05/12/2024
“Pro တွေကို Skin ငှားသူများ”
Shanghai Major လို ပြိုင်ပွဲကြီးတွေဆော့တော့မယ်ဆိုရင်
Pro တွေက Collector တွေဆီက Skin လိုက်ငှားကြပါတယ်။
ဘာလို့လဲဆိုတာကို ရှင်းပြပါမယ်။
👉 Collector’s POV
“အကယ်၍ ဒီ Skin ကို **** က သုံးပြီး Major ကို ရသွာတာလေ”
ဆိုတဲ့ ဂုဏ်ပုဒ်က CS ရဲ့ Skin Collector တွေကြားမှာ တော်တော်လေးကို ကြီးကျယ်တဲ့ ဂုဏ်ပုဒ်တစ်ခုပါ။
ဒီလိုဂုဏ်ပုဒ်မျိုးရဖို့ကလည်း Major Winning Player ကို ငှားနိုင်မှရမှာပါ။
ကဲ ဒီတော့ Major Winning Player က ဘယ်သူလဲ???
လူတိုင်းအတိအကျမပြောနိုင်တဲ့ အနာဂတ်မို့ Collector တွေက
သူတို့ရဲ့ ရှားပါး Skin တွေကို Pro တိုင်းကို ပေးမငှားကြပါဘူး။
တစ်ခါတုံးက (ပြိုင်ပွဲ အတိအကျမမှတ်မိတော့ပါ) S1mple ကို Blue Gem AK, Blue Gem Karambit
ငှားတဲ့ Collector ကို ရှိခဲ့ပါတယ်။
Collector တွေရဲ့ အဓိက လိုချင်တာက “ရှားပါးမှုဆိုတဲ့ ဂုဏ်ပုဒ်” ကို “Champion Skin” ဆိုတဲ့
ဂုဏ်ပုဒ်ထပ်တပ်ပြီး ရွှေကို ရွှေထပ်ကွပ်တာပါ။
👉 Pro’s POV
အသိသာအမြင်သာဆံုးဥပမာပေးရရင် ခင်ဗျားတို့လို့ပေါ့။
အိမ်မှာ JJ ကာတွန်းဘောင်းဘီ၊ စွပ်ကျယ်ဂျိုင်းပြတ်နဲ့နေရင်နေမယ်။
ဒါပေမဲ့ ပွဲတက်ရင်တော့ “လူရာဝင်အောင်” ဝတ်စုံပြည့် လှလှလေးတက်တယ်။
ဒီလိုဝတ်စုံပြည့်တက်နိုင်အောင် ကူညီတဲ့သူရှိတယ်ဆိုရင် ခင်ဗျားတို့ မဝတ်ဘဲနေမှာလား???
ဝတ်စုံကမှ ပြဲသွားတာ၊ ပေါက်သွားတာမျိုးဖြစ်နိုင်သေးတယ်။
CS2 Skin တွေမှာက ဒီလိုထိခိုက်ဖို့ ဘာမှမကိုမရှိပါဘူး။
ဒီတော့ Pro တွေက သူတို့ရဲ့ Flair ကို ပြဖို့ Skin တွေကို ငှားကြတယ်။
ငါတို့ဘာသာ Pub ဘယ်ဘာ Skin နဲ့ဆော့ဆော့ ဘယ်သူမှ သောက်ဂရုမစိုက်ဘူး။
ဒါပေမဲ့ ပြိုင်ပွဲကြီးမှာ Skin မသုံးနိုင်ရင် သိက္ခာကျတယ် ဆိုတဲ့ CS2 အသိုင်းအဝိုင်းရဲ့
သတ်မှတ်ချက်တွေကြောင့် နာမည်ကြီးလေ Skin ကောင်းတာတွေ၊ ဈေးပိုကြီးတာတွေကို
ကိုင်ရပါတော့တယ်။
👉 ပရိသတ် POV
ဟ ဒီ Pro က ဒီ Skin ကို သုံးသွားတာ။ ငါလည်း အဲ့ Skin ရှိရင် သူ့လိုဖြစ်နိုင်လောက်တယ်ဆိုတဲ့ စိတ်ကူးက လူတိုင်းရှိပါတယ်။
Pro ဆီက Skill က ချက်ခြင်းတန်းမရပေမဲ့ Skin က ပိုက်ဆံရှိရင်ဝယ်လို့ရပါတယ်။
ဒါကြောင့်မို့ ပြိုင်ပွဲတွေပြီးသွားတဲ့အခါမှာ တချို့ Skin တွေက Value တအားတက်ကုန်ပါတယ်။
DOTA မှာလို Ti Winner သုံးခဲ့တဲ့ Immortal တွေက Ti အပြီးမှာ ဈေး ၂ ဆ လောက်ထောင်တက်ကုန်သလိုပေါ့။
ပြန်ဆက်ရရင် ပရိသတ်တွေက Skin တွေဝယ်ပြီး ငွေသံုးကြတယ်။ ဒီငွေသုံးဖို့ကို Trading Site တွေ၊
Steam Market တွေကိုသုံးကြရတယ်။ ဒီမှာ Trading Site တွေက ရိတ်ကြသလို၊ Steam Market ကလည်း
% နဲ့ ရိတ်ပြီး ငွေယူကြပြန်တယ်။ ဒါပေမဲ့ သူတို့လိုချင်တဲ့ Skin ကိုတော့ ရသွားတာပေ့ါ။
👉 Conclusion
Pro တွေကို Skin ငှားတဲ့ ကိစ္စက ဘက် 3 ဘက်က ချုံကြည့်ရရင်
Collector > Champions Skin ဆိုတဲ့ Reputation လိုချင်မှု
Pro > Community ရဲ့ “Skin မရှိတဲ့ကောင် ဆင်းရဲလိုက်တာ” ဆိုတဲ့ ရှုံ့ချမှုကို မခံချင်လို့
ပရိသတ် > Pro သုံးတဲ့ Skin ငါ့မှာရှိတယ်ဆိုတဲ့ ဂုဏ်ပုဒ်
ဒီအချက်တွေကြောင့် သူ့အရပ်နဲ့ သူ့ဇာတ် ကနေကြတာပါ။
ဒီ ဘက် 3 ဘက် မှာ အကျိုးအမြတ်အများဆုံးရနေတာကတော့ Trading Site တွေနဲ့ Gaben ကြီးပါပဲ။