𝐋𝐰𝐞𝐌𝐚𝐰 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐈𝐧𝐧𝐥𝐚𝐲

  • Home
  • 𝐋𝐰𝐞𝐌𝐚𝐰 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐈𝐧𝐧𝐥𝐚𝐲

𝐋𝐰𝐞𝐌𝐚𝐰 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐈𝐧𝐧𝐥𝐚𝐲 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐋𝐰𝐞𝐌𝐚𝐰 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐈𝐧𝐧𝐥𝐚𝐲, News & Media Website, .

ယခုနှစ်(၂၀၂၃ ခှနှစ်) သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှစတင်၍  အင်းလေးဖောင်တော်ဦး ရုတ်ရှင်တော်မြတ် ဒေသစာရီကြွချီအပူဇော်ခံမည်။။ ...
09/08/2023

ယခုနှစ်(၂၀၂၃ ခှနှစ်) သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှစတင်၍ အင်းလေးဖောင်တော်ဦး ရုတ်ရှင်တော်မြတ် ဒေသစာရီကြွချီအပူဇော်ခံမည်။။


Congratulations! 👍ညောင်ရွှေ - အင်းယား
09/06/2023

Congratulations! 👍
ညောင်ရွှေ - အင်းယား

2022 Oct 24, တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့``အင်းသားအမျိုးသားနေ့´´ အား ဂုဏ်ယူလျက် ကြိုဆိုပါ၏။။။❤️
24/10/2022

2022 Oct 24, တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့
``အင်းသားအမျိုးသားနေ့´´ အား ဂုဏ်ယူလျက် ကြိုဆိုပါ၏။။။
❤️


တောင်ကြီး မြို့ရှောင်လမ်း Views 🛣️🏞️
02/10/2022

တောင်ကြီး မြို့ရှောင်လမ်း Views 🛣️🏞️


ကလောပင်မဓာတ်အားခွဲရုံတွင် ထိန်းပြင်လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများအားလုံး ...
03/08/2022

ကလောပင်မဓာတ်အားခွဲရုံတွင် ထိန်းပြင်လုပ်ငန်း
ဆောင်ရွက်မည်ဖြစ်သဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ
ရပ်ကွက် ကျေးရွာများအားလုံး (4.8.22)မှ (6.8.22) ရက်နေ့ထိ
နံနက် ၈ နာရီမှ ညနေ၅နာရီထိ ဓာတ်အားယာယီပြတ်တောက်
နေမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

Source~ESE NyaungShwe

12/07/2022

🙏``ဝါဆိုလပြည့်နေ့´´ ``ဓမ္မစကြာအခါတော်နေ့´´
ဤနေ့ရက်မြတ်မှစ၍ စိတ်၏ချမ်းသာခြင်း
ကိုယ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေ🙏

ရွာငံမြို့နယ်   တိပိဋကရ အရိန္ဒမာစက္ခုပါလအနန္ဒဇိန သမ္ဗုဒ္ဓေစေတီတော် (မျက်စိဆေးရုံ)တွင်21-4-2022 နှင့် 22-4-2022 ရက်နေ့မျာ...
19/05/2022

ရွာငံမြို့နယ် တိပိဋကရ အရိန္ဒမာစက္ခုပါလ
အနန္ဒဇိန သမ္ဗုဒ္ဓေစေတီတော် (မျက်စိဆေးရုံ)တွင်

21-4-2022 နှင့် 22-4-2022 ရက်နေ့များတွင်

၁/အဆီကျိတ်အဖုကျိတ်

၂/အူကျရောဂါ

၃/လိပ်ခေါင်းရောဂါ

၄/ဂရင်ဂျီနာ

၅/ရင်သားအကျိတ်ရောဂါဝေဒနာရှင်များကို

ဂျပန်နိုင်ငံမှဆရာဝန်ကြီးများ

အထူးကုဆေးခန်း

တိုင်းရင်းမြန်မာအရိုးနှင့်အကြော

ဆရာမြ အဖွဲ့ တို့မှ လာ​ရောက် ကုသ​ပေးမည်ဖြစ်​ကြောင်း

အသိပေးနှိုးဆော်အပ်ပါသည်🙏

မျက်စိ​ဆေးရုံကိစ္စ အ​သေးစိတ်သိရှိလိုပါက

Ko tun -09402606730 ထံ ဆက်သွယ်နိုင်ပါသည်

လူနာတင်ယာဥ်အခက်အခဲရှိပါက

မြန်မာနိုင်ငံလူမှုကယ်ဆယ်​ရေးအဖွဲ့
ရွာငံမြို့နယ်​ကော်မတီ

နာယကဆရာတော် - 09686890213
ဥက္ကဌဦးကျော်သူ - 09405256119
ဦးအောင်ထက်မိုး - 09897939499တို့ကိုဆက်သွယ်အကူညီတောင်ခံနိုင်ပါသည်

ယနေ့ (18.5.2022)မှစပြီး ပင်လောင်း 🔁တောင်ကြီး  မှော်ဘီတံတား ကား/ဆိုင်ကယ် မည်သည့်ယဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရပ...
18/05/2022

ယနေ့ (18.5.2022)မှစပြီး
ပင်လောင်း 🔁တောင်ကြီး မှော်ဘီတံတား ကား/ဆိုင်ကယ်
မည်သည့်ယဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရပါသည်။

Photo- Khun Phone Myat Zan

ပင်လောင်းနှင့် အင်းလေးဒေသရှိ နေရာအချို့ ဖုန်းလိုင်းများပြတ်တောက်နေပြီး တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတိပေးမဲခေါင်၊ မေ ၁၃ရှ...
13/05/2022

ပင်လောင်းနှင့် အင်းလေးဒေသရှိ နေရာအချို့ ဖုန်းလိုင်းများပြတ်တောက်နေပြီး တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတိပေး

မဲခေါင်၊ မေ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ နေရာအချို့တွင် ယနေ့၊ နံနက်အစောပိုင်းအချိန်မှစတင်ပြီး ဖုန်းလိုင်းများပြတ်တောက်လျက်ရှိသလို တိုက်ပွဲများဖြစ်ပေါ်လာနိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြည်သူများထံ သတိပေးပြောဆိုထားသည်။

ယမန်နေ့၊ မေလ ၁၂ရက်ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်၏ ဗိုလ်မှူးအပါအဝင် ၁၅ဦး‌သေပြီး ၅ဦးလက်နက်ချ အညံ့ခံခဲ့ကြရသည့် ညောင်ရွှေမြို့နယ်၊ ထီးရီးရွာ တိုက်ပွဲအပြီး စစ်တပ်နှင့် PNOက အင်အားတိုးချဲ့ထားသလို ဖုန်းလိုင်းများပါ ပြတ်တောက်နေကြောင်း ဒေသတွင်းတော်လှန်ရေးထောက်ပို့ခေါင်းဆောင်တစ်ဦးက ပြောသည်။

"တချို့နေရာတွေက ‌မနေ့ကတည်းကပြတ်နေတယ်လို့သတင်းရတယ်။ ကျွန်တော်တို့ဖက်ကတော့ ဒီမနက်မှ မရတော့တာ။ သူတို့ဖက်ကလည်း အင်အားတိုးချဲ့လာတော့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ ဒေသခံတွေကို အသိပေးချင်တာက သတင်းတွေကို အမြဲတမ်းနားစွင့်ထားပြီး အရေးကြီးတာတွေကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားဖို့နဲ့ အရေးပေါ်ပြောင်းရွေ့ဖို့ဖြစ်လာရင် ကြိုတင်ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်။ အလှူရှင်တွေကိုလည်း ပုံမှန်လှူနေကြအဖွဲ့တွေကို ပိုလှူပေးကြဖို့ မေတ္တာရပ်ခံပါတယ်"ဟု ၎င်းကပြောသည်။

အလားတူ ပင်းတယနှင့် ရွာငံဒေသတွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အားအများအပြားဖြင့် ကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ PDFများကို စီးနင်းရှာဖွေလျက်ရှိသဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံစစ်ပြင်ဆင်နေရကြောင်း အဆိုပါဒေသ၏ ထောက်ပို့ခေါင်းဆောင်တစ်ဦးက ထပ်ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဒေသက တခြားဒေသတွေလောက် အာရုံစိုက်မခံရသလို တော်လှန်ရေးလှုပ်ရှားမှုတွေကလည်း တခြားဒေသက သတင်းတွေလောက် သိပ်စိတ်မဝင်စားကြဘူးလေ"ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာ၊ စာသင်ကျောင်းအတွင်း အခိုင်အမာတပ်စွဲထားသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ-၁၈ တပ်နှင့် PNO အဖွဲ့ကို Pekhon People Defence Force - 2 ၊ KNDF B-3 တပ်ခွဲ ၄တို့က မေလ ၁၂ရက်၊ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ ဗိုလ်မှူးအပါအဝင် ၁၅ဦး‌သေကာ ၅ဦးမှာ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်၏ ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ် ၃၃၆တပ်မှ စစ်သား ၆ဦးက ဖယ်ခုံအရှေ့ဖက်ကမ်းသို့ မေလ ၁၂ရက်က ထွက်ပြေးသွားသဖြင့် စစ်တပ်မှလိုက်လံရှာဖွေနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသော်လည်း မဲခေါင်သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပေ။

Source
https://m.facebook.com/story.php?story_fbid=996899750969962&id=363715110955099

✅ရေစက်ချလို့ပြီးပါပြီ...အလှူပွဲကြီးလည်းအောင်မြင်ပါပြီ🥰🥰အဘက်ဘက်မှဝိုင်းဝန်ကူညီဆောင်ရွက်ခဲ့ကြသော ရပ်ရွာလူထုနဲ့ လူပျိုမောင်...
13/05/2022

✅ရေစက်ချလို့ပြီးပါပြီ...အလှူပွဲကြီးလည်းအောင်မြင်ပါပြီ🥰🥰

အဘက်ဘက်မှဝိုင်းဝန်ကူညီဆောင်ရွက်ခဲ့ကြသော ရပ်ရွာလူထုနဲ့ လူပျိုမောင်မယ်အဖွဲ့တော်များအား အလှူဒါယိကာ+ဒါယိကာမအပေါင်းတို့မှ ကျေးဇူးအထူးတင်ရှိပါ​​သည်။

အင်းလေး လွယ်မောရွာ ရှင်ပြုအလှူတော်မင်္ဂလာ😊

Photo Credit - ဆရာမျိုး

🟢 ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရရွှေဖီမြေ၊ မေလ ၉ ရက်၊ ညောင်ရွှေရှမ်းတောင် ညောင်ရွ...
09/05/2022

🟢 ညောင်ရွှေမြို့နယ် သန်းထောင်စျေးမှာ စစ်ကောင်စီ သတင်းပေး ၂ ဦး ပစ်သတ်ခံရ

ရွှေဖီမြေ၊ မေလ ၉ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သန်းထောင်စျေးမှာ ဒီနေ့မနက်က စစ်ကောင်စီ သတင်းပေးဆိုသူ ဒလန် ရဲမြင့်နဲ့ ၎င်းရဲ့သမက်ဖြစ်သူ ကျော်စွာတို့ စျေးရောင်းနေစဥ် ပစ်သတ်ခံရကြောင်း သန်းထောင် စျေးသည်တွေဆီက သိရပါတယ်။

“မနက် ၇ နာရီ (၁၅)မိနစ်လောက် ဆိုင်ဖွင့်ခါစပဲ ရှိသေးတယ်။ ဒိုင်း ဒိုင်းကြားလို့ စားပွဲအောက် ဝပ်နေရတယ်။ ပြီးတာနဲ့ ဘာမှ လှည့်မကြည့်နိုင်တော့ဘူး။ ဆိုင်သိမ်းပြီး ပြန်ပြေးရတာပဲ။ နှစ်ယောက်လုံး ဦးခေါင်းမှန်ပြီး ပွဲချင်းပြီးတယ်လို့ ပြောနေကြတယ်” လို့ သန်းထောင်စျေးသည်တစ်ဦးက ပြောပါတယ်။

ဒလန် ရဲမြင့်ဆိုသူနဲ့ သမက်ဖြစ်သူ ကျော်စွာတို့ဟာ ညောင်ရွှေမြို့နယ် ဟဲယာရွာမမှာ နေထိုင်ကြပြီး ၎င်းတို့ရဲ့ သတင်းပေးမှုကြောင့် ဒီလအတွင်း PDF ကို ထောက်ပံ့နေတဲ့ ရွာသားတစ်ဦး ဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်နှစ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလတုန်းကလည်း ၎င်းတို့ သတင်းပေးမှုကြောင့် ယခင် ၅ နှစ်တာကာလအတွင်း အင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ အနိုင်ရထားတဲ့ ဝန်ကြီး ဒေါက်တာ ထွန်းလှိုင်လည်း ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဟဲယာရွာမ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “ရဲမြင့်ကတော့ စျေးမှာ အထည်ရောင်းတာ။ သူတို့နှစ်ယာက်ကို ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာ ရောက်လာတာက နှစ်ပတ်ရှိပြီ။ အဲဒါကြောင့်လည်း သူတို့ ရှေ့အပတ်က သန်းထောင်စျေး သွားမရောင်းရဲဘူး။ အခု စိတ်ချပြီအထင်နဲ့ စျေးသွားလိုက်တာ သေတာပဲ” လို့ ​ဆိုပါတယ်။

၎င်းရဲ့သမက်ဖြစ်သူ ကျော်စွာလည်း စစ်ကောင်စီသတင်းပေး လုပ်တဲ့အပြင် သန်းထောင်စျေးအနောက်ဘက် ရွာငယ်တွေမှာ နွားမွေးမြူရေးသမားဆီကနေ ဆက်ကြေးကောက်ပြီး ကားဝယ်ထားကြောင်း ရွာခံတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ခန့်အပ်ထားတဲ့ ဟဲယာရွာမ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးခေါ် သားကြီးဆိုသူကိုလည်း ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေးစာ ရောက်လာပြီး ဖြစ်တယ်လို့ ရွာခံတွေက ​ဆိုပါတယ်။

ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ အင်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒလန် ဇင်မင်းဆိုသူကလည်း ယခင်လက ကွမ်းရာဝယ်နေစဥ် PDF တစ်ဖွဲ့က ပစ်ခတ်ခဲ့ပြီး အောင်ပန်း ကုတင်တစ်ထောင် စစ်ဆေးရုံမှာ ဒဏ်ရာပြင်းထန်မှုကြောင့် လက်ရှိအချိန်ထိ သတိမလည်သေးပဲ အောက်ဆီဂျင် ပေးထားရကြောင်း အင်းတိန်ရွာခံတွေဆီက သိရပါတယ်။

ညောင်ရွှေမြို့နယ်အတွင်း အင်းတိန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ဟဲယာရွာမရှိ ဒလန် ၂ ဦး ပစ်သတ်ခံရပြီးနောက် ကျန်တဲ့ကျေးရွာတွေဖြစ်တဲ့ သာလေးနဲ့ အင်းပေါခုံ ကျေးရွာအုပ်ချုပ်ရေးမှူး တို့ကိုလည်း ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာ ရောက်ရှိလာခဲ့ပြီးဖြစ်ရာ ယင်းသို့ လုပ်ဆောင်မှုကိုမူ ဘယ် PDF က လုပ်ဆောင်ကြောင်း ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

Credit

Source➡️➡️

https://m.facebook.com/story.php?story_fbid=1191241065025356&id=451214215694715

အင်းလေးကန်၊ ဟဲယာရွာမတွင် ရေခန်းခြောက်ခြင်းကြောင့် ရေလမ်းခရီးသွားလာမရတော့ကြောင်း သိရ📷 - စည်သာရှမ်းပြည်နယ်တောင်ပိုင်း ညောင...
27/04/2022

အင်းလေးကန်၊ ဟဲယာရွာမတွင် ရေခန်းခြောက်ခြင်းကြောင့် ရေလမ်းခရီးသွားလာမရတော့ကြောင်း သိရ

📷 - စည်သာ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်၊ ဟဲယာရွာမတွင် ဧပြီလအစောပိုင်းမှစတင်၍ ရေခန်းခြောက်ခြင်းကြောင့် ကျေးရွာတွင်းရေလမ်းခရီးသွားလာရေးခက်ခဲကြောင်း ရွာမဒေသခံများထံမှ ဧပြီ ၂၆ ရက်တွင် သတင်းရရှိသည်။

ဟဲယာရွာမတွင် ကျေးရွာတွင်း ရေလမ်းခရီးသွားလာမရတော့ဘဲ ခြေမျက်စိခန့်သာ ရေကျန်တော့သဖြင့် ရေခန်းခြောက်ခြင်းကြောင့် များစွာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ဟဲယာရွာမသည် အင်းလေးကန်တွင် ကုန်းလမ်းခရီးပေါက်သော ရေပေါ်ကျေးရွာလေးတစ်ခုဖြစ်ပြီး ကုန်းလမ်းခရီးမရှိခဲ့ပါက ဟဲယာရွာမသည် အတော်ပင်သွားလာရေးခက်ခဲသော ကျေးရွာလေးဖြစ်ကြောင်း ဒေသခံ၏ပြောကြားချက်အရ သိရသည်။

“ကားလမ်းတွေကခုမှပေါက်တာမကြာသေးဘူး။ တစ်နှစ်၊ နှစ်နှစ်လောက်ပဲရှိသေးတယ်။ ဒီမှာတော့သီတင်းကျွတ်လောက်မှ ရေရှိတယ်။ ခုချိန်တော့ ရေခန်းချိန်ပေါ့၊ ခုရေခန်းတာကြာပြီ။ ဆည်တွေလည်း မရိုက်နိုင်တော့ အကုန်ဆင်းသွားကြတာပေ့ါ။ လက်ရိုက်ဆည်တွေ မလုပ်နိုင်တာလည်းပါတာပေ့ါ။ အဓိကချောင်းတစ်ချောင်းပဲသွားရတာပေါ့။ လက်တစ်ဆစ်ပဲ ကျန်တော့တာပေ့ါ။ အရင်တုန်းကဆိုရင် ကားလမ်းပေါက်တာကို မကြိုက်ဘူး၊ ခရီးသည်ပို့တဲ့သူတွေက အလုပ်ပျက်လို့ မကြိုက်ကြဘူးလေ။ ခုအခြေအနေဆိုတော့ကားလမ်းပေါက်လို့သာ ကျေးဇူးတင်ရမယ်လေ။ ဒီလမ်းမပေါက်လို့လည်း မဖြစ်ပြန်ဘူး။ ရေလမ်းလည်းမရ၊ ကုန်းလမ်းလည်းမရဆိုရင် အတော်ဒုက္ခရောက်မယ်။ကားလမ်းရှိတော့ ခံသာသေးတယ်။ ထွက်ပေါက်လေးရနေသေးတာပေါ့” ဟု ဟဲယာရွာမဒေသခံ ဦးအေးချမ်းက ဆိုသည်။

ဟဲယာရွာမသွားရန်၊ အင်းလေးကန်အနောက်ဘက်လမ်း၊ သန်းတောင်အကျော် ရွှေအင်းတိန်ဘုရားရောက်ခါနီးတွင် တောင်ခြေရွာ၊ ကျွန်းစင်ကြီးရွာမှ အင်းလေးဟဲယာရွာမသို့ ဆိုင်းဘုတ်ရှိရာ လမ်းခွဲအတိုင်းဝင်သွားလျှင် ကားလမ်းအတိုင်းသွားလာနိုင်ကြောင်း သိရသည်။ ကားလမ်းပေါက်သော်လည်း ကျေးရွာအတွင်းတံတားများ ဖြတ်သန်းရသောနေရာတွင် မော်တော်ယာဉ်များသွားလာ၍ မရတော့ကြောင်း သိရသည်။

အင်းလေးကန်သို့ စီးဝင်သောချောင်းကြီး လေးချောင်းတို့သည်လည်း ရေအဝင်နည်းနေပြီး ရွှေညောင်တာယောချောင်းမှဝင်သော ညောင်ရွှေ၊ ပေါင်းပိုင်း ရေချောင်းသည်လည်း ဧပြီလကုန်ပိုင်းတွင် ရေခန်းခြောက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ အင်းလေးကန်အနောက်ဘက်ခြမ်းရှိ အင်းလေးကန်အတွင်းစီးဝင်သော သန်းတောင်ချောင်းသည်လည်း ရေအဝင်လျော့နည်း၍ ခန်းခြောက်နေသည်ကို ဧပြီ ၂၆ ရက်တွင် မြင်တွေ့ခဲ့ရသည်။

အင်းလေးကန်သို့စီးဝင်သော အဓိကချောင်းကြီးလေးသွယ် ရေခန်းခြောက်ခြင်းနှင့် လက်ရိုက်ဆည်တားထားနိုင်ခြင်းမရှိသဖြင့် နွေရာသီတွင် ယခုထပ်ပိုမို၍ရေခန်းခြောက်မှု ပြဿနာဆိုးဝါးလာနိုင်ကြောင်း ရွာမဒေသခံများက ဆိုသည်။

အင်းလေးကန်ဖောင်တော်ဦးဘုရားအနီးအနားတွင် ရေလျော့နည်းနေပြီးသွားလာ၍ရသေးကြောင်း သိရသည်။ နွေရာသီရောက်ချိန်တိုင်း အင်းလေးကန်ရှိရေထုပမာဏသည် တစစလျော့နည်းကျဆင်းလာနေကြောင်း အင်းလေးဒေသခံများက ဆိုသည်။

Credit
Source- Eleven Media Group
https://www.facebook.com/114803668557265/posts/5192092527494995/

01/04/2022

လှေကလေးကိုလှော်....ချစ်ကလေးကိုခေါ်.....🎼
#အင်းလေးပွဲတော်

🎤ဝင်းနိုင်စိုး & မေခလာ

အင်းလေးဒေသ ရှေးဟောင်းသမိုင်းဝင် ရွှေဟင်္သာကျ တောင်တိုမွေတော်ဘုရား ကားလမ်းဖောက်လုပ်နိုင်ရေး ရံပုံငွေအတွက် ဘောလီဘောပြိုင်ပ...
06/02/2022

အင်းလေးဒေသ ရှေးဟောင်းသမိုင်းဝင် ရွှေဟင်္သာကျ
တောင်တိုမွေတော်ဘုရား ကားလမ်းဖောက်လုပ်နိုင်ရေး
ရံပုံငွေအတွက် ဘောလီဘောပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။။

ကျေးရွာအလိုက် မည်သည့်ရွာမဆို စာရင်းသွင်း၍ ယှဥ်ပြိုင်ကစားနိုင်ကြောင်း သိရှိရပါသည်။။။။

ရှမ်းပြည်တောင်ပိုင်း အခမဲ့ ဟိုတယ်ဝန်ထမ်းကျွမ်းကျင်မှုသင်တန်းHotel Life အိပ်မက်တွေက စျေးမကြီးပါဘူးနော်။ အခုလို အလုပ်ကိုင်...
28/01/2022

ရှမ်းပြည်တောင်ပိုင်း အခမဲ့ ဟိုတယ်ဝန်ထမ်းကျွမ်းကျင်မှုသင်တန်း
Hotel Life အိပ်မက်တွေက စျေးမကြီးပါဘူးနော်။

အခုလို အလုပ်ကိုင်အခွင့်လမ်းရှားပါးနေကြတဲ့ ခေတ်ကာလကြီးမှာ အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ဖို့ American Hospitality Institute of Myanmar သင်တန်းကျောင်းကြီးမှ အထူးအစီအစဉ်အဖြင့် ရှမ်းပြည်တောင်ပိုင်း (ကလော၊ အောင်ပန်း၊ အင်းလေး၊ ညောင်ရွှေ၊ ပင်းတယ၊ တောင်ကြီး အစရှိတဲ့မြို့များ) အတွက် သတင်းကောင်းလေးအကြောင်းကို ပြောပြချင်ပါတယ်။

မိမိ Hotel Life အလုပ်အကိုင်အဆင်ပြေပြီး လက်တွေ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး တစ်ခုဆိုလဲ မမှားပါဘူးနော်။

အဲ့ဒီသင်တန်း‌ကတော့
1. အစားအသောက် စီမံချက်ပြုတ်ရေးအတွက် ပြင်ဆင်ပေးသူ (Food Production)
2. အိပ်ခန်းဆောင်ထိမ်းသိန်းရေးဝန်ထမ်း (Housekeeping) တို့ပဲဖြစ်ပါတယ်။

သင်တန်းဆိုလို့ ပိုက်ဆံကုန်မှာလား ဆိုတော့ NO ပါလို့။
သင်တန်းအမှန်တကယ်လာတက်‌ရောက် မည့်သူများကို ပြန်တောင် ထောက်ပံ့ ပေးဦးမှာပါ။
(မည့်သည့်ကြေးမှပေးစရာမလို)

သင်တန်းစမည့်အချိန် = 14.2.2022 (Batch 1)
သင်တန်းကာလ = 1 month + OJT 120 Hours
သင်တန်းပို့ချမည့်နေရာ = Nyaung Shwe City Hotel

အခမဲ့ သင်တန်းတက်ဖို့ ဘယ်သူတွေကိုဦးစားပေးရွေးချယ်မှာလဲ။ (Selection Criteria)

1. တက်ရောက်မည့် သူများသည် အသက် 18 နှစ်မှ 45 နှစ်အတွင်းရှိရမည်။

2. အနည်းဆုံး ၈တန်းအောင်နှင့်အထက်ဖြစ်ရမည်။

3. သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်နိုင်ရမည်။

4. လစဥ်ဝင်ငွေ ၁သိန်းအောက်ဖြစ်ရမည်။

5. မိမိနေရပ်ကို ကပ်ဘေးကြောင့်စွန့်လွှတ်ရသူများ/ ထွက်ခွာခဲ့ရသူများ။

6. မြန်မာနိုင်ငံ မှ သဘာဝကပ်ဘေးအန္တရယ်တစ်ခုခုကြောင့် တိုင်းတစ်ပါးသို့ခိုလှုံခဲ့ပြီးမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများ။

7. မြန်မာနိုင်ငံ ၏ တခြားမြို့နယ်များမှ ပြောင်းရွှေ့လာ၍ စီးပွားရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနေသူများ။

8. အနည်းငယ်သာရှိ သောတခြားလူမျိုးစုများ။

9.မိမိ၏မိသားစုအား ဦးဆောင်၍ရှာဖွေကျွေးမွေးရသောသူများ။

10. English Language အခြေခံသိနားလည်သူများကိုဦးစားပေးသွားမည်။
ဤအချက်များထဲက အချက်အလက်အကြုံးဝင်ရင်အခမဲ့သင်တန်းကိုလျှောက်လို့ရပါပြီ။

မှတ်ချက် - ၁၀၀% အတန်းပုံမှန်တက်ရောက်သူများကိုသာ ထောက်ပံ့မှုနဲ့ Certificate ပေးအပ်သွားမည်။

Saturday, 29 January မှစ၍ Saturday, 5 February 2022 အထိ ရုံးချိန်အတွင်း Nyaung Shwe City Hotel တွင် လျှောက်လွှာတင်ပြီး လူတွေ့ Interview ရှိနေသောကြောင့် အချိန်မှီ လာရောက်ပေးရန် ဖိတ်ခေါ်အပ်ပါသည်။ (CV မလိုပါသော်လည်းရှိရင်ယူခဲ့ပါ)

ဓါတ်ပုံနှစ်ပုံနှင့် မှတ်ပုံတင် မူရင်းမိတ္တူ ယူလာရန်လိုအပ်ပါသည်။

ထို့ကြောင့် တစ်နေရာထဲမှာ မိမိအလုပ်အကိုင်ဖွံဖြိုးတိုးတက်ရန်အတွက် စိတ်ပါ၀င်စားသူများ ဒီအခွင့်အရေးကြီး လက်မလွှတ်မိဖို့တော့ လိုမယ်နော်။

သင်တန်း တစ်ကြိမ်ကို (၁၅) ယောက် ပဲလက်ခံမှာဖြစ်လို့ အမြန်ဆုံး လာလျှောက်ကြဖို့ တိုက်တွန်းပါတယ်။

အမှန်တကယ် စိတ်ပါ၀င်စားစွာ တက်ရောက်နိုင်ပြီး hotel life လက်တွေ့ အိပ်မက်များအား အကောင်အထည်ဖော်မည့်သူများအတွက်သာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက 09 255 255 001 (သို့) 09 255 255 008 ကို ဆက်သွယ် မေးမြန်းစုံစမ်း နိုင်ပါသည်။

Source::: https://www.facebook.com/147460587461563/posts/264604505747170/

မြန်မာနိုင်ငံတွင် Covid19   𝗢𝗺𝗶𝗰𝗿𝗼𝗻 ရောဂါပိုးတွေ့ရှိ။အားလုံးပဲဂရုစိုက်ကြပါ။ ်ပါ #လက်ဆေးပါ #ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ
28/12/2021

မြန်မာနိုင်ငံတွင် Covid19 𝗢𝗺𝗶𝗰𝗿𝗼𝗻 ရောဂါပိုးတွေ့ရှိ။

အားလုံးပဲဂရုစိုက်ကြပါ။
်ပါ
#လက်ဆေးပါ
#ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ

ညောင်ရွှေမြို့နယ် အင်းလေး ဟဲယာရွာမ ရေပေါ်စျေးအား 21.12.2021 ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်​ပါသည်။   (Tgi)
17/12/2021

ညောင်ရွှေမြို့နယ် အင်းလေး ဟဲယာရွာမ ရေပေါ်စျေးအား
21.12.2021 ရက်နေ့ တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်​ပါသည်။


(Tgi)

ဟဲယာရွာမတွင် မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်းသျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၃ သျှမ်းပြည်တောင်ပိုင်း ညောင်ရွ...
04/12/2021

ဟဲယာရွာမတွင် မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာ ၃

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

“မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း ဖြစ်နေတော့တယ်” ဟု အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ဟဲယာရွာမသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ပြီး ဆေးရုံဆေးခန်းနှင့် ကိုဗစ် ထိန်းချုပ်ကုသရေး စင်တာများ အပါအဝင် တစ်ရွာလုံး မီးဖြတ်ခံထားရကြောင်း၊ ယင်းအကျိုးဆက်ကြောင့် သူခိုးများ ပေါများလာ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူခိုးတွေက ဘယ်လောက်ထိ သောင်းကျန်းလာသလဲဆိုရင် အိမ်တစ်အိမ်က ပိဿာချိန် ၁၅၀/၂၀၀ ကြား ရှိတဲ့ စက်သုံးလုံးဟာ တစ်ညတည်းမှာပဲ ပျောက်သွားတယ်၊ အလေးချိန် ဒီလောက်ရှိတဲ့ စက်ကို တစ်ညတည်း ယူသွား နိုင်တဲ့ သူခိုးတွေက အင်အားအဖွဲ့ ဘယ်လောက်တောင်များမလဲ၊ အခုဆို ကိုယ့်မိသားစု အတွက် အိမ်သားတစ်ယောက်က ကင်းစောင့် နေရတဲ့ အခြေအနေရှိနေတယ်” ဟု ဟဲယာရွာမ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ကိုဗစ် စင်တာလည်း မီးဖြတ်ခံရသည့်အတွက် လက်ရှိမှာ ကိုဗစ် - ၁၉ လူနာသစ်များ လက်မခံနိုင်တော့ကြောင်းလည်း သိရသည်။

မီးမရှိသည့်အတွက် ညရောက်သည့်အခါ ပြည်သူများက မိမိပစ္စည်းများ အခိုးမခံရအောင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဖြေရှင်းနေရကြောင်းလည်း ဟဲယာရွာမမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“ညရောက်ပြီဆိုတာနဲ့ သူခိုးက ဘယ်တော့ ပေါ်လာမလဲ၊ တို့အိမ်မှာ ဘာလာခိုးမလဲ၊ လူကိုပဲ ရန်ပြုသွားမလား ဆိုပြီး တွေးနေရင်းကို အိပ်မပျော်နိုင်တော့တာ၊ ကြောက်တာပေါ့၊ ရွာထဲမှာ သူခိုးသောင်းကျန်းနေတာကို လူကြီးတွေကလည်း ဘာမှ မဖြေရှင်းပေးတော့ အားငယ်တယ်” ဟု ၎င်း အမျိုးသမီးက ဆိုသည်။

ဟဲယာရွာမကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေမှုနှင့် ပတ်သက်ပြီး ညောင်ရွှေမြို့မှ ရဲစခန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို တိုင်ကြားပြောဆိုထားသော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ် - ၁၉ ကူးစက်ရောဂါများနှင့် နိုင်ငံရေး မငြိမ်မသက်မှုများကြောင့် ဒေသတွင်းမှာလည်း တရားဥပဒေစိုးမိုးမှု မရှိိတော့သဖြင့် ခိုးမှု လုယက် ဓါးပြတိုက်မှုများ တစ်နေ့တစ်ခြား များပြားလာကြောင်းသိရသည်။





#သျှမ်းသံတော်ဆင့်

ကာကွယ်ဆေးထိုးထားလည်း မနိုင်တော့မဲ့ ဗီဇပြောင်း ကူးစက်နှုန်း ပိုမိုမြန်ဆန်သည့် Covid 19 တွေ့ရှိ။Covid 19 ဗီဇပြောင်းမျိုးကွ...
27/11/2021

ကာကွယ်ဆေးထိုးထားလည်း မနိုင်တော့မဲ့ ဗီဇပြောင်း
ကူးစက်နှုန်း ပိုမိုမြန်ဆန်သည့် Covid 19 တွေ့ရှိ။
Covid 19 ဗီဇပြောင်းမျိုးကွဲ Omicron (B.1.1.529) အကြောင်း
သိကောင်းစရာ။


တောင်ကြီးမြို့ရဲ့ ကားဂိတ် နှင့် ☎️ ဆက်သွယ်ရန်ဖုန်းနံပါတ် စီစဥ်ပေးထားပါတယ်  ခင်ဗျာ 🙏🙏🙏S ရွှေတောင်ရိုး(တောင်ကြီး - နေပြည်တ...
25/11/2021

တောင်ကြီးမြို့ရဲ့ ကားဂိတ် နှင့် ☎️ ဆက်သွယ်ရန်ဖုန်းနံပါတ် စီစဥ်ပေးထားပါတယ် ခင်ဗျာ 🙏🙏🙏

S ရွှေတောင်ရိုး
(တောင်ကြီး - နေပြည်တော် - ရန်ကုန် - မန္တလေး - မုံရွာ - ကျိုင်းတုံ - တာချီလိတ်)
⏹ အမှတ်(၁)၊ မြကန်သာလမ်း ၊ အလယ် (ဘီအိုစီ) တောင်ဘက်တန်း - ကန်ရှေ့ရပ်။
☎ 081200799 , 09202100
တောင်ကြီးကားခြံဖုန်း - ☎ 081202101, 09456456345
အေးသာယာကားကွင်း - 081208556
လက်မှတ် အရောင်းဌာန - 09456456399, 09456456388

ဒို့ညီနောင်
(တောင်ကြီး - နေပြည်တော် - ရန်ကုန် - မန္တလေး - မြင်းခြံ - မကွေး - ပြည် - ကျိုင်းတုံ - တာချီလိတ် - မိုင်းဆက် - မိုင်းတုံ - နမ့်စန် - လားရှိုး - မူဆယ်)
တောင်ကြီး ☎ 081202152 , 092125507, 092125579, 0949363043, 09428321362
အေးသာယာ ☎ 081208346, 09788812009

ငြိမ်းချမ်းမိုး
(တောင်ကြီး - ကက္ကူ - ဆီဆိုင် - လွိုင်ကော် - ဒီးမောဆို)
☎ 095215707, 09428328192

မိုးကောင်းကင်
(တောင်ကြီး - လွိုင်လင် - နမ့်စန် - ကျိုင်းတုံ - တာချီလိတ် - ကလော - ပင်လောင်း - ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် - ဒီမော့ဆို - ဘောလခဲ - နေပြည်တော် - မုံရွာ - မန္တလေး - စစ်တွေ - မြစ်ကြီးနား - ရန်ကုန် - မော်လမြိုင် - ထားဝယ် - မြိတ် - ဘုတ်ပြင်း - မော့တောင် - ကော့သောင်း)
☎ 09266688011, 09266688077

ရွှေကမ္ဘာ
(တောင်ကြီး - ရန်ကုန် - မန္တလေး)
☎ 0812124563, 081200456, 095215789

အောင်ပန်းသား
(တောင်ကြီး - အောင်ပန်း - ရွာငံ - ရေဦး - မန္တလေး)
☎ 09454411921

အောင်ပန်းချယ်ရီ
(တောင်ကြီး - အောင်ပန်း - တီဂျင်)
☎ 09458855510, 09785758882

ရွှေဓနု
(တောင်ကြီး - အောင်ပန်း - ရွာငံ - ပင်းတယ - မန္တလေး)
☎ 09263607142, 09428369113

ချယ်ရီမေ
(တောင်ကြီး - ပင်းတယ)

ထင်းရှုးမြို့တော်
(တောင်ကြီး - ကလော)
☎ 09884839101, 09886254465

ဖြိုးရတနာ
(တောင်ကြီး - ဆိုက်ခေါင် - ဆီဆိုင် - လွိုင်ကော်)
☎ 09250787533, 09458998458

ရွှေချယ်ရီ
(တောင်ကြီး - မောက်မယ်)
☎ 09260875658, 0949820405 , 09252133060

လွိုင်နမ့်ခုံး
(တောင်ကြီး - ကျိုင်းတုံ - တာချိတ်လိတ် - နမ့်စန် - လွိုင်လင် - ပင်လုံ - မိုင်းကိုင် - ကျေးသီး - မိုင်းရှုး - ကျောက်မဲ - တန့်ယန်း - ကာလိ - လားရှိုး - မန္တလေး - နမ့်လန် - လဲချား - ခိုလမ် - သိန်းနီ - မိုင်းရယ်)
☎ 081200631, 09258607726, 09454172739

တောင်ပြာတန်း
(တောင်ကြီး - လားရှိုး - မူဆယ် - ရန်ကုန်)
☎ 081202058, 0812121316

ခုံးဆိုင်မိန်း
(တောင်ကြီး - မိုင်းကိုင်)

စိန်မိုင်းဆတ်
(တောင်ကြီး - ကျိုင်းတုံ - မိုင်းဆတ် - မိုင်းတုံ - နားကောင်းမှုး - ပုံပါကျင်)
☎ 09444220255, 09428388446, 09753483483, 09983330991

ရှမ်းမောမြေ
(တောင်ကြီး - ပင်လုံ)
☎ 09428318698

သက်တန့်
(တောင်ကြီး - လွိုင်လင်)
☎ 09254835721

ရွှေလင်းခေး
(တောင်ကြီး - မိုးနဲ - လင်းခေး)
☎ 09750444401, 09885804784

နဂါးညီနောင်
(တောင်ကြီး - ရပ်စောက် - အင်တော - ကျောက်ဂူ)
09455516125

ရွှေပအိုဝ်း
(တောင်ကြီး - ပင်လောင်း - ဆောင်းပြောင်း - ဖယ်ခုံ - မိုးဗြဲ - လွိုင်ကော် - နေပြည်တော် - မန္တလေး)
☎ 09444488401, 09428328200, 0812122515

တောင်ဇလပ်
(တောင်ကြီး - ညောင်ရွှေ - ပင်လောင်း - လွိုင်ကော် - လားရှိုး - မူဆယ် - လောက်ကိုင်)
☎ 09444405772, 09774877762, 09692111524

GOLD POWER
( လားရှိုး - မူဆယ် - လောက်ကိုင် - တောင်ကြီး - မုံရွာ - ရွှေဘို - ရေဦး - တန့်ဆည်)
☎ 09446446989, 09756090244

ပုဂံမင်းသား
(တောင်ကြီး - ရန်ကုန် - ကျောက်ပန်းတောင်း - ညောင်ဦး - ပုပ္ပါး - ငါ့သရောက် - ပခုက္ကူ)
☎ 09421144892

သျှမ်းမြေလတ်
(တောင်ကြီး - တောင်တွင်းကြီး - ရေပြည့် - မြို့သစ် - နတ်မောက် - ပျော်ဘွယ် - မြင်းခြံ - မိတ္ထီလာ - သာစည်)
☎ 0812123290, 09795795433, 09402720684

ဇွဲမာန်
(တောင်ကြီး - ရပ်စောက် - လားရှိုး)
☎ 09403020065, 09773648291

ရွှေတောင်သူ
(တောင်ကြီး - ကျေးသီး)
☎ 09777658037, 09253154696

ရွှေမန်းသူ - ရှမ်းမလေး
(တောင်ကြီး - ရန်ကုန် - မန္တလေး)
☎ 09402576749, 09896500155

ရွှေဥဒေါင်း
(တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် - မိုင်းယောင် - မိုင်းယု - မန္တလေး - မိတ္ထီလာ - မြင်းခြံ - ပျော်ဘွယ် - နတ်မောက် - မြို့သစ် - တောင်တွင်းကြီး - မကွေး)
☎ 09884452631

မကွေး အောင်ကမ္ကာ
(တောင်ကြီး - မိတ္ထီလာ - ကျောက်ပန်းတောင်း - ရေနံချောင်း - ရေနံချောင်း - မကွေး - သစ်ရာကောက် - ကိုပင်း - အောင်လံ - ပြည် - ပျော်ဘွယ် - နတ်မောက် - မြို့သစ် - တောင်တွင်းကြီး - မကွေး - မင်းဘူး - မန္တလေး - မုံရွာ - လားရှိုး - မူဆယ် - နေပြည်တော် - ကျိုင်းတုံ - တာချီလိတ် - မိုင်းတုံ - မိုင်းဆတ်)
☎ 09256644998, 09775988678, 09966556550, 09696313347

အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့မယ်ဆိုရင် 🙏🏻🙏🏻 ချစ်တဲ့စိတ်နဲ့ ခွင့်လွတ်ပေးကြပါလို့ ကြိုပြီး ပြောထားပါရစေ။

လိုအပ်ချက်များ နဲ့ အကြံပြုချက်များ ကိုလဲ ထောက်ပြပေးဖို့တောင်းဆိုပါတယ် 😍😍

🔌 ကျန်ရှိသော ဂိတ်များကို အလျင်းသင့်သလို ဖြည့်စွက်ပေးသွားပါမယ် ခင်ဗျာ။

ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အား နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်မှ ပယ်ဖျက်ကြောင်း ကြေညာ။။
25/11/2021

ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အား
နေအိမ်တွင် နေထိုင်ရေး(Stay at Home) အစီအစဉ်မှ
ပယ်ဖျက်ကြောင်း ကြေညာ။။

ညောင်ရွှေမြို့နယ်"လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးခြင်း"(ည ၆နာရီ မှ ၈ နာရီထိ)*********************************...
23/11/2021

ညောင်ရွှေမြို့နယ်
"လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးခြင်း"
(ည ၆နာရီ မှ ၈ နာရီထိ)
*****************************************
( ဟိုတယ်ဇုန်ခွဲရုံ )
( စံကားခွဲရုံ ) များ ဝန်အားလျော့မည့်အစီစဉ်
ကြိုတင်အသိပေးခြင်း -
(27.11.2021) (18:00 to20:00)
(3.12.2021) (18:00to20:00)
(9.12.2021) (18:00to 20:00)
(15.12.2021) (18:00to20:00)
အဆိုပါရက်များတွင် ခွဲရုံရှိ ဖီဒါများအားလုံး နှင့်

(25.11.2021) (18:00 to20:00)
ညောင်ရွှေခွဲရုံ ခေါင်တိုင်ခွဲရုံ

(26.11.2021) (18:00 to 20:00)
ခေါင်တိုင်ခွဲရုံ

(1.12.2021)(18:00 to 20:00)
ညောင်ရွှေခွဲရုံ ခေါင်တိုင်ခွဲရုံ

(2.12.2021)(18:00 to 20:00)
ခေါင်တိုင်ခွဲရုံ

(7.12.2021) (18:00 to 20:00)
ညောင်ရွှေခွဲရုံ ခေါင်တိုင်ခွဲရုံ

(8.12.2021) (18:00 to 20:00)
ခေါင်တိုင်ခွဲရုံ

(13.12.2021)(18:00to20:00)
ညောင်ရွှေခွဲရုံ ခေါင်တိုင်ခွဲရုံ

(14.12.2021)(18:00 to 20:00)
ခေါင်တိုင်ခွဲရုံ

(19.12.2021) (18:00 to 20:00)
ညောင်ရွှေခွဲရုံခေါင်တိုင်ခွဲရုံ

အဆိုပါရက်များတွင် ခွဲရုံရှိ ဖီဒါများအားလုံး ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

-Ko Kyaw Soe Hlaing

Covid 19 ကူးစက်ကာကွယ်မှုထိန်းချုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်မှ ညောင်ရွှေမြို့နယ်/တောင်ကြီးမြို့နယ်အား Stay ...
22/11/2021

Covid 19 ကူးစက်ကာကွယ်မှုထိန်းချုပ်ရန်
ကျန်းမာရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်မှ ညောင်ရွှေမြို့နယ်/
တောင်ကြီးမြို့နယ်အား Stay at Home သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။။

ယနေ့ (22.11.2021) ရက်နေ့တွင် ညောင်ရွှေမြို့စျေးမီးပွိုင့်၌
Stay at Home ကာလအတွင်း နေအိမ်
ပြင်ပထွက်ခွင့် လက်မှတ် နှင့် Mask တပ်ဆင်ခြင်း
မရှိသူများအား စစ်ဆေး အသိပညာပေးနေသောမြင်ကွင်းများဖြစ်ပါတယ်။။။။

ေးငယ်
#ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ

"ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာက CDM ကျောင်းဆရာ၊ ဆရာမ (၈) ဦးဖမ်းဆီးခံရ"နိုဝင်ဘာ ၁၉၊ ၂၀၂၁ခုနှစ်။ရှမ်းပြည်နယ်တောင်ပိုင်း...
19/11/2021

"ညောင်ရွှေမြို့နယ် နန်းပန်ကျေးရွာက CDM ကျောင်းဆရာ၊ ဆရာမ (၈) ဦးဖမ်းဆီးခံရ"

နိုဝင်ဘာ ၁၉၊ ၂၀၂၁ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာရှိတဲ့ နန်းပန်စျေးမှာ စစ်ကောင်စီကနေ CDM ကျောင်းဆရာ၊ ဆရာမတွေကို ဒီကနေ့မှာ ဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် CDM ကျောင်းဆရာ (၁)ဦးနဲ့ ဆရာမ (၇)ဦးဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရပါတယ်။

CDM ဆရာ၊ ဆရာမတွေကို ဝင်ရောက်ဖမ်းဆီးမှုတွေအပြင် နန်းပန်စျေးမှာရှိတဲ့ နေအိမ်တွေနဲ့ စျေးဆိုင်တစ်ချို့ကိုလည်း ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီကနေ အဲ့ဒီဒေသတဝိုက်မှာရှိတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပြ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ဖမ်းဆီးဖို့ကြံစည်နေတယ်လို့လည်းသိရပါတယ်။

--
https://www.facebook.com/106950448101900/posts/295401725923437/

သာယာပျော်ရွှင်ပြီး ကျန်းမာပျော်ရွှင်သော တန်ဆောင်တိုင်ဖြစ်ပါစေ🙏🙏🙏
18/11/2021

သာယာပျော်ရွှင်ပြီး ကျန်းမာပျော်ရွှင်သော တန်ဆောင်တိုင်ဖြစ်ပါစေ
🙏🙏🙏


လွမ်းရပါတဲ့ တောင်ကြီးမြို့လုံးကျွတ် ရိုးရာ ဘုံကထိန်🥰🥰Credit-Photo(7Day Daily)
17/11/2021

လွမ်းရပါတဲ့ တောင်ကြီးမြို့လုံးကျွတ် ရိုးရာ ဘုံကထိန်🥰🥰

Credit-Photo(7Day Daily)

16/11/2021

#လွမ်းရအုံးမဲ့တောင်ပေါ်မြေရဲ့အေးချမ်းတဲ့ည

#လှမ်းလာခဲ့လေတောင်ပေါ်မြေ🎼

ခုချိန်မှာတော့ လွမ်းစရာလေးတွေအဖြစ်သာကျန်ခဲ့ပြီဗျာ

#တောင်ကြီးတန်ဆောင်တောင်ပွဲတော်

Nov 4 2021, တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့``အင်းသားအမျိုးသားနေ့´´ အား ဂုဏ်ယူလျက် ကြိုဆိုပါ၏။။။❤️
04/11/2021

Nov 4 2021, တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့
``အင်းသားအမျိုးသားနေ့´´ အား ဂုဏ်ယူလျက် ကြိုဆိုပါ၏။။။
❤️


စံချိန်တင်အမြင့်ဆုံးစျေး ကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ တောင်သူများ ရရှိလာ-ရွှေမန်း  ပြည်တွင်း လက်ကျန်သကြားများနည်းပါးကာ သကြား...
28/10/2021

စံချိန်တင်အမြင့်ဆုံးစျေး ကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ တောင်သူများ ရရှိလာ

-ရွှေမန်း

ပြည်တွင်း လက်ကျန်သကြားများနည်းပါးကာ သကြားစျေးများ မြင့်တက်နေခြင်းနှင့်အတူ ကြံစိုက်ပျိုးမှုသမိုင်း တစ်လျောက်စံချိန်တင် အမြင့်ဆုံးစျေးအဖြစ် ကြံတစ်တန် ကျပ် ၆၀,၀၀၀ ကျော်ထိ ရရှိလာကြောင်း သိရသည်။

ပြည်တွင်း သကြားစက်များမှ ကြံစျေးနှုန်းသတ်မှတ်ဝယ်ယူရာတွင် ဒေသအလိုက်တွင်လည်း စက်တင်ဘာလမှစတင်ကာ ကြံတစ်တန် ကျပ် ၅၀,၀၀၀-၅၅,၀၀၀ မှ အောက်တိုဘာလတွင် ကျပ် ၆၀,၀၀၀ ထိ တိုးမြှင့်ကာ ဝယ်ယူမည်ဖြစ်ကြောင်း ဂရိတ်ဝေါလ်-ဝေမာသကြားစက်နှင့် ငွေရည်ပုလဲသကြားစက်ရုံများက ထုတ်ပြန်ထားသည်။

ပြည်တွင်း သကြားစျေးပေါ်မူတည်ပြီး အမြင့်ဆုံးကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ ပေးဝယ်မည်ဖြစ်ကြောင်း မောင်းကုန်းဒေသ မှ ဂရိတ်ဝေါလ်-ဝေမာ သကြားစက်ရုံက ထုတ်ပြန်ထားရာ သကြားတစ်ပိဿာ ကျပ် ၁,၆၀၀ ကို အခြေခံ၍ ကြံတစ်တန်ကျပ် ၆၀,၀၀၀ နှင့် သကြားစျေးတစ်ပိဿာ ကျပ် ၁,၈၀၀ အထိ ကြံတစ်တန် ကျပ် ၆၄,၀၀၀ ထိ ပေးဝယ်မည်ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စျေးကွက်ကောင်းနေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ၊ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောကြားသည်။

“သကြားစျေး တစ်ပိဿာ ကျပ် ၁,၆၀၀ ကိုအခြေခံ ပေးထားတာ၊ ကျပ် ၁,၈၀၀ ဂိတ်ဆုံးပဲ။ အဲဒီထက်ကျော်လည်း တက်မပေးတော့ဘူးပေါ့။ သကြားစျေး အပေါ် သုံးသပ်ပြီးပေးထားတဲ့ သဘောပါ။ လက်ရှိမှာတော့ သကြားစျေးက ကျပ် ၂,၀၀၀ ပေါက်စျေးဖြစ်နေပေမယ့် သကြားစျေးက အမှန်စျေးကွက်လိုအပ်ချက်ကြောင့်ဖြစ်နေတဲ့ စျေးမဟုတ်တော့ ဒီလိုတွက်ချက်ပေးပုံ ရပါတယ်။ လက်ရှိတောင်သူတွေ ကြံတစ်တန် ကျပ် ၆၀,၀၀၀ ၊အမြင့်ဆုံး ကျပ် ၆၄,၀၀၀ စျေးဆိုရင် တောင်သူတွေ ပျော်ကြမှာပါ။ ပြည်တွင်းမှာ ကြံတောင်သူတွေ ကြံစိုက်ပျိုးမှုသမိုင်းတစ်လျောက် နှစ် ၃၀-၄၀ အတွင်း အမြင့်ဆုံးစံချိန်တင်စျေးပါ။”ဟု ၎င်းကပြောသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲသကြားစက်ကလည်း စက်တင်ဘာလအတွင်းက ကြံတစ်တန် ကျပ် ၅၅,၀၀၀ ထိတိုးမြှင့်ပေးထားရာမှ ယခုလအတွင်း ကြံတစ်တန်ကျပ် ၆၀,၀၀၀ ထိ ဈေးတိုးမြှင့်ဝယ်ယူရန် ထုတ်ပြန်လာကြောင်း သိရသည်။

ပြီးခဲ့သည့်ကြံရာသီအကုန်တွင် မြန်မာတစ်နိုင်ငံလုံး သကြားတန်ချိန် လေးသိန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့သဖြင့် ယခင်နှစ်ထက် တန်ချိန် တစ်သိန်းကျော် လျော့ကျခဲ့ကြောင်း သိရပြီး လက်ရှိကြံစျေးနှုန်းကောင်းမွန်လာသဖြင့် လာမည့်နှစ်များတွင် ကြံစိုက်ပျိုးမှု တိုးတက်ကာ သကြားထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း သကြား လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ရရှိရန် အခက်အခဲများရှိခဲ့သဖြင့် စိုက်ပျိုးမှုဧကအနည်းငယ် လျော့ကျခဲ့ကြောင်း ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာမှ ကြံကိုယ်စားလှယ် ဦးချိုတူးက ပြောသည်။

Credit to Myama Awba

သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ🙏🙏🙏
20/10/2021

သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာကြပါစေ
🙏🙏🙏

Address


Website

Alerts

Be the first to know and let us send you an email when 𝐋𝐰𝐞𝐌𝐚𝐰 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐈𝐧𝐧𝐥𝐚𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share