House Of Knowledge

  • Home
  • House Of Knowledge

House Of Knowledge Entertainment

16/09/2025

အဲ့နေရဲ့ညဖက်တုန်းက မီးပုံဘေးမှာ ထိုင်ရင်း ဘာမဟုတ် ညာမဟုတ် ကျနော်ထပြောလိုက်တဲ့စကားကြောင့် ဘဲကြီးတွေ ခဏတွေဝေသွားတယ်
ဖုန်တွေ အလူးလူး နဲ့ မျက်နှာတွေပေါ်မှာ စဉ်းစားမှုပုံရိပ်တွေ ဖြတ်ပြေးနေကြတာများ
(ဘဲကြီးတွေဟာ အသက် ၂၀ကျော်ကနေ ၄၀ထိအသီးသီးရှိကြပြီး ကျနော်ကတော့အငယ်ဆုံး၁၇ပါ)

“ခင်ဗျားတို့ အခုလိုဒုက္ခတွေခံစားနေရတဲ့အချိန် အမေကလွဲ ဘယ်အမျိုးသမီး ကိုသတိအရဆုံးလဲ” ဆိုတဲ့ အဓိပ္ပာယ် ရတဲ့မေးခွန်းလေးသက်သက်ပါပဲ။

ဒါပေမဲ့ မိုင်ပေါင်းများစွာဝေးကွာနေမှုတွေ၊ မသေချာမရေရာမှုတွေ၊ ရှုပ်ထွေးနေတဲ့ အလွမ်းချည်မျှင်ပေါင်းများစွာက မေးခွန်းကို ပိုမိုလေးနက်သွားအောင် အသက်သွင်းပေးလိုက်သလိုပင် ။

မီးပုံဘေးက လူတိုင်းရဲ့မျက်နှာမှာ မတူညီတဲ့အမျိုးသမီးတဦးစီနဲ့ အတိတ်ကအမှတ်တရနေ့ရက်ပေါင်းများစွာ ရောင်ပြန်ဟပ်သွားတာကို ကျနော်အထင်းသားမြင်လိုက်ရတယ်
သူတို့ဟာ ဒီနေရာမှာ မရှိတော့ဘဲ အတိတ်တွေဆီ ခရီးလွှင့်နေပြီဖြစ်ကြောင်းလည်း ကျနော်စိတ်ထဲကနေ ကောက်ချက်ချလိုက်တယ်

ဟော.. တယောက်တော့ ပါးစပ်လှုပ်ဖို့ဟန်ပြင်နေပြီ

ထိုနေ့က မီးပုံဘေးမှာ အန်ကျထွက်လာတဲ့ စကားလုံးပေါင်းကလည်းမြောက်များစွာ

အချစ်အတွက် ရူးမိုက်ခဲ့တုန်းက အခြေအနေက ယခုလက်ရှိ တောကြီးမျက်မဲထဲ သေနတ်က််ိုင်ကင်းစောင့်ရတာထက် ကို ပိုမိုခက်ခဲခဲ့ကြောင်း ပြောပြနေလိုက်ကြတာများ ရယ်သံတွေတောင်လွှမ်းသွားသေးတယ်

အဲ့ဒီ့နေ့မှာပဲ အမျိုးသမီးတိုင်းဟာ လှပကြောင်း ကျနော်လက်ခံသွားတယ်

ဘဲကြီးတွေ သူတို့ရဲ့ အမျိုးသမီးကိုယ်စီကို အလှဖော် ကြူးရင့်ကြတာများဗျာ
အလှဆုံးမိန်းမတွေများ ရွေးယူထားကြလားမသိဘူး
သဲတွေ၊ ရွီံ့တွေ ပေကြံနေတဲ့ သူတို့မျက်နှာတွေ နဲ့မှမလိုက်လို့တောင် မဆီမဆိုင် စိတ်ထဲကတွေးမိလိုက်သေးတယ်

“ချစ်တယ်” ဆိုတဲ့ စကားလုံးအတွက် တိုက်ပွဲအလီလီဆင်နွှဲပြီး ဘယ်လိုဘယ်ပုံတိုက်ယူခဲ့ကြရကြောင်း၊
အချစ်အတွက်ဘသူပိုရဲရင့်ခဲ့ကြောင်း အကြိတ်အနယ် ဆွေးနွေးပြီးတဲ့အခါ အချစ်သူရဲကောင်းတွေအကုန်ငြိမ်ကျသွားတယ်

သူတို့ဟာ သူတို့အောင်နိုင်ခဲ့တဲ့ တိုက်ပွဲတခုကြောင်းကို တခြားစစ်မြေပြင်တခုမှာ လွမ်းဆွတ်တမ်းတ ပြောမိနေတာဖြစ်ကြောင်းသတိရသွားတယ်ထင်တယ်

မီးရောင်ရဲ့အရိပ်ကြောင့်ပဲလား ညအမှောင်ကြောင့်ပဲလားမသိ မဲနက်သွားတဲ့သူတို့မျက်နှာတွေ
အဲ့ဒီနေ့တွေက ပြန်ရနိုင်မှာလား ပြန်မရဘူးလား မသေချာတော့တဲ့ တွေဝေမှုမျိုး သူတို့မျက်နှာပေါ်မှာ ထပ်မြင်ရလိုက်တယ်

သေချာတာကတော့ သူတို့ဟာ အခက်ခဲဆုံးအခြေအနေတွေထဲမှာ လွမ်းဆွတ်မှုနဲ့ အတိတ်ကိုအမှတ်ရခြင်းဟာ မျက်ရည်ကျဖို့အလွယ်ကူဆုံးဖြစ်ကြောင်း သက်သေပြနေကြပြီ

ကျနော်စကားတခွန်းမှမပြောဘဲ မီးပုံကိုစိုက်ငေးကြည့်လိုက်တယ်
တော်တော်ကြာမှ ကိုယ့်ကိုယ်ကိုယ်တောင်သတိမထားမိဘဲ ပါးစပ်ကိုဟရင်း

“ဒါကြောင့်မိန်းကလေးတွေက ယောက်ျားလေးတယောက်ရဲ့ ဘဝမှာ အချစ်ရဆုံးတယောက်ဖြစ်ချင်ကြတာကိုး”လို့ဆိုတဲ့စကားကို လူတိုင်းကြားရုံလောက် လွမ်းဆွေးသံနဲ့ပြောမိလိုက်တယ်

ထိုနေ့ကညက မီးပုံဘေးမှာ အလှဖော်ကြူးခံရတဲ့ မိန်းကလေးတွေဟာ အင်မတန်ကိုမှ ကံကောင်းတဲ့ အမျိုးသမီးတွေသာဖြစ်တယ်
ကံအဆိုးဆုံးတွေလည်းဖြစ်တယ်

29/06/2025

ဗိုလ်ကျား သနပ် ဆိုတဲ့ သီချင်းကို မတော်တဆ နားထောင်မိတာ Rap ကို Ice Cold ဆိုတယ် ထင်ပြီး Mp3 ဆိုတဲ့ကောင် က Chorus ဆိုတယ်ထင်နေတာဟေ့
MV ကြည့်မှ ငါ့မှာ ပါးစပ်အဟောင်းသားပဲ
Ice Cold ရဲ့သီချင်းစာသားတောင်သွားသတိရတယ်
“Flow သူခိုးများ သေချာရှိုးလို့ထား
Ice Cold ကာရံတွေက ကောင်းကင်ကကျလာတဲ့မိုးကြိုးသွား”တဲ့

အခုတော့ Flow သူခိုးလေးနဲ့ Circle Jerkနေလေရဲ့
ပရိတ်သတ်ကို နားရင်းရိုက်နေတဲ့ Rapperတွေ

မိန်းကလေးတွေ Sexual Harassment လုပ်ခံရတဲ့အခြေအနေမျိုး ကြုံနေရပြီဆိုရင် နီးစပ်ရာတဦးဦးဆို ရင်ဖွင့်ပြောဆို တိုင်ပင်ကြဖို့၊ ...
28/06/2025

မိန်းကလေးတွေ Sexual Harassment လုပ်ခံရတဲ့အခြေအနေမျိုး ကြုံနေရပြီဆိုရင် နီးစပ်ရာတဦးဦးဆို ရင်ဖွင့်ပြောဆို တိုင်ပင်ကြဖို့၊ သက်သေတခုလောက်ရအောင်ယူထားဖ်ို့ Educate လုပ်ပေးမှရတော့မယ်လို့မြင်လာပြီ။

အခုဆိုရင် တမှုစပေါ်လာမှ ကျူးလွန်ခံရထားရတဲ့Victim တွေက ထုတ်ဖော်ပြောဆိုဖို့အားရှိလာပြီး အစုလိုက်ထွက်ပေါ်လာကြတာ တွေ့ရတယ်။
တချို့ဆိုရင် လွန်ခဲ့တဲ့ သုံး လေးနှစ်က အခြေအနေတွေဖြစ်နေတာတွေ့ရတယ်
ဒီအခြေအနေ တွေကလည်းအကြောင်းအမျိုးမျိုးရှိတယ်
ကျူးလွန်သူတွေဟာ ကိုယ့်ချစ်သူ၊ရည်းစား၊ ပတ်ဝန်းကျင်ကလူ ၊ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တတ်တာများတယ်။
ဒါကြောင့် Victim တွေဟာ ကျူးလွန်သူလက်ကလွတ်လောက်ပြီ ဆက်ဆံစရာမလိုတော့ဘူးလို့ ထင်ရတဲ့ အချိန်လောက်မှာ ထုတ်ဖော်ပြောဆိုကြတာများတယ်။

ဒီလို ကြန့်ကြာသွားတဲ့အခြေအနေတွေကြောင့် ကျူးလွန်သူ တွေကို အရေးယူဖို့ခက်သွားတဲ့ အခြေအနေတွေရှိလာတယ်။
ဥပမာ ကျူးလွန်သူက နိုင်ငံရပ်ခြားရောက်သွားတာတွေ၊ သက်သေတွေ ရှာမရတော့တာတွေ ပျောက်သွားတာတွေရှိတတ်ပါတယ်။

အခုလက်ရှိအခြေအနေတွေအရ ကျူးလွန်သူတွေလို့ ယူဆရတဲ့လူတွေက သက်သေရှိလားဆိုတဲ့ စကားတွေကိုတွင်တွင်ကျယ်ကျယ်ပြန်ပြောလာကြတာတွေ့ရပါတယ်

ဒါကြောင့်မိန်းကလေးများကို Educate လုပ်ပေးဖ်ို့ လိုအပ်လာပါပြီ။ Victim အမျိုးသမီးများအနေနဲ့ Gen Lee များနဲ့ ပတ်ဝန်းကျင်များကို ဂရုစိုက်လို့မပြောရဲဘူးဖြစ်နေတယ်ဆိုရင် တိုးတက်နေတဲ့လူထုနဲ့ လူငယ်များကိုလည်းပြန်ကြည့်ပါ။ သတ္တိတွေမွေးပါ

နီးစပ်ရာလူထုပတ်ဝန်းကျင်က လည်း Victim ကို အမြဲမပြတ်ဝန်းရံ အားပေး ဖေးမ ဖို့လိုပါတယ်
စိတ်ဒဏ်ရာတွေရထားနိုင်တာမို့လည်း ဂရုစိုက်ပေးဖို့လိုပါတယ်
ကောက်ရိုးမီးဖြစ်လို့မရပါ

အားလုံးညီနေမှ ဒီလူ့အမှိုက်တွေကို လူ့အသိုင်းအဝိုင်းကနေ ရှင်းထုတ်ပစ်နိုင်မှာပါ။

15/03/2025

Content တခုရေးမယ်တွေးတယ်
ရိုးရိုးတော့မဟုတ်ဘူး
ပြဲပြီး ကြည့်သင့်တဲ့ဇာတ်ကားတွေအကြောင်းပေါ့
ဇာတ်ကားနဲ့အတူ တပါးတည်းစီးမြောခွင့်ရမဲ့ကားတွေပေါ့( နားကြပ်ပါရင် ပိုကောင်းမယ်)

အပိုင်းတွေအများကြီးခွဲရင် ခွဲထားမယ်
ကျနော်လုပ်ဖူး ကြည့်ဖူးသလောက်ကို အကုန်ချရေးပစ်မယ်တွေးတယ်
စိတ်မပျက် စေရဘူး
Old School Calssic တွေကအစ
Indie တွေ အထိ အကုန်ပါမယ်

စောက်ရေးမပါတာကိုမှ မယောင်ရာဆီလူးတဲ့ တိုင်းပြည်မှာတော့ ရွာတရွာ၊ မြို့တမြို့ မီးလောင်ပြာကျသတင်းက သဲစုငြိမ်းတို့ရဲ့ missပြိ...
15/03/2025

စောက်ရေးမပါတာကိုမှ မယောင်ရာဆီလူးတဲ့ တိုင်းပြည်မှာတော့ ရွာတရွာ၊ မြို့တမြို့ မီးလောင်ပြာကျသတင်းက သဲစုငြိမ်းတို့ရဲ့ missပြိုင်ပွဲတခုလောက် အရေးမပါခဲ့ဘူး။ ‌လူ၂၇ယောက် ဗုံးဒဏ်ခံရပြီး အသက်ဆုံးကြတာကလည်း ခွေးတကောင်သေတာလောက် Attentionနဲ့ စာနာမှု မရခဲ့ဘူး။

15/03/2025

အရင်တရက်ကပဲ စဉ့်ကူး၊ လက်ပံလှ ဈေးလယ်ခေါင်မှာ မအလတပ်က Airstrikeလုပ်တာ လူ ၂၇ယောက်နဲ့အထက် အသက်ဆုံးရှုံးပြီး အိမ်တွေ မီးလောင်၊ ပြာကျတယ်။ စစ် အကြီးအကျယ် ဖြစ်နေတဲ့ ဒီလို နိုင်ငံတခုမှာ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေကအစ ချိုးဖောက်ခံရပါတယ်။ လူတယောက်ရဲ့ အခြေခံအကျဆုံးအရာက အသက်ရှင်ခွင့်ဖြစ်ပြီး အဲဒီအရာကိုတောင်မှ မရနိုင်တဲ့အထိပါ။ လူဖြစ်လာပြီး လူ့အသက်ကိုတောင် မရနိုင်တာပါ။

ငါပြောချင်တာက အခုမှ စမှာ။ ဒီလောက် လူ့အခွင့်အရေးတွေ ချိုးနှိမ်ခံရ၊ ခြိမ်းခြောက်ခံရတဲ့ ဒီလို ခေတ်ကာလမှာ စောက်ရေးမပါတာနဲ့ မ‌ယောင်ရာဆီလူး မလုပ်ကြဖို့ပဲ။ ဟိုတရက်က ကြက်ကိုက်လို့ဆိုလား ခွေးတကောင်ကို *တ်လိုက်တာနဲ့ အဲဒီ *တ်တဲ့သူကို တိချစ်သူ တိပေါ Soutပေါတစုက တိရစ္ဆာန်ဂရုတွေမှာ ဘောင်ချာလိုက်ဆုတ်ကြတယ်။ လူငှားပြီး ဒုက္ခပေးမယ်ရော၊ စစ်မှုထမ်းခိုင်းအောင် လုပ်မယ်တွေရော။ စစ်မှုထမ်းကိစ္စက စောက်ခွက်ပြောင်ရမယ့် ကိစ္စမဟုတ်သလို ခွေးတကောင်ကလည်း လူတယောက်အသက်လောက် စောက်ရေး ပါမနေဘူး။ တိရစ္ဆာန်ကို ဒီလောက်ချစ်ပြပြီး Moral high groundယူချင်ရင် ကိုယ်တိုင်လည်း သက်သတ်လွတ်ပဲစား။ ဈေးကနေ အသားငါး လုံးဝ မဝယ်နဲ့။ မင်းတို့ မအေတွေ နာဖျားလို့ အိပ်ရာထဲ လဲနေရင်လည်း အသားမကျွေးနဲ့။ ပဲနဲ့ မြက်ကို စွတ်ပြုတ်လုပ်တိုက်ကြ။

Address


Website

Alerts

Be the first to know and let us send you an email when House Of Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share