𝐓𝐇𝐀𝐑𝐋𝐄𝐙𝐖𝐀 𝐀𝐑𝐀𝐊𝐀𝐍

  • Home
  • 𝐓𝐇𝐀𝐑𝐋𝐄𝐙𝐖𝐀 𝐀𝐑𝐀𝐊𝐀𝐍

𝐓𝐇𝐀𝐑𝐋𝐄𝐙𝐖𝐀 𝐀𝐑𝐀𝐊𝐀𝐍 ရက္ခိုင့်​ ရသ​ပေါင်းစုံ

၂၀၂၅ မှ ရခိုင်တပြည်လုံး အောင်ပွဲခံမည်
31/08/2024

၂၀၂၅ မှ ရခိုင်တပြည်လုံး အောင်ပွဲခံမည်

ရခိုင်ပြည်နယ်စစ်​ရေး အ​ခြေအ​နေပြအင်ဖိုဂရပ်

-People's Spring

အာရက္ခတပ်​တော်(AA)က သြဂုတ်လကုန်ပိုင်းအထိ့ ရခိုင်ပြည်နယ် က မြို့အကြီး အ​သေး ၁၄ မြို့ နဲ့ ချင်းပြည်နယ် က ၂ မြို့ စုစု​ပေါင်း ၁၆ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် ​AAက ​မောင်​တော ၊ကျိန္တလီ၊ဂွ ၊ သံတွဲမြို့နယ်ထဲက ​မောင်​ရွှေ​လေး​ရေတပ်စခန်းနဲ့ လက်ကျန်စခန်း​တွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ် ။ ဒါ​ကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်​ကောင်စီတပ်က ထိန်းချုပ်နိုင်တာ စစ်​တွေ ၊​ကျောက်ဖြူ ၊​တောင်ကုတ် ၊ အမ်း ၊မန်​အောင် မြို့နယ်​တွေပဲကျန်​တော့တာဖြစ်ပါတယ် ။ ဒီ ၅ မြို့နယ်ထဲမှာ​တောင် စစ်​တွေမှာ တိုက်ပွဲ​တွေစဖြစ်လာပြီဖြစ်သလို ၊အမ်းမှာ​လည်း တိုက်ပွဲ​​တွေ မကြာခဏ ဖြစ်​ပွားနေပါတယ် ။

31/08/2024
30/08/2024
စစ်တွေမှာ တိုက်ပွဲ စယာလား
30/08/2024

စစ်တွေမှာ တိုက်ပွဲ စယာလား

မြောက်ဦး နန်းရာကုန်မာ
29/08/2024

မြောက်ဦး နန်းရာကုန်မာ

29/08/2024

နိုင်ငံတကာသတင်းစာမျက်နှာတွေမှာတော့ AA က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အတော်လေး အပြောခံနေရတယ်၊ထိုးနှက်ခံ‌နေရတယ်။ ဒီလိုသတင်းမျိုးက ပြည်တွင်းမှာသိပ်ပြီး ရေပန်းစားလေ့တော့ မရှိဘူး။

လတ်တလော အပြောခံရတဲ့ အဓိကဖြစ်ရပ်ကတော့ August 5 ရက်နေ့ ညနေလောက်မှာ ရခိုင်ပြည်နယ် မောင်းတောမြို့အနောက်ဘက်မှာ စစ်ရှောင်ဖို့ကြိုးစားနေတဲ့ ရိုဟင်ဂျာလူမျိုး အများအပြား တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ပုံစံက လူအုပ်ထဲကို ဒရုန်းနဲ့ဗုံးကြဲခံရတယ်၊ မော်တာ/အမြောက်နဲ့ အပစ်ခံရတယ်လို့ ဖော်ပြကြတယ်။ တချို့ဖော်ပြချက်တွေမှာတော့ 107mm ရှော့တိုက်ဒုံးတောင် ပါသေးတယ်။

လောလောဆယ်မှာ အသုံးပြုခဲ့တဲ့ လက်နက်အမျိုးအစားကို ID လုပ်နိုင်တဲ့ သက်သေဓါတ်ပုံဆိုတာမျိုးရယ်တော့ မရှိသေးဘူး။ ဖတ်မိသလောက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ report တွေမှာတော့ ဒီတိုက်ခိုက်မှုကို AA က လုပ်တယ်ဆိုပြီးဖော်ပြထားတယ်။

ဒီလိုနိုင်ငံတကာသတင်း‌တွေမှာ ပွဲဆူလာတာကြောင့် ULA (United League of Arakan) ကနေ တဆင့် August 5 ရက်နေ့ မောင်းတောဖြစ်ရပ်ကို Preliminary fact-checking and incident analysis ကနဦးသတင်းထုတ်ပြန်ရှင်းလင်းချက် ဆိုပြီး ထုတ်ပြန်ထားရတဲ့အထိ ဖြစ်ပါတယ်။

အခုဆိုရင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပါ Twitter (X) ကနေ နိုင်ငံတကာ report တွေကို အချက်အလက်ခိုင်မှာမှုမရှိဘူးဆိုပြီး တုန့်ပြန်ပြောဆိုတာမျိုးရှိလာတယ်။ အရင် သူသုံးနေကြ personal Twitter အကောင့်မဟုတ်ပဲ 2024 March ကမှ အသစ်လုပ်ထားတဲ့ Twanmratnaing အကောင့်ကနေ ပြောလာတာဖြစ်ပါတယ်။ အကောင့်သစ်မှာက blue mark နဲ့ပါ။ AA ဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး pressure မိနေတယ်ဆိုတာတော့ မြင်သာတယ်။

August 5 ဖြစ်စဉ်နဲ့ပတ်သက်ပြီးထူးခြားတာက ထိခိုက်သေဆုံးမှုအများစုက ဒရုန်း‌နဲ့ဗုံးသီးပစ်ချတာ၊ ဗုံးကြဲတာကြောင့် ဖြစ်တယ်လို့ ဖော်ပြကြတာပါ။ Burma Human Rights Network ရဲ့ ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာတစ်ဦးနဲ့ အင်တာဗျူးကို ဖော်ပြထားတာမှာတော့ ဒရုန်းတွေက small camera-drone တွေဆိုပြီး ဖြေထားတယ်။ အရပ်ဘက်သုံး COTS (commercial off-the-shelf) ဒရုန်းတွေကို ရည်ညွှန်းတာပါ။ ဒရုန်းအသေးတွေမို့လို့ စစ်တပ်က ဒရုန်းတွေ မဟုတ်ဘူး၊ စစ်တပ်က ဒရုန်းတွေက ကြီးတယ်၊ လေယာဉ်ပုံစံမျိုးဆိုပြီး အင်တာဗျူးဖြေတဲ့ သူက ထပ်ပြောထားတယ်။ ဒါကတော့ လွဲနေတယ်ပြောရမယ်။ စကစ စခန်းတွေသိမ်းမိတဲ့အခါ ထုတ်ပြန်တဲ့ ဓါတ်ပုံတွေ ပြန်ကြည့်မယ််ဆိုရင် သူတို့လည်း COTS drone တွေ အသုံးပြုနေတယ်ဆိုတာ အလွယ်တကူသိနိုင်တယ်။ အဲ့တော့ ဒရုန်းမြင်တာနဲ့ ဘယ်အဖွဲ့ကပါဆိုပြီး ကောက်ချက်ချနိုင်တဲ့ အခြေအနေတော့ ဟုတ်မနေဘူး။

Fortify Rights လို အဖွဲ့တွေရဲ့ report က အင်တာဗျူးတွေမှာတော့ ရိုဟင်ဂျာစစ်ရှောင်တွေကို ဗုံးကြဲဖို့လာတဲ့ ဒရုန်းတွေက AA တပ်ဖွဲ့တွေရှိတဲ့ နေရာတွေကနေ ပျံတက်လာတယ်လို့ ပြောထားကြတယ်။ ULA ရဲ့ report မှာတော့ AA တပ်ဖွဲ့ဝင်တွေကို မေးမြန်းထားပြီး စကစ jammer တွေရှိလို့ AA ဒရုန်းတွေမပျံဘူးဆိုတဲ့ပုံစံမျိုး ထည့်ရေးထားပြန်တယ်။ ကိုယ်ပိုင်အမြင်အရတော့ အင်တာဗျူးဖြေတာနဲ့တင် AA ရဲ့ ဒရုန်းတွေဖြစ်တယ်ဆိုတာ သက်သေမခိုင်လုံသလို၊ AA ကလည်း သူတို့ ဒရုန်းတွေ jammer တွေကြောင့် သုံးလို့မရပါဘူးဆိုပြီး ပြောလိုက်တာနဲ့တင် သက်သေခိုင်လုံတဲ့ ငြင်းဆိုချက်ဖြစ်သွားတာတော့ မဟုတ်ပြန်ဘူး။

ဒါ့အပြင် ဒရုန်းအသုံးပြုတဲ့ စစ်ဆင်ရေးတွေမှာ ဒရုန်းဘယ်ကနေလာတယ်ဆိုတာ မှန်းရခက်အောင် ဒရုန်းတွေကို တမင်လမ်းကြောင်းပြောင်းပြီး ပျံသန်းတဲ့ နည်းပရိယာယ်တွေလည်း ရှိသေးပြန်တယ်။ တခြားအဖွဲ့ကနေ ဒရုန်းသုံးပြီး AA ရှိရာနေရာကနေ ပျံလာတယ်ထင်ရအောင် အကွက်ဆင်တာမျိုးပါ စဉ်းစားလို့ရနိုင်တယ်။ ဒါက AA ကို ကာကွယ်ပြောဆိုတာမျိုးမဟုတ်ပဲ တကယ့်မြေပြင်အခြေအနေတွေက အင်မတန် ရှုပ်ထွေးနိုင်တယ်ဆိုတာကို သိစေချင်တာဖြစ်ပါတယ်။

ဒါပေမယ့် ဖြစ်စဉ်မှာ ဒရုန်းအပြင် မော်တာနဲ့ပစ်တာပါ ပါဝင်သေးတယ်လို့ ဖော်ပြထားကြတယ်။ မော်တာကတော့ ဘယ်ကလာတယ်ထင်ရအောင် လမ်းကြောင်းပြောင်းပြီး ပစ်လို့မရနိုင်ဘူး။

နောက်ဆုံး သိစေလိုတဲ့အချက်ကတော့ တိုက်ခိုက်ခံရတဲ့ အရပ်သား ရိုဟင်ဂျာစစ်ရှောင်တွေထဲမှာ စကစနဲ့ လက်တွဲနေတဲ့ Rohingya Solidarity Organisation RSO အဖွဲ့ဝင် လက်နက်ကိုင်တွေပါ ရောနှောပါဝင်နေတာ ရှိတယ်ဆိုပြီး Fortify Rights ကို အင်တာဗျူးဖြေတဲ့သူတွေက ပြောထားတယ်။ RSO လို လက်နက်ကိုင်‌တွေ ရှိနေတာကြောင့် စစ်ရှောင်လူအုပ်ကို AA ကတိုက်ခိုက်ခဲ့တယ်ဆိုရင်တောင် ဒါကို စစ်ရေးပစ်မှတ်လို့ပြောလို့မရပဲ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောထားကြပါတယ်။

ရခိုင်စစ်မြေပြင်က ရှမ်းမြောက်လိုမဟုတ်ပဲ တော်တော်လေး sensitive ဖြစ်တဲ့ လူမျိုးရေးကိစ္စတွေပါ ပါဝင်နေတယ်။ စကစဘက်ကနေ ARSA, RSO လို အဖွဲ့‌တွေနဲ့ လက်တွဲပြီး ရခိုင်မှာ divide and conquer လုပ်လာတဲ့ ပုံစံမျိုးကလည်း အခြေအနေတွေကို ပိုဆိုးစေတယ်။

ကိုယ်တွေအပါအဝင် ပြည်မက မြန်မာ‌တွေ အနေနဲ့ AA ကနေ ဒီလိုနာမည်ပျက်မယ့် ကိစ္စမျိုး လုပ်မှာမဟုတ်ပါဘူးလို့ တွေးချင်မိပေမယ့် သတင်းအမှောင်ချထားတဲ့ မြေပြင်မှာ လူမျိုးရေးကိစ္စတွေ၊ အမုန်းတရားတွေက အင်မတန် ရှုပ်ထွေးအမြစ်တွယ်နေနိုင်နေတာကို သတိပြုဖို့လိုသေးပြန်တယ်။ ရိုဟင်ဂျာအရေးက AA အတွက် ခက်ခဲတဲ့ပုစ္ဆာတစ်ခု ဖြစ်နေဦးမှာပါ။

Tactical Raptor
Raptorone

29/08/2024

ရခိုင်ပြည်မာ ဘဂ်လီ ပဲ ရှိတယ်

သတ္တိခဲတိ
28/08/2024

သတ္တိခဲတိ

Eh Yo!!အဖြစ်မှန်၊ ဘက်လိုက်မှု ယူဆချက်များနှင့် ခြယ်လှယ်နိုင်သည့် အလားအလာရှိသော သက်သေခံချက်များနှင့် ရောစပ်ထားသော ဖြစ်ရပ်...
28/08/2024

Eh Yo!!

အဖြစ်မှန်၊ ဘက်လိုက်မှု ယူဆချက်များနှင့် ခြယ်လှယ်နိုင်သည့် အလားအလာရှိသော သက်သေခံချက်များနှင့် ရောစပ်ထားသော ဖြစ်ရပ်မှန်အထောက်အထားအများစုကို အားကိုးခြင်းဖြင့်သာ။ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေမျိုးမှာ ဒီလိုမျိုး ဆိုးရွားတဲ့ ကောက်ချက်တစ်ခုဆီကို ဘယ်လို ခုန်ဆင်းနိုင်မလဲ။ ဤဘောင်ခတ်မှုအဆင့်အတွက် ၎င်းတို့သည် လုံလောက်သော စိစစ်မှုနှင့် အချက်အလက်စစ်ဆေးခြင်းရှိစေလိုပါသည်။

အကြမ်းဖက် ကုဘားတီကို သုတ်သင် ရှင်းလင်းသင်ရေ
26/08/2024

အကြမ်းဖက် ကုဘားတီကို သုတ်သင် ရှင်းလင်းသင်ရေ

Address


Website

Alerts

Be the first to know and let us send you an email when 𝐓𝐇𝐀𝐑𝐋𝐄𝐙𝐖𝐀 𝐀𝐑𝐀𝐊𝐀𝐍 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share