Dinga Ent

Dinga Ent ကမ္ဘာတလွှား ဆန်းဆန်းပြားပြား ဗဟုသုတအကြောင်းအရာများ
(1)

တစ်နေ့ကို လက်တစ်ဆုပ်စာလောက်သာစား! မျက်လုံးကို ကြည်လင်စေပြီး သွေးကြောတွေကို ကျန်းမာစေပါတယ်။ပိုးစာသီးဆိုတာ သာမန်သစ်သီးတစ်မ...
04/08/2025

တစ်နေ့ကို လက်တစ်ဆုပ်စာလောက်သာစား! မျက်လုံးကို ကြည်လင်စေပြီး သွေးကြောတွေကို ကျန်းမာစေပါတယ်။

ပိုးစာသီးဆိုတာ သာမန်သစ်သီးတစ်မျိုး မဟုတ်ပါဘူး။ စားလိုက်တာနဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။

ပိုးစာသီးကို အစိမ်းလိုက်စားရင် ချိုချဉ်အရသာလေးနဲ့ လန်းဆန်းစေပါတယ်။ ဒါ့အပြင် သွေးအားကောင်းစေပြီး မောပန်းလွယ်သူ၊ ဖြူဖတ်ဖြူရော်ဖြစ်တတ်သူတွေကို ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။

တစ်နေကုန် ဖုန်း၊ တီဗီ စတာတွေကို ကြည့်လို့ မျက်လုံးညောင်းညာနေပြီဆိုရင်လည်း ပိုးစာသီးက မျက်လုံးအနားရစေပြီး မျက်လုံးပင်ပန်းတာကို သက်သာစေပါတယ်။

သွေးတွင်းသကြားဓာတ်တက်မှာကြောက်တဲ့သူတွေအတွက်လည်း ပိုးစာသီးက အကူအညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို မတက်အောင် ထိန်းချုပ်ပေးနိုင်လို့ပါ။

ပိုးစာသီးမှာပါတဲ့ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့အတွက် အူလမ်းကြောင်းကို ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။

ပိုးစာသီးကို စားသုံးခြင်းဖြင့် ဦးနှောက်ကို ကြည်လင်စေပြီး မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

ကျန်းမာရေးကို လွယ်လွယ်ကူကူ ဂရုစိုက်ချင်တယ်ဆိုရင် ပိုးစာသီးကို တစ်နေ့လက်တစ်ဆုပ်စာလောက် ပုံမှန်စားပေးရုံနဲ့ လုံလောက်ပါတယ်။ အများကြီးစားဖို့ မလိုပါဘူး။

အတိုချုပ်ပြောရရင် ပိုးစာသီးဆိုတာ သာမန်ဒေသထွက်အသီးတစ်မျိုး ဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ဘက်စုံကနေ ကူညီပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ အသီးတစ်မျိုးပါပဲ။

နေ့တိုင်းစားရုံနဲ့ ငွေကုန်ကြေးကျများစွာ မကုန်ဘဲ ကိုယ့်အနီးအနားမှာရှိတဲ့ ကောင်းမွန်တဲ့အသီးနဲ့ မိမိကိုယ်မိမိ ပြုစုစောင့်ရှောက်နိုင်ပါတယ်။ တကယ်ကို အကျိုးကျေးဇူးများတဲ့ သစ်သီးတစ်မျိုးပါ။
Crd

MON SOUNG

တိုင်းရင်းဆေး ၅ မျိုးဓာတုပစ္စည်းများမလိုအပ်ဘဲ သွေးတွင်းအဆီဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းပေးသည်။ အတွင်းအပြင် ကျန်းမာရေးကိ...
04/08/2025

တိုင်းရင်းဆေး ၅ မျိုး
ဓာတုပစ္စည်းများမလိုအပ်ဘဲ သွေးတွင်းအဆီဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းပေးသည်။
အတွင်းအပြင် ကျန်းမာရေးကို ဂရုစိုက်ချင်သူများအတွက် အထူးသင့်လျော်ပါသည်။

လတ်ဆတ်သော ကြက်သွန်ဖြူ
Allicin ပါဝင်ပြီး LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းသော ကိုလက်စထရော) ကို တိုးစေပါတယ်။
အသုံးပြုပုံ- လတ်လတ်ဆတ်ဆတ် လေးညှင်းပွင့် 1-2 မြွှာကို တစ်နေ့လျှင် မြုပ်စေသော ကြက်သွန်ဖြူ (သို့) ထမင်းစွပ်ပြုတ် (သို့) ကြိုက်နှစ်သက်ရာ ဟင်းလျာများတွင် ထည့်ပါ။

ဂျင်း လတ်လတ်ဆတ်ဆတ်
ဂျင်းမှာပါတဲ့ gingerol က ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး triglycerides တွေကို လျှော့ချပေးပါတယ်။
အသုံးပြုပုံ- ဂျင်းလက်ဖက်ရည်ကို ကျိုချက်ပြီး မနက်ခင်း (သို့) အိပ်ယာမဝင်ခင် ရေနွေးနွေးလေး သောက်ပေးပါ။

Kaffir Lime အရွက်
အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသည်းအတွင်း အဆီတွေကို လျော့ချပေးပါတယ်။
အသုံးပြုပုံ- လတ်ဆတ်သော ဟင်းလျာများတွင် အရွက်များထည့်၊ မွှေကြော် သို့မဟုတ် ရေနွေးပူပူအဖြစ် ချက်ပေးပါ။

Gotu Kola
ရောင်ရမ်းမှု ဆန့်ကျင်ဂုဏ်သတ္တိများ ရှိပြီး ကိုလက်စထရောကို လျှော့ချပေးနိုင်သည့် triterpenoids များ ပါဝင်သည်။
အသုံးပြုပုံ- လတ်ဆတ်သော Gotu Kola ဖျော်ရည်ကို ရောစပ်ပြီး သောက်ပါ။ ဒါမှမဟုတ် အခြောက်ပုံစံကိုဝယ်ပြီး နွေးအောင်ချက်ပေးပါ။

Andrographis paniculata
၎င်းသည် ၎င်း၏ ကိုယ်ခံအား မြှင့်တင်ပေးသည့် ဂုဏ်သတ္တိကြောင့် လူသိများသော်လည်း Andrographolide သည် အဆီပမာဏကိုလည်း သက်ရောက်မှုရှိသည်။
အသုံးပြုပုံ- တစ်ပတ်ထက်မပိုဘဲ အချိန်တိုအတွင်း သောက်သုံးပေးပါ။
#မူရင်းတင်သူ MTRK.
#ကျမ်းမာရေးဗဟုသုတ

ငွေရှာပါ ကိုယ်ပိုင်ဝင်ငွေမှမရှိရင်မိသားစုကြားမှာပဲဖြစ်ဖြစ်လင်မယားကြားမှာပဲဖြစ်ဖြစ်မျက်နှာငယ်ရတယ် . . .
04/08/2025

ငွေရှာပါ

ကိုယ်ပိုင်ဝင်ငွေမှမရှိရင်

မိသားစုကြားမှာပဲဖြစ်ဖြစ်

လင်မယားကြားမှာပဲဖြစ်ဖြစ်

မျက်နှာငယ်ရတယ် . . .

>> လေးဖက်နာ၊ ဂေါက်၊ အဆစ်အမျက် ***>> ရောင်ရမ်းနာရှိသူများအတွက် ***>> သဘာဝဓါတ်စာ နာနတ်သီးပြုတ်  ***နာနတ်သီးတစ်လုံးကို အလည်...
04/08/2025

>> လေးဖက်နာ၊ ဂေါက်၊ အဆစ်အမျက် ***
>> ရောင်ရမ်းနာရှိသူများအတွက် ***
>> သဘာဝဓါတ်စာ နာနတ်သီးပြုတ် ***

နာနတ်သီးတစ်လုံးကို အလည်အူတိုင်ပါမကျန်
ပါးပါးလှီးပြီး နာနတ်သီးမြုပ်ယုံလေးရေထည့်ကာ နူးအောင်ပြုတ်ပါ။ အချိုရည်သောက်။ ချဥ်ရင် သကြားအညိုလေး နနည်းထည့်ပြုတ်ပါ။

ပြီးရင် အအေးခံပြီး ရေခဲသေတ္တာထဲ
ထည့်သိမ်းထားနိုင်ပါတယ်။

မောတဲ့အချိန်တိုင်းသောက် အကောင်းဆုံးအအေးပဲ။ အသည်းအတွက် အကောင်းဆုံးဆေးဖြစ်တဲ့အပြင် လေးဖက်နာ၊ ဂေါက်၊ အဆစ်ရောင်သမားတွေအတွက် ရောင်ရမ်းမှုကိုသက်သာစေပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေ

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

သခွားသီး၊ သံပုရာသီး၊ ဂျင်း၊ mint detox waterသောက်သုံးရလွယ်ကူပြီး ဗိုက်ချပ်ကာ အသားအရေကို ကြည်လင်စေပါသည်။ပါဝင်ပစ္စည်းများ-...
04/08/2025

သခွားသီး၊ သံပုရာသီး၊ ဂျင်း၊ mint detox water

သောက်သုံးရလွယ်ကူပြီး ဗိုက်ချပ်ကာ အသားအရေကို ကြည်လင်စေပါသည်။

ပါဝင်ပစ္စည်းများ-

သခွားသီး တစ်ဝက် (ပါးပါးလှီး)

သံပုရာသီး ၁ လုံး (ပါးပါးလှီးထားပါ)

ပူစီနံ 10ရွက်

ဂျင်း ၃-၄ ချပ်

ရေအေး 1-1.5 လီတာ။

ရေခဲရေကိုအသုံးပြုပေးပါ

ပြုလုပ်နည်း-

1. သခွားသီး ၊ သံပုရာသီး ၊ ဂျင်း နှင့် mint ကို အိုးထဲထည့်ပါ။

2. ရေအေးထည့်ကာ 2-3 နာရီကြာ ရေခဲသေတ္တာထဲထည့်ပါ။

3. ဖန်ခွက်ထဲသို့ လောင်းထည့်ကာ ရေခဲထည့်ကာ တနေကုန် သောက်ပါ။

ထူးထူးခြားခြား အကျိုးကျေးဇူးများ-

ရေထည့်ပါ၊ ရေထိန်းသိမ်းမှုကို လျှော့ချပါ။

ဗီတာမင် C မြင့်မားစွာပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

အစာချေဖျက်မှုကို ကူညီပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေပြီး ဝမ်းကို လျင်မြန်စွာ ချောမွေ့စေပါသည်။

ကယ်လိုရီနည်းသောရေကို အချိုအစား သောက်ပါ။

အညစ်အကြေးများကို ဖယ်ရှားပေးကာ ဆိုဒီယမ်ကို လျှော့ချကာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။

ရောင်ရမ်းမှုကို လျော့ပါးစေပြီး အသားအရေကို ကြည်လင်စေပြီး ကျန်းမာစေပါသည်။

ပုံမှန်သောက်ပေးခြင်းဖြင့် လန်းဆန်းပေါ့ပါးသွက်လက်ပြီး ဗိုက်ချပ်ကာ အစာစားစရာမလိုပါဘူး။
#အများသိအောင်လဲနည်းမျိုးစုံနဲ့sharingလုပ်ပေးကြပါ #စိုက်ပျိုးရေးဗဟုသုတ #ကူးယူဖော်ပြပါကမူရင်းတင်သူနမည်ထဲပေးပါ

အထီးကျန်အိမ် အထီးကျန်အိမ်ထဲမှာ အသက် ၅၀ ကျော် နောက်ပိုင်း ကသူတွေ နေထိုင်ကြပါတယ်•••သူတို့တွေဟာ အများဆုံး မိဘများသာ ဖြစ်ကြပ...
04/08/2025

အထီးကျန်အိမ်

အထီးကျန်အိမ်ထဲမှာ
အသက် ၅၀ ကျော် နောက်ပိုင်း ကသူတွေ
နေထိုင်ကြပါတယ်•••
သူတို့တွေဟာ အများဆုံး
မိဘများသာ ဖြစ်ကြပါတယ်..

အရွယ်ရောက်လာတဲ့ သားသမီးတွေဟာ
တချို့က ပညာသင်ကြားဖို့
ထွက်ခွာသွားကြတယ်•••

တချို့ကအိမ်ထောင်ပြုပြီး
မိသားစုအသစ် ထူထောင်ကြလို့
ထွက်ခွာသွားကြတယ်•••

တချို့က ကိုယ့်ဘဝရပ်တည်မှုအတွက်
ရေကြည်ရာ မြက်နုရာကို
ထွက်ခွာသွားကြတယ်•••

အကြောင်း အမျိုးမျိုးကြောင့်
သားသမီးတွေ ထွက်ခွာသွားကြတဲ့အခါ
အထီးကျန်အိမ်ထဲ နှစ်ယောက်တွဲရှိနေတဲ့
မိအိုဖအို ရှိကြသလို
မိအို ( သို့မဟုတ် ) ဖအို တဦးတည်းသာ
ကျန်ခဲ့သူတွေ ရှိကြပါတယ်•••

အထီးကျန်အိမ်ကြီးထဲမှာ
သားသမီးတွေ ဘယ်အချိန်ပြန်လာမလဲ?
သူတို့ မျှော်နေတတ်ကြတယ် •••

သူတို့ဆီ ဘယ်အချိန်ဆက်သွယ်မလဲ ?
တောင့်တနေတတ်ကြတယ် •••

ပညာရှာနေသူတွေဆို
စာဖတ်နေမလား? မအားဘူးလား ?

လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆို
အလုပ်တွေရှုပ်နေမလား .?

အိမ်ထောင်ကျသွားတဲ့ သူတွေဆို
မိသားစုတွေ အဆင်ပြေကြရဲ့လားလို့
သူတို့ အမြဲတွေးနေတတ်တယ်•••

အဲဒီအချိန် မိအို ဖအို တို့လိုချင်တာ
သားသမီးတွေရဲ့ ဂရုစိုက်ခြင်း ဖေးမခြင်း
အရေးတယူရှိခြင်းပါပဲ•••

တစ်နေ့ အထီးကျန်အိမ်ကို
သားသမီးပြန်လာချိန်
ဘယ်သူက ဘာကြိုက်တတ်တယ် •••
ဘယ်သူက ဘယ်လိုနေတတ်တယ်•••စသည်ဖြင့်
တွေးရင်း စောင့်မျှော်နေရင်း
သူတို့ ကြိတ်ပျော် နေတတ်ကြတယ်•••

ဒါကို တစ်ချို့သားသမီးတွေက
မသိကြဘူး နားမလည်တတ်ကြဘူး•••

ဒီနေ့ ဒီအချိန် ဒီလိုဘဝမှာ
နေထိုင်ရပ်တည်မှုဟာ
မိဘကြောင့်ဖြစ်တယ်ဆိုတာ
မေ့နေတတ်ကြပါတယ်•••

ကိုယ်ကိုယ်တိုင် အထီးကျန်အိမ်ထဲက
မိဘဖြစ်လာတဲ့အခါမှာတော့
တန်ဖိုးသိလာကြပါပြီ•••
အဲဒီအခါ မရှိတော့တဲ့ မိဘတွေကို
တမ်းတမိတတ်ကြပါတယ် •••
ဒါပေမဲ့ နောက်ကျခဲ့ပြီပေါ့•••

ဒါကြောင့် •••
အထီးကျန်အိမ်ကို ပစ်မထားပါနဲ့ •••
အချိန်ရရင် ရသလို ပြန်ကြပါ•••
အထီးကျန်အိမ်ထဲက မိဘကို ဆက်သွယ်ပါ •••

အထီးကျန် အိမ်ထဲက မိဘတွေဟာ
မင်းလာမဲ့လမ်းကို အမြဲစောင့်နေပါတယ်•••

မင်းအသံကို ကြားချင်လို့
ဖုန်းသံကို နားစွင့်နေတတ်ပါတယ်•••

မင်းကို သူတို့ ဖုန်းဆက်ပြီဆို
သိပ်လွမ်းနေလို့ပါ•••
မင်းကို တမ်းတနေလို့ပါဆိုတာ
သိထားရပါမယ်•••

သူတို့ miss call တွေ့ရင် မင်းပြန်ဆက်ပေးပါ•••

မင်းကို သူတို့ အသက်ရှင်နေသမျှ
ငယ်စဉ်ကလေးဘဝကကလို
မျက်စေ့ အောက်မှာ ထားခြင်ပေမဲ့
သဘာဝတရားအတိုင်း
လိုက်နာကျင့်သုံးနေထိုင်ရင်း
မင်းပြန်မဲ့အချိန်
မင်းဆက်သွယ်လာမဲ့အချိန်ကို
မျှော်နေတယ်ဆိုတာ သိထားရင်ဖြင့်
အထီးကျန်အိမ်အား
မေတ္တာဖြင့် စိမ်းလန်းစိုပြေပေးနိုင်ကြပါစေ•••

❤🌿

゚viralシ #သုတရသ​စာပေစုံ
#ဓမ္မသုတရသစာပေ #ရသစာပေ #ခွန်အားစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🌺
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်🌺🙏

ဆုံးရှုံးပြီးမှလူတစ်ယောက်တန်ဖိုး နားလည်မယ်ဆိုရင်မင်းနစ်နာသွားရပြီ...သင်နားလည်သွားတဲ့အချိန်မှာအဲ့လူတစ်ယောက်ကသင့်အနားမှာရှ...
04/08/2025

ဆုံးရှုံးပြီးမှ
လူတစ်ယောက်တန်ဖိုး နားလည်မယ်ဆိုရင်မင်းနစ်နာသွားရပြီ...

သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့ မသေချာတော့ဘူး

အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်း
မသိခဲ့ဘူးဆိုရင်

သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး

အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကို
ကိုယ်ချင်းမစာတတ်ခဲ့ရင်

သင်ကိုယ်ချင်းစာတတ်တဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး

မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်းပဲဖြစ်ဖြစ်
ချစ်သူ ရည်းစားပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့

လူတိုင်းလူတိုင်းဟာ

ဆုံးရှုံးပြီးမှ
သင်ခန်းစာရသွားတတ် သူတွေကြီးပါ

လူတွေက ကိုယ်နဲ့ နေ့စဥ်တွေ့နေတဲ့ သူကိုကျတော့ စာနာနားလည်ပေးဖို့ ဝန်လေးတတ်ကြတယ်

ဒါကြောင့်
ကိုယ်နဲ့အနီးဆုံးလူကို ဂရုစိုက်ပါ

#မေတ္တာဖြင့် #လေးစားစွာပြန်လည်မျှဝေပါတယ်

"အလုပ်မရှိရင် စာ ဖတ် ပါ" တန်ဖိုးရှိတဲ့စာလေးတွေ မျှဝေပေးဖြစ်တယ်တန်ဖိုးသိတဲ့သူတွေ ဖတ်ကြပါစေ စာကောင်းလေးတွေ ဖတ်ရင်းနဲ့စိတ်က...
04/08/2025

"အလုပ်မရှိရင် စာ ဖတ် ပါ"

တန်ဖိုးရှိတဲ့စာလေးတွေ မျှဝေပေးဖြစ်တယ်
တန်ဖိုးသိတဲ့သူတွေ ဖတ်ကြပါစေ

စာကောင်းလေးတွေ ဖတ်ရင်းနဲ့
စိတ်ကောင်းလေးတွေ ရှိလာကြပါစေ

ဗဟုသုတတွေလေ့လာတယ်ဆိုတာ
အသိအမြင် အတွေးအခေါ်တွေရဖို့အတွက်ပါ။

ထက်မြတ်တဲ့ ဦးနှောက်ရှိမှ
အောင်မြင်တဲ့ဘဝကို တည်ဆောက်နိုင်မှာပါ
အဲ့ဒီအတွက် စာ ဖတ် ဖို့ လို ပါ တယ်

ဘာစာမှ မဖတ်တဲ့သူက
ဘာအသိဉာဏ်မှ ရှိလာမှာမဟုတ်သလို
ဘာစိတ်ကူးမှ ရှိလာမှာလည်း မဟုတ်ပါဘူး။
ဘာနည်းလမ်းမှ သိလာမှာလည်း မဟုတ်ပါဘူး။
ဘာအတွေးအခေါ်မှ ရှိလာမှာလည်းမဟုတ်ပါဘူး။

အဲ့လိုလူရဲ့ဘဝဟာလည်း
ဘာအောင်မြင်မှုမှ မယ်မယ်ရရ မရှိသလို
အေးချမ်း ပျော်ရွှင် သာယာတဲ့ဘဝကိုလည်း
တည်ဆောက်လာနိုင်မှာ မဟုတ်ပါဘူး

ဒါကြောင့်---
သူများထက် ခြေတစ်လှမ်းသာချင်ရင်
သူများထက် ခေါင်းတစ်လုံးသာချင်ရင်
သူများထက် အရည်အချင်းရှိချင်ရင်
သူများထက် စွမ်းရည်ပြည့်ဝစေချင်ရင်
သူများထက် ပိုအောင်မြင်စေချင်တယ်ဆိုရင်
စာဖတ်ဖို့လိုတယ် မဖြစ်မနေကို ဖတ်ဖို့လိုပါတယ်။

စာအုပ်နဲ့ပဲ ဖတ်ဖတ်
ဖုန်းထဲကပဲရှာ ဖတ်ဖတ်
အဓိကက စာဖတ်နေဖို့ပဲ။

ဘွဲ့ရနေပြီ ပညာတတ်နေပြီး
အသက်တွေကြီးနေပြီ
ချမ်းသာကြွယ်ဝနေတယ်ဆိုပြီး
သိစရာ တတ်ရာ လေ့လာစရာတွေ
မရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့

ဘ ဝ ဆို တာ
မသေမချင်း အမြဲလေ့လာ သင်ယူနေရမှာပါ။

အလုပ်ရှိရင် အလုပ်လုပ်ပါ
အလုပ်မရှိရင် စာဖတ်ပါ

ကမ္ဘာပါတ်စရာမလိုဘူး
စာဖတ်ရုံနဲ့ အကုန်သိနိုင်တယ်....

ပညာတတ်ပြီး စာမဖတ်ရင်
သင်တတ်ထားတဲ့ပညာက အလကားပါပဲ.....

စာဖတ်ခြင်းသည် ဘဝတစ်ခုလုံးကို
ပြောင်းလဲစေနိုင်သည်....

စာဖတ်ခြင်းဖြင့် အကောင်းအဆိုး
အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည်...

စာဖတ်ခြင်းသည် ဗဟုသုတရသကဲ့သို့
လူ့စိတ်ကိုလည်းပြောင်းလဲစေနိုင်သည်....

စာအုပ်စာပေ လူမိတ်ဆွေတဲ့
မိတ်ဆွေကောင်းထက် အသိပညာတွေပေးနိုင်တာ
"စာပေ''ပါပဲ....

ဗဟုသုတ၊ ရသ ၊ကဗျာ ၊ဟာသ စတဲ့စာပေ
အားလုံးသည် ကဏ်ဏ္ဍတစ်ခုချင်းစီတွင်
စာဖတ်သူအားလုံးကို အကျိုးပြုပါသည်....

ထို့ကြောင့်...
စာများများဖတ်ပါ...
စာဖတ်ခြင်းသည် ဉာဏ်အလင်းကိုရစေပါသည်..

မေတ္တာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည် 😍
လူငယ်များအတွက်

#ခွန်အားဖြစ်စေသောစာများ

''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''"အောင်မြင်နေတဲ့ လူတွေရဲ့နောက်မှာမအောင်မြင်ခဲ့တဲ့ အချိန်တွေရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ...
04/08/2025

''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''

"အောင်မြင်နေတဲ့ လူတွေရဲ့
နောက်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ
ရှိခဲ့ဖူးတယ်ဆိုတာ အမြဲမှတ်ထားပါ....

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။

ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာ ကောင်းသလို ကြောင်တောင်တောင်လည်း ဖြစ်နိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

#ဆရာအောင်သင်း

#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
#မေတ္တာဖြင့်ပြန်လည်မျှဝေသည်

ကျွန်တော်တို့ဟာ တစ်ခါတစ်လေ အခြားသူတွေရဲ့ အရှိန်အဝါ၊ အောင်မြင်မှုတွေကို အားကျမိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ကိုယ့...
04/08/2025

ကျွန်တော်တို့ဟာ တစ်ခါတစ်လေ အခြားသူတွေရဲ့ အရှိန်အဝါ၊ အောင်မြင်မှုတွေကို အားကျမိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သတိရဖို့လိုပါတယ် - ငါကိုယ်တိုင်ကလည်း တစ်စုံတစ်ယောက်အတွက် အားကျစရာ၊ အားထားစရာဖြစ်နေနိုင်တယ်"** ဆိုတာကိုပါ။

*ကိုယ့်ဖြစ်တည်မှုကို ချစ်ပါ**

- **ကိုယ်ရဲ့လမ်းကို ယုံပါ** – လူတိုင်းမှာ သူ့အရှိန်နဲ့သူ ရွေ့လျားနေတဲ့ ဘဝဇာတ်လမ်းရှိပါတယ်။
- **ကိုယ့်တန်ဖိုးကို အသိအမှတ်ပြုပါ** – သင်ရှိတဲ့အတွက်ကိုက တစ်စုံတစ်ယောက်အတွက် အလင်းတစ်ခုဖြစ်နေပါတယ်။
- အထူးသဖြစ် သင့်မိသားစုပေါ့

နှိုင်းယှဉ်မှုတွေကို လျှော့ချပါ** – သူများနဲ့ယှဉ်ရင် ဘယ်တော့မှ မပြည့်စုံပေမယ့် ကိုယ်တိုင်အတွက်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ပါတယ်။

သင်ဟာ သင်ထင်ထားတာထက် ပိုပြီးတောက်ပနေပါတယ်။ ဒါကို မမေ့ပါနဲ့။ ✨

*"တခြားသူတွေရဲ့ အလင်းရောင်ကို အားကျနေစဉ်၊ သင်ကိုယ်တိုင်ရဲ့ အလင်းက သူတစ်ပါးအတွက် လမ်းပြကြယ်တစ်ပွင့်ဖြစ်နေတတ်ပါတယ်။"*


မြစ်ကျဉ်းတော့ ရေစီးသန်တယ်။ အမြင်ကျဉ်းတော့ အငြင်းသန်တယ်။အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန...
04/08/2025

မြစ်ကျဉ်းတော့ ရေစီးသန်တယ်။
အမြင်ကျဉ်းတော့ အငြင်းသန်တယ်။

အမြင်ခြင်းမတူဘူးဆိုရင် မပြိုင်နဲ့မရှင်းနဲ့မငြင်းပါနဲ့။ ပြိုင်လေရန်များလေးပဲ၊ ရှင်းလေရှုတ်လေပဲ၊ ငြင်းလေ ဆိုးလေပါပဲ။

အရူးတစ်ယောက်နဲ့ငြင်းခုံနေတာဟာ အရူးနှစ်ယောက်ရှိတယ်လို့သက်သေပြလိုက်တာပါပဲ။

လင်းနို့က လူတွေကိုကြည့်ရင် ဇောက်ထိုးမြင်မှာပဲ။

လင်းနို့ အတည့်မြင်အောင် ကိုယ်က ကင်းမြီးကောက် ထောင်ပြစရာမလိုပါဘူး။

ကိုယ်သမိုင်းကိုယ်ရေးတဲ့နေရာမှာ သူတစ်ပါး ချီးမွမ်းတာ ကဲ့ရဲ့တာကို လိုက်ခံစားမနေပဲ အချိန်ရသ၍ စာဖတ်ပါ စာများများဖတ်ပါ


@အမာခံပရိသတ်များ
#စာပေ #ပညာပေး

ဒီအချိန်မှာဘာမှ မဟုတ်တာလေးနဲ့ကအစကိုယ်က ထိလွယ်ရှလွယ်နေတယ်ထင်တယ်ဒီအရပ်မှာနေလို့ ပျော်မနေဘူးဆိုရင်အရင်လို သည်းခံပြီး နေလို့...
04/08/2025

ဒီအချိန်မှာ
ဘာမှ မဟုတ်တာလေးနဲ့ကအစ
ကိုယ်က ထိလွယ်ရှလွယ်နေတယ်ထင်တယ်

ဒီအရပ်မှာ
နေလို့ ပျော်မနေဘူးဆိုရင်
အရင်လို သည်းခံပြီး နေလို့
အဆင်မပြေနေတော့ဘူး
ပြေးထွက်ဖို့ပဲတွေးတယ် ။

စကားတွေပြောလို့မှ
အဆင်မပြေဘူးဆိုရင်
အရင်လို ငြင်းခုန်မနေချင်တော့ဘူး
တိတ်ဆိတ်လိုက်ဖို့ပဲ ရွေးတယ် ။

တစ်စုံတစ်ယောက်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့်
အဲ့ဒီလူက
ကိုယ့်ကို နားမလည်ဘူးဆိုရင်
တစ်ယောက်တည်းနေလိုက်တာပဲ များတယ် ။

အများကြီး ရှင်းပြမနေချင်တော့ဘူး

ပြီးတော့ ...
စိတ်တွေက
နောက်ထပ် အဆင်မပြေမှုဆိုတာ
မကြုံချင်လောက်အောင်
ပင်ပန်းနေတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ် ။

ကိုယ်ဟာ ...
ပုံမှန်ထက်ပိုပြီး
လေဖြည့်ထားခံရတဲ့
မိုးပျံ ပူပေါင်းလေးတစ်လုံးလိုပါပဲ

အပ်တစ်ပေါက်စာ
ဒါမှမဟုတ်တစ်ခုခု
ပေါက်ကွဲဖြစ်ဖို့ များတယ်

ဒါကြောင့်ပဲ ...
ဘယ်သူမှ ရှိမနေတဲ့အရပ်မှာ
တစ်ယောက်တည်း တိတ်ဆိတ်နေတာမျိုးက
ပိုပြီးတော့ အဆင်ပြေတယ်

အခုချိန်မှာလေ
ဘယ်သူ့ကိုမှ
ဘာအကြောင်းမှ မပြောချင်လောက်အောင်
စိတ်တွေက ပင်ပန်းလို့ ။


#ဘဝသင်ခန်းစာ

Address


Website

Alerts

Be the first to know and let us send you an email when Dinga Ent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share