Kyauktada Information

  • Home
  • Kyauktada Information

Kyauktada Information ကျောက်တံတားမြို့နယ် သတင်းအစုံ

06/10/2022

ကျောက်တံတား၊ အနော်ရထာ - ၃၈ လမ်း ခွေးရှင်း

- အနော်ရထာလမ်းမပေါ် ၃၈ လမ်းနား 7:42 PM ကတည်းက ရပ်ထားတဲ့ ခွေးကားအကုန် ပြန်ထွက်သွား၊

- ကျောက်တံတား၊ (၆) ရပ်ကွက်ရုံးနား အသီးတွေ့သဖြင့် ခွေးများ ကယောင်ခြောက်ခြားဖြစ်ခဲ့ကာ ခြေရှုပ်သွား၊

- ယင်းအသီးကို ဖြုတ်ယူသွားဟု သတင်းရ

9:06 PM
သတင်းပေးပိုရန်

06/10/2022

6 Oct 2022
ကျောက်တံတား
9:14 PM

အနော်ရထာလမ်းပေါ်မှ ရခကားတွေလည်း ထွက်သွားပြီဟု သတင်းရ

06/10/2022

6 Oct 2022
ကျောက်တံတား
9:09 PM

အနော်ရထာလမ်းပေါ်မှ စခ DC တွေ ပြန်ထွက်၊ ရခကားတွေ ကျန်ဟု သတင်းရ

06/10/2022

6 Oct 2022
ကျောက်တံတား
8:45 PM

38 လမ်း (အလယ်) လမ်းအလယ်က တိုက်တစ်ခုနား ခွေးတွေ ခုံနဲ့ထိုင်စောင့်နေဟု သတင်းရ

06/10/2022

🚧 ကျောက်တံတား၊ ၃၈ လမ်း လမ်းပိတ်

စခ အင်အား ၂၀ ကျော် နဲ့ ရခများ
စခ DC ၃ စီး၊ ရခ saloon ၁ စီး အပြင်

- နောက်ထပ် စခ DC ၁ စီးပါ ထပ်ရောက်လာ

🚧 လက်ရှိ ၃၈ လမ်း (အလယ်ဘလောက်) ကို လမ်းပိတ်၊ ပေးမဖြတ်

‼️ ခွေးများ ရမ်းကားရန်မူနိုင်သဖြင့် သတိပြု ရှောင်ကွင်းသွားလာကြပါရန်

8:17 PM
သတင်းပေးပိုရန် နှင့်

06/10/2022

🔴 ကျောက်တံတား၊ ၃၈ လမ်း သတိ

စခ အင်အား ၂၀ ကျော် နဲ့ ရခများ
စခ DC ၃ စီး၊ ရခ saloon ၁ စီး

⚠️ ရခ Saloon (213) လမ်းထဲ ဝင်သွား
⚠️ အနော်ရထာပေါ် - ၃၈ လမ်းထိပ်၊ ရွှေလိမ္မော်နားနဲ့ ၃၈ လမ်း (အလယ်ဘလောက်) ထဲ ရောက်နေ

⚠️ ခွေးတွေ အသင့်အနေအထားဖြင့် ခွေးကားများနား၊ လမ်းမပေါ်နဲ့ လမ်းထဲ ဆင်းနေ

⚠️ ၃၈ လမ်း (အလယ်)ရှိ The guys Hair Saloon ရှေ့နားမှာ အုံလိုက်ရှိ
⚠️ ၃၈ လမ်း (အနော်ရထာ - မဟာဗန္ဓုလ) ထဲတွင် အသီးတွေ့ဟု အနံ့ရ၍ ရောက်နေ ကြဟု သတင်းရ

‼️ ခွေးများ ရမ်းကားရန်မူနိုင်သဖြင့် သတိပြု ရှောင်ကွင်းသွားလာကြပါရန်

7:42 - 8:00 PM
သတင်းပေးပိုရန် နှင့်

04/10/2022

4 Oct 2022
ကျောက်တံတား

- မဟာဗန္ဓုလ - ပန်းဆိုးတန်း ပြန်ဖွင့်
- မဟာဗန္ဓုလ - ပန်းဆိုးတန်းတဝိုက်နှင့် ပန်းဆိုးတန်းမှ ၃၈ လမ်း၊ ၃၇ လမ်းများထဲအထိ ခွေးအရပ်ဝတ်များ ခြေရှုပ်ကင်းပုန်းစောင့်

⚠️⚠️⚠️ ခွေးများ ပတ်ရမ်းပြီး စစ်ဆေးမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် မိဘပြည်သူများ အသွားအလာကို အထူးသတိပြု ရှောင်ရှားကြပါရန် အသိပေးအပ်ပါတယ် ခင်ဗျာ.

2:53 - 3:00 PM
Source :

ရန်ကုန်မြို့လယ်ခေါင် ယာဉ်ထိန်းရဲကင်းအနီးတွင် ဗုံးတွေ့ရှိ၍ လမ်းပိတ်ပြီး စစ်တပ်က  ဖောက်ခွဲ
04/10/2022

ရန်ကုန်မြို့လယ်ခေါင် ယာဉ်ထိန်းရဲကင်းအနီးတွင် ဗုံးတွေ့ရှိ၍ လမ်းပိတ်ပြီး စစ်တပ်က ဖောက်ခွဲ

🚧ကျောက်တံတား*မြိုတော်ခန်းမရှေ့ 2:20 pm မှစ၍ မဟာဗန္ဓုလလမ်းမကြီးအားပိတ်ထား *⚠️⚠️⚠️ ခွေးများ ပတ်ရမ်းပြီး စစ်ဆေးမေးမြန်းမှုမ...
04/10/2022

🚧ကျောက်တံတား
*
မြိုတော်ခန်းမရှေ့ 2:20 pm မှစ၍ မဟာဗန္ဓုလလမ်းမကြီးအားပိတ်ထား
*
⚠️⚠️⚠️ ခွေးများ ပတ်ရမ်းပြီး စစ်ဆေးမေးမြန်းမှုများ ရှိလာနိုင်ပါသဖြင့် မိဘပြည်သူများ အသွားအလာကို အထူးသတိပြု ရှောင်ရှားကြပါရန် အသိပေးအပ်ပါတယ် ခင်ဗျာ.

2:49 PM
📬

04/10/2022

4 Oct 2022
ကျောက်တံတား

⚠️ 2:23 PM ကနဦး ပန်းဆိုးတန်းနဲ့မဟာဗန္ဓုလမ်း လမ်းဆုံမှ စပြီး မြို့တော် ခန်းမနားအထိ လမ်းပိတ်ထားပြီး Dc စခ အင်အား အများအပြားဖြင့်လမ်းပိတ်ထားကာ အထုပ်တစ်ခုတွေ့၍ ကယောင်ခြောက်ခြားဖြစ်နေ

⚠️ 2:26 PM စခများ ဗုံးခွဲလိုက်၍ မြို့ထဲတဝိုက် အုံးသံ ၂ ချက် ကြားရ

မိမိပတ်ဝန်းကျင်မှာ ထူးခြားဖြစ်စဥ်/ခွေးသတင်း၊ခွေးအတင်း/ခွေးလမ်းကြောင်းများတွေ့ခဲ့လျှင် သတင်းပေးခြင်းဖြင့် ကူညီပေးကြပါခင်ဗျာ.

Telegram () ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ.

Edit : ဒုတိယအကြိမ် ထပ်မံပေါက်ကွဲသံကြားရ။ (12 နာရီ ဝန်းကျင်)မြို့နယ်အတွင်းမှာ ဖြစ်လာတဲ့ဖြစ်စဥ်တွေကို  ချက်ချင်း အသိပေးလို...
31/08/2022

Edit : ဒုတိယအကြိမ် ထပ်မံပေါက်ကွဲသံကြားရ။ (12 နာရီ ဝန်းကျင်)

မြို့နယ်အတွင်းမှာ ဖြစ်လာတဲ့ဖြစ်စဥ်တွေကို ချက်ချင်း အသိပေးလို့ မရလို့ မိနစ်ခြားပြီးမှ ယခုလို အချိန်ကွာခြား၍ အသိပေးရခြင်းဖြစ်ပါတယ်။ ပေ့ချ်မှာ လာမေးကြတာ မဖြေပေးနိုင်ခဲ့ရင်လည်း နားလည်ပေးကြပါခင်ဗျာ။

ရန်ကုန်မြို့လယ်ခေါင် ၃၇ လမ်း၊ အောင်ဘာလေထီ သိန်းဆုဌာနခွဲအနီးတွင် ဗုံး ပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ ရွှေ ပြည်သာ၊ အင်းစိန် ရပ်ကွက်ရုံး၊ သာကေတနှင့် မင်္ဂလာဒုံတို့တွင်လည်း ဗုံး ပေါက်ကွဲသံနှင့် ပစ်ခတ်သံများကြားရ

ရန်ကုန်၊ ဩဂုတ် ၃၁

ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ် ၃၇ လမ်းအနီးတွင် ယနေ့ည အလွန် ပြင်းသည့် ဗုံးတစ်လုံး ပေါက်ကွဲသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၁ နာရီ ၀၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ယမ်းနံ့များနှင့် တိုက်ပါတုန်သွားသည်ကို ခံစားရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"ပန်းဆိုးတန်းနဲ့ မြို့တော်ခန်းမအနားကနေ အသံအရမ်းကျယ်တယ်၊ ကြားရ တာ။ ယမ်းနံ့ တွေ မွှန်နေတာပဲ။ ၃၇ အလယ်လမ်းထိပ်ပေါက်တယ်ပြောတယ်။ ကျောက်တံ တား ထဲပါမှာပေါ့။ စစ်ကားတွေ ရဲကားတွေ လှည့်နေပြီ" ဟု ဒေသ ခံတစ်ဦးက ပြောသည်။

ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် မြောက်ဥက္ကလာပ ဝေဘာဂီမြို့သစ်နှင့် မင်္ဂ လာဒုံနားတွင် ပေါက် ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ် ခဲ့ကြောင်း သိရှိ ရသည်။

"တစ်မြို့နယ်လုံးကို ဟိန်းထွက်နေတာဘဲ အသံက တော်တော် အားပြင်းတယ်။ ဗုံးသံလိုလို မမ အဝေးပစ် ဒုံးသံလိုလိုပါ။ရှော့တိုက် ဒုံးဖြစ်နိုင်တယ်။ ဗုံးသံနဲ့ မတူ ဘူး။ အသံက အရမ်းကျယ်တယ်" ဟု မြောက်ဥက္ကလာပ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် အလုံမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်သံ ၇ ချက်ခန့်ကြားရကြောင်း သိရှိရသည်။

"အလုံ ဆင်မင်းဈေးနဲ့ ငုဝါလမ်းမှာ ခုနက ၁၁နာရီလောက်က စခတွေ ပစ် နေ တယ်။ ဆင်မင်းဈေးလမ်းနဲ့ ငုဝါလမ်းထောင့်က တိုက်ကိုပစ်တာ ၅လွှာ၊ ၆လွှာ ကို ပစ်တာ ဝင်ဖမ်းနေတာထင်တယ်။ တဖြောင်းဖြောင်းနဲ့ ၈-၉ချက် လောက် ရှိတယ်။ ခုထိ မပြန်ကြသေးဘူး။ လမ်းဆုံမှာပဲ" ဟု အလုံမြို့နယ်မှ ဒေသခံ တစ် ဦးက ပြေသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်တွင်လည်း ယနေ့ ဗုံးပေါက်ကွဲသံကြားရကြောင်း သိရှိ ရသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရုံးကိုလည်း ယနေ့ ည ၁၀ နာရီခွဲတွင် ပြင်း ထန်သော ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ မင်္ဂလာဒုံတွင်လည်း ယနေ့ ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံ ထပ်မံကြားရကြောင်း ၊ မြောက်ဒဂုံမြို့ နယ် တွင် ယနေ့ည ၁၁ နာရီ ၂၆ မိနစ်တွင် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ သာ ကေတ မြို့နယ်တွင်လည်း ယနေ့ ၁၁ နာရီ ၅၄ မိနစ်အချိန် ဗုံးပေါက် ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်း လှည့်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency ။

Address


Website

Alerts

Be the first to know and let us send you an email when Kyauktada Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share