Taungoo University News

  • Home
  • Taungoo University News

Taungoo University News Follow us to learn more about Update News, Information, Events and more from Taungoo University

16/09/2024

ပဲခူးတိုင်း တောင်ူခရိုင် တောင်ူမြို့ ပေါ်တွင်ရောက်ရှိ
ခိုလှုံနေကြသော ရေဘေးဒုက္ခသည်များ စာရင်း

တောင်ငူမှာ ရေဘေးအတွက်လှူဒါန်းလို့ရမယ့်နေရာတွေ တွေ့ရသလောက်လေးစုပေးထားပါတယ်
1.အ.ထ.က 2 လူ 2000ကျော်
2.အ.ထ.က 6 လူ 2500ကျော်
3.အသောက မိဘမဲ့ကျောင်း 200နီးပါး
4.ရွှေဆံတော်ဘုရား 1500ကျော်
5.လောကုတ္တရာ ဘုရားဝန်း 900ကျော်
6.အောင်သိဒ္ဓိဘုရားကုန်း 150ကျော်
7.အမှတ် 3ကျောင်းဝန်း 600ကျော်
8.ဝါးတီးကျောင်း 500ကျော်
9.RC church 300ကျော်
10.မြတ်စောညီနောင်ငါးထပ်ကြီးဘုရား
11.ရွှေတံတားရွှေဘုံသာကျောင်းတိုက် 1000နီးပါး
12.ပညာရေးကောလိပ်အဟောင်း
13.နဂါးရုံဘုရားဝန်း 2000ကျော်
14.ကေတုမတီမြို့ မြို့ဦးကျောင်း 100နီးပါး
15.ကလေဇာတိဘုရား
16.ထန်းကုန်းကျောင်း
17.20ရပ်ကွက် ကုလားဘုရားကျောင်း
18.ရှင်ယောဟန် ခရစ်ယာန်ဘုရားကျောင်း 200နီးပါး
19.အထက 5 ကျောင်း 1000နီးပါး
20.ဘုရားနှစ်ဆူကျေးရွာ ရွာလယ်ကျောင်း 400နီးပါး
21.မိုင်ဒါကွင်းအတွင်း 100ကျော်
22.ရွှေနှလုံးတော် ဘုရားကျောင်း 400ကျော်
23.မြို့ကြီးသိမ်ကုန်းကျောင်း
24.ဓမ္မဗိမာန် 50နီးပါး
25.ဝိသုဒ္ဓါရုံ မြို့ထောင့်ကျောင်းမှာ ၁၈၀နီးပါး
26.အောင်မြေဘုံစံကျောင်းမှာ ၁၀၀ နီးပါး
27.ကပေါင်းကျောင်းရှစ်ဆယ် စာသင်ကျောင်းနှင့်ဘုန်းကြိးကျောင်း
28.ကပေါင်းနားဝက်ဖြူကုန်းဓမ္မာရုံ လူ ၅၀၀ ကျော်
29.ထန်းကုန်း စာသင်ကျောင်း လူ ၃၀၀ ကျော်
30.
ရေဘေးရှောင်ပြီးစုနေတဲ့နေရာတွေ အကူညီလိုအပ်နေတဲ့နေရာတွေ ထပ်တွေ့ရရင် Editပေးပ့ါမယ် လူကိုတိုင်သွားရောက်လျှူပါ🙏

တကယ် လိုအပ်နေတာတွေ ပါဗျာ ပင်လယ်ပြင်ဖြစ်နေပီ အိမ်တွေပြောက်ပီး🥹

တောင်ငူ မှာ ရေကြီးလို့ ပိတ်မိနေသူ ၃၀၀ ကျော်ရှိနေတောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ညောင်ပင်သာနဲ့သာယာကုန်းရွာချင်းဆက...
14/09/2024

တောင်ငူ မှာ ရေကြီးလို့ ပိတ်မိနေသူ ၃၀၀ ကျော်ရှိနေ
တောင်ငူမြို့၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ညောင်ပင်သာနဲ့သာယာကုန်းရွာချင်းဆက်လမ်း တာဘောင် ပေါ်မှာ ရေကြီးလို့ ပိတ်မိနေသူ ၃၀၀ ကျော်ရှိနေတယ်လို့ ရေဘေးကူညီရေး လုပ်နေသူ တွေက ဘီဘီစီ ကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ပြောပါတယ်။
“မနေ့ညထဲက ပိတ်မိနေတာ လူ ၃၀၀ ကျော်တယ်။ ရေကလည်း တစ်ပေလောက်ထပ် တက်လာ တယ်။ ကျွန်တော်တို့ သွားကယ်ဖို့ စက်လှေမလုံမလောက်ဖြစ်နေတယ်” လို့ တောင်ငူမြို့ခံ ရေဘေးကယ်ဆယ်ရေး လုပ်နေသူ တစ်ဦး က ပြောပါတယ်။
တောင်ငူမြို့ စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှာလည်း ရေကြီးနေပြီး လူသေဆုံးမှုတွေ ပါရှိနေတယ် လို့ လည်း ပြောပါတယ်။
တောင်ငူမြို့လယ်ခေါင်မှာ ဘယ်လိုအခြေအနေရှိနေပါသလဲ။ သတင်းအပြည့်အစုံကို ဘီဘီစီရဲ့ စက်တင်ဘာလ ၁၄ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ်လင့်ခ် https://www.bbc.com/burmese/articles/c4gqdp9pggqo ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ပုံစာ - စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော်၊ ပျဥ်းမနားနဲ့ တောင်ငူမြို့တွေမှာ ရေကြီးနေတဲ့ မြင်ကွင်း

တောင်ငူတွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်နေပြီး ၃ ပေ ရေထပ်တက်မည်ဟု မိုး/ဇလသတိပေးကာ တောင်ငူမြို့သို့ ရေမ...
14/09/2024

တောင်ငူတွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်နေပြီး ၃ ပေ ရေထပ်တက်မည်ဟု မိုး/ဇလသတိပေးကာ တောင်ငူမြို့သို့ ရေများ ဝင်ရောက်၊ ဘားအံတွင်လည်း စိုးရိမ်ရေအမှတ် ၈ ပေခွဲအထိ ရေမြင့်တက်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၁၄
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် ၇ ပေ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၃ ပေ ထပ်တက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ညပိုင်း သတိပေးချက် ထုတ်ပြန် သည်။
တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရေရမှတ် ၁၉ ဒသမ ၆၉ ပေ (၆၀၀ စင်တီမီတာ) အထက်သို့ ၇ ပေခန့် ကျော် လွန်ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် ၁ ရက်အတွင်း ၃ ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန် သည်။
လတ်တလော တောင်ငူမြို့အတွင်းသို့ ယမန်နေ့ ညပိုင်း ရေများ ဝင်ရောက် လာပြီး မြို့၏ နေရာတချို့ကိုပါ ရေဖုံးလွှမ်းနေကြောင်း၊ တောင်ငူမြို့နယ်အတွင်း ကျေးရွာအများအပြား ရေမြုပ်နေပြီး အထူးသဖြင့် စစ်တောင်းမြစ်ကမ်းဘေးဝဲယာ ကျေးရွာများအားလုံး ရေကြီးမှုဒဏ်ခံနေရကြောင်း၊ ကယ်ဆယ်ရေး လုံ လောက်မှု မရှိဘဲ ပြည်သူများမှာ အရေးပေါ် ကယ်ဆယ်ရေးနှင့်ကူညီရေးများ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
"စစ်တောင်းမြစ် အပေါ်ဘက် ရွာတွေတချို့မှာတော့ ရေက နည်းနည်းလေး ပြန်ကျတယ်။ အောက်ဘက်က ရွာတွေမှာတော့ ရေတိုးနေတုန်းပဲ။ လက်ရှိသိထားသလောက်တော့ ရွာတွေ တော်တော်များများ အကူအညီလိုနေတယ်။ မိုႈကောင်း၊ အင်း၀ိုင်းအနောက်ဘက်၊ ရွှေလေးအင်းကျေးရွာ၊ ထုံးဘို၊ ဒိုးသောင်အုပ်စု၊ သရက်တောရွာ၊ ရွာသစ်ကုန်းရွာ၊ခပေါင်းရွာ စတဲ့ ရွာတွေဘက်ကတော့ အကူအညီတွေ အရမ်းတောင်းနေတယ်။ လှေ မလုံလောက်တာရယ်၊ ရေစီးကြမ်းနေတာရယ်ကြောင့် ကယ်ဆယ်ရေးကတော့ ထင်တိုင်းမပေါက်ဘူး။ သစ်ပင်တွေပေါ်မှာ မျောပါပြီး တင်နေတဲ့ လူတွေလည်းရှိနေတယ်။ ချုပ်ပြောရရင်တော့ တောင်ငူက အခြေအနေဆိုးတယ်" ဟု တောင်ငူမြို့မှ ကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၇ နာရီ ၃၀ အချိန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင်မူ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် အထက် ၇ ပေခန့် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ဘားအံမြို့တွင်လည်း သံလွင်မြစ်ရေသည် လက်ရှိ စိုးရေရိမ်မှတ်အထက် ၆ ပေခွဲကျော် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် စုစု ပေါင်း ၈ ပေ နီးပါး ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ယင်းမြို့၏ စိုးရေရိမ်မှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
" ဘားအံ- မော်လမြိုင်လမ်း၊ ဘားအံ- မြိုင်ကလေးလမ်း၊ဘားအံကမ်းနားလမ်း ပိတောက်လမ်း အကုန်ရေကျော်နေပြီ။ ကားတွေ သွားမရတော့ဘူး။ ဘားအံမြို့နယ်အတွင်းက ရွာတွေမှာတော့ ရေက အတော်ကို ကြီးနေတာ။ နှစ်ထပ်အိမ်တောင် မြုပ်လို့ ကယ်ဆယ်ရေး လုပ်ဖို့ အကြောင်း ကြားတာတွေလည်းရှိနေတယ်" ဟု ဘားအံမြို့မှ လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
https://www.facebook.com/share/p/HpjWxhakRbmhRwhU/

ဝောာင်ငူမြို့ ရေဘေး အရေးပေါ်ဆက်သွယ်နိုင်မည့် လူမှုကယ်ဆယ်ရေး ဖုန်းလိုင်းများ Save The Trees Rescue Team09 256 666 575Ange...
14/09/2024

ဝောာင်ငူမြို့ ရေဘေး အရေးပေါ်ဆက်သွယ်နိုင်မည့် လူမှုကယ်ဆယ်ရေး ဖုန်းလိုင်းများ

Save The Trees Rescue Team
09 256 666 575

Angel Recuse Team
09 774 696203

T.E.R.Tအသင်း
09443555502

T.Rescueအသင်း
09791232000

မေတ္တာရှင်အသင်း
09428155773

အာယုပါလအသင်း
09687635151

ရှင်စောပုအသင်း
09770313323

၆ရပ်ကွက်အသင်း
09973775151

Address


Alerts

Be the first to know and let us send you an email when Taungoo University News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungoo University News:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share