Heavenly Vision

  • Home
  • Heavenly Vision

Heavenly Vision Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Heavenly Vision, Media/News Company, .

 #မိမိ၏ ခံယူချက်၊ မိမိယုံကြည်ရာကိုခံယူ ယုံကြည်ကာ အသက်ရှင်နေခြင်းသည်စစ်မှန်သော ခရစ်ယာန်အသက်ရှင်ခြင်းမဟုတ်ပါ။ကျွန်ုပ်တို့သ...
09/06/2025

#မိမိ၏ ခံယူချက်၊ မိမိယုံကြည်ရာကို
ခံယူ ယုံကြည်ကာ အသက်ရှင်နေခြင်းသည်
စစ်မှန်သော ခရစ်ယာန်အသက်ရှင်ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ခြင်း
ခံယူချက်များကို ဗဟိုပြုခြင်းကြောင့်
ခရစ်တော်၏အသက်နှင့် ခရစ်တော်၏ကျေးဇူးပြုခြင်း အမျိုးမျိုးကိုဆုံးရှုံးနေကြသည်။

💪မိမိ၏ လုပ်ဆောင်ခြင်း၊
မိမိ၏အသက်ရှင်ခြင်းကို ဗဟိုမပြုဘဲ
✝️ခရစ်တော်၏အသက်ကို ဗဟိုပြုလျက်
ခရစ်တော်ကိုယူဆောင်ကာ
အသက်ရှင်သောသူသာ
ခရစ်တော်၏အသက်ရှင်ခြင်းဖြစ်သော ယုံကြည်သူခရစ်ယာန်ဖြစ်သည်။

06/06/2025
05/06/2025

ခရစ်တော်၏အသက်နှင့်
ပေါင်းစည်းထားသော လူတစ်စု၏စုဝေးရာ ( အသင်းတော်) သည်
စိတ်သက်ကို အားရစေသော
ဖျော်ဖြေရေး ဆန်သည့် လှုပ်ရှားမှုများ၊
လူမျိုးရေး၊ လူမှုရေးတို့နှင့် ရောယှက်မှုများ၊ ဂိုဏ်းဂဏ ခံယူချက်တို့ဖြင့် ထင်ရှားနေလျှင်
မျက်မြင်မရသော ဘုရားကို မြင်တွေ့ဖို့ ဝေးကွာနေဦးမည်။ 😢😢

25/05/2025

God is love. We need God and we need to be fill with love. ချစ်ခြင်းဖြစ်တဲ့ ဘုရားကို ရရှိပါတယ် ဆိုတဲ့ ကျွန်ုပ်တို့ဟာ တစ်ဦး နဲ့ တစ်ဦး၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ပြိုင်ဆိုင်ခြင်း၊ မနာလိုခြင်း၊ ငြုစူခြင်း၊ အပြစ်တင်ခြင်း၊ မိမိသည် သူတစ်ပါးထက် သာလွန်သည်၊ စစ်မှန်သည် ဟု ခံယူ‌ပြောဆိုခြင်းဖြင့် ချစ်ခြင်းမေတ္တာ ခေါင်းပါးနေခြင်းမှ မိမိကိုယ်ကို မြင်စေပါ။ အာမင် 💗

15/05/2025

💰ပိုက်ဆံ မရှိဘဲ
ဘယ်လို နိုင်ငံတော် တည်မလဲ။

💸ပိုက်ဆံ မပါဘဲ
လက်ဝါးကပ်တိုင် ထမ်းလို့ ရမယ် ထင်လား။

#မှတ်သားကြပါ
ဒီလိုမျိုးက ကြားရခဲတယ်။

#ကြီးပွား ချမ်းသာအောင်
#နာမည် ကြီးအောင်
နဲ့ Page မှာ
Like and Share များများရအောင်
ဘယ်လို လုပ်ရမလဲ ဆိုပြီး
လာလာ မေးနေကြသူတွေ

သူ့လိုမျိုး ကျွန်တာ် မပြောတတ်လို့
သူပြောတာကိုပဲ တင်‌ပေးလိုက်ပါတယ်။

24/04/2025

Jesus never wanted fans but followers.
အားဖြင့်
ဘုရားကို သိသွားပြီး
လက်ခံ ရရှိသွားတဲ့သူတွေ ရှိသည်။

#စိတ်နှင့်ခန္ဓာအသက်ရှင်သူများကို
စာတန်မှာနတ်သည် အသုံးချကာ
Media ဖြင့်
#မိမိကိုယ်ကို ထင်ရှားစေခြင်း
#မိမိကိုယ်ကို ချီးမြှောက်ခြင်း
#တူရာလူ စုကာ အုပ်စုဖွဲ့ခြင်း
#ရုပ်ဝတ္ထုပစ္စည်းများအဖြစ်သွေးဆောင်ကာ
နံဝိညာဥ် ဘုရားနှင့် လွဲချော်စေခြင်း

#ဘုရားနှင့် တစ်လုံးတစ်ဝ ဖြစ်စေခြင်းထက်
ဆရာနဲ့ ပရိသတ် တစ်လုံး တ၀တည်း ဖြစ်လာစေခြင်းတို့ဖြင့်
လုပ်ဆောင်နေသည်။

#ဝိညာဥ် အလင်း မရှိသူများသည်
ရုပ်ခန္ဓာမျက်စိနဲ့သာ မြင်တတ်ပြီး
တဒ်က ခဏတာအရာများဖြင့် အဟုတ်ကြီးထင်ကာ
ဘုရားနှင့် အားရပါးရ လွဲချော်နေကြသည်။

မတူညီသည့် ခြားနားမှုများ၏
အဆုံးရလဒ်ကို မြင်ဖို့ရန်
ဝိညာဉ်မျက်စိ အလင်းရပါစေ။ အာမင်

 #လောတ၏မယားကို အောက်မေ့ကြလော့။ #ယုံကြည်သူ အယောက်က်ဆီတိုင်းအတွက်ဘာကြောင့် လောတရဲ့ မယားကိုသတိ ရစေချင်တာလဲ။ #ဘုရားရဲ့စီမံအု...
12/04/2025

#လောတ၏မယားကို အောက်မေ့ကြလော့။

#ယုံကြည်သူ အယောက်က်ဆီတိုင်းအတွက်
ဘာကြောင့် လောတရဲ့ မယားကို
သတိ ရစေချင်တာလဲ။

#ဘုရားရဲ့စီမံအုပ်ချုပ်ခွင့် မရဘဲ
မာနတ်ရဲ့စီမံအုပ်ချုပ်မှုအောက်မှာ
ပျက်စီးနေတဲ့မြို့ကို ဖျက်ဆီးရုံမှတပါး
အခြားမရှိတော့ပေ။

လောတနဲ့ မိသားစု၀င်များဟာ
သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်
စီရင်ခံရမဲ့ သောဒုံ နဲ့ ဂေါမောရ မြို့က လွတ်မြောက်လာခြင်းမဟုတ်ဘဲ၊
ဘုရားရဲ့ သနားခြင်းဂရုဏာကြောင့်ကောင်းကင်တမန်များရဲ့ ဆွဲထုတ်ခြင်း ခံရကာ လွတ်မြောက်ခဲ့ခြင်း ဖြစ်တယ်။

စီရင်ခံရမဲ့ သောဒုံ နဲ့ ဂေါမောရ မြို့က လွတ်မြောက်လာခဲ့ကြပေမဲ့

မိမိရဲ့ စိတ် ကျေနပ် ပျော်ရွှင်ရာ၊
နေရာ နဲ့ လောကီဥစ္စာများအတွက်
စိတ်ရောက်ကာ စွဲလန်းနေကြလို့

ဘုရား ပြညွန်တဲ့ နေရာကို သွားဖို့
အာရုံစူးစိုက်မှု မရှိ၊ ဘုရား ရောက်စေလိုတဲ့နေရာကို မရောက်နိုင်တော့ဘဲ
လမ်းတစ်၀က်နဲ့ပဲ အဓိပ္ပါယ်မဲ့စွာ
ပျက်စီးဆုံးရှုံးရတော့တယ်။

ဒါကြောင့်
ယနေ့ ယုံကြည်သူများအား
လောကရဲ့မယားကို သတိရဖို့
ဘုရားက သတိပေးနေတာ ဖြစ်တယ်။

🔥ဘုရားညွှန်ပြတဲ့ ဘုရားပို့ဆောင်မဲ့
ဘုရားနဲ့ပြည့်ဝတဲ့ အသက်တာ
ဘုရား ဝင်စားစေလိုတဲ့ ကောင်းကင်များရဲ့နိုင်ငံကို ဝင်ရောက်ဖို့ရန် ခရစ်တော်ကို
မိမိရဲ့ အသက်ရှင်ရာအဖြစ် ယူဆောင်ခြင်း မရှိဘဲ

😈ပျက်စီးနေတဲ့ ဖျက်ဆီးခံရမည့်အရာများကိုသာ မိမိစိတ်နှလုံးရောက်နေလျှင်

လောတရဲ့ မယားနည်းတူ
ကျေးဇူးတော်ကြောင့် စီရင်ခြင်းမှ လွတ်သော်လည်း၊
မိမိအသက်တာမှာ
ဘုရားရဲ့အလို မပြည့်စုံနိုင်ဘဲ
လမ်းတစ်၀က်မှာပင် ပျက်စီးဆုံးရှုံးတော့မယ်။

 #လူဟာ ဘုရားရဲ့ ကိန်း၀ပ်ရာ ဖြစ်တယ်။ #လူဟာဘုရားကို အကြောင်းပြုပြီးမိမိကိုယ်ကို ထင်ရှားစေခြင်းထက်၊မိမိ=ငါ (အတ္တ) ကို ဆုတ်ယ...
01/04/2025

#လူဟာ ဘုရားရဲ့
ကိန်း၀ပ်ရာ ဖြစ်တယ်။

#လူဟာ
ဘုရားကို အကြောင်းပြုပြီး
မိမိကိုယ်ကို ထင်ရှားစေခြင်းထက်၊

မိမိ=ငါ (အတ္တ) ကို
ဆုတ်ယုတ်ခံခြင်းဖြင့်
ဘုရားကို ထင်ရှားလာဖို့ ဖြစ်တယ်။

#လူဟာ ဘုရားနဲ့ ပူးပေါင်းကာ
ဘုရားကို ဗဟိုပြုပြီးအသက်ရှင်ဖို့ဖြစ်တယ်။

📖 ကျမ်းစာဟာ
အဖြူအမဲ စာသားသက်သက်ကိုနားလည်ခြင်းထက်၊
🔥 အသက်ရှင်ပေးသော ဝိညာဉ်တော်ကို
ပုဂ္ဂိုလ်အဖြစ် မိမိအသက်တာမှာ
ခံစားရဖို့ဖြစ်တယ်။

#ကျမ်းစကား ပြည့်စုံလာခြင်းအတွက်
အားရ ကြေနပ်နေခြင်းထက်
ဘုရားရဲ့ ကြွယ်ဝတဲ့အသက်နဲ့
မိမိအသက်တာမှာ ပြီးပြည့်စုံစွာ
ခံစားရဖို့က အရေးကြီးတယ်။

✝️သာသနာ အရေခွံခြုံပြီးလုပ်စားနေကြတဲ့ ဘာသာရေး ဆရာကျမ်းတတ် ၊ ဖာရိရှဲတွေ နဲ့မိစ္ဆာပရောဖက် တွေဟာ📖ဘုရားရဲ့နှုတ်ကပတ်တော်ကို မိ...
30/03/2025

✝️သာသနာ အရေခွံခြုံပြီး
လုပ်စားနေကြတဲ့ ဘာသာရေး ဆရာကျမ်းတတ် ၊ ဖာရိရှဲတွေ နဲ့
မိစ္ဆာပရောဖက် တွေဟာ

📖ဘုရားရဲ့နှုတ်ကပတ်တော်ကို
မိမိအကြိုက်ယူပြီး
#လူတွေ စိတ်ကျေနပ်အောင်
မြောက်လိုက်၊
#လူတွေ ကြောက်အောင်
ခြောက်လိုက်နဲ့

မိမိ ကိုယ်ကျိုးအတွက်
ဟောစား၊ ပြောစားရင်း

မိမိကိုယ်ကိုသာ ထင်ပေါ်ကျော်ကြားစေကာ
ခရစ်တော် ပျောက်နေလေပြီ။

#ခရစ်တော် ပျောက်နေသည့်
"လောက" နှင့် "အသက်တာ" သည်
စီရင်ခံရဖို့သာ ရှိသည်။

 #အသက်ရှင်ပေးနေသော ခရစ်တော်ကို ဗဟိုပြုကာ မွေ့လျော်ခြင်းထက် #အပြင်မှာ ဖြစ်ပျက်နေတဲ့ ကာလဆိုင်ရာ နမိတ်တွေကို ကျမ်းစာနဲ့ ထော...
29/03/2025

#အသက်ရှင်ပေးနေသော ခရစ်တော်ကို ဗဟိုပြုကာ မွေ့လျော်ခြင်းထက်

#အပြင်မှာ ဖြစ်ပျက်နေတဲ့
ကာလဆိုင်ရာ နမိတ်တွေကို ကျမ်းစာနဲ့ ထောက်ပြ ပြောဆိုကာ
ပွဲလန့်တုန်း ဖျာခင်းချင်ကြတဲ့ ဓမ္မဆရာများ

#မိမိကိုယ်ကို ဂုဏ်ဖေါ်ကာ
ဘုရားထက် မိမိကိုယ်ကို ထင်ပေါ်လိုကြတဲ့
ပရောဖက်ပြု၊ တန်ခိုး နိမိတ် ပြတဲ့သူများ

#အရပ်ရပ် လှည့်လှည်ကာ
အာဘောင် အာရင်း သန်သန်ဖြင့်
သူ့လူ ငါ့လူနဲ့ အုပ်စုဖွဲ့ ကာ ဟောပြောသွန်သင်သူများ အားလုံးကို

✝️ကျေးဇူးတော်ကြောင့်
ကယ်တင်ခြင်းသို့ရောက်သည့်တိုင်

🖤အဓမ္မ အမှုကို ပြုသောသူတို့
ငါ့ထံမှ ဖယ်ကြဟု"
ယေရှုက
အတည့်အလင်း ပြောဆိုထားသည်။

"‌ကျေးဇူးတော်နဲ့ ယှဉ်သော ဧဝံဂေလိတရား" ကို
ဟောပြောသွန်သင်သောသူ
အများ ရှိသော်လည်း

"နိုင်ငံတော်နဲ့ ယှဉ်သော ဧဝံဂေလိတရား" ကို မသိ မမြင်သေးသူ အများကြီး ရှိနေသလို

ဆန့်ကျင်နေကြသူများလည်း ရှိနေသေးသည်။

"တရားမျှတစွာ စီမံခန့်ခွဲ အုပ်ချုပ်တတ်သော ခရစ်တော်ကိုယ်တိုင် အစိုးရသည့်
နိုင်ငံတော်သည် ကျွန်ုပ်တို့၌ တည်ထောင်ပါစေသော်" အာမင်

  anyone is in Christ, he is a new creation.ခရစ်တော်၌ ရှိသောသူသည် အသစ်ပြုပြင်ခြင်း ဖြစ်၏။ #အစိမ်းရောင်ရှိသော မြက်ကို စား...
08/03/2025

anyone is in Christ, he is a new creation.
ခရစ်တော်၌ ရှိသောသူသည် အသစ်ပြုပြင်ခြင်း ဖြစ်၏။

#အစိမ်းရောင်ရှိသော မြက်ကို စားသော နွားသည်
လူကို ခွန်အားဖြစ်စေသော
အဖြူရောင် နို့ နှင့် အနီရောင် ရှိသော အသားကို အဘယ်ကြောင့် ထုတ်လုပ်ပေးနိုင်သနည်း။

#ရွံ့မြေဖြင့် ပြုလုပ်ထားသော လူ့ခန္ဓာသည်
"ဘုရား၏ အိမ်တော် တည်ဆောက်ရာ" အတွက်
#အသစ်ပြောင်းလဲသောကျောက် အဖြစ်သို့
မည်ကဲ့သို့ ပြောင်းလဲခဲ့သနည်း။

📖လူ၏ ယုံကြည်ခြင်းကြောင့်
🙏လူ၏ ဆုတောင်းခြင်းကြောင့်
💪လူ၏ လုပ်ဆောင်ခြင်းကြောင့်
လုံး၀ လုံး၀ မဟုတ်ပါ။

🧠လူ့အသိညာဏ်၊
သိပ္ပံ နည်းပညာဖြင့် တွက်ချက်၍ မရနိုင်ပဲ
ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာ ဖြစ်သည်။ အာမင်

✝️ စိတ် နှင့် ခန္ဓာ ဖြင့်အသက်ရှင်နေသော
လူဟောင်း၏ သဘောများကို ကားတိုင်၌ ဆက်ဆံ ဖြေရှင်းပြီး
ပြန်ရှင်သော ခရစ်တော်၏ အသက်နှင့် အဖြည်ခံလျှင်

လူ့အသိညဏ်နှင့် တိုင်းဆမသိနိုင်သောအရာများ
ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်လာစေကာ . .

သူတစ်ပါးကို ကျွေးမွေးသော အသက်တာ
ခွန်အား ဖြစ်စေသော အရာများကို
ထုတ်လုပ်ပေးတော့သည်။ အာမင်

23/02/2025

#လူ ကို အခြေပြု၍
လူ့ဘက်က လုပ်ဆောင်သမျှသည် ဘာသာရေးသာ ဖြစ်ပြီး၊
မိမိ အသက်တာ၌ ဘုရား ၏ လုပ်ဆောင်မှုကို
ဆုံးရှုံးစေသည်။

✝️ဘုရားက ဘာလုပ်နေသလဲ မသိရင်
လူက ဘုရားအတွက် လုပ်ဆောင်ကာ
အမှုတော်ဆောင် ဆိုသည့် ခေါင်းစဉ်အောက်မှာ
ဘုရားထက် မိမိကိုယ်ကိုသာ မြင်စေတော့သည်။

#မိမိကိုယ်ကို ဗလာကျင်းလျက်
ဘုရားမှ လူလာဖြစ်သော ယေရှုခရစ်သည်
ခမည်းတော်၏ အလို ပြီးမြောက် ပြည့်စုံဖို့ရန်
မိမိကိုယ်ကို ငြင်းပယ်ကာ
အသက် ရှင်ခြင်းဖြင့် ဘုရားကို ထင်ရှားစေခဲ့သည်။

#မိမိကိုယ်ကို ငြင်းပယ်ခြင်း မရှိဘဲ
မိမိ ပြောနေသည့် လုပ်ဆောင်နေသည့် အရာများကြောင့်
မိမိ အသက်တာ၌ ဘုရား၏ လုပ်ဆောင်ခြင်းကို ဆုံးရှုံးရသည်။

#ဘုရားအလိုထက် . .
ဘုရား ကို အကြောင်းပြုကာ
မိမိ အလို ပြည့်စုံဖို့သာ လုပ်နေလျှင်
မြေကြီးသည် နတ်ဆိုး၏ လုပ်ဆောင်မှုများဖြင့် ပြည့်နေတော့မည်။

Address


Website

Alerts

Be the first to know and let us send you an email when Heavenly Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share