Quick Tech

Quick Tech Something new.

Xiaomi က ထုတ်ပြသွားတာတွေအများကြီးပဲ။ ဒါကို စိတ်ဝင်စားတယ်၊ အစိမ်းရောင်ကိုလည်းလိုချင်တယ်၊ Website မှာ (တရုတ်) အထိ သွားရှာတ...
26/09/2025

Xiaomi က ထုတ်ပြသွားတာတွေအများကြီးပဲ။ ဒါကို စိတ်ဝင်စားတယ်၊ အစိမ်းရောင်ကိုလည်းလိုချင်တယ်၊ Website မှာ (တရုတ်) အထိ သွားရှာတာလည်း မတွေ့သေးဘူး။ ထော်ကိုင်းမှာလည်း ရောင်းပါ့မလား မသိဘူး။ မရလည်း တရုတ်ပြည်ကနေ မှာမယ်။ 🫩

16/09/2025

iOS 26 feels a bit half baked. Not new UI for Stand By mode. Buggy safari and some other bugs in stable release. ဘာတွေတွေ့ကြုံကြရသေးလဲ။

Let’s gooooo 🫗
15/09/2025

Let’s gooooo 🫗

ဂျင်မီ မနေ့ညက အဲ့စကားမိုက်ရိုင်းတယ်နော်
21/08/2025

ဂျင်မီ မနေ့ညက အဲ့စကားမိုက်ရိုင်းတယ်နော်

ခရီးသွားတဲ့အခါ အကောင်းဆုံး အိတ်ဆောင် ကင်မရာက ဖုန်းတွေ ဖြစ်နေတုန်းပါပဲ။ App တွေအများကြီး စုံအောင်သုံးနိုင်ရင်တော့ ပိုပြီး...
23/06/2025

ခရီးသွားတဲ့အခါ အကောင်းဆုံး အိတ်ဆောင် ကင်မရာက ဖုန်းတွေ ဖြစ်နေတုန်းပါပဲ။ App တွေအများကြီး စုံအောင်သုံးနိုင်ရင်တော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်လို့ ရနိုင်သေးတာပဲလေ။

ဒီပုံတွေကတော့ iPhone 12 Pro Max ဖုန်းမှာ၊ Dazz Camera App သုံးပြီး ရိုက်ထားတဲ့ပုံတွေပါ။

ယူနီကုဒ်က စံစနစ်ဖြစ်သွားတဲ့နောက်ပိုင်း တိုင်းရင်းသား ဘာသာစကားတွေအတွက်လည်း ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ယူနီကုဒ်မပြောင်းရသ...
13/06/2025

ယူနီကုဒ်က စံစနစ်ဖြစ်သွားတဲ့နောက်ပိုင်း တိုင်းရင်းသား ဘာသာစကားတွေအတွက်လည်း ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ယူနီကုဒ်မပြောင်းရသေးရင် ပြောင်းလဲအသုံးပြုဖို့၊ ဇော်ဂျီကနေ စနစ်ပြောင်းဖို့ အကူအညီပေးနိုင်တဲ့ Application တွေလည်း အများကြီး ရှိနေပါပြီ။ ယူနီကုဒ်ကို တွင်တွင်ကျယ်ကျယ် ပြောင်းလဲအသုံးပြုနိုင်တဲ့ခေတ်ကို ရောက်လာတာက နည်းပညာတိုးတက်မှုမှာ ကြီးမားတဲ့ကိစ္စတစ်ခုပါပဲ။

What’s up? It’s DubDub day. The drama unfolds soon. 🤣🤣🤣 Quick Tech admin remembered the account password again.
09/06/2025

What’s up? It’s DubDub day. The drama unfolds soon. 🤣🤣🤣 Quick Tech admin remembered the account password again.

နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ World Wide Developer Conference (WWDC) 2025 ကို လာမယ့် ဇွန်လ ၉ ရက်နေ့မှာ စမယ်လို့ Apple က မနေ့...
26/03/2025

နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ World Wide Developer Conference (WWDC) 2025 ကို လာမယ့် ဇွန်လ ၉ ရက်နေ့မှာ စမယ်လို့ Apple က မနေ့ညကပဲတရားဝင် ကြေငြာလိုက်ပါတယ်။ DubDub လို့လည်း လူသိများတဲ့ WWDC က နှစ်တိုင်း Apple Developer တွေ၊ ကျောင်းသားတွေ၊ နည်းပညာသတင်းသမားတွေနဲ့၊ Apple Fan တွေ၊ User တွေအတွက် အရေးပါတဲ့ ပွဲတစ်ခုဖြစ်လို့ စိတ်ဝင်စားမှုလည်း များပါတယ်။

WWDC ရဲ့ ထုံးစံအတိုင်း တစ်ပတ်လောက် ဆက်တိုက်ကျင်းပမှာဆိုပေမယ့် ပထဆုံး ဖွင့်ပွဲနေ့မှာ လုပ်လေ့ရှိတဲ့ Opening Keynote က ကျွန်တော်တို့တွေ စိတ်ဝင်စားတဲ့အပိုင်းပါပဲ။ ဒီ Keynote မှာ Apple ရဲ့ Software တွေနဲ့ပတ်သက်ပြီး Version အသစ်တွေကို မြင်ရမှာဖြစ်လို့ပါ။

iOS / iPadOS / macOS / watchOS / tvOS နဲ့ visionOS အသစ်တွေမှာ ဒီနှစ် အပြောင်းအလဲ များမယ်လို့ Mark Gurman လို စိတ်ချရတဲ့သူဆီကနေလည်း သတင်းတွေ ထွက်ထားသေးတယ်။ ဒီထဲမှာ iOS ကတော့ စိတ်ဝင်စားမှုအများဆုံးပေါ့။

လက်တလော သတင်းတွေ ပေါက်တာ၊ ကောလဟာလတွေထွက်တာ၊ စိတ်ကူးယဥ်ပြီး ဖန်တီးထားတဲ့ iOS 19 နဲ့ပတ်သက်တဲ့ မီဒီယာတွေ အများကြီး ပွထနေတာဖြစ်လို့ WWDC မတိုင်ခင်အထိကတော့ မျက်စိနောက်နေဦးမှာပါ။ မျက်စိနောက်စရာလို့ပဲယူဆလို့လည်း Quick Tech မှာ မ Share ဖြစ်ပါဘူး။ "Expectations are the thief of joy” ဆိုတာလိုပဲ ဘာမှ ကြိုမမျှော်လင့်ထားတာကောင်းတယ်။

iOS 19 က ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်လို့ ပြောရတာ လွယ်လွယ်လေးပါ။ အခုချိန်ထိ တိတိကျကျကြီးတော့ ဘယ်သူမှ မပြောနိုင်သေးဘူးယူဆတယ်။ ဒါပေမယ့် Apple Event တွေကို နောက်ကြောင်းကောက်ကြည့်မယ်ဆိုရင် မှန်းလို့ရတဲ့အပိုင်းအစလေးတွေ အမြဲပါတယ်။

ဥပမာ - Event Invitation မှာသုံးတဲ့ Graphic Element တွေ၊ Apple Logo အထားအသို၊ Design ၊ အရောင်၊ စသဖြင့် ကြည့်ရင် ကြည့်သလို မြင်မိမယ်ဟာတွေ အများကြီးပါ။ အခုတစ်ခေါက်မှာတော့ WWDC25 အတွက် Apple သုံးနေကျ Rainbow Color နဲ့ Apple Park အဝိုင်းကြီးကို မြင်ရမှာပါ။

Apple Park အဝိုင်းကြီးကို သုံးတာ ဒါပထမဆုံးမဟုတ်ပါဘူး။ iPhone XS မိတ်ဆက်တဲ့ 2018 Apple Event မှာတုန်းကလည်း သုံးဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ရွှေရောင် Apple Park ဖြစ်ပြီး ထွက်တဲ့ iPhone XS တွေရဲ့ အရောင်သစ်ကလည်း ရွှေရောင်ပါပဲ။ အခု တစ်ခေါက် WWDC25 မှာပါတဲ့ Apple Park ကတော့ visionOS ကလိုမျိုး Skeumorphic နဲ့ Glassmorphism နှစ်ခုအရော UI Design ဆန်ဆန်မျိုးပဲဆိုတော့ စိတ်ဝင်စားစရာ တစ်ခုပေါ့။

WWDC မှာ iOS တစ်ခုပဲ ပြမှာမဟုတ်ဘူး၊ OS တွေအကုန်လုံး တစ်ခါတည်း Update တွေ ပြမှာဆိုတော့ ဒါက iOS 19 တစ်ခုတည်းအတွက်ပဲ ထည့်စဥ်းစားလို့မရဘူး။ ကျန်တဲ့ OS တွေမှာလည်း အပြောင်းအလဲ အနည်းနဲ့အများ ပါလာကောင်း ပါလာနိုင်တယ်။ macOS ကလည်း BigSur မှာတုန်းက ကြီးကြီးမားမား နောက်ဆုံး UI အပြောင်းအလဲ လုပ်ထားတာဖြစ်လို့ Design မပြောင်းတာ ၅ နှစ်ပြည့်တော့မယ်။

Again - "Expectations are the thief of joy”. စိတ်ထဲမှာတော့ လိုချင်တဲ့ အပြောင်းအလဲတချို့ရှိပေမယ့် ဘာမှမျှော်လင့်နေတာပဲကောင်းပါတယ်။ ဇွန်လ ၉ ရက်နေ့ကျမှပဲ Opening Keynote ကို စောင့်ကြည့်ကြတာပေါ့။

vivo Vision တဲ့။ ရောင်းဖို့တော့ မထုတ်သေးဘူး။ Prototype Model တောင် ဒီ ၂၀၂၅ နှစ်လည်ပိုင်းလောက်မှ ထွက်မှာတဲ့။ လောလောဆယ်က v...
25/03/2025

vivo Vision တဲ့။ ရောင်းဖို့တော့ မထုတ်သေးဘူး။ Prototype Model တောင် ဒီ ၂၀၂၅ နှစ်လည်ပိုင်းလောက်မှ ထွက်မှာတဲ့။ လောလောဆယ်က vivo Vision ရဲ့ Design ကိုပဲ ကြိုပြီး ပြထားတာ။

ဘာမှအားနာစရာမလိုဘူး၊ Apple Vision Pro Copycat လို့ပြောစရာဖြစ်နေတာတော့ ပြောရမှာပဲ။ ဘေးကနေ ပါဝါကြိုး ထုတ်ထားတာကနေ External Battery Pack နဲ့ ဖြစ်နေတာအပြင် Headband ကလည်း Apple Vision Pro က Design နဲ့ တအားနီးစပ်နေတယ်။

သူတို့ကလည်း Spatial Computing ဘာညာတော့ စကားလုံးအကြီးကြီးတွေ သုံးနေတာပဲ။ Software ကတော့ သူတို့ကိုယ်ပိုင်ဖြစ်တဲ့ BlueOS နဲ့ လာမယ်လို့ ကနဦး သိထားရတယ်။

BlueOS က ကိုယ်မှာ ဝတ်ဆင်လို့ရတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေအတွက် vivo တို့ကိုယ်တိုင် ဖန်တီးထားတဲ့ ကိုယ်ပိုင် Operation System တစ်ခုပါ။ ၂၀၂၃ တုန်းက ထွက်ထားတဲ့ vivo Watch 3 ဆိုရင် BlueOS နဲ့ပါ။

ဒီ vivo Vision က ဘယ်ကိုဆက်သွားပြီး ဘာဖြစ်လာမယ်ဆိုတာတော့ မှန်းရခက်ပါတယ်။ AR နဲ့ Spatial Computing လောကထဲကို Samsung ကလည်း စနေဝင်နေတာ (Project Mohan က) အတော် ခရီးရောက်စပြုနေပါပြီ။

အရှတိုက်ရဲ့ အချစ်တော်ကြီး Xiaomi ကတော့ AR ပိုင်းမှာ ဘာမှမလာသေးဘူးဆိုပေမယ့် နောက်ကွယ်မှာ တစ်ခုခု ကြိတ်လုပ်နေမယ်ဆိုတာတော့ ထင်မိတာပဲ။

Photo - GizChina
ကိုးကား - Gizchina / GSM Arena /

Opinion | မတ် ၂၃၊ ၂၀၂၅ | Quick Tech ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကပဲ ဥရောပကော်မရှင် (European Comission) က Apple အတွက် နောက်ထပ် ခ...
23/03/2025

Opinion | မတ် ၂၃၊ ၂၀၂၅ | Quick Tech

ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကပဲ ဥရောပကော်မရှင် (European Comission) က Apple အတွက် နောက်ထပ် ခေါင်းစားစရာကိစ္စတစ်ခု ထပ်ပေးထားပါတယ်။ ဥရောပကော်မရှင်ရဲ့ DMA (Digital Markets Act) ဒီဂျစ်တယ် စျေးကွက်များဆိုင်ရာ အက်ဥပဒေ အောက်မှာပဲ ထပ်တိုးတောင်းဆိုမှုတစ်ခုအဖြစ် အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မှု (Interoperability) ကိစ္စနဲ့ပတ်သက်လို့ တိုးလာတာပါ။

ဒီအပိုင်းက Apple ရဲ့ ရှိပြီးသား Ecosystem ထဲကပစ္စည်းတွေ အချင်းချင်း ချိတ်ဆက်အသုံးပြုနိုင်တာနဲ့ ဆင်တူတာမျိုးကို တခြားကုမ္ပဏီတွေဆီက ပစ္စည်းတွေမှာလည်း ဒီအတွေ့အကြုံကို ထပ်တူရဖို့၊ ချိတ်ဆက်တဲ့အခါ အထစ်အငေ့ါမရှိ၊ အကန့်အသတ်နည်းနည်းနဲ့ သဟဇာတဖြစ်ဖို့၊ အသုံးပြုရတာ ပိုပြီး လွယ်ကူရိုးရှင်းဖို့ Apple က လုပ်ပေးရမယ်ဆိုပြီး ဥရောပကော်မရှင်က တောင်းဆိုတာ။

ဥရောပကော်မရှင်က တောင်းဆိုသလို Apple က လုပ်ပေးလိုက်မယ်ဆိုရင် ဥရောပမှာ Apple ပစ္စည်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ ထုတ်ကုန်ပစ္စည်းအမျိုးအစားတွေကို ပိုများများ ရွေးချယ်လို့ရလာမှာဆိုပြီးတော့လည်း ရှင်းပြထားပါသေးတယ်။

iOS Connectivity Feature တွေကို ပြင်ပ Device တွေအတွက် ဖွင့်ပေးဖို့ဆိုတာမှာ အစိတ်အပိုင်းတွေ အများကြီး ပါပါတယ်။ ဥပမာ - Apple Watch မဟုတ်တဲ့ နာရီတွေမှာ Notification တွေပြေပေးဖို့၊ iOS Device တွေနဲ့ တခြားသော Device တွေကြားမှာလည်း (AirDrop လိုမျိုး) Peer-to-Peer Wi-Fi Connection ၊ NFC Connection တွေနဲ့ ချိတ်ပြီး Data အမြန်ကူးနိုင်ဖို့၊ Device Set-Up လုပ်တဲ့အခါ ပိုပြီး လွယ်ကူဖို့ ဆိုတာမျိုးတွေ တောင်းဆိုချက်ထဲမှာ ထည့်ရေးထားပါတယ်။

ဒါပို ပိုပြီး မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် ဟင်းချက်ပြိုင်ပွဲဆိုကြပါစို့။ ပြိုင်တဲ့သူ ၃ ယောက်ရှိတယ်။ ဥရောပကော်မရှင်က ဒိုင်လူကြီး။ ပြိုင်တဲ့သူထဲက ၁ ဦးက Apple ထားလိုက်။ ဟင်းချက်ပြိုင်ပွဲက ဒီဟင်းတစ်မျိုးကိုပဲ ချက်ကြမှာ။ ဒါပေမယ့် Apple က သူ့ကိုယ်ပိုင် မီးဖိုနဲ့၊ ကိုယ်ပိုင် ဟင်းခတ်အမွှေးအကြိုင်၊ ချက်မယ့်ဒယ်အိုးတွေကလည်း ကိုယ်ပိုင်။ ကျန်တဲ့ ၂ ယောက်က ပြိုင်ပွဲမှာရှိတဲ့ မီးဖိုနဲ့ အသုံးအဆောင်တွေနဲ့ပဲ ချက်ရမှာလိုဖြစ်နေတာ။

ပြိုင်ပွဲက မမျှတဘူးပေါ့။ ဒီမှာ EU က ဘာထပြောလဲဆိုတော့ ဟေ့ Apple ၊ တခြားသူတွေနဲ့ မျှမျှတတယှဥ်ပြိုင်ဖို့ဆိုရင် မင်းသုံးတဲ့ မီးဖို၊ ဟင်းခတ်အမွှေးအကြိုင်၊ ဒယ်အိုးတွေကို သူများကိုလည်း ပေးသုံးရမယ်ဆိုပြီး လုပ်တယ်။ ဒီမှာ Apple ကလည်း ငါတို့ဖန်တီးထားတဲ့ဟာတွေ ဘာကိစ္စ သူများပေးသုံးရမှာလဲဆိုတာမျိုး ဖြစ်နေတာပါ။ ဒါက လက်ရှိ အခြေအနေ။

Apple ကတော့ ဒီလိုမျိုးတောင်းဆိုလာမှုအတွက် ဥရောပကော်မရှင်ကို ကျေနပ်ပုံမရပါဘူး။ 9to5Mac တို့ဆီကို အကြောင်းပြန်ထားတဲ့စာကတော့ ဒီအတိုင်းပါ -

“Today’s decisions wrap us in red tape, slowing down Apple’s ability to innovate for users in Europe and forcing us to give away our new features for free to companies who don’t have to play by the same rules. It’s bad for our products and for our European users. We will continue to work with the European Commission to help them understand our concerns on behalf of our users”.

ဥရောပကော်မရှင်တောင်းဆိုတဲ့အတိုင်းသာ ဖွင့်ပေးလိုက်မယ်ဆိုရင် iOS ဆီက Notification တွေကို Apple ထုတ်ကုန်မဟုတ်တဲ့၊ Apple ထိမ်းချုပ်မှုအောက်မှာ မရှိတဲ့ ပြင်ပ Smartwatch ပေါ်ကို လက်လွှဲပေးလိုက်ရမှာမျိုးဖြစ်လို့ ဒါက Apple အသုံးပြုသူတွေအတွက် လုံခြုံရေးရှုထောင့်ကနေကြည့်ရင် မသင့်တော်တဲ့ကိစ္စတစ်ခုလိုဖြစ်နေကြောင်း၊ ပြင်ပ Device ဖန်တီးတဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီ Notification တွေကို သူတို့ဆာဗာတွေဆီ သယ်သွားနိုင်ကြောင်းကိုလည်း Apple ဖက်က ဖြည့်ပြောထားပါသေးတယ်။ ဒါကတော့ Apple တို့ ကာနေကျ Privacy ရှုထောင့်တစ်ခုပေါ့။

ဒါ့အပြင် Apple ထည့်ပြောထားတာထဲမှာ ဥရောပကော်မရှင်ကို ပြန်ထောက်တာလည်း ပါပါတယ်။ Apple ပစ္စည်းတွေနဲ့ ကောင်းကောင်းချိတ်ဆက်ခွင့်ကို တခြားကုမ္ပဏီတွေဆီ နည်းပညာပေးရမှာဆိုတာမှာ၊ တစ်ဖက်က ကုမ္ပဏီတွေက အသားလွတ်ကြီး အမြတ်ထွက်သွားမယ့်သဘောမှာရှိပြီး Apple လို ဥရောပကော်မရှင် သတ်မှတ်တဲ့ စည်းမျဥ်းတွေအောက်မှာ အတူတူ ယှဥ်ပြိုင်ရတာမျိုးမဟုတ်တဲ့အတွက် Apple ကပဲ တစ်ဖက်သတ်ကြီး အနိုင်ကျင့်ခံရတယ်ဆိုတဲ့ပုံမျိုးလည်း ရေးထားတာပါ။

ကြားထဲက အမြတ်ထွက်မယ့်သူတွေ -
ဒီကိစ္စကို အသုံးပြုသူတွေဖက်ကနေ ကြည့်မယ်ဆိုရင် ဥရောပကော်မရှင်ပြောသလိုပဲ Apple ပစ္စည်းသုံးတဲ့သူတွေအတွက် ပိုများတဲ့ ရွေးချယ်စရာ (ဥပမာ - Smartwatch Brand မျိုးစုံ) ပိုများလာမှာဖြစ်လို့ သုံးစွဲသူတွေအတွက် အမြတ်ပါပဲ။ Apple Watch အပြင် တခြားသော ရွေးချယ်စရာ နာရီတွေ အများကြီး ရှိလာမယ့် ကိစ္စပဲဖြစ်လို့ ပြင်ပက Smartwatch ထုတ်တဲ့ ကုမ္ပဏီတွေအတွက်လည်း အကျိုးအမြတ် အများကြီး ရှိလာတာ၊ Apple Watch နဲ့ တန်းတူနီးပါး လိုက်ပြီး ယှဥ်ပြိုင်နိုင်တဲ့ အနေအထားတစ်ခု ဖြစ်လာတာမျိုးတွေအထိ စျေးကွက် အပြောင်းအလဲက ကြီးမှာပါ။ တစ်နည်းပြောရရင် Apple အထိနာမှာမျိုးပေါ့။

Apple ဖက်က ကြည့်ရင် ဒီကိစ္စက ၂ ဖက်ချွန် ဖြစ်နေပါတယ်။ အစွန်းတစ်ဖက်မှာ iPhone နဲ့ Apple Watch ကြားက (Ecosystem) စျေးကွက်ကို ထိခိုက်လာနိုင်တဲ့ ကိစ္စဖြစ်နေတာ၊ နောက်အစွန်းတစ်ဖက်မှာက Apple အနေနဲ့ သူတို့ ဖန်တီးထားတဲ့ နည်းပညာတွေ၊ Device အချင်းချင်း ချိတ်ဆက်အလုပ်လုပ်တဲ့ စနစ်တွေကို တခြားပြင်ပ ကုမ္ပဏီက ထုတ်ကုန်ပစ္စည်းတွေမှာ သုံးနိုင်ဖို့ အဲ့ဒီကုမ္ပဏီတွေဆီ အလကားပေးလိုက်ရမှာမျိုးကြီး ဖြစ်နေတာပါ။

ပန်းသီးသည်ကြီးက တစ်ကိုယ်ကောင်းဆန်နေတာလား...?
Apple လုပ်သလိုမျိုး ထိမ်းချုပ်မှုတွေ၊ ကန့်သတ်မှုတွေကို တခြားကုမ္ပဏီတွေလည်း လုပ်တာပဲ။ Apple လောက် မဖြစ်မြောက်၊ မကျယ်ပြန့် (ဒါမှမဟုတ်) မမြင်သာတာပဲရှိတယ်။ ဥပမာ - Kindle မှာ စာအုပ်ဝယ်ဖတ်တယ်ဆိုရင် အဲ့ဒီစာအုပ်က Kindle ကနေ အပြင်ထုတ်ပြီး တခြားထဲ ပြောင်းထည့်လို့မရဘူး။ Amazon က အဲ့ဒီစာအုပ်ကို DRM နဲ့ ကာထားတယ်။ ဆိုလိုချင်တာက Kindle မရှိတော့ရင် Kindle App နဲ့ ကိုယ့်ဖုန်းထဲ၊ Tablet ထဲကလွဲပြီး ဝယ်ထားတဲ့စာအုပ်ကို ယူဖတ်ဖို့ တခြားနည်းလမ်း မရှိဘူး။

Sony PlayStation ၊ Microsoft Xbox နဲ့ Nintendo Switch ဂိမ်းစက်တွေမှာ သူတို့သက်ဆိုင်ရာ ကုမ္ပဏီပိုင် Online Game Store တွေကလွဲပြီး တခြားဘယ်နေရာကမှ ဂိမ်းဝယ်လို့မရဘူး။ အပြင်မှာ ဂိမ်းခွေကို ကိုယ်ကြိုက်တဲ့ဆိုင်ကနေ အားပေးလို့ရတယ်ဆိုပေမယ့် Online ကိုတော့ ကုမ္ပဏီကပဲ အပြည့်အဝ ချုပ်ကိုင်ထားတုန်း။ Samsung မှာဆိုရင်လည်း သူတို့ Galaxy Smart Tag တွေက Android ဖုန်းတိုင်းလိုလိုနဲ့ ချိတ်သုံးလို့ရတယ်ဆိုပေမယ့်လည်း တကယ်တမ်း Feature ပြည့်ပြည့်စုံစုံသုံးဖို့ဆိုရင် Samsung ဖုန်းကိုမှ Model မြင့်တဲ့ဟာပဲ ရမှာပါ။

အပြင်မှာလည်း ဒါမျိုး ဥပမာပေးရရင် - “ပြင်ပအစားအစာ ယူဆောင်စားသောက်ခွင့်မရှိ” ဆိုတာမျိုး ရေးထားတဲ့ ဘီယာဆိုင်တွေလိုပါပဲ။

ဒါပေမယ့်၊ ဒီအထိ ပေးထားတဲ့ ဥပမာတွေအကုန်နီးပါးက ထိမ်းချုပ်ကန့်သတ်ချက်တွေကို ဥပမာပေးထားတာဆိုပေမယ့် အဲ့တာတွေအားလုံးမှာ ထိမ်းချုပ်မှုဘောင်အပြင်ဖက်က ရွေးချယ်စရာတွေ ရှိနေပါတယ်။ Kindle ထဲက စာအုပ်ကို အပြင်ထုတ်ဖို့ မဖြစ်နိုင်ပေမယ့် Kindle ထဲကို အပြင်က စာအုပ်တွေ စိတ်ကြိုက် ထည့်ဖတ်လို့ရပါတယ်၊ ပြန်ထုတ်လို့လည်း ရပါတယ်၊ မကန့်သတ်ထားပါဘူး။

ဒီလိုပဲ Online Store တစ်ခုပဲ ရွေးစရာရှိတဲ့ ဂိမ်းစက်တွေမှာလည်း ဂိမ်းဝယ်ဖို့ကို Online တစ်ခုပဲ အားကိုးစရာမလိုပါဘူး၊ ကိုယ်နှစ်သက်ရာဆိုင်ကနေ၊ သူငယ်ချင်းစီကနေ၊ အဟောင်းဆိုင်ကနေ၊ ခွေတွေ ဝယ်လို့ရပါတယ်။ ဒီဆိုင်က အပြင်စာပေးမစားဘူးဆိုရင်လည်း စားချင်တဲ့ဟာသပ်သပ်ဝယ်၊ အဲ့ဒီဆိုင်က သောက်စရာဝယ်ပြီး အိမ်ကိုယူလာရင် ၂ ခုတွဲပြီး စားလို့သောက်လို့ ရသေးတာပဲမဟုတ်လား။ ဒါက ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ရွေးချယ်စရာ တစ်ကွတ်အလွတ်ရှိနေတာ။

Apple ရဲ့ခြံစည်းရိုးကြီး -
Apple တို့ ကန့်သတ်ထားတဲ့ကိစ္စကကျတော့ ရွေးချယ်ခွင့်ကို မရှိတာ။ Apple Watch ပတ်ရင်ပတ်၊ မပတ်ရင် ဘာမှမပတ်နဲ့ဆိုတာမျိုးပေါ့။ လက်ရှိ အနေအထားအရ စျေးကွက်ထဲက Smartwatch အတော်များများကို iPhone နဲ့ ချိတ်သုံးလို့ ရပါတယ်၊ ချိတ်လို့ရတဲ့ နည်းလမ်းတွေ၊ ကြားခံ App တွေလည်း ရှိကြသလို Notification တချို့လည်း Smartwatch မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် Notification ကို မြင်ရတာလောက်ပဲရှိပြီး ဘာမှလုပ်လို့မရတာ၊ စာပြန်လို့မရတာ၊ ဖွင့်ကြည့်လို့ မရတာမျိုး ကန့်သတ်ချက်တွေရှိနေတာပါ။ အကုန် လုပ်လို့ရချင်ရင် Apple Watch နဲ့မှပဲ ရမယ်ဆိုတာမျိုး။ တနည်းပြောရရင် Apple Watch တစ်မျိုးပဲ iPhone ဆီကလာတာတွေကို လှမ်းပြီး ထိမ်းချုပ်ပိုင်ခွင့်ရှိတာမျိုးပါ။

Apple က အခုလို ကန့်သတ်ထားတာကြောင့်ပဲ ပြင်ပက Smartwatch ထုပ်လုပ်သူတွေအနေနဲ့ Feature စုံအောင် ထည့်ပေးဖို့၊ Smartwatch တွေကို iPhone နဲ့ တွဲတဲ့အခါ အသုံးကျအောင် လုပ်ပေးဖို့ အခက်အခဲရှိကြောင်းဆိုတာမျိုးကို PebbleOS နဲ့ Core Watch တွေထုတ်မယ့် ကုမ္ပဏီပိုင်ရှင် Eric Migicovsky ရဲ့ ကိုယ်ပိုင် Blog မှာလည်း အရှည်ကြီး ရှင်းပြထားသလို The Verge မှာလည်း ဒီအကြောင်း ဆောင်းပါးရှိပါတယ်။

EU ရဲ့ တိုက်တွန်းချက်က အဲ့ဒီလို ကန့်သတ်ထားတာတွေကို လျှော့ပေးဖို့ ပြောနေတာဖြစ်လို့ တနည်းပြောရရင် iOS က ဒီလိုအလုပ်လုပ်သင့်တယ်၊ ဒီလို အလုပ်မလုပ်သင့်ဘူးလို့ လာပြီးစိုးမိုးတာမျိုး ဖြစ်နေတာပါ။ Apple ကလည်း သူတို့ Software ကို ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာမျိုး လာပြီး ချယ်လှယ်တာလောက် မကြိုက်တာ မရှိဘူး။ Apple မကြိုက်တဲ့အပြင် တချို့ Tech Journalist တွေကလည်း Apple ဖက်ကနေ ကာပြီးတော့ ရေးကြပါတယ်။ မှန်းပြီးပြောရရင်တော့ Apple ဖက်က ကာပြီးရေးကြတဲ့ သတင်းဆောင်းပါးပိုင်ရှင်တွေက Apple ဆီမှာ ရှယ်ရာပမာဏတစ်ခုခု ပိုင်ထားလို့ ဖြစ်ကြလိမ့်မယ်။ 😆 (ထားပါတော့။)

ဒီတော့ ဘာဆက်ဖြစ်မလဲ...?
ဒီကိစ္စက တကယ်ဖြစ်လာမယ်၊ EU တောင်းဆိုတဲ့အတိုင်း လိုက်နာရမယ်ဆိုရင်တောင် Apple တို့ဖက်က လုပ်ပေးရမှာတွေ မနည်းပါဘူး၊ ဒါထက်ပိုတာက App Developer တွေအနေနဲ့လည်း သူတို့ App တွေကို Notification ပိုင်းဆိုင်ရာမှာ အပြောင်းအလဲလုပ်ပေးရတာ၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ရတာမျိုး ရှိကောင်း ရှိလာနိုင်ပါသေးတယ်။

EU တောင်းဆိုတဲ့အထဲမှာ အပြင်းထန်ဆုံးတစ်ပိုင်းက - အကယ်၍ iOS မှာ အချိတ်အဆက်ပိုင်းဆိုင်ရာ Feature အသစ်တစ်ခုခု ထပ်ပြီးပါလာရင် Apple Device အချင်းချင်းတင်မဟုတ်ဘဲ ပြင်ပ ပစ္စည်းတွေအတွက်ပါ တစ်ခါတည်း အလုပ်လုပ်ရမယ်၊ ထောက်ပံ့ပေးရမယ်၊ တမင်နောက်ချပြီး နောက်မှ Software Update နဲ့ ပေါင်းပေးမယ်ဆိုတာမျိုး၊ အချိန်ဆွဲတာ မလုပ်ဖို့ပါ တောင်းဆိုထားသေးတယ်။

ပြင်ပ Smartwatch တွေအတွက် Notification ကိစ္စမှာ ဒီ ၂၀၂၆ ခုနှစ်အတွင်း အပြီး ရအောင် လုပ်ပေးရမယ်ဆိုတာမျိုး အချိန်ကန့်သတ်ချက်ရှိထားလို့ iOS 19 က ဥရောပတွင်းနိုင်ငံတွေအတွက် အပြောင်းအလဲကြီးကြီးမားမား ဖြစ်ဦးမယ့်သဘောမှာ ရှိပါတယ်။

Xiaomi ဖုန်းတွေမှာ OS တွေ Region ကွဲနေတာမျိုးပဲ iOS မှာလည်း EU နဲ့ ကမ္ဘာတစ်ခြမ်းလို ဖြစ်စပြုလာတာလို့ ပြောစရာဖြစ်နေပါပြီ။ အခုအတိုင်းဆိုရင်တော့ Apple လို ခေါင်းမာတဲ့ကုမ္ပဏီကို OS Level အပြောင်းအလဲအထိ ကိုင်လှုပ်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းက ဥရောပကော်မရှင်ပဲ ဖြစ်နေဦးမှာပါ။

ဒီလို ကြီးကြီးမားမား အပြောင်းအလဲတွေက အသုံးပြုသူ (Consumer) တွေအတွက် လက်တွေ့ကျပြီး အကျိုးရှိတဲ့ အပြောင်းအလဲတွေဖြစ်လာမယ်။ Pixel Watch တို့၊ OnePlus Watch တို့ Galaxy Watch တို့ကို iPhone နဲ့ အဆင်ပြေပြေ တွဲသုံးချင်တဲ့ ဥရောပသားတွေအတွက်တော့ (တကယ်ရလာရင်) အမြတ်ပါပဲ။

ဒီအပြောင်းအလဲကြောင့် Apple ဖက််မှာလည်း အရှုံးရော အမြတ်ရော ထွက်နိုင်ပါတယ်။ တခြား Smartwatch တွေကြောင့် Android ဖုန်းပြောင်းသုံးနေရတဲ့သူတွေ ဒီအပြောင်းအလဲကြောင့် iPhone ဆီကို ပြန်ရောက်လာနိုင်ပါတယ်။ အရှုံးကတော့ လက်ရှိ Apple Watch သုံးနေတဲ့သူတွေက တခြား Smartwatch တွေကို ပြောင်းပြီး သုံးကြရင်း Apple Watch အသစ်တွေကို စိတ်ဝင်စားမှု နည်းတာမျိုး ဥရောပစျေးကွက်မှာ ဖြစ်လာနိုင်တာပါ။

Apple ရဲ့ အားအသန်ဆုံး၊ သူတို့အကာအကွယ်အလုပ်ဆုံး အပိုင်းဖြစ်တဲ့ Apple Ecosystem ထဲက အချိတ်အဆက်၊ စျေးကွက်လက်ဝါးကြီးအုပ်နိုင်မှု၊ သုံးစွဲသူတွေအပေါ် လွှမ်းမိုးမှု၊ ကြီးစိုးမှုဆိုတဲ့ ပါဝါတစ်ခုကို ဥရောပ ကော်မရှင်က ဒီတစ်ခေါက်မှာတော့ တည့်တည့်ကြီးတိုက်ခိုက်လိုက်တာလို့ ပြောရမှာပါပဲ။ ရယ်စရာအနေနဲ့ ပြောပြီး အဆုံးသတ်ရရင် Apple တို့ ပန်းသီးခြံက ခြံစည်းရိုးကြီးကို ဥရောပကော်မရှင်က ဆိုင်ကယ်ကြီးနဲ့ ဝင်တိုက်လိုက်တာပေါ့။

ဆိုင်ကယ်ကြီးနဲ့ ခြံစည်းရိုးကြီး။ 🧱🏍️ 💨

Address


Website

Alerts

Be the first to know and let us send you an email when Quick Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share