Inn Seinn News

  • Home
  • Inn Seinn News

Inn Seinn News နောင်ချိုမြို့နယ်၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ပြည်သူလူထုထံသို့ ရောက်ရှိရန်။

24/02/2025

နောင်ချိုဒေသခံပြည်သူများ နီးစပ်ရာများသို့ ရွှေ့ပြောင်းတိမ်းရှောင်နေရ

နောင်ချိုမြို့တောင်ဘက်ပိုင်း၊ တောင်ရှည်-တောင်းခမ်းနယ်တွင် TNLA-PDF နှင့် စစ်ကောင်စီတို့ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် နေရာအနှံအပြားသို့ နေ့စဉ်ဗုံးများ လာရောက်ကြဲချနေသည့်အပြင် ဓနု PDF မှလည်း ညအချိန်လူငယ်များကို တစ်အိမ်တက်ဆင်း လိုက်လံခေါ်ယူနေသောကြောင့် ဒေသခံပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/မ များ ခေါ်ယူခြင်း👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫🍀      တအာင်းပြည်ပညာရေးကောင်စီ (TLEC) သည် တအာ...
21/02/2025

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/မ များ ခေါ်ယူခြင်း
👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫👩‍🏫

🍀 တအာင်းပြည်ပညာရေးကောင်စီ (TLEC) သည် တအာင်းပြည်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မှ စတင်ပြီး အခြေခံပညာစာသင်ကျောင်းများကို (၃) နှစ်တိုင် ဖွင့်လှစ်ခဲ့ပါသည်။ တအာင်းပြည်အတွင်း ရှိ ကျောင်းနေရွယ် ကျောင်းသူ/သားများ ပညာရေးအခွင့်အလမ်း ရရှိစေပြီး အရည်အသွေးပြည့်မီသည့် ပညာရေးစနစ်ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေရန် ဦးတည်၍ အကောင် အ ထည်ဖော် ဆောင်ရွက်နေပါသည်။
🍀 ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀) ကျော်၊ ကျောင်း သူ/သား (၆၆၀၀၀) ကျော် နှင့် ဆရာ/မ (၃၅၀၀) ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်လည်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် နှင့် မိုးမိတ် မြို့နယ်တို့တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း (၇၀၀) ကျော် ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်နေပါသည်။
🍀 ထိုသို့ အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန်အတွက် အရည်အချင်း ပြည့်ဝသည့် ဆရာ/မ များစွာလိုအပ်နေပါသည်။ ထို့ကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနမှ CDM ပြုလုပ်ထားသည့် ဆရာ/မ (၅၀၀) ဦး နှင့် TLEC တွင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/မ အသစ် (Preservice teacher) (၁၀၀၀) ဦး ခေါ်ယူ ခန့်အပ်သွားမည်ဖြစ်ပါသည်။

🧑‍🏫ပညာရေးဌာန မှ CDM ဆရာ/မ များ👨‍🏫
🚻 ခေါ်ယူမည့် အရေအတွက်
• (၅၀၀) ဦး

👨‍🏫 စံသတ်မှတ်ချက်
1. CDM မှန်ကန်ကြောင်း ဘုတ်အဖွဲ့၏ ထောက်ခံချက်ရှိရမည်။
2. အနည်းဆုံး ပညာရေးဆိုင်ရာ ဘွဲ့ (သို့) သင်တန်းဆင်းလက်မှတ် တစ်ခုခု ရရှိရမည်။
3. အလုပ်အပေါ်တွင် စိတ်ပါဝင်စားမှုရှိပြီး အနည်းဆုံး ပညာသင်နှစ် တစ်နှစ်အပြည့် တာဝန်ထမ်း ဆောင်နိုင်သူ ဖြစ်ရမည်။
4. TLEC မှ သတ်မှတ်ပြဌာန်းထားသည်း ဆရာ/မ လက်စွဲနှင့် မူဝါဒများကို လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်
5. စဉ်ဆက်မပြတ်လေ့လာသင်ယူမှုရှိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
6. ဒေသနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်သူ ဖြစ်ရမည်။
7. TLEC မှ ကျင်းပပြုလုပ်သည့် သင်တန်းများနှင့် စေလွှတ်သည့် သင်တန်းများကို တက်ရောက်နိုင် သူဖြစ်ရမည်။

👨‍🏫 အကျိုးခံစားခွင့်
1. မိမိထမ်းဆောင်သည့် တာဝန်အလိုက် လစဉ် အကျိုးခံစားခွင့်များ
2. ဆရာ/မ များအတွက် TLEC မှ သတ်မှတ်ထားသည့် ဝန်ဆောင်မှုနှင့် အခြားအကျိုးခံစားခွင့်များ

🔺 လျှောက်လွှာပိတ်ရက်
• ၂၀၂၅ ခုနှစ်၊ မေလ၊ (၂၅) ရက်

🌐 တာဝန်ထမ်းဆောင်ရမည့် နေရာ
• တအာင်းပြည်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်။

_______________________________________________________

👩‍🎓ဆရာ/မ အသစ်များ (Preservice teacher)👨‍🎓
🚻 ခေါ်ယူမည့် အရေအတွက်
• (၁၀၀၀) ဦး

👨‍🏫 စံသတ်မှတ်ချက်
1. အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင် (သို့) BECA ဖြေဆိုပြီးသူ ဖြစ်ရမည်။
2. TLEC မှ ဖွင့်လှစ်မည့် စွမ်းရည်မြှင့်တင်ရေးသင်တန်း (၃) လ ကို တက်ရောက်နိုင်သူ ဖြစ်ရမည်။ (ဤ (၃) လ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ဇွန်လအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တအာင်းပြည်အတွင်းတွင် တက်ရောက်ရမည် ဖြစ်ပါသည်။)
3. အလုပ်အပေါ်တွင် စိတ်ပါဝင်စားမှုရှိပြီး အနည်းဆုံး ပညာသင်နှစ် (၂) နှစ်အပြည့် တာဝန်ထမ်း ဆောင်နိုင်သူ ဖြစ်ရမည်။
4. TLEC မှ သတ်မှတ်ပြဌာန်းထားသည်း ဆရာ/မ လက်စွဲနှင့် မူဝါဒများကို လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်
5. စဉ်ဆက်မပြတ်လေ့လာသင်ယူမှုရှိပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
6. ဒေသနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်သူ ဖြစ်ရမည်။
7. TLEC မှ ကျင်းပပြုလုပ်သည့် သင်တန်းများနှင့် စေလွှတ်သည့် သင်တန်းများကို တက်ရောက်နိုင် သူဖြစ်ရမည်။

👨‍🏫 အကျိုးခံစားခွင့်
3. မိမိထမ်းဆောင်သည့် တာဝန်အလိုက် လစဉ် အကျိုးခံစားခွင့်များ
4. ဆရာ/မ များအတွက် TLEC မှ သတ်မှတ်ထားသည့် ဝန်ဆောင်မှုနှင့် အခြားအကျိုးခံစားခွင့်များ
5. ဖွင့်လှစ်မည့် (၃) လ သင်တန်းကို တက်ရောက်ရန် အခွင့်အလမ်းရရှိမည်။

🔺 လျှောက်လွှာပိတ်ရက်
• ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ (၁) ရက်

🌐 တာဝန်ထမ်းဆောင်ရမည့် နေရာ
• တအာင်းပြည်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်။

☘️ လျှောက်ရန်အတွက် ဤ Link ထဲတွင် ဝင်ရောက်ဖြည့်စွက်ရန် -
👇👇
https://ee-eu.kobotoolbox.org/x/Zzwwq5ul

📞အလုပ်ခေါ်စာနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရန်အတွက်

📌 ရုံးချိန် - နံနက် (၉း၀၀) နာရီ မှ ည (၅း၀၀) အထိ
📨 Viber & Telegram – 09 974 388 152
📨 Signal – 09 890 677 837
📩 Email: [email protected]
📨 page messenger: Ta’ang Land Education Council – TLEC

#တအာင်းပြည်ပညာရေးကောင်စီ

#အလုပ်ခေါ်စာ
#ဆရာ/မ
Crd

ငွေရည်ပုလဲကုမ္ပဏီအုပ်စု Crown Concrete တွင် တာဝန်ထမ်းဆောင်ရန် General Helper - ကျား( ၂ ) ဦးဖုန်း    - 09977150435Viber -...
18/02/2025

ငွေရည်ပုလဲကုမ္ပဏီအုပ်စု Crown Concrete တွင် တာဝန်ထမ်းဆောင်ရန်
General Helper - ကျား( ၂ ) ဦး
ဖုန်း - 09977150435
Viber - 09965809593
လျှောက်လွှာများအား (21.2.2025) ရက်နေ့ နောက်ဆုံးပေးပို့ လျှောက်ထားနိုင်ပါသည်။




Crd :

11/02/2025

ယနေ့ ၁၂-၂-၂၀၂၅ ရက်နေ့ဟာဆိုရင်ဖြင့် မြန်မာ့လွတ်လပ်‌ေရးကြိုးပမ်းမှုသမိုင်းမှာ တံတားတစ်ခုသဖွယ် ပေါင်းကူးပေးခဲ့ပြီး တောင်တန်းပြည်မ သွေးစည်း ညီညွတ်ကြောင်းကို ထုတ်ဖော်ပြသခဲ့တဲ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ပဲ ဖြစ်ပါတယ်။ မြန်နိုင်ငံအတွင်းရှိ တိုင်းရင်းသား များအားလုံး သွေးစည်း ညီညွတ်ပြီး ြငိမ်းချမ်းကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်ခင်ဗျာ🙏🙏🙏

09/02/2025

စစ်မှုထမ်းရန်အတွက် ဒေသခံပြည်သူများကို လိုက်လံ‌ေခါ်ယူနေ
နောင်ချိုမြို့နယ် တောင်ဘက်ပိုင်း၊ ဓနုကျေးရွာများတွင် စစ်မှုထမ်းရန်အတွက် ဓနုPDFမှ ညသန်းခေါင်အချိန်တွင် လိုက်လံခေါ်ယူနေကြောင်း သိရသည်။ လူငယ်များ မရှိပါက လူကြီးမိဘများကို ခေါ်ဆောင်သွားပြီး နောက်ရက်တွင် သား/သမီးများနှင့် ပြန်လဲကြကြောင်းသိရသည်။

09/02/2025

ဒေသခံများကို အမြန်ရွှေ့ပြောင်းခိုင်း
နောင်ချိုမြို့နယ်တောင်ဘက်ပိုင်း၊ တောင်ရှည်-‌ေတာင်းခမ်း ကျေးရွာ အနီးတစ်၀ိုက်ရှိ ကျေးရွာ (၁၄)ရွာတွင် နေထိုင်ကြသော အိမ်ထောင်စုများအားလုံးကို TNLA -PDF မှ ယမန်‌ေန့ ညနေ(၄)နာရီ အပြီး ရွှေ့ပြောင်းခိုင်းနေကြောင်း သိရှိရသည်။

23/01/2025

နောင်ချိုမြို့နယ်22.1.2025ဂန့်ကော်ကျေးရွှာပြောင်းချိုးသွားပီမိုင်းနင်းမိရာတဦးသေဆုံးပီတဦးထိခိုက်ဒဏ်ရာရ

22/01/2025

အပြစ်မဲ့ပြည်သူများ သေဆုံးမှုများရှိ

TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ (၂)ရက်ဆက်တ်ုိက် ဗုံး(၅)လုံး ကြဲချမှုကြောင့် အပြစ်မဲ့ပြည်သူများ (၁၀)ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။မြို့နေပြည်သူများ အထူးသတိထားရန်လိုအပ်ပြီး အမြန်တိမ်းရှောင်ထားကြရန်လည်း လိုအပ်ပါသည်။
စစ်ဘေးမှ အားလုံးကင်းဝေးကြပါစေ🙏

21/01/2025
လေဖြတ်ရောဂါအကြောင်းသိကောင်းစရာ(၂)လေဖြတ်ရောဂါဖြစ်မှာ ကြောက်သလားဟု မေးလျှင် လူတိုင်းကြောက်သည်ဟု ဖြေကြမည်ဖြစ်ပါ သည်။ လေဖြတ်...
18/01/2025

လေဖြတ်ရောဂါအကြောင်းသိကောင်းစရာ(၂)

လေဖြတ်ရောဂါဖြစ်မှာ ကြောက်သလားဟု မေးလျှင် လူတိုင်းကြောက်သည်ဟု ဖြေကြမည်ဖြစ်ပါ သည်။ လေဖြတ်၊ ဦးနှောက်သွေးကြောပြတ်ပြီး တစ်ခါတည်းအသက်ဆုံးရှုံးသွားလျှင် ကိစ္စမရှိပါ။ ငွေကုန် ကြေးကျများစွာဖြင့် ဆေးကုသပြီး ကိုယ်တစ်ခြမ်းသေ တစ်ပိုင်းသေနှင့် အိပ်ယာထဲတွင် နေပြီး အသက်ရှင် ရသောဘဝ၊ တွဲကြပါ။ ထူပေးကြပါ။ ဝမ်းသွားဖို့၊ ဆီးသွားဖို့ကအစ သူများကူမှ ကိစ္စပြီးရသည့် ဘဝဆိုးတွင် အသက်ရှင်နေလျှင်လည်း သေရသည်ကမှ ကောင်းသေးသည်။ မိသားစုကို ဒုက္ခပေးအသက်ရှင်ရမည့် ဘဝကိုမလိုလားပါ။ ဘဝသေသည်ထက် အသက်သေသည်ကမှ ကောင်းသေးသည်ဟု ဆိုကြပါသည်။
လေဖြတ်သည့်လူနာကို မေးသည့်အခါအထက်ပါ အဖြေကို ရသည်။ လေဖြတ်ပြီး ကိုယ်တစ်ခြမ်း သေ၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်းမသန်စွမ်းသော ဘဝဖြင့် မည်သူကမျှ အသက်မရှင်လိုပါ။ သို့သော် လေ ဖြတ်သူများကို ကြည့်ပြီး လေမဖြတ်ချင်ပါဟု ပြောသူများသည် မည်သို့ကာကွယ်ရမည်ကိုလည်း မသိရှိသူက များပါသည်။ အမှန်မှာ လေဖြတ်မည့် ရှေ့ပြေးနိမိတ် လက္ခဏာများ ရှိသည်ကို မသိကြ၍သာဖြစ်သည်။

လေဖြတ်ခြင်းအမျိုးမျိုး

လေဖြတ်ရခြင်း အကြောင်းရင်းမှာ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည့် ဦးနှောက်၏ သွေးထောက်ပံ့မှု့ ပြတ်တောက်သွားရခြင်းကြောင့် ဖြစ်သည်။ သွေးထောက်ပံ့မှု မရရှိသော ဦးနှောက်အစိတ်အပိုင်း တစ်ခုခုမှ ခိုင်းစေသည့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်စိတ်တစ်ဒေသဖြစ်စေ၊ ကိုယ်တစ်ခြမ်းဖြစ်စေ၊ တစ်ကိုယ်လုံးဖြစ် စေ မလှုပ်ရှားနိုင် မစွမ်းဆောင်နိုင်တော့ခြင်းကို လေဖြတ်သည်ဟု ခေါ်သည်။

ဦးနှောက်သွေးထောက်ပံ့မှု မရစေသော အကြောင်းရင်းများမှာ အဓိကအားဖြင့် -
၁။ သွေးခဲ သို့မဟုတ် အဆီခဲတစ်မျိုးမျိုးသွေးကြောအတွင်း ပြတ်မျောသွားပြီး ဦးနှောက်သို့်ရောက်ရှိကာ ပိတ်ဆို့မှုဖြစ်ခြင်း။

၂။ သွေးတိုးခြင်း၊ အပူအအေးလွန်ကဲခြင်း၊ Heat Stroke စသောအကြောင်းအရာတို့ကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ခြင်း။

၃။ ဦးခေါင်းအတွင်း အကျိတ်ဖြစ်ခြင်း၊ သို့မဟုတ် ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိခြင်း။

အထက်ပါအကြောင်းအရာများကြောင့် လေဖြတ်ခြင်း၊ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း မလှုပ်ရှား နိုင်ခြင်းတို့ ဖြစ်စေနိုင်သည်။

ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း

ကျန်းမာရေး အထူးလိုက်စားသူတစ်ဦးသည် ကျန်းမာရေးအတွက် နေ့စဉ်နံနက်တိုင်း ဂေါက်သီးရိုက် သည်။ စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် တစ်နေကုန် ဂေါက်ကွင်းတွင် အချိန်ကုန်သည်။ ဂေါက်သီး ရိုက်ခြင်း၏ အရသာမှာ လေကောင်းလေသန့်ရသည့် ကွင်းပြင်ကျယ်ကြီးများနှင့် မြက်ခင်းစိမ်းများပေါ်တွင် လမ်းလျှောက်သွားရခြင်း ဖြစ်ပါသည်။ ဂေါက်သီးရိုက်ခြင်းသည် နည်းစနစ်နှင့် စတိုင်ကျပြီး ပင်ပန်းမှုလည်း အလွန်အကျွံမရှိသည့် ကစားနည်းဖြစ်သည်။

နွေနေပူသည့် နေ့လည်ခင်းတစ်ခုတွင် ဂေါက်သီးရိုက်ခြင်းကို ခေတ္တနားသည်။ ဂေါက်ကွင်းတွင်ရှိ သော အနားယူသည့်နေရာတွင် အစားအသောက်ရောင်းချသည့်ဆိုင်၊ အရက်ကောင်တာ၊ ဂေါက်သီးအပို ပစ္စည်းများ ရောင်းချသည့်ဆိုင်၊ ကော်ဖီဆိုင်ရှိသည်။ ထုိ့အပြင် ခေါင်းလျှော်ပေးသည့် ဗြူးတီးဆလွန်းလည်း ရှိသည်။
ဂေါက်သီးရိုက်ရာမှ နေပူ၍ ခေတ္တနားသူ အသက် ၅၀ ကျော် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် အပန်းဖြေရင်း ခေါင်းလျှော်လိုက်ရာမှ သတိလစ်သွားသည်။ အပူထဲမှ လာပြီး ရေအေးနှင့် ခေါင်းလျှော်ခြင်း ကြောင့် ဦးနှောက်အတွင်းမှ သွေးကြောပေါက်သွားခြင်းဖြစ်သည်။

အသက်မဆုံးရှုံးသော်လည်း လေဖြတ် ဝေဒနာရေရှည်ခံစားရသူအဖြစ်နှင့် နောက်ပိုင်းဂေါက်သီးလည်း မကစားနိုင်တော့ပါ။ လွန်ခဲ့သော ၅ နှစ်ခန့် ကလည်း ထိုကဲ့သို့ပင် ဂေါက်သီးရိုက်သူလူကြီးတစ်ဦး အနားယူချိန်တွင် ခေါင်းလျှော်လိုက်ရာမှ ဦးနှောက် သွေးကြောပြတ် အသက်ဆုံးရှုံးသွားခဲ့ဖူးသည်ဟု ကြားသိရသည်။
နေပူထဲမှပြန်လာပြီး ရုတ်တရက် ရေအေး ဖြင့် ဦးခေါင်းကို လောင်း၍ ခေါင်းလျှော်ခြင်းသည် အလွန်အန္တရာယ်ကြီးသည်။

အခြားလေဖြတ်သူတစ်ဦးမှာ ကျန်းမာရေးကို အလွန်ဂရုစိုက်လွန်းပြီး ဆေးသောက်မကြောက်သူ ဖြစ်သည်။ ဆေးဝါးမျိုးစုံကို ကျန်းမာရေးအတွက် သုံးစွဲသည်။ အားဆေးများကိုလည်း နေ့စဉ်မှီဝဲသည်။ အညောင်းအကိုက်ဝေဒနာကအစ အဖြစ်မခံ။ ထစ်ခနဲဆိုလျှင် ပရာစီတမောသောက်သည်။ ဆေးအမျိုးမျိုး ကို ဖတ်ရှုလေ့လာပြီး အိမ်တွင်ဆောင်ထားသည်။

တစ်ရက်တွင် နေပူထဲမှပြန်လာပြီး ချွေးထွက်များလာ သည်။ သူ့ခန္ဓာကိုယ်မှ ဓာတ်ဆားများဆုံးရှုံးသွားပြီဟု ယူဆကာ ဓာတ်ဆားထုတ်တစ်ထုတ်ကို ရေကျက် အေးတစ်ပုလင်းနှင့်ဖျော်ပြီး ကုန်အောင်သောက်လိုက်သည်။ ထိုသို့ သောက်ပြီးနောက်ပိုင်းတွင် ခေါင်းမူး လာပြီး လဲကျသွားသည်။ အိမ်အနီးမှ ဆေးခန်းပြသောအခါ သွေးပေါင်အလွန်အမင်းတက်နေသည်ကို တွေ့ ရသဖြင့် ဆေးရုံတင်လိုက်ကြသည်။ သွေးတိုးတက်ပြီး ကိုယ်တစ်ခြမ်းလေဖြတ်သောဝေဒနာကို ခံစားသွားရ သည်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးများကို မိမိသဘောဖြင့် သောက်
သုံးလေ့ရှိသူများ၏ အမှားပင် ဖြစ်သည်။

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း

စာရေးသူကြုံတွေ့ဖူးသော အခြားလေဖြတ်သူတစ်ဦးမှာ ခေတ်ပညာတတ်စာပေဝါသနာရှင် တစ်ဦး ဖြစ်သည်။ အသက် ၆၀ ကျော် အငြိမ်းစားတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သည်။ အလွန်ဖတ်သည်ဆိုရခြင်းမှာ အိမ်သာတက်သည့်အခါတိုင်း စာအုပ်တစ်အုပ် သို့မဟုတ် ဂျာနယ်တစ်ဆောင် နှစ်ဆောင် အိမ်သာထဲယူ သွားပြီးဖတ်လေ့ရှိသည်။ တစ်ရက်တွင် အိမ်သာထဲမှ ထွက်မလာ။ တံခါးခေါက်သော်လည်း မထူးသဖြင့် အိမ်နီးချင်းများ အကူအညီခေါ်ပြီး တံခါးဖျက်ဝင်သောအခါ အိမ်သာထဲတွင် လဲကျပြီး သတိလစ်နေသည်ကို တွေ့ရသည်။

အိမ်သာကြာကြာ ထိုင်သူများသည် ခြေနှစ်ဖက်ကို ကွေးပြီး ဆောင့်ကြောင့်ထိုင်ရသည်။ ထိုသို့ထိုင် သောအခါ လူဝလျှင် တံကောက်ကွေးရှိသွေးကြောကို ခေါက်ပြီးပိတ်ထားသကဲ့သို့ဖြစ်သည်။ နှလုံးမှညှစ် ထုတ်ပို့လွှတ်သော သွေးသည် တံကောက်ကြောတွင် အချိန်ကြာကြာ ပိတ်မိသောအခါ နောက်ကြောင်းပြန် ပြီး နှလုံးသို့ စီးဆင်းရာမှ ဖိအားတစ်ခု ဖြစ်ပေါ်လာပြီး သွေးပေါင်တတ်လာတတ်သည်။ သွေးဖိအားကြောင့် သွေးခဲငယ်တစ်ခုသည် ပြုတ်ပါသွားကာ သွေးစီးကြောင်းနှင့်အတူ ဦးနှောက်သို့ ရောက်ရှိသွားပြီး သွေး ထောက်ပံ့မှု မရရှိတော့သောကြောင့် အိမ်သာထဲမှာပင် မူးလဲသွားခြင်းဖြစ်သည်။ ထိုသူမှာ လေဖြတ်သွား ခြင်းဖြစ်သည်။ ဦးနှောက်သွေးကြော ပိတ်လျှင်ဖြစ်စေ ပေါက်လျှင်ဖြစ်စေ ခန္ဓာကိုယ်တစ်ခြမ်း လေဖြတ်နိုင် သည်။

လူကြီးများအသက်ကြီးလာလျှင် ဆောင့်ကြောင့်ထိုင်ရသော ရိုးရိုးအိမ်သာအစား ဗိုလ်ထိုင်ဟု ခေါ် ကြသော ထိုင်သွားရသော အိမ်သာကြွေအိုးကို သုံးသင့်သည်။ တံကောက်သွေးကြောပိတ်ခြင်း၊ ခေါက်ထိုင် ရခြင်းကို သက်သာစေသဖြင့် အိမ်သာထဲတွင် သွေးကြောပိတ်၍ မူးလဲကျခြင်းမှ သက်သာစေနိုင်သည်။

အသက်ကြီးလာလျှင် ငယ်ရွယ်သူများကဲ့သို့ သွေးကြောများပျော့ပျောင်းမှု မရှိတော့သဖြင့် ပိတ်လွယ် ပေါက် လွယ်သည်ကို သတိပြုသင့်သည်။ ပလတ်စတစ်ပိုက်များအသုံးပြုစက ပျော့ပျောင်းနေသော်လည်း ကြာ လာသောအခါ မာဆတ်လာသည်ကို သတိပြုသင့်သည်။

ဦးနှောက်သွေးကြောပြတ်ခြင်း

နေပူထဲမှပြန်လာပြီး အိမ်ရောက်ရောက်ခြင်း ရေခဲသေတ္တာထဲမှ ရေသန့်တစ်ဘူးထုတ်ယူပြီး မော့ချ လိုက်ရာမှ မူးလဲကျသွားပြီး ဦးနှောက်သွေးကြောပြတ် လေဖြတ်သွားသူတစ်ဦးကိုလည်း မန္တလေးမြို့တွင် တွေ့ရဖူးသည်။ ထိုသူမှာလည်း အသက် ၅၀ ကျော်မျှသာရှိသေးသည်။ နိုင်ငံခြားအထိ သွားရောက်ကုသ သော်လည်း ရာနှုန်းပြည့် ပြန်ကောင်းမလာပါ။ ရေခဲရေတစ်ခွက်နှင့် လေဖြတ်လဲကျသွားသူများအကြောင်း မကြာခန ကြားသိရသည်။

အသက်ကြီးသူများတွင် သွေးကြောပိုက်လိုင်းများမှာ ကျွတ်ဆတ်မာကြောခြင်း၊ ဆွေးမြေ့ခြင်းများ ဖြစ်နေသဖြင့် သွေးဆောင့်တိုးလျှင် သွေးကြောပေါက်ရုံသာမက သွေးကြောပြတ်သွားခြင်းပါ ဖြစ်နိုင်သည်။

သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်းနှင့် လေဖြတ်ခြင်းမှာ ဆက်နွယ်နေသဖြင့် အဆိုပါရောဂါများဝင်လာ ပြီဆိုလျှင် မိမိသဘောဖြင့် မဟုတ်ဘဲ တတ်ကျွမ်းနားလည်သည့် ဆရာဝန်သမားတော်များနှင့် ပြသကုသမှု ခံယူသင့်သည်။ အချို့မှာ သွေးပေါင်ချိန်တိုင်းကိရိယာ၊ ဆီးချိုတိုင်းကိရိယာဖြင့်မစစ်ဆေးဘဲ မိမိသဘောဖြင့် ဆေးသောက်လိုက် ဖြတ်လိုက်လုပ်ခြင်း၊ ဆေးမြီးတိုများကို စာစောင်များတွင်တွေ့၍ ဖြစ်စေ၊ သူများပြော သံကြားနှင့်ဖြစ်စေ၊ သုံးစွဲနေခြင်းတို့ကြောင့် ရုတ်တရက်သွေးတိုးဆီးချိုတက်ပြီး
လေဖြတ်ခြင်းဝေဒနာခံစား ရနိုင်ပေသည်။

အခြားအကြောင်းမှာ ယခုခေတ်ပေါ်အစားအသောက် ဆိုးဆေးဓာတုပစ္စည်းဖြင့် ပြုလုပ်ထားသော အချိုမှုန့်များ၊ ဟင်းခတ်မှုန့်များ၊ အသီးမှည့်ဆေးများ၊ အပုပ်အသိုးခံသည့်ဆေးများ၊ ငါးပိ၊ ငါးခြောက်များ တွင်သုံးသည့် ယင်မနားဆေးများ၊ အသီးအနှံများတွင်ဖျန်းသည့် ကြီးထွားဆေးများကြောင့်လည်း သွေးတိုး၊ နှလုံးနှင့် နောက်ဆက်တွဲ လေဖြတ်ရောဂါများ အဖြစ်များလာသည်ကို တွေ့နေရပါသည်။ ဆေးရုံကြီးရှိ ဦး နှောက်နှင့် အာရုံကြောကုသမှုဌာနတွင် နေ့စဉ်လေဖြတ်လူနာများ ရောက်ရှိနေပြီး တိုင်းရင်းဆေးနှင့် ကုသ သည့် ဆေးရုံမျာတွင်လည်း လေဖြတ်နာတာရှည် လူနာများဖြင့် အမြဲပြည့်လျက်ရှိသည်ကို တွေ့နေရပါ သည်။

အသက်အရွယ်ကြီးလာလျှင် အထူသဖြင့် အသက် ၅၀ ကျော်လာလျှင် လေဖြတ်မည့် ရှေ့ပြေး လက္ခဏာများ ပြလာတတ်ပါသည်။ အထူးသဖြင့် မျိုးရိုးတွင် လေဖြတ်သူရှိဖူးသူများ သတိထားသင့်ပါသည်။ ကြိုတင်ပြမည့် လက္ခဏာများ ရှိပါသည်။

စာရေးသူကိုယ်တိုင် လေဖြတ်သူများကို ကုသခဲ့သည့် အနှစ် ၃၀ အတွင်း သတိပြုမိသည့် လေဖြတ် မည့် ရှေ့ပြေးလက္ခဏာ များမှာ -

၁။ ရေချိုးပြီးလျှင် မျက်စိများ နီရဲခြင်း။
၂။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း။
၃။ မျက်ခွံနှင့် မျက်နှာ ကြွက်သားများ ဆက်ခနဲလှုပ်ခြင်း။
၄။ မကြာခန ဝမ်းချုပ်ပြီး ဗိုက်တွင် လေပွနေခြင်း။
၅။ ညအိပ်ချိန်ထုံကျဉ်ပြီး လန့်နိုးခြင်း၊ လျှာကိုက်မိခြင်း။
၆။ ဆီးအနီရောင်သွားခြင်း။
၇။ ပစ္စည်းများကိုင်လျှင် မကြာခန လွတ်ကျတတ်ခြင်း၊ ဖိနပ်ကျွတ်ထွက်ခြင်း။
၈။ ဘယ်ဘက်လက်ကိုက်ပြီး လက်မတွင် ထုံခြင်း၊ ခြေဆွဲခြင်း၊ စကားပြောလေးခြင်း။
၉။ အမျိုးသားများ ၄၅ နှစ်ကျော်လျှင် ရက်ရှည် ခြေလက်များထုံကျဉ်ခြင်း။ (အမျိုးသမီး)များ သွေးဆုံး ချိန်တွင် ခြေလက်များထုံကျဉ်ခြင်း။
၁၀။ မျက်စိအမြင်ဝေဝါးခြင်း၊ ရုတ်တရက်မှောင်မဲသလိုဖြစ်ပြီးမှ ပြန်မြင်ရခြင်း။

အထက်ပါ လက္ခဏာများဖြစ်လာလျှင် သတိရှိပါ။ လျှင်မြန်စွာ စစ်ဆေးကုသမှု ခံယူဖို့ လိုပါသည်။

အချို့လူများတွင် လက္ခဏာများသည် ဖြစ်ပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်နေတတ်သည်။ နာရီ ပိုင်းမျှ လေဖြတ်သလိုဖြစ်ပြီး အလိုအလျောက် ပြန်ကောင်းသွားသူများလည်း ရှိသည်။
ထိုသူများသည် လေ ဖြတ်မည့် ရှေ့ပြေးလက္ခဏာကို သတိမပြုလျှင် မကြာမီ ရှေ့ ၂ နှစ်အတွင်းလေဖြတ်နိုင်သည်ဟု သုတေသီ များက ဆိုထားပါသည်။

လေဖြတ်ခြင်းသည် နာတာရှည် ရောဂါမျိုးဖြစ်ပြီး ရာနှုန်းပြည့် ပြန်ကောင်းဖို့ အလွန်ခဲယဉ်းပါသည်။ မိမိသာမက မိသားဝင်များပါ လူနာကို နှစ်ရှည်လများ ပြုစုပေးရင်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ရောဂါ မျိုးဖြစ်သဖြင့် ကြိုတင်သတိပြုကြရန် စေတနာဖြင့် တင်ပြလိုက်ရပေသည်။

ကြည်လွင်မြင့်(မုဒြာ)

18/01/2025

ဘန့်ဘွေး-နောင်ချို လမ်းမကြီးအား ပြန်မဖွင့်သေးဘဲ အုမ္မသီး-သုံးဆယ်-ယင်းငူပင် - လွန်းကျော် လမ်း ပိုင်းအား ဆိုင်ကယ်များဖြတ်သန်းနိုင်ပြီးကားများကို အချိန်ပိုင်းဖြင့်ဖြတ်သန်းခွင့်ပေးနေကြောင်း သိရသည်။

18/01/2025

ရေ၀င်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ
နောင်ချိုမြို့နယ်၊ ရေ၀င်ကျေးရွာတွင် တပ်စွဲထားသော TNLA-PDF နှင့် ကံ့ကော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်းမှစ၍ ပြန်၍ လက်နက်ကြီးငယ်များဖြင့် ပြန်လည် ပစ်ခတ်နေကြောင်းသိရသည်။

Address

Naunghkio

Website

Alerts

Be the first to know and let us send you an email when Inn Seinn News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inn Seinn News:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share