Just Tech

Just Tech “Technology is a useful servant but a dangerous master.”

Steve Jobs

vivo X200 Ultra ထွက်ပါတယ်သူကြီးပဲလားဆိုတော့မဟုတ်သေးပါဖူးSony @6700 Cameraလေးကိုပါယှဉ်ပြီးတော့ထွက်တာပါ
21/04/2025

vivo X200 Ultra ထွက်ပါတယ်

သူကြီးပဲလားဆိုတော့မဟုတ်သေးပါဖူး

Sony @6700 Camera

လေးကိုပါယှဉ်ပြီးတော့ထွက်တာပါ

Xiaomi 15 Ultra ရဲ့ ကြွကြွရွရွ အလှပုံရိပ်များ
24/02/2025

Xiaomi 15 Ultra ရဲ့ ကြွကြွရွရွ အလှပုံရိပ်များ

ကြောင်ပျောက်နေတာလား အတောင်ပေါက်လာတာလား ခွဲခြားမရတော့တဲ့ Apple ရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့  iPhone 17 Pro Design. တဲ့ 🙂Phot...
18/02/2025

ကြောင်ပျောက်နေတာလား အတောင်ပေါက်လာတာလား ခွဲခြားမရတော့တဲ့ Apple ရဲ့ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ iPhone 17 Pro Design. တဲ့ 🙂

Photo :

Camera တွေကိုအမှတ်ပေးတဲ့ DxO Mark မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်တဲ့ HUAWEI
08/05/2024

Camera တွေကိုအမှတ်ပေးတဲ့ DxO Mark မှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်လိုက်တဲ့ HUAWEI

၁၈ ရက်နေ့ မနက် ၁၂ နာရီခွဲမှာတော့ S24 Series ကို Officially မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်
03/01/2024

၁၈ ရက်နေ့ မနက် ၁၂ နာရီခွဲမှာတော့ S24 Series ကို Officially မိတ်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်

Xiaomi ရဲ့ EV အသစ် SU7 မှာပါဝင်လာမည့်အဓိက နည်းပညာ (  ၅ ) မျိုး Xiaomi က ဒီနေ့မှာတော့ သူတို့ရဲ့ EV Car အသစ်မှာပါလာမဲ့ နည်...
28/12/2023

Xiaomi ရဲ့ EV အသစ် SU7 မှာပါဝင်လာမည့်အဓိက နည်းပညာ ( ၅ ) မျိုး

Xiaomi က ဒီနေ့မှာတော့ သူတို့ရဲ့ EV Car အသစ်မှာပါလာမဲ့ နည်းပညာတွေကို မိတ်ဆက်တဲ့ပွဲ ပြုလုပ်ပေးသွားခဲ့ပါတယ်။ တစ်ကယ်တန်းမှာတော့ ဒီ Car က Officially တော့မထွက်သေးဖူးလို့ပြောလို့ရတယ်ဆိုပေမဲ့ ဒီ Car မှာပါလာတဲ့ အဓိကအချက်တွေကိုတော့ တရားဝင်ထုတ်ပြလိုက်တဲ့ပွဲလို့ဆိုရမှာပါ။

Xiaomi EV Car အသစ်မှာ အဓိက နည်းပညာ ၅ ခုကိုအသုံးပြုသွားမယ် . . .

၁ ။ E- Motor

EV ကားတစ်စီးရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ E-Motor ကိုတော့ လတ်တလော Super Motor V8s , V6 , V6s ဆိုပြီး Xiaomi အနေနဲ့ ( ၃ ) မျိုးစမ်းထားတယ်လို့သိရပါတယ်။ ဒီအထဲမှာ V8s ကတော့ 547PS , V6s ကတော့ 374PS , V6 ကတော့ 299 PS Power ရှိမှာဖြစ်ပြီးအသစ်ထွက်လာမဲ့ Xiaomi SU7 မှာတော့ ဒီ ( ၃ ) မျိုးလုံးကို Option အနေနဲ့ ထည့်ပေးသွားဖို့ရှိပါတယ်။

၂။ Autonomous Driving

ဒါကတော့ Auto Pilot လိုမျိုး အလိုအလျောက်မောင်းနှင်ပေးနိုင်မည့် နည်းပညာပါ။ Xiaomi ကတော့ Xiaomi Pilot လို့နာမည်ပေးထားပြီး AI နဲ့ Rader Sensor နည်းပညာတွေပေါင်းထားတဲ့အတွက် Parking ထိုးတဲ့နေရာတွေမှာ ပိုမိုကောင်းမွန်လာမယ် ၊ နောက်ကိုယ်ရှိတဲ့နေရာကို ကားကိုခေါ်ချင်တယ်ဆိုရင်လည်း ဖုန်းကနေတစ်ဆင့် ပြန်လည်ခေါ်ယူနိုင်တာမျိုးတွေပါအသုံးပြုနိုင်မည့် နည်းပညာကိုထည့်သွင်းပေးသွားမှာပါ။

၃။ Hyper Casting

ဒါကတော့ထုံးစံအတိုင်း ကားတစ်စီးတည်ဆောက်တဲ့နေရာမှာ Body Chassis ကို Casting လုပ်ပေးတဲ့နည်းပညာပါ။ ဒီ Hyper Casting နည်းပညာကြောင့်ကားကိုတည်ဆောက်တဲ့နေရာမှာ ဂဟေဆော်ရမည့် Joint နေရာပေါင်း ၈၄၀ နဲ့ ကားရဲ့ အလေးချိန်ကို ၁၄ ရာခိုင်နှုန်းထိလျှော့ချပေးသွားမည့် နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့်ပဲ ကားရဲ့ အတွင်းခန်း အသံဆူညံမှုကိုလျှော့ချပေးသွားနိုင်မည့်အပြင် ကားရဲ့ Body Chassis ကိုလည်း ပိုမိုမာကျောလာစေမှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောချက်အရတော့ ဒီနည်းပညာကြောင့် Body Chassis ဟာ 20 Million+ km ထိပိုမိုကြာရှည်ခံသွားမှာပါ။

၄ ။ Smart Cabin

ဒါကတော့ မကြာသေးခင်ကမှ မိတ်ဆက်ပေးသွားခဲ့တဲ့ Xiaomi ရဲ့ Hyper OS ပါပါဝင်လာပါပြီ။ ဒီ Smart Cabin အတွက်ကိုတော့ Xiaomi က ၁၆.၁ လက်မထိကြီးတဲ့ 3K Display ကိုသုံးပေးထားပါတယ်။ Performance အတွက်ကိုတော့ Qualcomm ရဲ့ Snapdragon 8295 ကို အသုံးပြုပေးထားပါတယ်။ EV Car ဆိုတဲ့အလျောက် ကားတစ်စီးလုံးကိုဒီ Smart Cabin က Control လုပ်လို့ရမှာဖြစ်ပြီးလောလောဆယ်မှာ Android ရော iOS ရော ၂ မျိုးလုံးနဲ့ သုံးနိုင်မယ်လို့သိရပါတယ်။

၅။ Battery

Battery အတွက်နည်းပညာကိုတော့ CTB လို့ခေါ်တဲ့ Cell to Body နည်းပညာကိုအသုံးပြုထားတဲ့အတွက် ကားရဲ့ Body ခိုင်ခန့်မှုကလဲပိုပြီးတိုးလာမှာဖြစ်သလိုအတွင်းခန်းကလဲ ပိုမိုကျယ်ကျယ်ဝန်းဝန်းနေရာရရှိသွားမှာပါ။ Range အနေနဲ့တော့ 150 kWဆိုရင် 1200+km Range ထိရရှိမယ်ဆိုပေမဲ့ တစ်ကယ်တန်း SU7 မှာသုံးပေးထားမှာက 101kW ဆိုတော့ Range အနေနဲ့ 800 km Range ထိအသုံးပြုနိုင်ပါမယ်။ အားပြန်သွင်းတဲ့နေရာမှာတော့ Xiaomi ရဲ့ Hyper Charge နည်းပညာကိုအသုံးပြုပေးထားပြီး ၅မိနစ်အားသွင်းယုံနဲ့ 220 km နဲ့ ၁၅ မိနစ်အားသွင်းရင် 510km ထိမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ကဲXiaomi ရဲ့ မကြာမှီလာမည်ဆိုတဲ့ EV အသစ် ကိုဘယ်လိုမြင်ကြလဲဗျ . . .

Source : Twitter / Xiaomi

Official ကားကိုမိတ်မဆက်သေးပဲမဲ့ နည်းပညာနဲ့ ပုံစံတွေကို ချပြလိုက်ပြီဖြစ်တဲ့ Xiaomi ရဲ့ EV ကားအသစ်More info coming soon ..
28/12/2023

Official ကားကိုမိတ်မဆက်သေးပဲမဲ့ နည်းပညာနဲ့ ပုံစံတွေကို ချပြလိုက်ပြီဖြစ်တဲ့ Xiaomi ရဲ့ EV ကားအသစ်

More info coming soon ..

Lamborghini ကားမဝယ်နိုင်ပေမဲ့ Redmi ရဲ့ Lamborghini နဲ့ Collab လုပ်ထားတဲ့ K70 လဲ ဝယ်နိုင်မယ်မထင်ပါဖူး 🫠
29/11/2023

Lamborghini ကားမဝယ်နိုင်ပေမဲ့ Redmi ရဲ့ Lamborghini နဲ့ Collab လုပ်ထားတဲ့ K70 လဲ ဝယ်နိုင်မယ်မထင်ပါဖူး 🫠

Xiaomi ရဲ့ EV Car လာပြီဟိုနားကသတင်းစလေးတွေ ထွက်လာလိုက် ဒီနားက သတင်းစလေးတွေ ထွက်လာလိုက်နဲ့ နောက်ဆုံးမှာတော့ Xiaomi ရဲ့ SU...
16/11/2023

Xiaomi ရဲ့ EV Car လာပြီ

ဟိုနားကသတင်းစလေးတွေ ထွက်လာလိုက် ဒီနားက သတင်းစလေးတွေ ထွက်လာလိုက်နဲ့ နောက်ဆုံးမှာတော့ Xiaomi ရဲ့ SU7 EV Car သတင်းအချက်အလက်တွေက MIIT လို့ခေါ်တဲ့ China’s Minestry of Industry and Information Technology ကောင်းမှုနဲ့ ထွက်ရှိလာခဲ့ပါပြီ။

Xiaomi ရဲ့ EV Car အသစ်တွေကိုတော့ BJ7000MBEVR 2 - Single Motor အမျိုးအစားနှင့် BJ7000MBEVA1 - Dual Motor ဆိုပြီး အမျိုးအစား ၂စားထွက်လာဖို့ရှိနေပါတယ်။ SU7 ကတော့ 4997mm အရှည်ရှိမှာဖြစ်ပြီး အကျယ်အဝန်းအနေနဲ့တော့ 1963mm ထိရှိမှာဖြစ်သလို ကားအမြင့်အနေနဲ့တော့ 1455mm ထိရှိမှာပါ။ Wheel Base အနေနဲ့ ဆိုရင်တော့ 3000 mm ထိရှိသွားပါမယ်။ဒီပမာဏက သူ့ရဲ့အဓိက ပြိုင်ဖက်တွေဖြစ်လာနိုင်တဲ့ Tesla Model 3 နှင့် Nio ET5 တို့ထက် ပိုကျယ်တဲ့ ပမာဏလို့လဲ ပြောလို့ရပါတယ်။

ကားတစ်စီးလုံးရဲ့ အလေးချိန်အနေနဲ့တော့ SU7 မှာ 1980kg ထိရှိမှာဖြစ်သလို SU7 Pro အတွက်ကိုတော့ 2205 kg ထိရှိမှာပါ။

Single Motor အမျိုးအစားဖြစ်တဲ့ SU7 မှာတော့ 220 kW ( 295 hp ) ထိရှိမှာဖြစ်ပြီး Motor အတွက်ကိုတော့ Bosch နဲ့ Zhonglian Automotive Electronics တို့ ပူးပေါင်းထားတဲ့ United Automotive Electirc System ကနေ ထုတ်လုပ်ပေးသွားမှာပါ။

Battery အမျိုးအစားအတွက်ကိုတော့ Lithium Phosphate ( LFP ) Batteriesတွေကိုအသုံးပြုသွားမှာဖြစ်ပြီး ဒီ Battery တွေကိုတော့ BYD Affiliate FinDreams ကထုတ်လုပ်ပေးသွားမှာပါ။ ဒါ့အပြင်ဝယ်ယူမည့်သူတွေအနေနဲ့လည်း Optional အနေနဲ့ roof-mounted LiDAR System ကိုထည့်သွင်းအသုံးပြုပြီး Autonomous Driving ကိုလည်းတပ်ဆင်နိုင်ပါသေးတယ်။

Xiaomi အနေနဲ့ SU7 ကို December လ လောက်မှာ စတင်ပြီး Mass Production အနေနဲ့ထုတ်လုပ်သွားဖို့ရှိနေပြီး 2024 Feb ( MWC ပွဲကာလ ) အတွင်းမှာ မိတ်ဆက်ပေးသွားဖို့လဲ ပြင်ဆင်နေတယ်လို့သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ Xiaomi အနေနဲ့ SU7 ကို CNY 300,000 အောက်နဲ့ရောင်းချပေးသွားနိင်တယ်လို့လဲ သတင်းတွေထွက်ပေါ်နေပါတယ်။

Ref: GSMArena

OnePlus ရယ် MKBHD နဲ့ Google တို့ပေါင်းပြီး OnePlus Open Foldable Phone အလုံး ၁၀၀ ထိ Giveaway ပေးသွားဖို့ရှိနေပါတယ်တဲ့ ....
01/11/2023

OnePlus ရယ် MKBHD နဲ့ Google တို့ပေါင်းပြီး OnePlus Open Foldable Phone အလုံး ၁၀၀ ထိ Giveaway ပေးသွားဖို့ရှိနေပါတယ်တဲ့ ......... မပျော်သွားပါနဲ့ဦး ..... ကျွန်တော်တို့နိုင်ငံမပါပါဖူး 🥲

Apple က Oct 30 ရက်နေ့မှာ Scary Fast ဆိုတဲ့ Online Launch Event တစ်ခု ကျင်းပပေးသွားဖို့ရှိနေပါတယ်။ ဒီတစ်ခါတော့ Mac အလှည့်...
24/10/2023

Apple က Oct 30 ရက်နေ့မှာ Scary Fast ဆိုတဲ့ Online Launch Event တစ်ခု ကျင်းပပေးသွားဖို့ရှိနေပါတယ်။ ဒီတစ်ခါတော့ Mac အလှည့်ပါ ။

၂၆ ရက်နေ့မှ မိတ်ဆက်မယ်ဆိုပေမဲ့ Xiaomi 14 ပုံစံတွေတော့ထွက်လာပါပြီ Xiaomi 13  ပုံစံကိုအပြောင်းအလဲမရှိသလောက်ပဲဆိုပေမဲ့ ဒီဇိ...
24/10/2023

၂၆ ရက်နေ့မှ မိတ်ဆက်မယ်ဆိုပေမဲ့

Xiaomi 14 ပုံစံတွေတော့ထွက်လာပါပြီ

Xiaomi 13 ပုံစံကိုအပြောင်းအလဲမရှိသလောက်ပဲ

ဆိုပေမဲ့ ဒီဇိုင်းပိုင်းမှာ Xiaomiအနေနဲ့လည်း

ဒီလို တည်တည်ငြိမ်ငြိမ် ဖြစ်သင့်နေတာ

ကြာပါပြီ

Address


Website

Alerts

Be the first to know and let us send you an email when Just Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share