပ်ခွင့်မရစေရ"

Poster art for

General Strike Coordination Body - GSCB x Global Myanmar Spring Revolution - ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး

"ပြည်တော်ဝင်ဖို့ ရုန်းကြစို့" ​အာဏာသိမ်းနှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးက ပြည်သူတွေဟာ တိတ်ဆိတ်ငြိမ်သက်ခြ...
24/01/2022

"ပြည်တော်ဝင်ဖို့ ရုန်းကြစို့"

​အာဏာသိမ်းနှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးက ပြည်သူတွေဟာ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်နဲ့ လက်ခုပ်တီးသပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပြသကြမှာပဲဖြစ်ပါတယ်။

Swalpaymel team အနေနဲလည်း မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ကလေး၊ လောင်းလုံး၊ မိုးကုတ်၊ မကွေးမြို့တွေ အတွက် silent strike poster လေးတွေ ဖန်တီးရေးဆွဲပေးခဲ့ပါတယ်။ ဒီ poster လေးတွေကို တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်သောပြည်သူတွေ အားလုံး online မှာ လှုံ့ဆော်ဖို့ အတွက်ပဲဖြစ်ဖြစ်၊ စာရွက်ထုတ်ပြီး ဖြန့်ဝေဖို့ပဲဖြစ်ဖြစ် စိတ်ကြိုက် ယူသုံးလို့ရပါတယ်ခင်ဗျာ။

Feb 1 အကြောင်း အသေးစိတ်
https://www.facebook.com/100001423180795/posts/5016761638381226/?d=n

#တော်လှန်ရေးအတွက်ဆွဲပေးမယ်။




အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ရဲ့ "ဆွဲပေးမယ်- Swalpaymel" page လေး စတင်ခဲ့တာ ၃ လပြည့်ပြီပဲဖြစ်...
05/01/2022

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ရဲ့ "ဆွဲပေးမယ်- Swalpaymel" page လေး စတင်ခဲ့တာ ၃ လပြည့်ပြီပဲဖြစ်ပါတယ်။

"ဆွဲပေးမယ်" ဆိုတာ မြန်မာတစ်နိုင်ငံလုံးက ကွန်ပျူတာတက္ကသိုလ်တွေက graphic design ကျွမ်းကျင်တဲ့ ကျောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ design team တစ်ခုဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ design တွေ logo တွေကို ဖန်တီးပေး​ပြီး တော်လှန်ရေးကိုအထောက်အကူပြုဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီပုံတွေကတော့ ကျွန်တော်တို့ ဆွဲပေးမယ်က တစ်နိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ သပိတ် theme တွေ၊ fundraising campaign တွေအတွက် ဖန်တီးပေးဖြစ်ခဲ့တဲ့ poster တချို့ပါ။

တော်လှန်ရေးအင်အားစုတွေ၊ ကျောင်းသားသမဂ္ဂတွေအနေနဲ့လည်း graphic design ပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်တာရှိရင် ကျွန်တော်တို့ကို အကူအညီတောင်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

#တော်လှန်ရေးအတွက်ဆွဲပေးမယ်

"ဖက်ဒရယ်ဒီမိုကရေစီ New Year !!!”နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ် ▬▬▬▬▬▬▬▬▬▬▬▬▬မကြာခင် ခရစ်နှစ်အရ ၂၀၂၁ ဆိုတဲ့ န...
27/12/2021

"ဖက်ဒရယ်ဒီမိုကရေစီ New Year !!!”
နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ်
▬▬▬▬▬▬▬▬▬▬▬▬▬

မကြာခင် ခရစ်နှစ်အရ ၂၀၂၁ ဆိုတဲ့ နှစ်ဟောင်းကုန်လို့ ၂၀၂၂ နှစ်သစ်ကို ကူးပြောင်း ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုက အချိန် (၁၁) လ ထဲ ရောက်ရှိလာ‌ပေမယ့် ပြည်သူတွေက စစ်အာဏာသိမ်းအကြမ်းဖက်ဒါကို လက်မခံဘူး၊ အကြမ်းဖက် စစ်အုပ်ချုပ်ရေးယန္တယားအောက်မှာ သွေးကြောင်မသွားဘူး၊ အသားကျမသွားဘူးဆိုတာကို နည်းလမ်းမျိုးစုံနဲ့ ဖော်ထုတ်ပြသလျက်ရှိကြပါတယ်။ အခုလာမယ့် ခရစ်နှစ်သစ်ကူးကာလမှာလည်း ပြည်သူများအနေဖြင့် “နှစ်သစ်ကိုလည်း ကြိုသလို ဖက်ဆစ်ကိုလည်း ဆက်ဖြို” နေကြဖို့ပါပဲ။

ယခုလာမယ့် ခရစ်နှစ်သစ်ကူးဟာ တော်လှန်ရေးကာလရဲ့ တော်လှန်သော နှစ်သစ်ကူးပဲ ဖြစ်ရပါလိမ့်မယ်။ ပြည်သူတွေ နှစ်သစ်ဆုမွန်တောင်းကြမယ်ဆိုရင် တောင်းရမယ့်ဆုက လာမယ့် နှစ်သစ် (၂၀၂၂) သည် တိုင်းသူပြည်သားအားလုံး လိုလားတောင့်တနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိမယ့် “ဖက်ဒရယ်ဒီမိုကရေစီ New Year” ဖြစ်ပါစေဆိုတဲ့ ဆုတောင်းစကားပဲ ဖြစ်ပါတယ်။

ကျနော်/ကျန်မတို့ နှုတ်က ဒီလို နှစ်သစ်ဆုမွန်တောင်းကြတဲ့အပြင် ပန်းတိုင်ကို တကယ်ရောက်နိုင်ဖို့ တော်လှန်ရေးမှာ ကာယကံမြောက်လည်း အားလုံးဆက်လက် ပါဝင်ကြိုးပမ်းကြမယ်ဆိုတာကို ယုံကြည်လျက်ပါ။

ဒါ့ကြောင့် ယခုလာမယ့် (၃၁ ရက် ဒီဇင်ဘာ ၂၀၂၁) နဲ့ (၁ ရက် ဇန်နဝါရီ ၂၀၂၂) ရက်တွေမှာ ပြည်သူလူထုအနေနဲ့ အောက်ဖော်ပြပါ တော်လှန်သော နှစ်သစ်လှုပ်ရှားမှုတွေမှာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်

∎ New Year ကြွေးကြော်သံ


နှစ်သစ်ကူးည (၃၁ ဒီဇင်ဘာ ၂၀၂၁) မှာတော့ နိုင်ငံရေးအရ အနှစ်သာရရှိပြီး ကျနော်တို့ရဲ့ ဘုံပန်းတိုင်လည်းဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ New Year” လို့ ဆုမွန်တောင်းကြရင်းအော်ကြမယ်။ နှစ်သစ်ကူးတဲ့ ည (၁၂) နာရီမှာ အော်ဟစ်ပြီး ဆုတောင်းနိုင်သူများ၊ အခြေအနေပေးသူများကလည်း အော်ဟစ်ပြီး ဆုတောင်းကြပါ။

(မှတ်ချက်။ အော်ဟစ်ဆုတောင်းရေးမှာ လုံခြုံရေးအနေအထားနှင့် မိမိတို့ ဘေးကင်းစေရေးကို အထူး ဦးစားပေး၊ ဂရုပြုစေလိုပါတယ်၊ အန္တရာယ်ရှိက မစွန့်စားစေလိုပါ)

∎တော်လှန်နှစ်သစ်ဆုတောင်းပွဲ
Strike

တော်လှန်ရေးအဆက်ဆက် အသက်၊သွေး၊ချွေးများ ထည့်ဝင်ပေးဆပ်သွားကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ နောက် အကျဥ်းထောင်တွေထဲက သူရဲကောင်းရဲဘော်တွေ၊ PDF တပ်သားတွေ၊ တော်လှန်နေကြသော ပြည်သူတွေအတွက်လည်း (၃၁)ရက်နေ့ညမှာ ဝိုင်းဆုတောင်းကြပါမယ်။

ဘာသာပေါင်းစုံ မိမိယုံကြည်ကိုးကွယ်ရာအလိုက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေဆုတောင်းပေးကြပါ။
ဆုတောင်းတဲ့အခါ ဖယောင်းတိုင်ထွန်းတာ၊ ဝမ်းနည်းခြင်းနှင်းဆီတွေ ပြန့်ကြဲတာ စသည်ဖြင့်ကြိုက်နှစ်သက်သည့်ပုံစံဖြင့် ဆုတောင်းပေးကြပါ။
ဆုတောင်းမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်းပြသကြပါစို့

▬▬

ခရစ်နှစ်သစ်ကူးမှာ “ဖက်ဒရယ်ဒီမိုကရေစီ New Year” လို့ ဆုတောင်းကြွေးကြော်ရင်း “နှစ်သစ်ကိုလည်း ကြို ဖက်ဆစ်ကိုလည်း ဖြို” မယ့် တော်လှန်ခရီးကို အတူဆက်ကြမယ်။

!
#နှစ်သစ်ကိုလည်းကြိုမယ်_ဖက်ဆစ်ကိုလည်းဖြိုမယ်

#တော်လှန်နှစ်သစ်ဆုတောင်းပွဲ

#သွေးအေးသွားရင်_ခွင့်မလွတ်ကြေး
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
#ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု_မုချတည်ဆောက်နိုင်ရမည်
#အရေးတော်ပုံ_အောင်ရမည်

​(သပိတ်အင်အားစုများ၏ တော်လှန်သောနှစ်သစ်အတွက် Swalpaymel မှ posters များဖန်တီး အားဖြည့်ပေးခဲ့ပါသည်။)

ကားမရှိလူမရှိဈေးတွေမဖွင့်ဆိုင်တွေမဖွင့်ငါတို့မြို့ငါတို့ပိုင်တယ်ငါတို့ငြိမ်ချင်ငြိမ်မယ်ငါတို့လှုပ်ချင်လှုပ်မယ်တိတ်ဆိတ်ခြ...
09/12/2021

ကားမရှိ
လူမရှိ
ဈေးတွေမဖွင့်
ဆိုင်တွေမဖွင့်
ငါတို့မြို့ငါတို့ပိုင်တယ်
ငါတို့ငြိမ်ချင်ငြိမ်မယ်
ငါတို့လှုပ်ချင်လှုပ်မယ်

တိတ်ဆိတ်ခြင်းနဲ့ အကျယ်လောင်ဆုံးဟစ်ကြွေးလိုက်ကြရအောင်💪

ပုံများသည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် ပြုလုပ်မည့် Silent Strike လူထုလှုပ်ရှားမှုအတွက် မိုးကုတ်၊ ပခုက္ကူ၊ ကျိုင်းတုံ မြို့များအတွက် Swalpaymel မှ အားဖြည့်ကူညီရေးဆွဲထားသော Poster များဖြစ်ပါသည်။



#တော်လှန်ရေးအတွက်ဆွဲပေးမယ်

"တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံး ဟစ်ကြွေးသံပဲ"ငါတို့ မြို့ငါတို့ပိုင်တယ်။ ငါတို့ရွာ ငါတို့ပိုင်တယ်။ ငါတို့ တစ်ဦးတစ်ယောက်ခြ...
08/12/2021

"တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံး ဟစ်ကြွေးသံပဲ"

ငါတို့ မြို့ငါတို့ပိုင်တယ်။ ငါတို့ရွာ ငါတို့ပိုင်တယ်။ ငါတို့ တစ်ဦးတစ်ယောက်ခြင်းစီ အိမ်ထဲကထွက် ကြွေးကြော်ခဲ့တုန်းက လမ်းမကြီးတွေ ပြည့်သွားခဲ့သလိုပဲ ငါတို့တစ်ယောက်ချင်းစီ အိမ်ထဲကမထွက်တာနဲ့ မြို့ပျက်ကြီးသဖွယ် ဖြစ်သွားစေရမယ်။ ငါတို့ငြိမ်ချင်ငြိမ်၊ လှုပ်ချင်လှုပ်ပြီး အာဏာဟာ ပြည်သူလူထုကပဲ သက်ဆင်းတယ်ဆိုတာ ကမ္ဘာကို ပြသမယ်။ သွေးမအေးသေးဘူးဆိုတဲ့ message ကို တောထဲကရဲဘော်တွေကို ပြသမယ်။

အခုပုံတွေကတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် Silent Strike အတွက် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ထားဝယ်၊ မကွေး မြို့တို့က သပိတ်ရဲဘော်တွေအတွက် Swalpaymel က ပါဝင်အားဖြည့်ထားတဲ့ poster တွေပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် မနက်၁၀နာရီမှ ညနေ၄ နာရီထိဘယ်မှမသွားဘဲ ကိုယ့်အိမ်မှာပဲကိုယ်နေကြပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ တော်လှန်ရေးမှာ ပါဝင်လိုက်ကြရအောင်ခင်ဗျာ။

#တော်လှန်ရေးအတွက်ဆွဲပေးမယ်

“တော်လှန်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ”ယနေ့ဟာဗုဒ္ဓဘာသာ၀င်  မြန်မာလူမျိုးတို့ အထူးအမြတ်ထားရတဲ့ တန်ဆောင်မုန်းလပြည့် ဖြစ်ပါတယ်။ ...
18/11/2021

“တော်လှန်ဆင်နွှဲ တန်ဆောင်တိုင်ပွဲ”

ယနေ့ဟာဗုဒ္ဓဘာသာ၀င် မြန်မာလူမျိုးတို့ အထူးအမြတ်ထားရတဲ့ တန်ဆောင်မုန်းလပြည့် ဖြစ်ပါတယ်။ မြတ်စွာဘုရားကို တန်ဆောင်မုန်းလပြည်‌ နေ့မှာ မသိုးသင်္ကန်းကပ်လှူ‌ပူဇော်ကြ၊
ပံ့သကူ ပစ် ကြတဲ့ ဓလေ့ကို အစွဲပြုပြီး မြန်မာလူမျိုးတွေဟာ နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လပြည့်နေ့ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြတ်သန်းလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့ကို တော်လှန်ရေး သတိနဲ့ဖြတ်သန်းဖို့လိုပါတယ်။ နေရာဒေသ အသီးသီးက တော်လှန်သောလက်များဟာ အိမ်နဲ့အဝေးမှာဆေးပေါင်းခတဲ့ညကို ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။ အပျော်အပါးတွေကို သပိတ်မှောက်ထားပြီး ဘေးကင်းလုံခြုံသော တန်ဆောင်မုန်းလပြည့်နေ့ကိုဖြတ်သန်းနိုင်ပါစေကြောင်း ဆွဲပေးမယ် အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သပါတယ်ခင်‌ဗျာ။


Address


Alerts

Be the first to know and let us send you an email when Swalpaymel - ဆွဲပေးမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swalpaymel - ဆွဲပေးမယ်:

  • Want your business to be the top-listed Media Company?

Share