The Fighters Media

  • Home
  • The Fighters Media

The Fighters Media သတင်းမှန်များဖော်ပြပေးလျက်ရှိပါသည?

KNU,PDFအရှင်(၃)ဦးဖမ်းဆီးရမိဇူလိုင်၁၇၊၂၀၂၃။ဇူလိုင်၁၇ရက်နေ့လည်၂နာရီခွဲအချိန်၊ရွှေသံလွင်တိုးဂိတ်ဟောင်းတွင်...PDFစက်ပိုင်စိ...
18/07/2023

KNU,PDFအရှင်(၃)ဦးဖမ်းဆီးရမိ
ဇူလိုင်၁၇၊၂၀၂၃။

ဇူလိုင်၁၇ရက်နေ့လည်၂နာရီခွဲအချိန်၊ရွှေသံလွင်တိုးဂိတ်ဟောင်းတွင်...
PDFစက်ပိုင်စိုး(၂၀)နှစ်(ဘ)ဦးထွန်းဦး၊တောင်စွန်း၊ဘီးလင်းမြို့။
PDFခန့်ဇင်ကို(၁၉)နှစ်(ဘ)ဦးကြည်ဟိန်း၊စော်ဘွားကြီးကုန်း၊ သာယာလမ်း၊အိမ်အမှတ်(၃၆)အင်းစိန်မြို့။
PDFခင်မေလတ်(၁၉)နှစ်(ဘ)ဦးမင်းနိုင်၊သောင်လယ်ကျေးရွာ၊ရွှေကျင်မြို့နယ်။

သစ်ချတောင်အခြေပြုPDF အဖွဲ့ဝင်(၃)ဦးအားစစ်ဆေးတွေ့ရှိဖမ်းဆီးရမိထားသည်။



https://t.me/kokhan1985/10574?single

July 1717-7-23KIA လိုင်ဇာထက်.KIA ဌာနချုပ်တပ်ရင်းတွေဆီတပ်မ.စစ်ကြောင်းတွေ.ထိုးစစ်ဦးတည်ချက်ပြောင်းလက်ရှိတော့နမ့်ဆန်ယန်ဖက်ကိ...
18/07/2023

July 17

17-7-23
KIA လိုင်ဇာထက်.KIA ဌာနချုပ်
တပ်ရင်းတွေဆီ
တပ်မ.စစ်ကြောင်းတွေ.ထိုးစစ်ဦးတည်ချက်ပြောင်း

လက်ရှိတော့နမ့်ဆန်ယန်ဖက်ကို
စစ်ကြောင်းသုံးကြောင်းထိုးနေတယ်...

မြစ်ကြီးနားဖက်ကစစ်ကြောင်းတစ်ခု
တာလောကြီးဖက်ကစစ်ကြောင်းတစ်ခု
ဗန်းမော်ဖက်ကစစ်ကြောင်းတစ်ခု ဖြစ်တယ်

စစ်ကြောင်းသုံးကြောင်းဖွင့်လိုက်တဲ့တပ်မတော်ထိုးစစ်ကို KIA ကခန့်မှန်းရခက်သွားပုံရတယ်

ဗန်းမော်ဖက်ကစစ်ကြောင်းကအင်အားအများဆုံးဖြစ်တယ်..
သူကဒေါ့ဖုန်းယန်မြို့နယ်ခွဲက အာလောဘွန် စခန်းကိုတိုက်နိုင်တယ်ဆိုပြီး KIAကယူဆထားတယ်...

အာလောဘွမ်စခန်းကတရုတ်နဲ့
အနီးဆုံးစခန်းဖြစ်ပီး
2021 နစကအာဏာသိမ်းတဲ့အချိန်က KIA ကဝင်သိမ်းလိုက်တဲ့စခန်းကြီးဖြစ်တယ်....
အဲစခန်းနဲ့လိုင်ဇာကိုထိမ်းချုပ်ထားတဲ့စခန်းငယ်အတော်များများကျသွားခဲ့ရတယ်....

အဲဒီကတည်းက KIA
ဆိုတာဘာလည်းတပ်မတော်ကသိထားပြီးသားဖြစ်သလို တပ်မတော်ကတစ်ချိန်မှာ အာလောဘွန်ကိုပြန်သိမ်းမယ်ဆိုတာ KIA ကတွက်ဆထားပြီးသားပါ

ဒါကြောင့် တပ်မတော်စစ်ကြောင်းတွေ ဒေါ့ဖုန်းယန်ကိုမရောက်အောင် KIA ကလစ်ရင်လစ်သလိုကြားဖြတ်တိုက်နေတာဖြစ်တယ်

မြစ်ကြီးနားဖက်ကဆင်းလာတဲ့တပ်တွေနဲ့တာလောကြီးဖက်ကဆင်းလာတဲ့တပ်တွေကိုလည်း နမ့်ဆန်ယန် အနီးမရောက်အောင် KIA ကကြားဖြတ်တိုက်နေပါတယ်

တပ်အင်အားကတော့မသိနိုင်ပေမဲ့ KIA ဟာလိုင်ဇာကိုစစ်မျက်နှာနှစ်ခုဖွင့်ပြီးကာကွယ်နေရသလိုဖြစ်နေတယ်

လက်ရှိအနေအထားက ပြင်းပြင်းထန်ထန်ဖြစ်တဲ့တိုက်ပွဲမျိုးတော့မရှိသေးသလို တပ်ဖက်က KIA တပ်စခန်းတွေကို လေကြောင်းပစ်ကူ အမြောက်ပစ်ကူတွေသုံးပြီးဝင်သိမ်းတာမျိုးတော့မရှိသေးဖူး

တပ်ကနမ်ဆန်ယမ်ကိုထိမ်းချုပ်ဖို့ပဲလုပ်နေတဲ့သဘောပဲရှိတယ် သူ့ကိုထိမ်းချုပ်ပြီးရင်တော့ အမြောက်ပစ်ကူ လေကြောင်းပစ်ကူတွေနဲ့နောက်စစ်မျက်နှာတစ်ခုထပ်ဖွင့်လာနိုင်တယ်...
ဒါကတော့ဘယ်နေရာဖြစ်မလည်းမသိနိုင်ဖူး

တပ်က KIA ရဲ့ပထမခံစစ်စည်းကိုဖြတ်ဖို့လုပ်နေတုန်းလို့ပဲပြောနိုင်မယ်။

https://t.me/kokhan1985/10570

ပေါင်းတည်PDFပဒက်(၅)ဦးဖမ်းဆီးရမိပြီးစခန်းမီးရှို့ပြာချခံရပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်လက်ပံခုံမြောက်ရွာမှPDFပ...
18/07/2023

ပေါင်းတည်PDFပဒက်(၅)ဦးဖမ်းဆီးရမိပြီးစခန်းမီးရှို့ပြာချခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်လက်ပံခုံမြောက်
ရွာမှPDFပဒက်(၅)ဦးဒီနေ့မနက်၉နာရီအချိန်ဖမ်းဆီးရမိကြောင်းသိရသည်။



https://t.me/kokhan1985/10568

အိန္ဒိယ - မြန်မာနယ်စပ်မှာ အကြမ်းဖက် PDF ၄ ဦး ကျပ်ငွေ သိန်း ၂၀၀ ကျော်၊ စကားပြောစက်၊ ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းဆီးရမိတယ်ဆို...
18/07/2023

အိန္ဒိယ - မြန်မာနယ်စပ်မှာ အကြမ်းဖက် PDF ၄ ဦး ကျပ်ငွေ သိန်း ၂၀၀ ကျော်၊ စကားပြောစက်၊ ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုပြီး ဇူလိုင်လ ၁၃ ရက်နေ့က အာသံရိုင်ဖယ်တပ်က ထုတ်ပြန်ထားပါတယ်။ အိန္ဒိယကတော့ အိမ်နီးချင်းကောင်းပီသနေပြီ။ အကြမ်းဖက် PDF တွေရဲ့ နေဝင်ချိန် မကြာခင်ရောက်တော့မယ်။



https://t.me/kokhan1985/10567

၁၀-၇-၂၀၂၃ ရက်နေ့က နေပြည်တော် ထန်းတပင် VIP ရပ်ကွက်နေ အလုပ် သမားဒုညွှန်ချုပ်အိမ် ဓားမြတိုက်သည့် တရားခံမိပြီနေပြည်တော်၊ဒက္ခ...
18/07/2023

၁၀-၇-၂၀၂၃ ရက်နေ့က နေပြည်တော် ထန်းတပင် VIP ရပ်ကွက်နေ အလုပ် သမားဒုညွှန်ချုပ်အိမ် ဓားမြတိုက်သည့် တရားခံမိပြီ

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦး၏နေအိမ်အတွင်း ဝင်ရောက်ပြီး အသင်စောင့်ဆိုင်းကာ အိမ်ရှင်ရောက်ရှိချိန်တွင် ဓားပြတိုက်ကာထွက်ပြေး၊၎င်းတရားခံအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပါပြီ



https://t.me/kokhan1985/10565?single

သတင်းကြေညာချက်
18/07/2023

သတင်းကြေညာချက်

Breaking Newsဇူလိုင် ၁၆ ရက်(ယနေ့)တွင် အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးမှုကြေ...
18/07/2023

Breaking News

ဇူလိုင် ၁၆ ရက်(ယနေ့)တွင် အများပြည်သူသုံးလမ်းမပေါ်တွင် မိုင်းများထောင်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေသွားရောက်ရှင်းလင်းရာ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် ရွာသစ်ကျေးရွာကြားအရောက်တွင် မိုင်း ၄ လုံးပေါက်ကွဲ၍ ပစ်ခတ်ရှင်းလင်းရာ
(၁) မိုင်းဆွဲရန် စောင့်ဆိုင်းနေသော PDF ၂ လောင်း
(၂) မုန့်ဗုံးဖြင့်လုပ်ထားသော လက်လုပ်မိုင်း ၉ လုံး
(၃) ရှော့တိုက်လက်လုပ်စိန်ပြောင်း ၂ လက်
(၄) ဝါယာကြိုး ၁ ခွေ
(၅) ဘက်ထရီအိုး ၃ လုံး
တို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့။
-
မြှပ်နှံထားသောမိုင်းများအား တပ်မတော်မိုင်းရှင်းစစ်သည်များမှ အသက်ကို ပဓာနမထားဘဲ ပြည်သူများအတွက် ရှင်းလင်းပေးနိုင်ခဲ့ပါသည်။



https://t.me/kokhan1985/10563?single

နှုတ်ကိုစောင့်စည်းတယ်ဆိုတာကိုယ်ပြောတဲ့စကားတခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်၊မှားရင်မပြောနဲ့။မှန်နေယုံနဲ့ပြောမလားဆို မှန်...
18/07/2023

နှုတ်ကိုစောင့်စည်းတယ်ဆိုတာ
ကိုယ်ပြောတဲ့စကားတခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်၊မှားရင်မပြောနဲ့။

မှန်နေယုံနဲ့ပြောမလားဆို မှန်ယုံနဲ့လည်းမပြောနဲ့ဦး အကျိုးရှိမှပြော။

ဟုတ်လည်းဟုတ်တယ် မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ်၊ ပြောရမလားဆို အချိန်ကိုကြည့်ဦးပြောသင့်တဲ့အချိန်လား မပြောသင့်တဲ့အချိန်လား။

မှန်လည်းမှန်တယ် အကျိုးလည်းရှိတယ်၊ ပြောသင့်တဲ့အချိန်ရောက်ပြီ ဘယ်လို လေ သံမျိုးနဲ့ပြောရမလည်းဆို ယဉ်ကျေးတဲ့ လေ သံနဲ့ပြောစကားလုံးအသုံးအနှုံး ယဉ်ကျေးပါစေ။

ဘယ်လိုစိတ်နဲ့ပြောရမလဲဆို မေတ္တာစိတ် နဲ့ပြောရမယ်။

(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

မြစ်ငယ်မြို့၊ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးနှင့် အပြစ်မဲ့ပြည်သူများအား  ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရ...
17/07/2023

မြစ်ငယ်မြို့၊ မီးရထားဆေးရုံ ဆေးရုံအုပ်ကြီးနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ကျူးလွန်ခဲ့သည့် မြစ်ငယ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင်လ - ၁၇

https://t.me/kokhan1985/10553?single

အတတ်နိုင်ဆုံး ကြိုးစားပါ ရှုံးမှာကြောက်တဲ့စိတ်ကြောင့်အိမ်မက်တွေ ပျက်စီးမသွားစေနဲ့ ။မှားမှာကြောက်တဲ့စိတ်ကြောင့်စိတ်ကူးတွေ...
17/07/2023

အတတ်နိုင်ဆုံး ကြိုးစားပါ

ရှုံးမှာ
ကြောက်တဲ့စိတ်ကြောင့်
အိမ်မက်တွေ ပျက်စီးမသွားစေနဲ့ ။

မှားမှာ
ကြောက်တဲ့စိတ်ကြောင့်
စိတ်ကူးတွေ ပျက်စီးမသွားစေနဲ့ ။

လွဲချော်သွားမှာ
ကြောက်တဲ့စိတ်ကြောင့်
အတွေးတွေ ပျက်စီးမသွားစေနဲ့ ။

ဝေဖန်ခံရမှာ
ကြောက်တဲ့စိတ်ကြောင့်
မိမိအလုပ်တွေ ပျက်စီးမသွားစေနဲ့ ။

အောင်မြင်သွားတိုင်း
ကျရှုံးခြင်းတွေ အမှားတွေ
လွဲချော်မှုတွေ ဝေဖန်ခြင်းတွေကို
ခံစားခဲ့ရ ကြုံတွေ့ခဲ့ကြရပါတယ် ။

မိမိလည်း
အောင်မြင်တဲ့သူ
တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်

မိမိရဲ့
အိမ်မက်တွေ စိတ်ကူးတွေ
အတွေးတွေ အလုပ်တွေကို
ဘာအကြောင်းနဲ့မှပျက်စီးမသွားအောင်
အတတ်နိုင်ဆုံး ကြိုးစားပါ ။

🙏အရှင်ဇဝန(ရွှေကုန်းမြေ)🙏

#မေတ္တာဖြင့်ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်

မြန်မာအပေါ်ချမှတ်ထားတဲ့ အမေရိကန်ဦးဆောင်တဲ့ စီးပွားရေးပိတ်ဆို့မှုဟာ လွဲမှားတဲ့လုပ်ဆောင်ချက်ဖြစ်နေပြီး မြေပြင်မှာ အမှန်တကယ...
16/07/2023

မြန်မာအပေါ်ချမှတ်ထားတဲ့ အမေရိကန်ဦးဆောင်တဲ့ စီးပွားရေးပိတ်ဆို့မှုဟာ လွဲမှားတဲ့လုပ်ဆောင်ချက်ဖြစ်နေပြီး မြေပြင်မှာ အမှန်တကယ်အလုပ်မဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာဆောင်းပါး မှာဖော်ပြ

*မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက ဆယ်ဆုနှစ်များစွာမှာ ကျင့်သုံးနေရှိတဲ့ sanctions ခေါ် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်များဟာ လွဲမှားတဲ့လုပ်ဆောင်ချက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီတိုးတက်မှုဖြစ်စဉ်အတွက်သော်လည်းကောင်း၊ မြန်မာပြည်သူများအကျိုးစီးပွား အတွက်အကျိုးတစ်စုံတစ်ရာမရှိဘဲ၊ ၎င်းတို့ရဲ့ ပြိုင်ဘက် တရုတ်နဲ့ ရုရှားတို့ ရဲ့ ရင်းနှီးမြုပ်နှံမှုကသာ ပိုမို အရေးသာသွားလေ့ရှိကြောင်းနဲ့ NUG/PDF များကို ဖျက်အားပြင်းလက်နက်မဟုတ်တဲ့ အကူအညီများပေး မယ်ဆိုတဲ့ US National Defense Authorization Actဖြည့်စွက်ချက်ဟာလည်း သမ္မတ အိုဘားမားလက်ထက် ဆီးရီးယားနဲ့ ယူကရိန်း ဒေသတွေမှာ ကျင့်သုံးခဲ့ဖူးပြီး တကယ်တမ်းကျတော့ စစ်ရေးနဲ့ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့တာမျိုးပဲဖြစ်နေကြောင်းနဲ့ အမေရိကန်ရဲ့ ဒီလိုလွဲမှားတဲ့လုပ်ဆောင်ချက် တွေဟာ လစ်ဗျားနိုင်ငံ ပြိုကွဲ ပြီးဒေသတွင်း လုံခြုံအေးချမ်းမှုကို ထိခိုက်တာမျိုးသာဖြစ်စေနိုင်တာဖြစ်ကြောင်းနဲ့ နစက က ထိန်းသိမ်းနိုင်နေလို့သာ ဒီလိုအဖြစ်ဆိုးမျိုးမဖြစ်တာ ဖြစ်ကြောင်း ဘာလင်အခြေစိုက်ရောဘတ်ဗို့ချ်အကယ်ဒမီ အဖွဲ့ဝင်နဲ့ အိန္ဒိယနိုင်ငံ မူဝါဒသုတေသန စင်တာ၊ မဟာဗျူဟာလေ့လာရေး ပါမောက္ခ နဲ့ ‌ဒေါက်တာ Brahma Chellaney, ရဲ့ ရေးသားချက်ကို ဘန်ကောက်ပို့စ် သတင်းစာကြီးက ဖော်ပြထားခြင်းဖြစ်ပါတယ်
Ref:
:https://www.bangkokpost.com/opinion/opinion/2611889/. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post PCL. All rights reserved.

KNUတပ်မဟာ၄နဲ့ကော်သူးလေပဒက်တို့ပစ်ခတ်မှုဖြစ်ပွားပြီးစခန်းသိမ်းဖျက်ဆီးခံရဇူလိုင်၁၆၊၂၀၂၃။ထားဝယ်၊မေတ္တာ-ထီးခီးလမ်းပိုင်းပိတ်...
16/07/2023

KNUတပ်မဟာ၄နဲ့ကော်သူးလေပဒက်တို့ပစ်ခတ်မှုဖြစ်ပွားပြီးစခန်းသိမ်းဖျက်ဆီးခံရ
ဇူလိုင်၁၆၊၂၀၂၃။

ထားဝယ်၊မေတ္တာ-ထီးခီးလမ်းပိုင်းပိတ်တယ်ဆိုတဲ့ကော်သူးလေပဒက်တို့စခန်းအားဝင်ရောက်ပစ်ခတ်သုတ်သင်​ြပီးသိမ်းပိုက်ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။

KNUတပ်မဟာ၄ရင်း(၁၀)ခွဲ၁နဲ့၂တို့ပူးပေါင်းပြီးကော်သူးလေပဒက်ဗိုလ်အယ်ကွီး(KTLA)ပျားဆေးချောင်းစခန်းကိုဇူလိုင်၁၅ရက်မနက်၁၀နာရီအချိန်မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

KNUတပ်မဟာ၄က ထီးခီးလမ်းပိုင်းမှာကော်သူးလေတပ်ရင်း၁နယ်မြေဆိုပြီးဝင်ရောက်နှောင့်ယှက်လာသူမှန်သမျှဆက်လက်သုတ်သင်ရှင်းလင်းသွားမည်ဟုထရုမီဒီယာကိုပြောဆိုသည်။



https://t.me/kokhan1985/10451

Address


Website

Alerts

Be the first to know and let us send you an email when The Fighters Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share