B0LD Media

B0LD Media Welcome my little world

" အကျိုး နှင့် အကန်း "  ( ပုံပြင် )တစ်ခါတုန်းက နှစ်ခြမ်းကွဲနေတဲ့ ရွာတစ်ရွာရှိသတဲ့...ထားပါတော့ အရှေ့ဘက်အခြမ်း နှင့် အနောက...
30/03/2024

" အကျိုး နှင့် အကန်း " ( ပုံပြင် )
တစ်ခါတုန်းက နှစ်ခြမ်းကွဲနေတဲ့
ရွာတစ်ရွာရှိသတဲ့...
ထားပါတော့ အရှေ့ဘက်အခြမ်း နှင့် အနောက်ခြမ်း ပေါ့ဗျာ

ဘာပဲလုပ်လုပ် ညှိနှိုင်းမရဘဲ တစ်ဖက်နဲ့တစ်ဖက် မတူမတန်ဘူးထင်ပြီး အမြဲတမ်း ရန်စောင်းနေကြပါသတဲ့

ကိုယ့်မာနလေးနဲ့ ကိုယ်ပေါ့လေ..
အဲ -- မာနသာကြီးကြတာ
အရှေ့ဘက်အခြမ်းက လူတွေကအကျိုးတွေချည်းဖြစ်ပြီး
အနောက်ခြမ်းက လူတွေကျ အကုန်လုံး အကန်းတွေချည်းပဲတဲ့ဗျ။

လူတွေကသာ အကျိုးအကန်းတွေရယ်။ရပ်ကျိုး ရွာကျိုး ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတော့ အရှေ့ဘက်အခြမ်းကလူတွေက " သူတို့က ကျိုးနေတယ်
ဆိုပေမယ့် မျက်စိမြင်သေးတဲ့အတွက်
မျက်စိ ကန်းနေတဲ့သူတွေနဲ့ ပူးပေါင်းရမှာ ဂုဏ်ငယ်တယ် " လို့
ယူဆကြပြီး မပူးပေါင်းလိုကြဘူး တဲ့။

အဲ---အကန်းတွေကလည်း မခေဘူး။
သူတို့ မာနနဲ့ သူတို့။
" သူတို့က မျက်စိမမြင်ပေမယ့်
ရှေ့ရောက်အောင် လျှောက်ဖို့ ခြေထောက်တော့ ရှိသေးတယ်။
ဒါ့ကြောင့်
လမ်းမလျှောက်နိုင်တဲ့သူတွေနဲ့
မပူးပေါင်းနိုင်ဘူး" တဲ့ဗျာ။
( ကန်းသာ ကန်းတယ် မာနကတော့
မလျှော့ဘူး )

အဲဗျာ---ဒီလိုနဲ့----အဲ့ဒီလိုနဲ့ပေါ့လေ။ အကျိုးနဲ့ အကန်းတွေဟာ တစ်ရွာတည်းမှာနေပြီး တစ်ဖက်နဲ့ တစ်ဖက် ရန်စောင်ကြရင်းနဲ့ နေထိုင်လာကြရာက
တစ်နေ့မှာတော့ မထင်မှတ်ပါပဲ ပညာရှိရသေ့ကြီးတစ်ပါး ရောက်လာခဲ့ပါသတဲ့။

ရသေ့ကြီးလည်း ရွာရောက်ကတည်းက မတည့်တဲ့ နှစ်အုပ်စုကို ညှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပေမယ့်
အဆင်မပြေနိုင် ဖြစ်နေတယ်ပေါ့။ အဲတစ်နေ့မှာတော့ ရသေ့ကြီးဟာ အကြံကောင်းတစ်ခု ရသွားပြီး အကျိုးနဲ့ အကန်း
နှစ်ဖွဲ့လုံးကို ကျောင်းသင်္ခမ်းဆီ ခေါ်လိုက်သတဲ့။

ဟိုဘက် ဒီဘက်ပြိုင်ချင်နေတဲ့ နှစ်ဖွဲ့လုံးအတွက် ရသေ့ကြီး စဉ်းစားမိတာကတော့ အပြိုင်ခိုင်းဖို့ပါပဲ။
ပြိုင်ရမယ်ဆိုတော့ နှစ်ဖွဲ့လုံးလည်း စိတ်ဝင်စားနေကြတယ်ပေါ့လေ။
နှစ်ဖက်လုံးက လူတွေလည်း စုံရော ရသေ့ကြီးက ပြိုင်ပွဲကို ပြောပြလိုက်တယ်။
ဘာပြိုင်ရမှာလဲ ဆိုတော့ အပြေးပြိုင်
ရမှာ တဲ့။

အပြေးပြိုင်ရမယ်လည်းဆိုရော နှစ်ဖက်လုံးကလူတွေ "ဟာခနဲ ဟင်ခနဲ"ပေါ့။

တစ်ဖက်က အကျိုးတွေ
တစ်ဖက်ကတော့ အကန်းတွေ
ဘယ်လိုပြိုင်ကြမှာလဲ ပေါ့လေ။
( ဒီရသေ့နှယ် ကြံကြံဖန်ဖန် ခိုင်းရက်တယ် )
ခက်တာက လူတွေကလည်း အကျိုးအကန်းတွေလို့သာ ပြောရတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပြိုင်ရမယ်ဆိုတော့" ချကွာ ချကွာ"ပေါ့။
အင်းလေ--မပြိုင်ရဲဘူးဆိုရင်လည်း သိက္ခာက ကျမှာကိုး။

ဒီလိုနဲ့ ပြိုင်ပွဲနေ့ရောက်ရော ဆိုပါတော့။ ရသေ့ကြီးက နှစ်ဖက်လုံးကို လမ်းကြောင်းတွေ
ပန်းတိုင်တွေ ပြောပြထားပြီးသား။ ရသေ့ကြီး သတ်မှတ်ပေးထားတဲ့ တာထွက်မှတ်မှာ အကျိုးနဲ့ အကန်းတွေဟာ အဆင်သင့် ဖြစ်နေကြပြီး။

တာထွက်အချက်ပေးသံလည်း
ကြားရော
အကျိုးတွေရော အကန်းတွေပါ
ပန်းတိုင်ရှိရာကို သူ့ထက် ငါသာအောင် ပြေးကြပါလေရော
ပြဿနာက အဲ့ဒီမှာ စ,တာပဲ။

အကန်းတွေက ခြေထောက်ကကောင်းတယ်ဆိုပြီး စွတ်စက်ပြေးကြပေမယ့် မျက်စိက မမြင်တော့ ဟိုတိုး ဒီတိုးနဲ့
လိုရာပန်းတိုင်ကို မရောက်နိုင်ဖြစ်နေတယ်။

အကျိုးတွေ ကြတော့ ပြဿနာတစ်မျိုး သူတို့ခမျာ လမ်းကို မြင်တော့ မြင်ရပါရဲ့ခြေထောက်ကကျိုးနေတော့ တရွတ်ဆွဲနေရတာနဲ့ကို ရှေ့မရောက်နိုင်ဘူး ဖြစ်နေပြန်ရော..😁

တစ်ဖက်နဲ့တစ်ဖက် အနိုင်ရလိုဇောနဲ့ ပြိုင်လိုက်ကြတာ အကန်းတွေကလည်း သူတို့ စိတ်ထင်ရာ စွတ်ပြေး
အကျိုးတွေကလည်း တရွတ်ဆွဲနဲ့ သတ်မှတ်ချိန်သာ ပြည့်သွားတယ်။

ဘယ်ဘက်ကမှ ပန်းတိုင်ကို မရောက် လိုက်ဘူး တဲ့
နှစ်ဖက်လုံး မောနေကြတော့
ရသေ့ကြီးက ခဏနားခိုင်းပြီး ဒီတစ်ခါ နှစ်ယောက်တစ်တွဲ ပေါင်းပြိုင်ရမယ်
ဆိုပြီး အကျိုးတစ်ယောက်နဲ့ အကန်းတစ်ယောက်စီ တွဲပေးလိုက်ပါရော တဲ့

ပြိုင်ပွဲပုံစံကတော့ အကန်းတွေက အကျိုးတွေကို
ကျောပိုးပြီး ပြေးရပါမယ် တဲ့
အကျိုးတွေက
ကျောပေါ်ကနေ လမ်းညွှန်ပြရပါမယ် တဲ့

အကျိုးနဲ့ အကန်းတွေဟာ အစပိုင်းမှာ
သဘောမတူကြပေမယ့်
ရသေ့ကြီးရဲ့ စကားကိုလည်းမလွန်ဆန်နိုင်ကြတော့ သဘောတူလိုက်ရတယ်
ပေါ့လေ။
ဒါနဲ့ နှစ်ယောက်တစ်တွဲ ပြိုင်ပွဲစ,ပါလေရော။

ရသေ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း
အကန်းတွေက အောက်ကပြေး အကျိုးတွေက
အပေါ်က လမ်းညွှန်နဲ့ နှစ်ယောက်တစ်တွဲ ပေါင်းပြေး လိုက်ကြတာ
အကျိုးတွေရော
အကန်းတွေပါ
ရသေ့ကြီး သတ်မှတ်ထားတဲ့ ပန်းတိုင်
ဆီကို သတ်မှတ်ချိန်အတွင်းမှာ
ရောက်အောင် ပြေးနိုင် ခဲ့ကြပါသတဲ့.😁

အပြေးပြိုင်ပွဲလည်းပြီးရော
အကျိုးတွေရော
အကန်းတွေပါ
ရသေ့ကြီးရဲ့ အပြေးပြိုင်ခိုင်းတဲ့
စိတ်ကူးကို သဘောပေါက်သွားကြ
တယ်ပေါ့လေ။

နှစ်ဖက်လုံးဟာ " ငါတို့က ကန်းပေမယ့်
မကျိုးဘူးကွ
ငါတို့က ကျိုးပေမယ့် မကန်းဘူးကွ "
ဆိုတဲ့ မာနတွေကွာကျပြီး
နှစ်ခြမ်းကွဲနေတဲ့ ရွာဟာ တစ်စုတစည်းတည်း ပေါင်းစည်း သွားကြပါတော့သတဲ့..ဗျာ။

ကဲ! ခင်ဗျားတို့ရော ရန်ဖြစ်နေကြတုန်းလား...?
ကိုယ့်ကိုယ်ကို အကျိုးမှန်း အကန်းမှန်း
သိကြပါတော့ဗျာ။

ဤ post ကို ဖတ်ရှုသောအားဖြင့် အတွေးသစ်အမြင်သစ်များ
ရပါစေလိုကြောင်း ဆန္ဒပြုလျှက်...

မူရင်းရေးသားသူကို


#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်
#လေးစားစွာဖြင့်...။

ယောက်ျားလေးအများစုက ၁၃ နှစ်သားလောက်ဆို s*x ကို ခံစားဖို့အာသီသရှိလာပါတယ်တဲ့...အဲ့အရွယ်တွေမှာတော့ များသောအားဖြင့်လက်နဲ့အာသ...
30/03/2024

ယောက်ျားလေးအများစုက
၁၃ နှစ်သားလောက်ဆို s*x ကို ခံစားဖို့
အာသီသရှိလာပါတယ်တဲ့...
အဲ့အရွယ်တွေမှာတော့ များသောအားဖြင့်
လက်နဲ့အာသာ ဖြေကြပါတယ်...တဲ့

၁၄/ ၁၅ ရောက်တဲ့အခါ
လက်တည့်စမ်းချင်လာချင်ကြတယ်..
ဘာလို့ဆို ဖုန်းထဲကတစ်ဆင့်
သူငယ်ချင်းအချင်းချင်းကတစ်ဆင့်
s*x ကားတွေကြည့်လို့လွယ်နေတာကိုး

သူငယ်ချင်းအချင်းချင်းမြှောက်ပင့်ပေးကြရာကနေ
s*x အတွက် သားကောင်ရှာပြီး
လက်တည့်စမ်းလာကြတယ်..

#ဒီနေရာမှာဆယ်ကျော်သက်မိန်းကလေးတွေဟာအဓိကသားကောင်ဖြစ်သွားကြရပါတယ်။

ယောက်ျားလေးအများစုရဲ့ စိတ်က
မိန်းကလေးတစ်ယောက်ကို
s*x အတွက် လက်တည့်စမ်းချင်လို့
ချဉ်းကပ်လာခဲ့ပြီး
s*x ကိစ္စ ပြီးသွားတဲ့ အခါ
အဲ့ဒီ ခံစားမူ့ဟာ ဘာမှ မဟုတ်တော့သလို
ခံစားသွားရပါတယ်တဲ့....

မိန်းကလေးနဲ့ ကျ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်.တဲ့
မိန်းကလေးတစ်ယောက်ဟာ..
သူ့ချစ်သူအတွက် စွန့်စားပြီး ဘဝကို ပေးလိုက်ပြီးရင်
အဲ့ဒီ ယောက်ျားလေးအပေါ် အရင်ကထက်
ပိုမို စွဲလန်း ချစ်ခင် သွားတတ်ကြပါတယ်..တဲ့

ယောက်ျားလေးက
သူခံစားချင်တဲ့ s*x အတွက်
အချစ်လို့ ခေါင်းစဉ်တပ်ပြီး
မနက် မောနင်း
ည ဂွတ်နိုက်တွေ
အထိအတွေ့လေးတွေ
ရင်ခုန်မူ့လေးတွေ
သာယာမူ့လေးတွေနဲ့ ဖျားယောင်းတယ်..

မိန်းကလေးဘက်ကကျ
သူ့ရဲ့ မနက်မောနင်း
ညဂွတ်နိုက်လေးတွေကတစ်ဆင့်
အထိအတွေ့ မှာ ရင်ခုန်သာယာနေရတာကို
သူငါ့ကို ချစ်တယ်လို့ ထင်ပြီး
ဘဝကြီး ပေးလိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်...

အခုခေတ်မှာ
s*x အတွက်ကို အချစ်ဆိုပြီး
ခေါင်းစဉ်တပ်နေတဲ့
ယောက်ျားလေးတွေအများကြီး
ရှိလာတဲ့အတွက်
မိန်းကလေးအများစုက
ဘဝပျက်စီးနေကြရပါတယ်...

အဲ့တာကြောင့်မို့
မိန်းကလေးတို့အနေနဲ့
စာများများဖတ်ကြစေချင်ပါတယ်..

စာဖတ်အားကောင်းလာတဲ့အခါ
အချစ်က ဘဝမဟုတ်ဘူး
ဆိုတာ သိလာပါလိမ့်မယ်

စာများများဖတ်ဆိုလို့ fb ပေါ်က
၁၀၀ ဖိုး ၃ ပုဒ်တွေ
ဖတ်စေချင်တာ မဟုတ်ပါဘူး...

အချစ်ကို အဓိပ္ပာယ်ဖွင့်တာ မလွဲစေချင်ပါဘူး

( #ချစ်ရင်ဘာလုပ်လုပ်နားလည်ခွင့်လွှတ်ပေးရမယ်ဆိုတာကလမ်းမှန်မဟုတ်ပါဘူး။ဒါက အတ္တကို အခြေခံပြီး အချစ်ကို အရောင်ဆိုးနေတာပါ။)

ယောက်ျားလေးတွေရဲ့
စိတ်နေစိတ်ထားလေးတွေ
အတတ်နိုင်ဆုံးလေ့လာစေချင်ပါတယ်..

ရည်းစားအများကြီး ထားခိုင်းတာ မဟုတ်ပါဘူးနော်
ယောက်ျားလေးတစ်ယောက်နဲ့
ပတ်သက်ပြီး စိတ်ခံစားချက်တွေ မပြင်းထန်ဖို့
ထိန်းချုပ်တတ်အောင် သတိနဲ့နေစေချင်ပါတယ်

ပုခက် လွှဲတဲ့လက်က
ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတာ
s*x က အသွင်ပြောင်းတဲ့ အချစ်ဆိုတဲ့
စကားလုံးအောက်မှာ နစ်မွန်းနေတဲ့
မိန်းကလေးတွေကို ဆိုလိုတာ မဟုတ်ပါဘူး....

ကိုယ့်အားကိုယ်ကိုးနိူင်တဲ့
အမျိုးကောင်းသမီးကောင်းလေးတွေ ဖြစ်နိူင်ကြပါစေ။

အခုခေတ်ကအဖေစိတ်ရှိတဲ့လူ
တာဝန်ယူမူ့ တာဝန်ခံမူ့ ရှိတဲ့ လူက
တော်တော်လေးကိုရှားပါးနေပါပြီ
သူတို့စိတ်သာယာဖို့ကိုပဲ ဦးစားပေးနေတာပါ။

(မှတ်ချက်)
ယောင်္ကျားတိုင်းကိုမဆိုလိုပါ
ကိုယ်မဟုတ်မနာပါနဲ့ အနာမရှိရင်မစပ်ပါနဲ့။



crd...

သာသနာ့ဝန်ထမ်းတွေပါ             းးးးးးးးးးးးးးးးးးးးးးတစ်ဇွန်းဆန် ကျွမ်းပြန်အောင်ခံခဲ့ရပြီးတစ်ဇွန်းမှောက်တော့ ချွေးပေါက်ပ...
22/03/2024

သာသနာ့ဝန်ထမ်းတွေပါ
းးးးးးးးးးးးးးးးးးးးးး

တစ်ဇွန်းဆန် ကျွမ်းပြန်အောင်ခံခဲ့ရပြီး
တစ်ဇွန်းမှောက်တော့
ချွေးပေါက်ပေါက်ကျတဲ့အထိ
ပြန်ကောက်နေရတဲ့ သာသနာ့အမေ့ခံလေးတွေ။

တစ်ပတ်မှာ နှစ်ရက်ပဲ သူတို့အတွက်ရှိသတဲ့လား?
ကိုယ်ဝမ်းစာအတွက် ကိုယ်တိုင်ချက်ရတဲ့သူတို့တွေအတွက် နှစ်ရက်စာပမာဏလေးက တစ်ပတ်စာ
လုံလောက်ပါ့မလား?
အဲဒီနေရာမှာ...ငါ့နှမလေး ငါ့ညီမလေးများဖြစ်နေခဲ့ရင်
ဆိုတဲ့အတွေးလေး
တစ်ချက်လောက်ဝင်ကြည့်ပေးလိုက်စမ်း။
အားပါးပါး...
ရင်ထဲမှာ တဆစ်ဆစ်နဲ့ ငါ့ရဲ့ရင်ကိုယ်
သန်မာတဲ့လက်တစ်စုံနဲ့ပွေ့ညှစ်ခံလိုက်ရသလို
နာကျင်ခဲ့ရပါပကော။
credit-
အရှင်နာယက-ဗုဒ္ဓတက္ကသိုလ်
မျှဝေပါသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကောင်းကျိူးလိုရာပြည့်ကြပါစေ

တရားလှူသူဟာမသေဆေးကျွေးတဲ့သူပါ             ••••••••••••••••••••••••••••••••••••••ဓမ်မဒါနဟာ အမတဒါနပါ၊ တရားအလှူဟာ မသေခြင်းအ...
21/03/2024

တရားလှူသူဟာမသေဆေးကျွေးတဲ့သူပါ
••••••••••••••••••••••••••••••••••••••

ဓမ်မဒါနဟာ အမတဒါနပါ၊
တရားအလှူဟာ မသေခြင်းအလှူပါ။

သူတစ်ပါးကို တရားပေးလှူရင် သူတစ်ပါးကို မသေခြင်း ပေးလှူရာ ရောက်ပါတယ်။

မသေဓာတ် ပေးအပ်ရာ ရောက်ပါတယ်။
မသေအောင် လုပ်ပေးရာ ရောက်ပါတယ်။

သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့
အလုပ်လောက် ကောင်းတဲ့အလုပ်မျိုး လောကမှာ ရှိနိုင်ပါဦးမလား။

လုံး၀(လုံး၀)ကို မရှိနိုင်တော့ပါဘူး။

ဆရာတော်
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
ဘုရား တရား သံဃာ
🔲🟠🔲🟠🔲🟠🔲🟠🔲🟠🔲🟠🔲🟠🔲

ကောင်းကျိူးလိုရာပြည့်ကြပါစေ

ဆုံးရှုံးပြီးမှလူတစ်ယောက်တန်ဖိုးနားလည်မယ်ဆိုရင်သင်နားလည်သွားတဲ့အချိန်မှာအဲ့လူတစ်ယောက်ကသင့်အနားမှာရှိဖို့မသေချာတော့ဘူး ll...
20/03/2024

ဆုံးရှုံးပြီးမှ
လူတစ်ယောက်တန်ဖိုးနားလည်မယ်ဆိုရင်
သင်နားလည်သွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာရှိဖို့မသေချာတော့ဘူး ll

အနားမှာရှိတုန်း
လူတစ်ယောက်အကြောင်းမသိခဲ့ဘူးဆိုရင်
သင်သိသွားတဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး ll

အတူရှိခွင့်ရတုန်းမှာ
လူတစ်ယောက်ကိုကိုယ်ချင်းမစာတတ်ခဲ့ရင်
သင်ကိုယ်ချင်းစာတတ်တဲ့အချိန်မှာ
အဲ့လူတစ်ယောက်က
သင့်အနားမှာမရှိနိုင်တော့ဘူး ll

မိသားစုမှာပဲဖြစ်ဖြစ်
သူငယ်ချင်းအချင်းချင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်ပေါ့ ll

လူတိုင်းလူတိုင်းဟာ
ဆုံးရှုံးပြီးမှသင်ခန်းစာရသွားတတ်သူတွေကြည့်ပါ

ယုတ်သောမြတ်သောအသက်ရှင်ခြင်း                        ************လူရယ်လို့ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။ ဖြစ်ပျက် ...
20/03/2024

ယုတ်သောမြတ်သောအသက်ရှင်ခြင်း
************

လူရယ်လို့ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။ ဖြစ်ပျက် မသိပဲ
အသက်တစ်ရာနေသောသူသည် ယုတ်သောအသက်ရှင်ခြင်းဖြစ်တယ်။
လူရယ်လို့ဖြစ်ပြီး နာမ်ရုပ် ။ ပညတ် ပရမတ် ။ဖြစ်ပျက် ကိုသိပြီး အသက်
တစ်ရက် ရှင်ရခြင်းသည် မြတ်သောအသက်ရှင်ခြင်းဖြစ်တယ်။

ခန္ဓာရယ်လို့ရလာတဲ့ (၃၁)ဘုံသားတွေဟာ ခန္ဓာရှိခြင်းကြောင့် သေကိုသေရတယ်။
မသေခင်မှာ သစ္စာသိအောင် အားထုတ်ကြရမယ်။ ဒီခန္ဓာကြီးဟာ အကြောင်း
တိုင်ဆိုင်လာတိုင်း နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် စသဖြင့်
ဖြစ်ပေါ်လာတာဟာ ဆင်းရဲတယ်။ ဆင်းရဲတဲ့ အတွက်ကြောင့် နှိပ်စက်ပြန်ပြီလို့
ဒီလိုမှတ်ပါ။ ဘာကိုနှိပ်စက်တာလဲဆိုရင် ခန္ဓာကိုနှိပ်စက်တာ ။
စစ်ခနဲ့ နာတယ် ကျင်တယ် ဆိုရင် နှိပ်စက်ပြန်ပြီးလို့သိပါ။ ဒီလိုနှိပ်စက်တယ်ဆိုတာ
ရုပ်ရဲ့ သဘောပဲ။ရုပ်ရဲ့ သဘောကိုက ဖေါက်ပြန်တဲ့သဘောရှိတယ်။
ဒါကြောင့် နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် အစရှိသဖြင့်
ခန္ဓာမှာပေါ်လာတိုင်း နှိပ်စက်ပြန်ပြီလို့သိပါ။ ဖေါက်ပြန်တာက ရုပ်။ ဖေါက်ပြန်မှန်း
သိတာက နာမ်။ ခန္ဓာ မှာ နာတာ ကျင်တာ ပူတာ အေးတာ ပေါ်တိုင်း
နှိပ်စက်ပြန်ပြီလို့သိခြင်းသည် ဓမ္မာနုပဿနာ အားထုတ်နေခြင်းပဲ။
ဓမ္မရဲ့ သဘောလေးကို သိနေခြင်းပဲ ဖြစ်တယ်။ ဖေါက်ပြန်တာက ရုပ်။ သိတာက နာမ်။
ရုပ်နာမ်ကို သိခြင်းကြောင့် ငါ ငါ့ခန္ဓာ ဆိုတာ မလာတော့ပါဘူး။ ငါ ငါ့ခန္ဓာ ဆိုတာ
မလာတော့တဲ့အတွက် ကြောင့် ဒိဋ္ဌိ ပြုတ်ပါတယ်။

ဒီတော့ ခန္ဓာ မှာဖေါက်ပြန်တိုင်း ဒုက္ခသစ္စာ။ ခန္ဓာဖေါက်ပြန်တာကို နှိပ်စက်ပြန်ပြီလို့
သိခြင်းသည် မဂ္ဂသစ္စာ။ ငါ ငါ့ခန္ဓာ လို့မလာတော့ပဲ ဒိဋ္ဌိ ပြုတ်နေသောကြောင့်
သမုဒယ သစ္စာ သေတယ်။ သမုဒယ တို့ရဲ့ ငြိမ်းရာချုပ်ရာသည် နိရောဓသစ္စာ
ဖြစ်တယ်။ သစ္စာလေးချက်ညီနေတယ်။

ဒါကြောင့် ခန္ဓာမှာ နာတာ ကျင်တာ အောင့်တာ ကိုက်တာ ပူတာ အေးတာ
စသဖြင့် ပေါ်တိုင်း နှိပ်စက်ပြန်ပြီလို့သိခြင်းသည် ကိစ္စဥာဏ်ကို ရခြင်းဖြစ်တယ်။
ဒီတော့ ငါနာတယ် ငါကျင်တယ်လို့မဖြစ်တော့ပဲ ခန္ဓာ ဖေါက်ပြန်တာကို
ဥာဏ်နဲ့သိပေးခြင်းကြောင့် သမုဒယ သစ္စာသေပြီး နိရောဓ သစ္စာ ဆိုက်တယ်။
ဒီလိုအမြဲတမ်း ရှ ူမှတ်နိုင်မယ်ဆိုရင် အချိန်တန်တော့ ဓမ္မ က သူ့အလုပ်သူလုပ်ပြီး
မဂ်ဥာဏ် ဖိုလ်ဥာဏ် ဆိုက်ရောက်လို့ သောတာပန် တည်ပါလိမ့်မယ်။

ဒီလိုသိပြီး သေရင်တော့ မြတ်သော အသက်ရှင်ခြင်းဖြစ်ပြီး ဒီလိုမသိပဲ သေရင်တော့
ယုတ်သောအသက်ရှင်ခြင်းသာဖြစ်ပါတယ်။

ဆရာတော် အရှင်သုနန္ဒ
ဗုဒ္ဓလမ်းစဉ် ကျင့်စေချင် တရားတော်
မှ မှတ်သားမိသလောက် တင်ပြခြင်းဖြစ်ပါသည်။ ။
#သစ္စာရောင်ခြည်
မြတ်ဗုဒ္ဓ၏သာသနာpageပြန်လည်တင်ဆက်သည်
stnpg

မြတ်သော အသက်ရှင်ခြင်းဖြင့် တန်ဖိုးရှိသော လူတစ်ယောက် ဖြစ်နိုင်ပါစေ
မြတ်ဗုဒ္ဓ၏သာသနာ
🔲🟫🔲🟫🔲🟫🔲🟫🔲🟫🔲🟫🔲🟫🔲

#ကောင်းကျိူးလိုရာပြည့်ကြပါစေ

❝  ကိုယ်ပိုင်ဉာဏ်ဖြင့်ရှင်သန်ပါ  ❞"တောင်အာဖရိကမှသင်းအုပ်ဆရာတစ်ယောက်က ကောင်းကင်ဘုံသို့ ရောက်လိုလျှင် မြက်များစားဖို့ ဘုရာ...
06/03/2023

❝ ကိုယ်ပိုင်ဉာဏ်ဖြင့်ရှင်သန်ပါ ❞

"တောင်အာဖရိကမှသင်းအုပ်ဆရာတစ်ယောက်က ကောင်းကင်ဘုံသို့ ရောက်လိုလျှင် မြက်များစားဖို့ ဘုရားသခင်က အမိန့်ပေးသည် ဆိုသဖြင့် မြက်ခင်းပြင်ပေါ် ထိုင်ကာ မြက်စားနေကြသူများ.."ဆိုပြီး လိုင်းပေါ်တက်လာတာတွေ့တော့
မဇ္ဈိမပဏ္ဏာသပါဠိတော် မှာဖော်ပြထားတဲ့
ပုဏ္ဏ နဲ့ သေနိယ ကိုသွားပြီးသတိရမိတယ်။

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါကပေါ့။
ပုဏ္ဏ နဲ့ သေနိယ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ပုဏ္ဏဆိုတဲ့ ပုဂ္ဂိုလ်က နွားလိုကျင့်တယ်။
သူက နွားလိုနေထိုင်တယ်။နွားလိုစားသောက်တယ်၊နွားလိုပဲအိပ်တယ်။နွားလိုနေတယ်ဆိုကတည်းက ဘာမှတော့ဝတ်မှာမဟုတ်ဘူး။
နွားလိုစားတာ‌ဆိုတော့ မြက်လည်းစားလောက်မှာပဲ။

သေနိယ က‌ ခွေးလိုကျင့်တယ်။ခွေးလိုနေထိုင်၊စားသောက်ပြီးနေတယ်ပေါ့။လူတွေလိုပန်းကန်နဲ့တော့စားမှာမဟုတ်ဘူး။မြေကြီးပေါ် ပစ်ချထားတာကို ပါးစပ်နဲ့ပဲကောက်စားမှာပဲ။အိပ်ရင်လည်း
ပြာပုံထဲပဲတိုးအိပ်မှာပဲ။

တစ်နေ့ အကြောင်းတိုက်ဆိုင်လို့ မြတ်စွာဘုရားနဲ့တွေ့တော့ ထိုသူငယ်ချင်းနှစ်ယောက်က မေးခွန်းလေးတွေမေးကြတယ်။
ပုဏ္ဏ က စပြီးတော့မေးတယ်။

" အရှင်ဘုရား...သေနိယ ဟာ ခွေးလိုကျင့်ပြီး
ကိလေသာခေါင်းပါးတဲ့အလုပ်၊ကိလေသာချုပ်တဲ့အလုပ်၊ကိလေသာငြိမ်းတဲ့အလုပ်ကို လုပ်နေပါတယ်။သူ သေတဲ့အခါ လားရာဂတိကို သိလိုပါတယ်ဘုရား"

ဗုဒ္ဓမြတ်စွာက "ပုဏ္ဏ...ငါ့ကိုမမေးနဲ့၊ငါမဖြေချင်ဘူး"တဲ့။
ဒုတိယအကြိမ် ထပ်မံမေးတဲ့အခါမှာလည်း ဗုဒ္ဓမြတ်စွာက ငြင်းတော်မူတယ်။
တတိယအကြိမ်မြောက်ကျတော့ မြတ်စွာဘုရားကဖြေတော်မူတယ်...

" အေး...သေနိယ ဟာဘဝတစ်လျောက်လုံး ခွေးလိုနေခဲ့သည့်အတွက် သူ့ဝါသနာအထုံအတိုင်း သေရင် ခွေးဖြစ်လိမ့်မယ်...မိမိယူထားတဲ့ မိစ္ဆာဒိဌိအယူကို စွဲကိုင်ထားသည့်အတွက် အဝီစိငရဲလဲ ကျလိမ့်မယ်"

ထိုအခါမှာ...
သေနိယ ဖြစ်သူက ထပြီး ငိုတယ်။

မြတ်စွာဘုရားက
"မင်းတို့ကိုပြောသားပဲ၊မမေးပါနဲ့လို့"ဆိုတော့

သေနိယက
"အရှင်ဘုရား...တပည့်တော်ငိုတာဟာ တခြားမဟုတ်ပါဘူး...နှစ်ပေါင်းများစွာဒီအကျင့်ကြီးကျင့်ပြီးမှ ခွေးလဲဖြစ်ဦးမယ်...ငရဲလည်းကျဦးမယ် ဆိုတာကြောင့် ငိုမိတာပါဘုရား"တဲ့။

သေနိယကဆက်လက်ပြီးမြတ်စွာဘုရားကိုလျောက်တယ်။
"အရှင်ဘုရား ပုဏ္ဏကရောသေရင်ဘယ်ဘဝရောက်မှာလည်းဘုရား"တဲ့။

သူငယ်ချင်းနှစ်ယောက်ကကိုယ့်အကြောင်းကိုယ်မမေးကြဘူး။ဘာလို့လည်းဆိုတော့ နွားလိုကျင့်တဲ့ပုဂ္ဂိုလ်ကလည်း နွားလိုကျင့်တဲ့အကျင့်ကသာမှန်တယ်။ခွေးလိုကျင့်တာမမှန်ဘူးလို့ ကိုယ့်အယူဝါဒကိုသာအမှန်မြင်တာ။
ခွေးလိုကျင့်တဲ့ပုဂ္ဂိုလ်ကလည်း မိမိအယူဝါဒကသာ ကိလေသာတွေချုပ်ငြိမ်တယ် ဆိုပြီး ကိုယ့်အယူဝါဒကိုသာ စွဲကိုင်ထားတာ။

ဒီတော့ သေနိယ ရဲ့အမေးကိုလည်းမြတ်စွာဘုရားက နှစ်ကြိမ်တိုင်တိုင်ငြင်းတော်မူပြန်တယ်။
သုံးကြိမ်မြောက်ကြတော့ မြတ်စွာဘုရားက

"အေး...ပုဏ္ဏ ဟာ ဘဝတစ်လျောက်လုံး နွား
လိုနေခဲ့သည့်အတွက် သူ့ဝါသနာအထုံအတိုင်း သေရင် နွား ဖြစ်လိမ့်မယ်...မိမိယူထားတဲ့ မိစ္ဆာဒိဌိအယူကို စွဲကိုင်ထားသည့်အတွက် အဝီစိငရဲလဲ ကျလိမ့်မယ်"တဲ့။

ထိုအခါမှာ...
ပုဏ္ဏ ဖြစ်သူက ထပြီး ငိုပြန်တယ်။
ထိုအခါမှာ မြတ်စွာဘုရားက
သူငယ်ချင်းနှစ်ယောက်ကို
"ကံလေးမျိုးအကြောင်း"ဟောတော်မူပါတယ်။
နောက်ဆုံး နွားလိုကျင့်တဲ့ပုဏ္ဏက သရဏဂုံတည်တယ်။ခွေးလိုကျင့်တဲ့ သေနိယ ကရဟန္တာ ဖြစ်တော်မူတယ်။

ပေးချင်တဲ့ Message က လောကမှာ ဘယ်သူပြောတာမှ မယုံဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တတ်ဖို့ပါပဲ။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက
အယူဝါဒတွေနဲ့ ပတ်သတ်ပြီး ကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားဆုံးဖြတ်တတ်ဖို့ရာ
ကာလာမသုတ် (သို့မဟုတ်) ကေသမုတ္တိသုတ်
ကိုဟောကြားထားခဲ့ခြင်းဖြစ်ပါသည်။

❝ ဘာသာဝါဒ မတူကြ၍
လောကအတွင်း ငြင်းခုံခြင်းဖြင့်
ဆင်းရဲဒုက္ခ ရောက်ကုန်ကြ၏။

ဝါဒအယူ မှားခဲ့မူက
ဆူဆူဗုဒ္ဓ ကယ်မရသည့်
လေးဝပါယ်ဘုံ ဘေးတွေ့ကြုံလိမ့်။

စေ့စုံဉာဏ်ဖြင့် မျှော်ထောက်ချင့်သော်
တဆင့်ကြားသိ မိရိုးဖလာ
ကောလာဟလ ကျမ်းစာမျှနှင့်
ကြံဆနည်းမှီ ဆီလျှော်သုံးသပ်
ယူချင်းထပ်၍ ယုံအပ်သူဘဲ
ဆရာစွဲဖြင့် လွှဲဂုဏ်စိတ်ချ
မယူကြလင့်။

ဒိဋ္ဌကျင့်ကြံ ကိုယ်ပိုင်ဉာဏ်ဖြင့်
မှားမှန်ကောင်းဆိုး သိအောင်ကြိုးကုတ်
မျိုးကာလာမ ဟောညွန်ပြသည်
ဝါဒအယူ စစ်တမ်းတည်း... ❞

၂၈.၁.၂၀၂၃
#ပြည့်စုံ(တောင်ငူ)✍️
-Photo
ူရင်းပေးသည်
#မျှဝေခြင်း

နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်ဖြစ်နေတာရက်၂၀ကျော်နေပီဖြစ်ခါစတပါတ်လောက်အထိ..နေ့တိုင်း.ဆေးခန်းသွားပြတယ် - မသက်သာဘူး..လေပြ...
03/03/2023

နေ့စဉ်..ရက်ဆက်ချောင်းဆိုးရင်ကျပ်
ဖြစ်နေတာရက်၂၀ကျော်နေပီ

ဖြစ်ခါစတပါတ်လောက်အထိ..နေ့တိုင်း.
ဆေးခန်းသွားပြတယ် - မသက်သာဘူး..
လေပြွန်ရောင်တာနဲ့.ချောင်းဆိုးရင်ကျပ်
တွဲဖြစ်တော့..နေရဆိုး..ဆေးနည်းမိူးစုံ.၀ယ်သောက်

ဒါလဲ.မပြောက်ဘူး..ရက်၂၀ကျော်လာတော့.လူကြီးတွေက စိုးရိမ်လာလို့.အထူးကုနဲ့.ပြတော့.ဒီတိုင်းမဖြစ်ဘူး.
ဆိုပြီး.ဆေးရုံသွားဖို့..စီစဉ်နေတုန်း..

အိမ်ကို.ရွာကဦးလေးအလည်ရောက်တာနဲ့ကြုံရော
ဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သင်္ဘောရွက်
ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာနဲ့ အဲ့ဒီနေ့ တနေ့လုံး၀င်သလောက် သဘောင်္ရွက် ကို ရေနွေးစိမ်သောက်တာညကျ အိပ်နိုင်တယ်
ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး

နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ
၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပြောက်သွားတယ်..

သဘောင်္ရွက်ကို အသုံးပြုပုံက. အရွက်စိုကိုပဲဖြစ်ဖြစ်
အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ် ခွက်ထဲ ထည့် အပေါ်ကနေရေနွေးပူပူကို လောင်းထဲ့ပြီး

မပူမအေးလေးမှာ သောက်လို့ရပီ သောက်ခါစမှာ
အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး

ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့.
ကျမနဲ့..ရောဂါတူသူများ..ရှိရင်.စမ်းသောက်
ကြည့်စေချင်ပါတယ်.....

ကျန်းမာဝဖြိုးအလှတိုးကျပါစေ.😃

မှတ်ချက် = လည်းချောင်းနာအာသီးယောင်အတွက်လည်း
သက်သာပျောက်ကင်းပါသည်။

#မျှဝေခြင်း

ပြန်လည်မျှဝေပါသည် မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲ?မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်...
02/03/2023

အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲ?

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။

အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........

(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။
(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။

ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌဌာန်းထားတယ်။

ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊
ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။
ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။
ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။
အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။
ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။
ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။
မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။
ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။
နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။

အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း

အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။

အကြောင်းက -(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။
(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင်မထားဘူး။
(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မထားဘူး။
ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။
ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။
မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။
ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။
ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။
ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။

ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -

သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။ ကိုယ့်ကို နင်ထုတ်လို့မရဘူး။

ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။
(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌဌာန်းချက်ကို တင်ပြလိုက်ပါတယ်

#မျှဝေခြင်း

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်ကိုယ့်တွင်းကိုယ် တူးတတ်တယ်။ ဦးခေါင်း ပါတဲ့ လူ ကနေရာတ...
27/02/2023

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်း ပါတဲ့ လူ ကနေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြတ်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို

တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း

Credit #မျှဝေခြင်း

စိမ်းညက်ညီအမဘုရားတကယ်တော့ စိမ်းညက်ညီအမဟာ တော်ဝင်ရာဇမင်းမျိုးလဲမဟုတ်သလိုနန်းတွင်းအခစားဝင်ရတဲ့ နန်းမျိုးလဲမဟုတ်ခဲ့ဘူး သိပ်...
05/02/2023

စိမ်းညက်ညီအမဘုရား

တကယ်တော့ စိမ်းညက်ညီအမဟာ
တော်ဝင်ရာဇမင်းမျိုးလဲမဟုတ်သလို
နန်းတွင်းအခစားဝင်ရတဲ့ နန်းမျိုးလဲမဟုတ်ခဲ့ဘူး

သိပ်ကိုချမ်းသာတဲ့ မြေရှင်ယာရှင် သန်းကြွယ် သူဌေးကြီးရဲ့ သမီးနှစ်ဦး
(သမိုင်းခန့်မှန်းအရညီအမနှစ်ဦးဟာ ၁၀-၁၃နှစ်ကျော်အသက်ကွာကြဟန်ရှိပါတယ်)

ပုဂံခေတ် ၁၁ရာစု-၁၃ရာစုမှာ ဘုရားတည်ထားခြင်းဆိုင်ရာမူဝါဒများစွာရှိခြင်းဟာ သမိုင်းအတိကျရှိခဲ့ပါတယ်

စိမ်းညက်ညီအမဘုရားရဲ့ထူးခြားမှုက
အမဖြစ်သူတည်ထားခဲ့တာ ဂူဘုရား
ညီမဖြစ်သူတည်ထားခဲ့တာ စေတီဘုရား

အရှေ့တည့်တည့်ကကြည့်လျှင်
ညီမတည်ထားတဲ့ဘုရားကို လုံးဝမမြင်တဲ့အချက်ရယ်
{အမတည်ထားတဲ့စေတီဘုရားကကွယ်နေတာပါ)

ရာဇမမျိုးနန်းမျိုးမဟုတ်ဘဲ တံတိုင်း၂ထပ်ခတ်ကာရံထားခြင်းရယ် (ဒါကြောင့်လဲဘုရားကြီးရေစက်ချလှူမဲ့နေ့မှာ ကွပ်မျက်ခံခဲ့ရတာ)

၁၁-၁၃ရာစုခေတ်က အရပ်သူတွေတည်ထားတဲ့ ဂူဘုရားစေတီတွေမှာမတွေ့ရတဲ့ နံရံဆေးရေးပန်းချီ ဗိသုကာလက်ရာတွေရယ်

ဘုရားနှစ်ဆူလုံးဟာ
၁၁-၁၂ရာစု မှာတည်ထားတယ်ဆိုပေမဲ့
ညီမဖြစ်သူရဲ့ စေတီဘုရား ဗိသုကာ လက်ရာတွေက ၁၃ရာစုနှောင်းခေတ်ရဲ့
ဖန်တီးမှု ယဉ်ကျေးမှုတွေ အပြည့်ဝပါဝင်နေတယ်

ကျတော်ကတော့ ပုဂံရောက်တိုင်း စိမ်းညက်ညီအမဘုရားကိုရောက်အောင်သွားတယ် ခုတခေါက်တော့ သိပ်စိတ်ဝင်စားစရာကောင်းတယ်

သမိုင်းဆိုရင် စာအုပ်ထဲက သမိုင်းတွေကိုဘဲ မယုံတတ် မမှတ်သားတတ်တဲ့ ကျတော့်အတွက် ပါးစပ်ရာဇဝင် သမိုင်းလေးက တကယ်ဟုတ်နေကြောင်း သက်သေပြနိုင်ခဲ့တယ်

စိမ်းညက်ညီမ ပါးစပ်ရာဇဝင် (၃)

သူဌေးသမီးတွေဟာ တဘဝ တသက်တာမှာ ဘုရားတည်ထားဖို့ မိဘပိုင် ငွေကြေးတွေကို အသုံးပြုလှူတန်းခြင်းမပြုလိုလို့

ပုဂံမြို့တွင်း ကိုယ်တိုင်မြေတူး မြေသယ်ပြီး ဘုရားတည်ရန် အုတ်တွေရှာဖွေစုဆောင်းခဲ့ကြတယ်

နေ့စဉ်နံနက်တိုင်း စိမ်းညက်ညီအမဟာ
ဘုရားတည်ရန် အုတ်ရှာကြတယ်
တနေ့မှာ ညီမဖြစ်သူဟာ အမဖြစ်သူကို နေမကောင်းဖြစ်ကြောင်း လိမ်ညာမုသားသုံးပြီး အုတ်ရှာဖို့ကျန်နေခဲ့တယ်
(ညီမနစ်ယောက်ကအသက်ကွာတော့ ညီမဖြစ်သူဟာကလေးပီပီဟန်ချီချိီ ပျင်းရိခြင်းရှိပီးမုသားပြောတာဖြစ်နိုင်ပါတယ်လေ)

ညီမဖြစ်သူက ဘုရားတည်တော့ သူ့အုတ်တွေအရှိတိုင်းတည်တော့ ဘုရားဟာ ဥာဏ်တော်ရော ထုထည်ရောသေးခဲ့လို့
အမဆီက အုတ်တွေခိုးပြီး မူလညီမရဲ့ ဘုရားစေတီကို ငုံပီး ထုထည်ကြီးအောင် လှပအောင်တည်ခဲ့တယ်တဲ့

ထိုကြောင့်အမဟာ ညီမဖြစ်သူရဲ့မုသားကိုစိတ်ဆိုးခဲ့တယ် အမဖြစ်သူရဲ့ သစ္စာ သမာဓ်ိ ကြောင့် ညီမဖြစ်သူရဲ့ စေတီဘုရားကို အမဖြစ်သူရဲ့ ဂူဘုရားကရှေ့တည့်တည့်ကနေကွယ်နေခဲ့ခြင်းပါတဲ့

တခုရှိတာ ညီမဖြစ်သူဘုရားရဲ့ ဗိသုကာလက်ရာကို အမဖြစ်သူဂူဘုရားက လုံးဝယှဉ်လို့မရဘူး ညီမဖြစ်သူဘုရားက သိပ်လှတာ မိုးရွာချိန် ရေထွက်ပေါက်ကစ သေချာစီမံပြီး ပန်းစွဲ ကြာလန်တွေကအစ ခေတ်ရှေ့ပြေးနေတဲ့ ယဉ်ကျေးမှုတွေ
ဒါတွေကြည့်ခြင်းဖြင့် ညီမဖြစ်သူက သိပ်တော် သိပ်ထက် သိပ်လည်မဲ့ပုံဘဲဗျ

ဒီပါးစပ်ရာဇဝင်ကြားဖူးနေတာကြာပေမဲ့ မဖြစ်နိုင်ဘူးပေါ့ ခုတခါပုဂံရောက်တော့ အသေချာပါဘဲ ပါးစပ်ရာဇဝင်တကယ်ပါဘဲဗျာ ….

စေတီဘုရားရဲ့ အထက်ပစ္စယံ ကြာလန်အပေါ်မှာ မုခ်ဦးမဟုတ်တဲ့အပေါက်လေးတကယ်ရှိပြီး ထိုမုခ်ဦးပေါက်ထဲကနေ အထဲဝင်ကြည့်ရင် အထဲမှာ ငုံတည်ထားတဲ့ စေတီဘုရားတစူရဲ့ ဖောင်းရစ်တွေကို ပုံထဲကအတိုင်းတွေ့မြင်နိုင်ပါတယ်

ကျတော်လဲ တကယ်အံ့ဩမိတယ်
သမိုင်းတွေဟာ စာအုပ်တခုထဲနဲ့ မမှန်ကန်နိုင်ကြောင်းကိုပေါ့

သမိုင်းအချက်လက်ဆိုတာ

တချို့သမိုင်းတွေက ကျောက်စာထဲမှာ

တချို့သမိုင်းတွေကစာမျက်နာထဲမှာ

တချို့သမိုင်းတွေက ရုပ်ဝတ္ထုတွေအပေါ်မှာ

တချို့သမိုင်းတွေက
အစဉ်ဆက်သယ် လက်ဆင့်ကမ်းလာတဲ့လူတို့နှုတ်ဖျားထဲမှာ

တချို့သမိုင်းတွေကတော့ ဝေဖန်သုံးသပ်ခြုံငုံတွေးတောမှု ဥာဏ်ပညာထဲမှာရှိတယ်ဗျ

သမိုင်းဆိုပြီးနေရာတကာအရာရာတိုင်းကို အချက်လက်နဲ့သက်သေပြပါဆိုရင်

တချို့သမိုင်းတွေက ရှိခဲ့တယ် ဒါပေမဲ့ မှတ်တမ်း မှတ်ရာမကျန်ခဲ့ဘူး

တချို့သမိုင်းတွေက တကယ်မရှိခဲ့ပေမဲ့ မှတ်တမ်း မှတ်ရာတွေတော့ကျန်ရှိနေတယ်

ကာလဒေသအချိန်ခါရာသီဥတု နာမ်-ရုပ်ဝတ္ထုတွေအပေါ်

ရှေးသုံးအမူအကျင့်ဓလေ့ထုံးစံနေထိုင်မှုတွေအပေါ်နဲ့

ဘုရားဟောင်္စကြာဝဠာတည်ရှိဖြစ်ပျက်ခြင်းအကြောင်းတွေအားလုံးကို

ခြုံငုံသုံးသပ်တွေးတော လေ့လာပီး

ရှိခြင်း မရှိခြင်း ဆိုတဲ့ အချက်လက်မရှိခဲ့တဲ့ သမိုင်းတွေကိုသိနိုင်ပါတယ်

သမိုင်းဆိုတာ ကျောက်စာပေါ်မှာ စာအုပ်ထဲမှာတင်ရှိတာ မဟုတ်ဘူးဆိုတာကိုသက်သေပြနိုင်ခဲ့တယ်

ဘုရားနှစ်ထပ်/ဘုရားငုံတည်ထားခြင်း/မူလဘုရားကိုဖူးမြော်နိုင်ဖို့ ပုံလေးတွေတင်ပေးလိုက်ရပါတယ်

ကျတော်နဲ့သူတို့ ညီအမ နှစ်ဦးကတော့
ဘယ်ဘဝကရေစက်တွေလဲတော့မသိ

စိမ်းညက်ညီအမ ဘုရားရောက်တိုင်း
အရင်ကလူတွေပါးစပ်ရာဇဝင်ကြောင့် ကြောက်ရလန့်ရမဲ့အစား သူတို့နှစ်ယောက်ဆီရောက်တာနဲ့နွေးထွေး အေးချမ်းမှုအမြဲရတယ်

ခုတခေါက်တော့ အမတို့ စိမ်းညက်ညီအမနှစ်ယောက်တွက်ဆိုပြီး ဘုရားရှေ့တည့်တည့်က ရေအိုးစဉ်ကိုလဲ ပြန်လည်ပြုပြင်ပီး ရေအိုးတွေ သောက်ရေခွက်တွေနဲ့ လစဉ်ရေဖြည့်ဖို့ ရေသန့်ရေလဲ အလှူပြုခဲ့တယ်

ကျတော်ပြုသော ကုသိုလ်အစုစုတို့ကို
အမတို့နစ်ယောက်မြင်ပါစေ သိပါစေ ကြားကြပါစေ သိရှိမြင်နိုင်ကြားနိုင်ပါက ကောင်းသာဘဝများကိုရရှိပါစေ🙏

စိမ်းညက်ညီအမဟာ ကြောက်စရာကောင်းပီးမကျွတ်မလွတ်သေးဘူးဆိုတဲ့ အယူအဆတွေဟာ သိပ်ကိုမှားပါတယ်

၃၁ဘုံအတွင်းတည်ရှိပြီး ဘုံဘဝမကူးခင်ကြားကာလတခုမှာနေကြတည်ရှိကြတဲ့ဘုရားဒယိကာမိကြီးတွေ အလှူ့ရှင်ကြိးတွေပါ

တကယ်တော့ သူ့တို့နစ်ယောက်က
သိုက်ဆိုတဲ့ဝေါဟာရ အသုံးနှုန်းဖြင့် သုံးနှုန်းတင်စားနိုင်ပါတယ်

သိုက်ဆိုတာ စင်္ကြာ ဘုံဘဝတွေထဲမှာ စုဝေးဖြစ်တည်နေတဲ့ အစုအဖွဲ့လေးတခုဘဲ

သံသရာမှာ စွဲမိတဲ့အစွဲတွေကြောင့် ဘုံဘဝမကူးဘဲ (မကျွတ်မလွတ်တာမျိုးမဟုတ်ဘဲ) သံသရာအတွင်းတည်ရှိဖြစ်တည်နေတာပါ

မိသားစု ဆွေမျိုးမိဘ မောင်နှမအပေါ် စွဲမိတော့ မိသားစုမောင်နှမသိုက်

အမျိူးနွယ်ဆိုတဲ့
မျိုးရိုးကိုစွဲတော့ အမျိုးနွယ်သိုက်

မိမိဥစ္စာပစ္စည်းကိုစွဲမိတော့
ပစ္စည်း ဥစ္စာစောင့်သိုက်

မိမိပြုတဲ့ အလှူတွေအပေါ်စွဲမိရင်
ဥစ္စာစောင့်(ဝါ)ဘုရားစောင့်သိုက် စသဖြင့်ပေါ့

စိမ်းညက်ညီအမဟာ နှောင်းလူတို့ဖူးမြော်နိုင်ရန် စေတီဘုရားပုထိုးတည်ထားပေးခဲ့တဲ့အပြင် ယနေ့ထက်တိုင် ကျွန်ုပ်တို့အား ကူညီစောင့်ရှောက်ပေးပါတယ်…………’
# အမေကြီးလက်ဝဲတော်

------------------------------------------------------------------------------

ပုဂံမှာ ၁၁ရာစုလောက်ကတည်ထားခဲ့ပြီး
လှပသေသပ်တဲ့ ဗိသုကာလက်ရာရှိပြီး
ထည်ဝါတဲ့ ဂူဘုရားနဲဲ့စေတီဖြစ်ပေမဲ့

ဘာကြောင့်များတိကျခိုင်မာတဲ့သမိုင်းကျောက်စာမရှိခဲ့တာလဲဆိုတာ ခူချိန်ထိ ဘယ်သူမှ အဖြေရှာလို့မရသေးဘူး

ပါးစပ်ရာဇဝင်တွေတောင်သိပ်များများစားစားမရှိတဲ့ ဘုရားနှစ်ဆူ

ပါးစပ်ရာဇဝင်အရ
(၁)စိမ်းညက်ဘုရင်တည်ထားခဲ့တဲ့ ဘုရားနစ်ဆူမလို့ စိမ်းညက်ညီမဘုရားလို့ခေါ်တွင်တယ်

(၂)စိမ်းညက်မင်းသမီးနှစ်ပါးက
မင်းသမီး အကြီးဟာ ၁၁ရာစုမှာ ဂူဘုရားတည်ထားပြီး ၁၂ရာစုမှာ မင်းသမီးအငယ်က စေတီဘုရားကို ဂူဘုရားနောက်မှာတည်ထားခဲ့တယ် (ဒါပေမဲ့ ဗိသုကာလက်ရာတွေက၁၃ရာစုယဉ်ကျေးမှုလက်ရာတွေ)

ဒါတွေကို ဘုရားကပြန်ရောက်ပီး Googleမှာရှာကြည့်ခါမှ သိခဲ့ရတာပါ

ဗိသုကာလက်ရာတွေကတော့ မိန်းမတွေတည်တဲ့ဘုရားမှန်းသိပ်သိသာပါတယ်

၂၁ရာစုမှာ လူသိများပြီး ဧည့်တွေသိပ်စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်တွေကိုယ်တိုင် recommendပေး အသွားလာများခဲ့ပေမဲ့

၂၀၁၃လောက်မှာ စိမ်းညက်ညီမဘုရားဝန်းရဲ့အနောက်ဖက် ထနောင်းပင်မှာ ဆယ်တန်းကျောင်းသားတဦး ဆွဲကြိုးချသေခဲ့တယ် အဲနောက်ပိုင်း စိတ္တဇဆန်ဆန်သေဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ၁ဦး/၂ဦး ကနေ ၅ဦးအထိဖြစ်ခဲ့တယ်

အဲဒီဖြစ်ရပ်တွေနောက်မှာ ပရလောကနဲ့ဆိုင်တဲ့ ခြောက်လန့်ခြင်းဖြစ်ရပ်တွေ ခရီးသွားဘုရားဖူးတွေ ကြုံမြင်ရကြားရတဲ့ ပါးစပ်ဇာတ်လမ်းတွေအများကြီးပေါ်ထွက်လာတာကနေစပြီး

စိမ်းညက်ညီမ ဘုရားဆိုရင် မသွားကြတော့တာ မဖြတ်ကြတော့တာ ရှေ့ကနေဖြတ်သွားတောင်မဝင်မိကြဘဲဘုရားကိုကျော်သွားတာတွေဖြစ်လာတော့တာဘဲ

တကယ်ကိုလျှို့ဝှက်ဆန်းကျယ်ဖြစ်ရပ်တွေရှိကောင်းရှိခဲ့လိမ့်မယ်

ဒါပေမဲ့ ကြောက်စရာလန့်စရာတော့မကောင်းပါဘူး လူတွေကစိတ်အထင်နဲ့ကြောက်နေကြတာ

ကျတော်ကတော့ မနက်စောစော၆နာရီလောက် အလိုတော်ပြည့်ဘုရားကို အရင်ဝင်ပြီး ဇွန်ပန်းဝယ်တယ် ပြီးမှ စိမ်းညက်ညီမဘုရားကို သွားခဲ့တယ်

ဂူဘုရားကတော့ ကျတော်ကိုယ်တိုင်ဝင်ခြင်တဲ့
စိတ်လုံးဝကိုမရှ်ိခဲ့ဘူး

ဘုရားဝန်းထဲရောက်နေပြီ ဂူဘုရားထဲကိုဝင်ဖို့ကို မဝင်ဖစ်ဘဲကျော်ပြီး ဂူဘုရားနောက်မှာရှိတဲ့ စိမ်းညက်ညီမ စေတီကိုအရင်သွားခဲ့တယ် စေတီကိုပတ်ကြည့်ခဲ့ချိန်မှာလဲ ခြေဖဝါးကို ဆူးတွေ၃ချက်လောက်ဆူးပြီးသွေးပါထွက်တယ်

ဝယ်လာတဲ့ ဇွန်ပန်း(၃)ကုံးက်ိုလဲ ဂူဘုရားထဲကဆင်းတုတော်အတွက်တကုံးကို ကျတော်နဲ့တူတူပါလာတဲ့ ညီလေးကိုဝင်လှူခိုင်းလိုက်တယ် ကျတော်က စေတီရဲ့ပစ္စယံမှာ အမတွက်တကုံး ညီမတွက်တကုံးဆိုပြီးချိတ်ခဲ့တယ် အပေါ်ထိတတ်ချိတ်ပြီး အောက်အဆင်း သေချာချိတ်ခဲ့တဲ့ အမအတွက်ဇွန်ပန်းတကုံးက လေမတိုက်ဘဲ ပြုတ်ကျသွားတယ်

ကဲထားပါလေဆိုပြီး ပဌာန်းရွတ်မယ်ဆ်ိုပြီး နတ်တွေပင့်ဖိတ့်ပြီး စိမ်းညက်ညီမ မင်းသမီးနစ်ပါးကိုပင့်ဖိတ်ချိန် ကျီးကန်းတွေက စေတီထိပ်ပိုင်းမှာအများကြီးအုံပြီး ပျံဝဲလာတာတခုတော့ ထူးခြားတယ်

ပဌာန်းရွတ်နေရင်း ပုရေဇာတပစ္စယောမှာ ခေါင်းပေါ်ကို ပျံနေတဲ့ငှက်က ချီးပါချတယ်
ပဌာန်းရွတ်ဖတ်အမျှဝေခါနီးမှာ မျက်စိမှိတ်အာရုံပြုလိုက်ချိန်မှာ သိပ်လှတဲ့အမျိုးသမီး၂ယောက်ရယ် ကျတော့်ညီမလေးရယ် တခြားပုံစံတူမိန်းကလေးတွေ ၇ယောက်က ကျတော့်ကိုလက်အုပ်ချီပြီး ဝ်ိုင်းကြည့်နေတာမြင်လိုက်ရတယ်

လူတွေထင်သလို ကြောက်စရာလန့်စရာတခုမှမမြင်ရမသိရပါဘူး အရာအားလုံးအေးဆေးပါဘဲ

တခုတော့သတိထားမိတာ ကုသိုလ်ကောင်းမှုနည်းတဲ့သူတွေကတော့ စိမ်းညက်ညီမဘုရားကို ဖူးခြင်စိတ်မဖြစ်ဘဲ ဘုရားရှေ့ကနေဖြတ်ကျော်သွားပါလိမ့်မယ်

အမျိုးသမီးတွေဟာလဲ စိမ်းညက်ညီမဆိုတော့ ဥစ္စာစောင့်အဆက်ဘာညာထင်ပြီးလန့်တတ်ကြောက်တတ်ကြပါလိမ့်မယ်

တကယ်လဲဟုတ်ပါတယ် အဲဲဒီဘုရားဟာ ဘုမ္မိယတွေပျော်တဲ့နေရာ ဘုရားတွင်းမှာပစ္စည်းဥစ္စာတွေများစွာရှိနေပါတယ်

ထိုမင်းသမီးနစ်ဦးဟာလဲ မည်သို့မည်ပုံကြောင့်သေဆုံးရခြင်း ဤဘုရားတည်ခဲ့ရခြင်းအကြောင်းတွေကို ခုထိ မည်သူမှ မသိကြပါဘူး ထူးဆန်းတာတွေတော့တကယ်ရှိပါတယ် ဘုရားကိုလွယ်လွယ်နဲ့ဖူးလို့မရတာတော့ အသေအချာပါဘဲ

ဘာမှကြောက်စရာမလိုဘဲ စိမ်းညက်ညီမဖုရားကိုရအောင်သွားပါ ဗိသုကာလက်ရာတွေလေ့လာပါ သိပ်ကိုလှပါတယ်။
crd # Aung Pyae Sone Phyo

-------------------------------------------------------------------------------

စိမ်းညှက် ညီအမ ဂျင်းမိတဲ့အထဲ ကျနော်လည်းပါတယ်။ ဝန်ခံခြင်း သည်ဖြေဖျောက်ရာတည်းပေါ့။

ဂျင်းမိဆို အစကတည်းကလည်း ပြောထားပါတယ်။ ဘုရားသမိုင်းကျနော်မသိဘူးလို့။ ဘုရားသမိုင်း ဆိုတာတွေကပါးစပ်ရာဇဝင်တွေ စိတ်ကူးယဉ်ဇာတ်လမ်းတွေကနေ လာတာတွေများလေ့ရှိတယ်။

စိမ်းညှက် ဆိုတဲ့ အမည်နာမဟာ အမျိုးသမီး ၊ တစ်နည်းအားဖြင့် ဣတ္ထိလိင်နဲ့ နီးစပ်တယ်လို့ တွေးဟန် တူပါတယ်။ တကယ်လည်း လိုက်ဖက်ပါတယ်။

စိမ်းညှက် အမ၊ စိမ်းညှက် ညီမ တဲ့။ အရမ်းလှတဲ့ နာမည်ပါဘဲ။ ကျနော့်တစ်ကိုယ်ရေ သိမြင် ခံစားမှု မှာ အလိုလိုလက်ခံပီးသားဖြစ်သွားတယ်။

သို့ပေမယ့် အမှန်တရား နှင့် သိပ်ဝေးကွားသွားရင်လည်း မကောင်းပါဘူး။ စိမ်းညှက် ညီမ/အမ ဆိုတဲ့ အရေးသားကို အစောဆုံးဖတ်ဖူးတာ ၁၉၈၆ ပုဂံ သတင်းလွှာ ( Bagan Newsletters, 1986 ) မှာပါ။

၁၉၈၅ ခုနှစ်မှာ ထုတ်ဝေတဲ့ မင်းဘူးဦးအောင်ကြိုင်ရဲ့ ပုဂံခေတ် ဗိသုကာလက်ရာများ စာအုပ်မှာလည်း စိမ်းညှက် ဂူဘုရားလို့သာ ရေးပါတယ်။ ညီအမ ကိစ္စမပါ ပါ။

၁၉၈၀ မှာ ဦးဗိုလ်ကေ ရေးတဲ့ငလျင်ပတ်သက်တဲ့ ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းစဉ်မှတ်းတမ်းတွေမှာ စိမ်းညှက်အနောက်ဂူ၊ စိမ်းညှက်အရှေ့ပုထိုး လို့ ရေးတယ်။

ဦးအောင်သော်လက်ထက် ၁၉၇၅ ငလျင်ကြီးလှုပ်လို့ ပညာရှင်တွေ လာရောက်စည်းဝေးလုပ်ကိုင်ကြတယ်။ အဲ့ဒီ အစည်းဝေးမှတ်တမ်းတွေမှာလည်း အရှေ့စိမ်းညှက် ၊ အနောက် စိမ်းညှက်လို့သာ ရေးပါတယ်။

အခုလည်း လက်လှမ်းမှီသမျှ ကျောက်စာတွေဖတ်ကြည့်တာမှာ ညီအမနှစ်ဦးကောင်းမှု စိမ်းညှက်ဘုရား နှစ်ဆူ လို့ ပြောနိုင်လောက်တဲ့ အထောက်ထား မတွေ့ရဘူး။

ဆိုတော့ကာ ၁၉၈၀ အထိ စိမ်းညှက်ဂူဘုရား၊ အရှေ့ စိမ်းညှက်၊ အနောက် စိမ်းညှက်ဆိုပီးတွေ့ရသေးတယ်။ ၁၉၈၆ မှာတော့ ညီအမ ဇာတ်လမ်း စ ပါဘီ။

ဘုရားရှေ့က လမ်းဟာ မကြာခဏ မတော်တဆ ဖြစ်လေ့ရှိတယ်၊ အသေပျောက်ရှိတယ်၊ သူရဲခြောက်တယ် ကနေ စပီး ညီအမ ဇာတ်လမ်း စသလားမပြောတတ်ပါ။

သို့ပေမယ့် စိမ်းညှက် ညီအမမှာ အမက မြန်မာနဲ့ ရလို့ မြန်မာဟန် တည်တယ်၊ ညီမက သီဟိုဠ်သားနဲ့ ညားလို့ သီဟိုဠ်ဟန် တည်တယ် ဆိုးပီးစိတ်ကူးယဉ်ဇာတ်လမ်းတွေပါ ထပ်ပီး “ ဂျင်း “ ထည့်ရင်တော့ အတိုင်းထက်လွန်သွားဘီပြောရမယ်။ မလုပ်သင့်တော့ဘူး။

တောင်ဂူနီ - မြောက်ဂူနီ ။ အရှေ့ဖက်လိပ် - အနောက်ဖက်လိပ် ဆိုတာတွေကလည်း မူရင်း အမည်နာမဖြစ်ချင်မှ ဖြစ်မယ်။ သို့ပေမယ့် စိတ်ကူးယဉ်ဇာတ်လမ်းမပါဘူး။ ဂျင်း မထည့်ဘူးပေါ့။

အရင်းမူလ ဂူဘုရားစေတီ ရဲ့ ပိသုကာတန်ဖိုး ၊ အနုပညာလက်ရာတန်ဖိုး အလွဲတွေဖြစ်စေမယ့် အမည်နာမအဆန်းထွင်တာမျိုးတွေကြတော့ မဖြစ်သင့်ဘူးလို့ထင်တာပါဘဲ။

ဆိုပီးခဲ့သလိုပါဘဲ။ ကျနော့ တစ်ကိုယ်ရေ အမြင်မှာတော့ စိမ်းညှက် ဆိုတဲ့ နာမည်လေးကို ညီအမ ဆိုတာလေးနဲ့ တွဲစပ်တာ လိုက်ဖက်ပါတယ်။ မကြိုက်ဖူးပြောစရာမရှိပါဘူး။
crd

#မျှဝေခြင်း

ဂျပန်တွေက ကြက်မတစ်ကောင်ကို တစ်နေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ။ အောင်မြင်တယ်။ တစ်နေ့ ၂ လုံးဥတယ်။ ဘယ်လိုလုပ်သလဲဆိုတော့… တစ်...
11/12/2022

ဂျပန်တွေက ကြက်မတစ်ကောင်ကို တစ်နေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ။ အောင်မြင်တယ်။ တစ်နေ့ ၂ လုံးဥတယ်။ ဘယ်လိုလုပ်သလဲဆိုတော့… တစ်နေ့တာ ၂၄ နာရီကို တစ်နေ့ ၁၂ နာရီ လုပ်လိုက်တယ်။ ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး။ အလုံလုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင်ချထားလိုက်တယ်။

ကြက်မတွေက တစ်နေ့မိုးချုပ်ပြီထင်ပြီး ဥတစ်လုံး ဥချလိုက်တယ်။ ပြန်ပြီး မိုးလင်း လာသယောင်ယောင် ၆ နာရီ အလင်းရောင်ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင်ချတယ်။ နောက်တစ်နေ့ထင်ပြီး ကြက်မတွေက ဥတစ်လုံး ထပ်ဥတယ်။ ကဲ… 😃

ငယ်ငယ်က (အလိုကြီး အရနည်း) ဆိုပြီး တစ်နေ့ ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေအများကြီးလိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ဥတွေရှာတော့…, တစ်လုံးမှမရတော့တဲ့အကြောင်း သင်ခဲ့ရဖူးတယ်။

အဲ့ဒီသင်ခန်းစာမှာ ကျွန်တော်တို့ကိုပေးတဲ့ message က လောဘမကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်၊ ဒီအသိကိုပေးတာ။ အမှန်က… ''လိုလျှင်ကြံဆ နည်းလမ်းရ'' ဆိုတဲ့ အသိကိုပေးရမှာ။

သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ရသလား… ဆိုရင် ကျွန်တော်တို့အများစုက "မရဘူး" ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့လူတွေ။

အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှမရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာအကြီးကြီးလုပ်ပေါ့။ ဒါပဲလေ။

ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ငန်း ဂျပန်တွေကိုပေးလိုက်။ တစ်နေ့တည်း ၂ လုံးဥအောင် သူတို့လုပ်လိုက်လိမ့်မယ်။ အဲ့ဒါပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ပညာ။

တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် စျေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တစ်ယောက်နဲ့ interview ထားတာ ကျွန်တော်ဖတ်ခဲ့ဖူးတယ်။

သူဖြေထားတာက…

''ရေမြွေမွေးဖို့ အရှည်တစ်မိုင်ရှိတဲ့ ရေစီးကြောင်းလိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလည်းဗျာ့။ အဲ့တော့ ကျွန်တော့်ရှိတဲ့ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ရေမြောင်းပုံစံ တစ်မိုင်အရှည်ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ, ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့''

သူလည်း အောင်မြင်သွားတယ်။

နောက်ပြီးသူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ်ကျွေးတယ်။ ငါး'အတွက် အစာဝယ်မကျွေးဘူး။ ခိုရဲ့ချီးကို ငါးစာပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။

ခိုက အရင်းပဲရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင်အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာမဟုတ်တဲ့ ပညာတွေပဲ။

Professional အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ်ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုးပေါ့ဗျာ။

နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး။ စားဖားတွေမွေးတာ။ နေရာမလိုဘူး ပညာပဲလိုတယ်။ တိုက်ခန်းနဲ့နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ရတယ်။

ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကိုစီပြီး အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေမွေးတာ။ အောင်မြင်တယ်။ စျေးကောင်းရတယ်။

နောက်တစ်ခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက် (အများအခေါ်/အိမ်ရှင်မတွေအခေါ် cp ကြက်) ပေါ့ဗျာ။ ကျွန်တော်မွေးတယ်။

အောင်မြင်အောင် မွေးနိုင်တဲ့နေရာမှာ cp company က ကောင်တွေလာခဲ့ဦး၊ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဆရာပဲ။

တခြားခြံတွေကတောင် ကျွန်တော့့်ဆီမှာ အကြံဥာဏ်လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်/တစ်ခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

ကျွန်တော်ထင်တာ ''ငါ ဆရာကြီးပဲ။ ငါ စောက်ရမ်းကျွမ်းတယ်''လို့ ဘဝင်မြင့်နေတာ။

ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလဇာတိဟာ နယ်သာလန်/ဟော်လန် ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့တိုင်းပြည်။

သူတို့ ဟော်လန်မှာ ဒီ (၄၅)ရက်ကြက် ဘွိုင်လာကြက်တွေကို ဘယ်လိုမွေးနေကြသလဲလို့ Google ကနေ ကျွန်တော်လေ့လာကြည့်တော့… ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအားအကုန်အကျများတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲဆိုတာ သိလိုက်ရတယ်။

ကျွန်တော်တို့ သိထားတာက ဘွိုင်လာမွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲအမြင့်။ ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ/ခွန်နှစ်ပေအမြင့်။ ခေါင်အထိဆို ၁၆ ပေလောက်အမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံဆောက်ပြီးမှ မွေးလို့ရတယ်ထင်ခဲ့တာ။ မြန်မာတစ်ပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။

သူတို့ နယ်သာလန်မှာ ဒီအတိုင်းမြေကြီးပြောင်ပေါ်မှာ ဆယ်ပေပတ်လည်ခြံ။ ခါးတိုက်လောက်အမြင့် တာလပတ်အမိုးလေးနဲ့ မွေးနေကြတာ။

ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီဆိုရင် အဲ့ဒီ ဆယ်ပေပတ်လည်ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ'ရွှေ့လိုက်တယ်။ တဖြည်းဖြည်းနဲ့ပေါ့ ကြက်တွေပါ ပါလာအောင်။ ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။

ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့။ ဒီနေရာကမြေကြီးညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။ အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား, မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တစ်ကောင် နှစ်ပိဿငါးဆယ်/သုံးပိဿလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

အဓိကအချက် ကျွန်တော်ပြောမယ်လေ။ ကျွန်တော်အပါအဝင် မြန်မာပြည်သားအများစုက သမရိုးကျအတွေးအခေါ်၊ သမရိုးကျအယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူးဖြစ်နေတာ။

ဆန်းဆန်းပြားပြားတွေးခေါ် မြင့်မြင့်မားမားကြံစည်တဲ့ လူတွေကျတော့ လှောင်ပြောင်ကြတယ်။ ရန်ကုန်မြစ် မြို့လည်ရွှေ့မယ်ဆိုတော့ ဝိုင်းဆဲတယ်။ လှောင်ပြောင်တယ်။

မြစ်ရဲ့ ဟိုဘက်ကမ်းကို ရန်ကုန်မြို့လိုစည်ကားအောင်၊ တိုးတက်အောင် လုပ်လိုက်ရင် ရန်ကုန်မြစ်ဟာ အလိုလို မြို့လည်ခေါင်ရောက်လာမယ်ဆိုတာ ဥာဏ်မမှီတော့ မတွေးခေါ်နိုင်ကြဘူး။

ဒါကြောင့်… ဦးနှောက်ကို ဘောင်ခတ်မထားကြနဲ့။ ဒီလိုလုပ်မှရတယ်လို့ တရားသေမတွေးနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့အတွေး၊ မြင့်မားတဲ့ အကြံအစဉ်ကို မလှောင်ပြောင်နဲ့။

ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု့ လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရဦးမယ်။

Swan Htet
Edit Text & Shared _ အေအန်န်အမ်မ်တီ
Credit
#မျှဝေခြင်း

Address


Website

Alerts

Be the first to know and let us send you an email when B0LD Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share