Peaceful Mawlamyine

  • Home
  • Peaceful Mawlamyine

Peaceful Mawlamyine သတင်းမှန်သိစေရန်

14/11/2023

၀ရမ်းပြေးအုပ်စုတွေရယ်
ဘိန်းစားအုပ်စုတွေရယ်
လောင်းကစားနဲ့မူးယစ်ဆေး
အုပ်စုတွေရယ်ကို
တစုတဝေးထဲ
ရှမ်းမြောက်မှာနေရာချထားမယ်

အသံကောင်းဟစ်မှာက
တိုင်းရင်းသားတွေဖက်ဒရယ်နယ်မြေတိုက်တောင်းတာပေါ့

အရှင်းဆုံးပြောရရင်
မြန်မာမြေကိုတရုတ်က
ကြားခံသုံးပြီးဖဲ့ယူချင်တာ

ပြည်ပရောက်ခွက်ခေါက်
အဖွဲ့တွေက
နေစရာနေရာမရှိတော့ဘူး

တရုတ်ရောအမေရိကန်ရော
ခွ ချက်လို့ အနောက်အုပ်စုက
မောင်းထုတ်တော့မှာ

ဖြစ်ချင်တော့
မြန်မာမှာ
ရုရှက လုပ်ပိုင်ခွင့်တွေရလာ

ဒီမျက်မှေးကောင်တွေ
မကျေမနပ်ဖြစ်ပြီးပေါ့

ဒီတော့
ကျွန်တော်တို့
တဖက်နဲ့တဖက် ပြသနာတက်
အငြင်းပွားဖို့အချိန်မရှိဘူး

ဒါဟာသေချာပေါက်တရုတ်လက်ချက်ပဲ

မြန်မာမတည်ငြိမ်ဖြစ်နေတာရဲ့ခေါင်းကိုင်ဖခင်ကြီးဟာ
သူကအဓိကပါပဲ

တပ်မတော်ကသုံးနှစ်လုံးလုံး
လုံး၀ခံစစ်ကစားပြီး
အချိန်ယူ စောင့်ကြည့်ခဲ့တာပါ

ဒီကာလတွေမှာပေးဆပ်ရတာတွေကတော့ အားလုံးသိပြီးသားပါပဲ

အခုဆို ဘောမ ချင်းအတူတူတောင်အုပ်စုတွေထပ်ကွဲ ကုန်ပြီ..

ဘာမှ စိတ်၀မ်းကွဲနေစရာမလိုဘူး

ဖြစ်စဥ်ဖြစ်ရပ်ရဲ့သဘောသဘာ၀ကို
ခင်များတို့ကျုပ်တို့ သိထားတာကအပေါ်ယံအနေအထားလောက်ကလေးဖြစ်နေတာ

စစ်ခေါင်းဆောင်တွေ
လုံး၀မညံ့ကြဘူး
သူတို့ရင်ဆိုင်နေရတဲ့ပြသနာက အရမ်း အရမ်းကြီးမားနေတာ

ဟိုနေရာဆော်လိုက်ပါလား
ဒီနေရာချလိုက်ပါလားက
ပြောရတာလွယ်တယ်

ယူကရိမ်းလို အင်းအားကြီး
နိုင်ငံကြီး၂ခုကြား
ကြားညပ်မခံချင်လို့ သူတို့အများကြီးအားထုတ်နေကြတာ

ဒါကို ပြည်သူတွေနားလည်ပေးဖို့လိုတယ်

ဒါက အထင်အမြင်နဲ့
ဖြစ်စဥ် တထပ်ထဲကျမနေတဲ့
တချက်ကို သိထားတာပြောပြတာဖြစ်တယ်

လက်ခံခံမခံခံ
ခင်များတို့အပိုင်းပဲ

တပ်က ကစားကွက်ကောင်းလို့ခုလောက်ထိ ခံသာနေတာလို့ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်

အခုအခြေအနေကစစ်ရေးတစ်ခုထဲမကဘူး.. နိုင်ငံရေးပါ ပါနေတယ်

အထူးသဖြင့်ပထ၀ီနိုင်ငံရေးကိစ္စဖြစ်လာတယ်

ကမ္ဘာအင်းအားကြီးနိုင်ငံကြီး၂ခုကြား ထိန်းသွားနေရတာဖြစ်တယ်

ဟိုလိုလုပ်ပါလား
ဒီလိုလုပ်ပါလား
အသုံးကိုမကျဘူးဆိုတစ်မျိုး
ပြောဖို့ရာ ကအတော်ခက်ခဲတဲ့ကိစ္စမျိုးဖြစ်တယ်

နဲနဲလောက်ခေါင်းသုံးကြပါဗျာ

ပြသနာမတက်ပဲ
ကျောချင်းကပ်ထားရမဲ့ကာလလို့ကျွန်တော်ကတော့သတ်မှတ်ပါတယ်

သိထားတာအများကြီးရှိသေးတယ်

ပြောလို့မရလို့ ဒီလောက်ပဲ
ရေးပါ့မယ်

သံတမာန်နည်းလည်းသွားရပါတယ်

စစ်ရေးစစ်ရာအရလည်း
လိုအပ်သလို သွယ်၀ိုက်လုပ်ဆောင်ရပါတယ်

ဒါကိုမှ နားမလည်နိုင်ကြသေးဘူးဆိုရင်တော့ခင်များတို့သဘောပါပဲ

မြန်မာတပ်မတော်အရမ်းတော်ပါတယ်

ဒါကို တနေ့ခင်များတို့နားလည်လာပါလိမ့်မယ်

အခုချိန်မှာတော့မီဒီယာလက်ချက်နဲ့
ခင်များတို့ထင်ချင်သလိုထင်ကြပါ

အဖေကျော်ပြီးပထွေးလွမ်းကြရင်တော့ သဘောပေါ့ဗျာ

sskb

14/11/2023

ရှမ်းမြောက်
ငြိမ်ကျသွားတယ်
နောင်ချိုဘက်တကြော
စစ်ကြောင်းဖြတ်တောက်ဖို့
ဖြန့်ထားတဲ့
ရှေ့တန်းမှာစတေးဖို့ခံထားတဲ့
PDF ကလေးတွေ
ရာချီ ကျတယ်

(ဘောမပြီးရေးချင်ရာရေးနေတာ
မဟုတ်ဘူး)
(ဒေသခံတရသစစ်စစ်တွေ
စစ်ဆင်ရေးနယ်မြေထဲက
ရွာခံတွေရဲ့ပေးပို့သတင်းကို
ကိုးကားရေးတာ)

မြို့ကျတာစခန်းဆုတ်တာ
ဟုတ်ချင်ဟုတ်မယ်
ဆုတ်တယ်ခွာတယ်
အချိန်မမှီလို့ကိုယ့်ဘက်က
ပေးဆပ်ရတာတွေရှိမယ်

မြောက်ပိုင်းသုံးကောင်ရော
pdf တွေရော
အနည်းဆုံး ပျှမ်းမျှ
တပတ်အတွင်း
ထောင်ဂဏန်း၀န်းကျင်လောက် ကျတယ်

ဘယ်လိုတွက်တွက်
ကိုယ့်ဘက်အထိနာသက်သာတယ်

ဒါကြောင့်လဲ လက်နက်ကြီးတွေပါစွန့်ခဲ့ရတာဖြစ်တယ်

တနည်း နောက်ခံအထောက်အပံ့ကောင်းနေပေမဲ့

မြောက်ပိုင်းအဖွဲ့
စစ်ဦးကျိုးကြသွားပြီး

အင်းအားကကျဆုံးအပြင်
ဒဏ်ရာရ ဆေးကုဖို့မလွယ်
သွေးထွက်လွန်
စုဖွဲ့ရခက် စတဲ့အခြေအနေမျိုးတွေတဆက်တည်းရှိတယ်

အထူးသဖြင့်ဒဏ်ရာရတာက
အဆိုးဆုံး အင်းအားယုတ်လျော့တာ

ဒီတော့ သက်သာနိုင်သလောက်
သက်သာအောင်

ရခိုင် ကို တိုက်ပွဲစတယ်

ဒါဟာ ပကတိ မြေပြင်အခြေအနေပါပဲ

crd

ငပလီမြို့နယ်ရှိ ရေလုပ်သားများ သိရှိစေရန် အသိပေးအပ်ပါသည်  ယနေ့မှ စပီး ပင်လယ်ကို ပိတ်လိုက်ပါပီ ငါးဖမ်းလှေများ မနက်ဖန်မှစပီ...
14/11/2023

ငပလီမြို့နယ်ရှိ ရေလုပ်သားများ သိရှိစေရန် အသိပေးအပ်ပါသည်
ယနေ့မှ စပီး ပင်လယ်ကို ပိတ်လိုက်ပါပီ ငါးဖမ်းလှေများ မနက်ဖန်မှစပီး လုံးဝမထွက်ရတော့ပါဘူး ပင်လယ်ပြင် ငါးဖမ်းခရီးထွက်နေသောစက်လှေများ ယနေ့ညနေ နောက်ဆုံးထားပီးပြန်ဝင်ကြပါရန် မနက်ဖန်ကစပီး အဝင် / အထွက်လုံးဝမလုပ်ကြပါရန် အသိပေးလိုက်ပါပီ

#ပြန်လည်ကူးယူဖော်ပြပါသည်

https://m.facebook.com/story.php?story_fbid=306089495643956&id=100087287224232&mibextid=2JQ9oc

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မ...
14/11/2023

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီ ထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်ကြောင်း သတင်းရရှိ။

crd

 #သက်ဆိုင်ရာသို့ #သိရှိနိုင်ပါရန်တင်ပြအပ် #ကျောင်းအားကစားရုံသည်အလုပ်ရုံမဟုတ်ပါမော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းမှ ကျော...
06/11/2023

#သက်ဆိုင်ရာသို့
#သိရှိနိုင်ပါရန်တင်ပြအပ်

#ကျောင်းအားကစားရုံသည်အလုပ်ရုံမဟုတ်ပါ

မော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ မူးဝေ၊ အော့အန်မှုများ ဖြစ်နေ

မော်လမြိုင်၊ နိုဝင်ဘာ ၆

မော်လမြိုင်မြို့ရှိ အမှတ်(၁)ကျောင်းအတွင်းရှိ အလုပ်ရုံကြောင့် ကျောင်းသား၊ ကျောင်းသူများ မူးဝေအော့အန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့(ယနေ့)နံနက်ပိုင်းက ကျောင်းတက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများ မူးဝေ အော့အန်‌လာသောကြောင့် နေအိမ်သို့ ပြန်လာရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"ကျောင်းအတွင်းရှိ အလုပ်ရုံက အနံ့တွေက ကလေးတွေအတွက် တကယ်အဆင်မပြေဘူး။ ဒီမနက်ဆို တစ်ယောက်ထဲ မဟုတ်ဘူး ကလေးတော်တော်များများ မူးပြီးအန်ကြတယ်"ဟု ၎င်းက ပြောသည်။

အမှတ်(၁) အ.ထ.ကကျောင်း၊ အားကစားရုံ၏ အလုပ်ရုံမှ ဆေးမှုတ်သည့် အနံ့များ၊ လုပ်ငန်းခွင် ဆူညံသံများကြောင့် ကျောင်းသား၊ ကျောင်းသူများ စာဆက်လက် သင်ကြားနိုင်ရန် အတွက် အခက်အခဲရှိနေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

အမှတ်(၁) အ.ထ.ကကျောင်း၊ အားကစားရုံ၏ အလုပ်ရုံနှင့် ပတ်သက်ပြီး ကျောင်းသူကျောင်းသားဟောင်းများနှင့် ကျောင်းသားမိဘများကလည်း ကျောင်းအတွင်းမှ ရွှေ့ပြောင်းပေးရန် တင်ပြတောင်းဆိုထားသည်။

မော်လမြိုင်မြို့နယ် ပညာရေးမှူး၏ ခွင့်ပြုချက်ဖြင့် တင်ဒါရရှိထားသော ကုမ္ပဏီသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားရုံ၌ အလုပ်ရုံသဖွယ် လုပ်ဆောင်နေခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်နှင့် စာသင်ချိန်များ၌ မူးဝေ အော့အန်ခြင်းများ ဖြစ်နေကြောင်း သိရသည်။

ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ

Yarmanya Times

ဒုံသမိတံတားတွင် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွား*******ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ဘ...
02/06/2023

ဒုံသမိတံတားတွင် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွား
*******
ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ကော့ပနောကျေးရွာအနီး၊ ဒုံသမိတံတားတွင် အကြမ်းဖက် KNU/PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဥ်အား စုံစမ်းရာ.. ဒုံသမိတံတားအား အကြမ်းဖက် KNU/PDF များမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်စဥ် လုံခြုံရေးအဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသွား အရပ်သားပြည်သူ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး thay ဆုံးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရှိကာ ၂ ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရကြောင်း စိတ်မကောင်းစွာ သတင်းရရှိပါသည်။
Saw Ba Maung
crd

ဇွန် ၁ "မော်လမြိုင်မြို့နယ်မှာ သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့တရားခံ ဖမ်းမိပြီဟုဆို"မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖဲထေ...
02/06/2023

ဇွန် ၁

"မော်လမြိုင်မြို့နယ်မှာ သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့တရားခံ ဖမ်းမိပြီဟုဆို"

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဖဲထော်ကျေးရွာ၌ သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံအား မေလ ၃၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသဆိုင်ရာသတင်းများအရ သိရသည်

သေဆုံးသူများမှာ မော်လမြိုင်မြို့နယ်၊ ဖဲထော်ကျေးရွာ၊ ကွင်းအမှတ်(၃၆၀)တွင် နေထိုင်ပြီး လယ်လုပ်ကိုင်သူများဖြစ်ကြသည့် ဦးမြင့် (၆၈)နှစ်နှင့် သားဖြစ်သူ ပုတ်ကြီး(ခ)အုံးဟန်(၄၀)နှစ်တို့ဖြစ်ကြောင်းသိရပြီး မေလ ၃၀ ရက် ညပိုင်းက ၎င်းတို့နေထိုင်ရာတဲအနီး၌ပင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သေဆုံးသူနှစ်ဦးနေထိုင်ရာ တဲအနီးနေထိုင်သည့် ဝင်ထွန်း (ခ)မောင်ငို ဆိုသူကို စစ်ဆေးခဲ့ရာ ၎င်းသည် သေဆုံးသူနှစ်ဦးနှင့်အတူ မေလ ၃၀ ရက် ည ၉ နာရီအချိန်ခန့်က အရက်အတူသောက်နေစဥ် မိခင်ဖြစ်သူနှင့် ပေးစားဆဲဆိုသဖြင့် စကားများရန်ဖြစ်ခဲ့ပြီး တုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် လူနှစ်ဦးကို အသက်သေဆုံးသည်အထိ သတ်ဖြတ်ခဲ့သော ဝင်းထွန်း(ခ)မောင်ငို ကို မေလ ၃၁ ရက်တွင် ဖမ်းဆကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။


crd

May 31အခြေခံနယ်မြေမှန်သမျှဒီလိုတန်ပြန်ကြရတယ်။မေလ၃၁၊၂၀၂၃။KNUဒူးပလာယာခရိုင်တပ်မဟာ၆၊ဝင်းရေးမြို့နယ်အောင်သပြေကျေးရွာမှKNUအမာ...
01/06/2023

May 31

အခြေခံနယ်မြေမှန်သမျှဒီလိုတန်ပြန်ကြရတယ်။

မေလ၃၁၊၂၀၂၃။

KNUဒူးပလာယာခရိုင်တပ်မဟာ၆၊ဝင်းရေးမြို့နယ်အောင်သပြေကျေးရွာမှKNUအမာခံ စောမောင်စံသွင်၅၁နှစ်ဂိန်။

Truth Media

ဇွန် ၁အကြမ်းဖက် PDF များပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး============================================မွန်ပြည်နယ်၊ရေးခရ...
01/06/2023

ဇွန် ၁

အကြမ်းဖက် PDF များပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး
============================================

မွန်ပြည်နယ်၊ရေးခရိုင်၊ရေးမြို့နယ်၊အောင်သပြေကျေးရွာအနီးတွင် ၃၀.၅.၂၀၂၃ ရက်နေ့ကတပ်မတော်ယာဥ်တန်းသွားလာနေမှု့အားအကြမ်းဖက် PDF များက ခြောင်းမြောင်းပစ်ခတ်ရာ

တပ်မတော်ယာဥ်တန်းအားမထိပဲ ကျေးရွာအတွင်းရှိပြည်သူတစ်ဦးအားထိမှန်ခဲ့ပြီးသေဆုံးသွားကြောင်းသိရပါတယ်။

ရေးမြို့နယ်မှာအကြမ်းဖက် PDF ရဲ့ရမ်းသမ်း ပစ်ခတ်မှုကြောင့်သေဆုံးသူပြည်သူ (၁၅) ဦးထက်မနည်းရှိခဲ့ပြီး၊ဒဏ်ရာရသူ ( ၃၇ )ဦးထက်မကရှိနေပြီလို့သိရပါတယ်။

လင်းနေ
https://t.me/linnnnay

crd

ဇွန် ၁ အကြမ်းဖက် PDF များရဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ( ၆)  ဉီးဒဏ်ရာရရှိ======================မွန်ပြည်နယ်၊ကျိုက်ထ်...
01/06/2023

ဇွန် ၁

အကြမ်းဖက် PDF များရဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ( ၆) ဉီးဒဏ်ရာရရှိ
======================

မွန်ပြည်နယ်၊ကျိုက်ထ်ိုခရိုင်၊ကျိုက်ထိုမြို့နယ်၊လှည်းလမ်းကူးကျေးရွာအုပ်စု၊ဘိုက္ကားကျေးရွာအနီးလခရဆောင်ရွက်နေသောတပ်မတော်လခရအဖွဲ့အားအကြမ်းဖက် PDF ခေါင်းဆောင်အေးမင်းထွန်းနှင့်အဖွဲ့မှ ၃၁.၅.၂၀၂၃ရက်နံနက် ၁၀ နာရီခွဲအချိန်ခန့်က လက်နက်ကြီးပစ်ခတ်ရာ၊အနီးရှိလှည်းလမ်းကူးကျေးရွာအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပီး အပြစ်မဲ့ရွာသူ၊ရွာသား ( ၆) ဉီးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊စိုးရိမ်ရတဲ့အနေထားထိဖြစ်ပေါ်သွားတယ်လို့သိရပါတယ်။ အကြမ်းဖက် PDF များက တော်လှန်ရေးအမည်ခံ၊အာဏာရှင်ဆန့်ကျင်ရေးအမည်ခံပီးအပြစ်မဲ့ပြည်သူကိုလုပ်ကြံပစ်ခတ်မှုမှာ ၆ ကြိမ်ထက်မနည်းရှိခဲ့ပီး ပြည်သူ ၁၅ ထက်မနည်းဒဏ်ရာရရှိထားပြီးပီလို့လဲသိရပါတယ်။

လင်းနေ
https://t.me/linnnnay

crd

01/06/2023

ဇွန် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့နှင့် ဒူးရင်းဆိပ်ရွာအတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူ KNU /PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ငယ်များနှင့် လာရောက်ပစ်ခတ်
*****
ဇွန် ၁

ယနေ့ နံနက် ၆ နာရီ၂၅မိနစ်အချိန်ခန့်တွင်ကရင်ပြည်နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ကော့ပနောကျေးရွာဖက်မှ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၂၀၀ ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့နှင့် ဒူးရင်းဆိပ်ရွာအတွင်းသို့ လက်နက်ကြီး/ငယ်များနှင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့များက မိမိပစ်ပိုင်နယ်ရှိ ဘန်ကာများတွင် နေရာယူ၍ ပြန်လည်ပစ်ခတ်နေစဉ် ဒုံသမိတံတား(မွန်ဘက်ခြမ်း)တွင် မော်တော်ယာဥ် (စိစစ်ဆဲ) ၁ စီးအချိန်ကိုက် ရောက်ရှိလာပြီး ယာဉ်မောင်းမှာ မော်တော်ယာဥ်ကို တံတားအဝင် ဘယ်ရီဂိတ်အနီးတွင် ရပ်တန့်ထားရှိကာ ထွက် ပြေးသွားပြီး ၆ နာရီ ၃၅ မိနစ်အချိန် ရပ် တန့်ထားစဥ် ၎င်းမော်တော်ယာဥ်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ကရင် ဘက်ခြမ်းတွင်လည်း အလားတူ မော်တော်ယာဥ် ၁ စီးဖြင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

နံနက် ၆ နာရီ ၅၀ မိနစ်အချိန် နယ်မြေခံတပ်နယ်မှ တပ်များစုပေါင်လက်နက်ကြီးပစ်ကူပေးသဖြင့် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၂၀၀ ဦးခန့်အဖွဲ့မှ ကော့ပနော ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွါသွားခဲ့ပါသည်။

ထိုသို့ အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒူးရင်းဆိပ်ရွာအတွင်းရှိ နေအိမ်ခြံစည်းရိုးများ မီးလောင်သွားပြီး ဒူးရင်းဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနဆေးခန်းပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့်ပျက်စီးသွားကြောင်း သိရှိရပါသည်။

အပြန်အလှန် ပစ်ခတ်မှုဖြစ်စဉ်တွင် ဒုံသမိတံတား(မွန်ဘက်ခြမ်း)တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ဒုရဲအုပ် သိန်းဝေဖြိုးတွင် (ဝဲ) လက်မောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ခါးနောက်ဘက် ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ရဲတကက စိုးအောင် (ဝဲ)ရင်အုံ ၁ လက်မခန့် ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)၊ တသ ဖြူလှ (ဝဲ)ပေါင်ပွန်းပဲ့ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ဒုံသမိအားမာန် လူမှု ကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

crd

Address


Website

Alerts

Be the first to know and let us send you an email when Peaceful Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share