Dawei Watch TV

  • Home
  • Dawei Watch TV

Dawei Watch TV Dawei Watch TV is a platform of Dawei Watch media, providing information mainly TV stories, podcasts and PSA.

ထိုင်းလူမျိုးတွေကတော့ တစ်ခုခုလုပ်ရင် လာဖိတ်တာမျိုးတွေရှိရင် ကိုယ်က ပါဝင်ပေးဖို့ပေါ့နော်။ အကယ်၍ မဖိတ်ဘူး သူတို့ဘာသာလုပ်နေ...
25/10/2025

ထိုင်းလူမျိုးတွေကတော့ တစ်ခုခုလုပ်ရင် လာဖိတ်တာမျိုးတွေရှိရင် ကိုယ်က ပါဝင်ပေးဖို့ပေါ့နော်။ အကယ်၍ မဖိတ်ဘူး သူတို့ဘာသာလုပ်နေတဲ့အခါမျိုး ဥပမာ အိမ်ရှေ့မှာ ဝမ်းနည်းကြောင်း အမှတ်တရ အနေနဲ့ လုပ်ထားတာမျိုးတွေ တွေ့ရင် ကိုယ်က မထီမဲ့မြင် မလုပ်ဖို့ပေါ့နော်။ သူတို့ ပန်းလေးတွေ ချထားတယ်။ ပုံလေးတွေ ချထားတယ်ဆိုရင် ကိုယ်က အသိအမှတ်ပြု အလေးပြုတဲ့ပုံစံမျိုးလေးနဲ့ ဂါရဝထားပြီး သွားလာကြဖို့ပေါ့နော်။ အဲဒါမျိုးတော့ အရေးကြီးတာပေါ့။

#ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံမှု ဝမ်းနည်းခြင်းကာလမှာ ထိုင်းရောက်မြန်မာတွေ ဘယ်လိုပြုမူသင့်လဲ

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120697/

ကန်ချနဘူရီတွင် ကားမှောက်၍ တရားမဝင် ဝင်လာသော မြန်မာ ၃ ဦးသေဆုံး၊ အများအပြားဒဏ်ရာရတရားမဝင်ဝင်ရောက်လာသူများ လိုက်ပါလာသည့် ပစ...
25/10/2025

ကန်ချနဘူရီတွင် ကားမှောက်၍ တရားမဝင် ဝင်လာသော မြန်မာ ၃ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ

တရားမဝင်ဝင်ရောက်လာသူများ လိုက်ပါလာသည့် ပစ်ကပ်ကားမှာ အရှိန်ဖြင့်မောင်းနှင်လာချိန်တွင် နောက်ဘီးတစ်လုံးပြုတ်ထွက်သွား၍ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးထိုးဆင်းသွားကာ တိမ်းမှောက်သွားခြင်းဖြစ်ဟုဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >
ttps://migrantdaweiwatch.com/25/10/2025/104405/

25/10/2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

************

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

- ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ နှစ်ဦးဒဏ်ရာရတဲ့သတင်း

- ထားဝယ်မှာ စစ်အာဏာရှင်တပ် လက်နက်ခဲယမ်းပို့စစ်ကြောင်းကို ဒူရကစစ်ကြောင်းတိုက်ခိုက်တဲ့အကြောင်း

- ထားဝယ်အထူးစီးပွားရေးဇုန်ကိုသွားတဲ့လမ်းရှိ ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေတဲ့ အခြေအနေ

- ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ ညဘက်ပြန်ကျင်းပမယ့်သတင်း

- ထားဝယ်မြို့မှာ ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံးသွားတဲ့ အကြောင်း

- လေကြောင်းတိုက်ခိုက်မယ်လို့ သတင်းထွက်လို့ တနင်္သာရီက ဒေသခံတချို့ ထွက်ပြေးတိမ်ရှောင်နေရတဲ့ အခြေအနေ

- ပုလောပကဖရဲ့ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့က ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ပူးပေါင်းတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “လေကြောင်းအားပြုလာတဲ့ စစ်အာဏာရှင်ကြောင့် စစ်ဘေးရှောင် ရှစ်သောင်းကျော်လာတဲ့ တနင်္သာရီ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

#တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း

ထိုင်းဘုရင့်မယ်တော် သီရိခေတ် နတ်ရွာစံ၊ ရက် ၉၀အတွင်း ပြည်သူများ ဝမ်းနည်းခြင်းဝတ်စုံကိုသာ ဝတ်ဆင်ရန်ပန်ကြား ပြည်သူများအနေဖြ...
25/10/2025

ထိုင်းဘုရင့်မယ်တော် သီရိခေတ် နတ်ရွာစံ၊ ရက် ၉၀အတွင်း ပြည်သူများ ဝမ်းနည်းခြင်းဝတ်စုံကိုသာ ဝတ်ဆင်ရန်ပန်ကြား

ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကို‌ ဖော်ညွှန်း၍ ရက် ၉၀အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန်၊ အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်းဝတ်စုံများကိုသာ ဝတ်ဆင်ရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံပန်ကြားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120679/

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် နှစ်ဖက်ထိတွေ့ ပစ်ခတ...
25/10/2025

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများရှိနေသည်။

ပုံစာ - ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ လမ်း။(ပုံဟောင်း)

ဓာတ်ပုံ - Dawei Watch

#ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းထိတွေ့ပစ်ခတ်မှုဖြစ်

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120676/

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်မော်တုန...
25/10/2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမှတ် ၃၀၆ စစ်အာဏာရှင် အမြောက်တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနောက်မော်တုန်းရွာကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချသလို လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ကြောင်း ဆိုသည်။

#တနင်္သာရီနှင့် မြိတ်တွင် စစ်အာဏာရှင်တပ်ပစ်သည့် လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကလေးတစ်ဦးအပါ ဒေသခံသုံးဦး ဒဏ်ရာရ

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120673/

ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။  #ပုလောမြို့အဝင်တ...
25/10/2025

ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

#ပုလောမြို့အဝင်တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်စစ်အာဏာရှင်တပ်သားတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120670/

မြန်မာဖိုက်တာ ဆွန်ရတ်ခ်ဟာ ပထမပွဲချီမှာတင် အလဲထိုးအနိုင်ယူပြီး ဘောနပ်စ်လည်း ဆွတ်ခူးသွားပြီ Dawei Watch| အောက်တိုဘာ ၂၅ ONE...
25/10/2025

မြန်မာဖိုက်တာ ဆွန်ရတ်ခ်ဟာ ပထမပွဲချီမှာတင် အလဲထိုးအနိုင်ယူပြီး ဘောနပ်စ်လည်း ဆွတ်ခူးသွားပြီ

Dawei Watch| အောက်တိုဘာ ၂၅

ONE Friday Fights 130 (အောက်တိုဘာ ၂၄) ပြိုင်ပွဲရဲ့ဆဌမမြောက်တွဲဆိုင်းအဖြစ် ပွဲထိုးခဲ့တဲ့ မြန်မာဖိုက်တာ ဆွန်ရတ်ခ်နဲ့ ထိုင်းဖိုက်တာ ယာမင်းတို့ရဲ့ပွဲစဉ်မှာ မြန်မာဖိုက်တာ ဆွန်ရတ်ခ်က ပထမပွဲချီမှာတင် အလဲထိုးနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

အခုမအတိုင်ခင် နောက်ဆုံးပွဲစဉ်မှာ လိပ်နင်ဂျာ ဆမင်းဒမ်ကို အရေးနိမ့်ခဲ့ရတဲ့ ဆွန်ရတ်ခ်ဟာ ဒီပွဲအတွက် စနစ်တကျ ပြင်ဆင်ထားခဲ့ပြီး ယာမင်းနဲ့အပြိုင် တိုက်စစ်ဖွင့်ပြီး ကစားသွားခဲ့ပါတယ်။

ပထမပွဲချီ ၁ မိနစ်နဲ့ ၂၃ စက္ကန့်အရောက်မှာ ဆွန်ရတ်ခ်နဲ့ ယာမင်းတို့ လက်သီးချင်း ဆိုင်ထိုးပြိုင်ထိုးခဲ့ကြပြီး အဲ့ဒီအချိန်မှာ ဆွန်ရတ်ခ်ရဲ့အားပါပြင်းထန်တဲ့ ညာလက်သီးကြောင့် ယာမင်းဟာ ကြိုးဝိုင်းကြမ်းပြင်ထက်ဆီ Knockdown ကျသွားခဲ့ပါတယ်။

ကြိုးဝိုင်းဒိုင်လူကြီးက အမှတ်စဉ်ရေတွက်ပြီးချိန်အထိ ယာမင်းက ပွဲထိုးဖို့ ပြန်ထမလာနိုင်တော့တဲ့အတွက် ဆွန်ရတ်ခ်က အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အလဲထိုးနဲ့အနိုင်ရခဲ့တဲ့ ဆွန်ရတ်ခ်ဟာ ဘောနပ်စ်လည်း ဆွတ်ခူးသိမ်းပိုက်သွားနိုင်ခဲ့ပြီး အခုနိုင်ပွဲကြောင့် ဆွန်ရတ်ခ်ဟာ အမေရိကန်ဒေါ်လာတစ်သိန်းတန်စာချုပ်ကြီး ရရှိဖို့အခွင့်အရေးနဲ့ တစ်ကျော့ပြန်လည် နီးစပ်သွားခဲ့ပါတယ်။

မနက်ဖြန် စတင်အသက်ဝင်မည့် စည်းမျဉ်းအသစ်တစ်ရပ်အရ အမေရိကန်နယ်စပ် အာဏာပိုင်များအနေဖြင့် လေဆိပ်နှင့် အခြားနယ်စပ်ထွက်ပေါက်ဝင်ပ...
25/10/2025

မနက်ဖြန် စတင်အသက်ဝင်မည့် စည်းမျဉ်းအသစ်တစ်ရပ်အရ အမေရိကန်နယ်စပ် အာဏာပိုင်များအနေဖြင့် လေဆိပ်နှင့် အခြားနယ်စပ်ထွက်ပေါက်ဝင်ပေါက်များ၌ အမေရိကန်နိုင်ငံသားမဟုတ်သူများ၏ ဓာတ်ပုံကို ရိုက်ယူထားခွင့် ရှိလာမည် ဖြစ်သည်။

ဓာတ်ပုံ - Reuters

#အမေရိကန်လေဆိပ်များတွင် မျက်နှာမှတ်မိနိုင်သည့် နည်းပညာ တိုးချဲ့အသုံးပြုသွားမည်

သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/25/10/2025/120667/

ချင်းဖိုက်တာလေး ဆလိုင်းထန်ခွီးရှိန်ကို အမှတ်နဲ့ နိုင်ခဲ့ပေမယ့် အရှက်ကွဲသွားခဲ့ရတဲ့ ဆောင်းချိုင်နွိုင်း Dawei Watch| အောက...
25/10/2025

ချင်းဖိုက်တာလေး ဆလိုင်းထန်ခွီးရှိန်ကို အမှတ်နဲ့ နိုင်ခဲ့ပေမယ့် အရှက်ကွဲသွားခဲ့ရတဲ့ ဆောင်းချိုင်နွိုင်း

Dawei Watch| အောက်တိုဘာ ၂၅

ONE Friday Fights 130 ပြိုင်ပွဲရဲ့ ဒုခေါင် Co-Main ပွဲစဉ်အဖြစ် ပွဲထိုးခဲ့ရတဲ့ ချင်းဖိုက်တာလေး ဆလိုင်းထန်ခွီးရှိန်ကတော့ လိုအပ်ချက်တွေ များလွန်းခဲ့ပါတယ်။ ရိုးရာလက်ခမောင်းနဲ့ စင်ပေါ်တက်လာခဲ့တဲ့ ဆလိုင်းထန်ခွီးရှိန်ဟာ သူ့ပြိုင်ဘက် ဆောင်းချိုင်နွိုင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

အမြင့်ခြေကန်ချက်တွေကို ဆလိုင်းထန်ခွီးရှိန် အားပြုခဲ့မယ့် သူ့ခြေကန်ချက်တွေက ဆောင်းချိုင်နွိုင်းကို တစ်ချက်မှမထိခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

လက်သီးထိုးချက်တွေကလည်း ထိချက်မမှန်ခဲ့တာကြောင့် ဆလိုင်းထန်ခွီးရှိန်အတွက် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ အမေရိကန်ဒေါ်လာ တစ်သိန်းတန်စာချုပ်ကြီး ပိုင်ဆိုင်ထားပြီးသားဖြစ်သလို ONE အတွေ့အကြုံလည်း အများကြီးရှိတဲ့ ဆောင်းချိုင်နွိုင်းဟာ ဆလိုင်းထန်ခွီးရှိန်ကို အသာစီးကနေ အကြိုက်ထိုးသွားခဲ့တာပါ။

တတိယပွဲချီမှာဆိုရင် ဆောင်းချိုင်နွိုင်းကြောင့် ဆလိုင်းထန်ခွီးရှိန်ဟာ Knockdown ကျတဲ့အထိဖြစ်သွားခဲ့လို့ အမှတ်စဉ်ရေတွက်ခံလိုက်ရပါသေးတယ်။

ဒါပေမဲ့ ဒီပွဲမှာ ဆလိုင်းထန်ခွီးရှိန်က ဆောင်းချိုင်နွိုင်းကို အရှက်ရအောင် လုပ်သွားနိုင်ခဲ့ပါတယ်။ ဆောင်းချိုင်နွိုင်းကိုယ်တိုင်လည်း အတော့်ကို ရှက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ အခုမှ ONE ပထမဆုံးပွဲ စထိုးဖူးတဲ့ ဆလိုင်းထန်ခွီးရှိန်ဟာ ဆောင်းချိုင်နွိုင်းကို ကွဲအောင် ထိုးလိုက်နိုင်တာပါပဲ။

ဆလိုင်းထန်ခွီးရှိန်ကြောင့် ကွဲသွားခဲ့တဲ့ ဆောင်းချိုင်နွိုင်းဟာ ကွဲသွားတဲ့ဒဏ်ရာကို ကြိုးဝိုင်းဆေးမှူးတွေဆီ သွားရောက်ပြသရတဲ့အထိဖြစ်သွားပြီး သွေးတွေကိုလည်း သုတ်လိုက်ရပါတယ်။ ဒါကြောင့်လည်း ဆောင်းချိုင်နွိုင်းဟာ သဲကြီးမဲကြီးဖြစ်သွားပြီး အမှတ်နဲ့နိုင်နေချိန်မှာတောင် ဆလိုင်းထန်ခွီးရှိန်ကို အတင်းအကြမ်း လိုက်ထိုးတာတွေဖြစ်လာခဲ့ပါတော့တယ်။

ဆွဲလှဲချတာတွေ၊ လဲကျချိန်မှာ အတင်းလိုက်ထိုးဖို့ လုပ်တာတွေ၊ ကြိုးဝိုင်းဒိုင်က ပွဲပြန်တည်ပေးရင် လက်ဟန်အမူအရာနဲ့ ဆလိုင်းထန်ခွီးရှိန်ကို ဆွ,ကစားတာတွေက ဆောင်းချိုင်နွိုင်း ဘယ်လောက်အရှက်ရသွားသလဲဆိုတာ ထင်ပေါ်စေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တစ်ယောက်ကိုတစ်ယောက် အလဲမထိုးနိုင်ခဲ့လို့ အမှတ်ပေးဒိုင်လူကြီးတွေရဲ့အဆုံးအဖြတ်ကို ခံယူလိုက်ရပြီး အမှတ်ပေးဒိုင်လူကြီးတွေက ဆောင်းချိုင်နွိုင်းကို တညီတညွတ်တည်း အနိုင်ပေးလိုက်ကြပါတယ်။

ချင်းဖိုက်တာလေး ဆလိုင်းထန်ခွီးရှိန်ကတော့ ONE ပွဲတွေကို အဆင့်မီမီ ထိုးနိုင်ဖို့အတွက် လိုအပ်ချက်တွေ များလွန်းနေသေးတာကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း************ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ - ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့ ဗုံးထ...
25/10/2025

တစ်ပတ်အတွင်း တနင်္သာရီသတင်း

************

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

- ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ နှစ်ဦးဒဏ်ရာရတဲ့သတင်း

- ထားဝယ်မှာ စစ်အာဏာရှင်တပ် လက်နက်ခဲယမ်းပို့စစ်ကြောင်းကို ဒူရကစစ်ကြောင်းတိုက်ခိုက်တဲ့အကြောင်း

- ထားဝယ်အထူးစီးပွားရေးဇုန်ကိုသွားတဲ့လမ်းရှိ ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေတဲ့ အခြေအနေ

- ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ ညဘက်ပြန်ကျင်းပမယ့်သတင်း

- ထားဝယ်မြို့မှာ ဖမ်းဆီးစစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး ညတွင်းချင်းသေဆုံးသွားတဲ့ အကြောင်း

- လေကြောင်းတိုက်ခိုက်မယ်လို့ သတင်းထွက်လို့ တနင်္သာရီက ဒေသခံတချို့ ထွက်ပြေးတိမ်ရှောင်နေရတဲ့ အခြေအနေ

- ပုလောပကဖရဲ့ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့က ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်နဲ့ ပူးပေါင်းတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “လေကြောင်းအားပြုလာတဲ့ စစ်အာဏာရှင်ကြောင့် စစ်ဘေးရှောင် ရှစ်သောင်းကျော်လာတဲ့ တနင်္သာရီ”အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

#တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း

တစ်ပတ်အတွင်း တနင်္သာရီသတင်း************ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ - ထိုင်း-မြန်မာနယ်စပ် ထီးခီးကို လေယာဉ်နဲ့...

24/10/2025

အောက်တိုဘာလ ၂၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

************

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- လောင်းလုံးမှာ စစ်အာဏာရှင်တပ်ဖမ်းထားတဲ့ ဒေသခံသုံးဆယ်ကျော်ပြန်လွတ်တဲ့အကြောင်း

- ထားဝယ်မှာ ရော်ဘာရာသီအဖွင့်ဈေး မနှစ်ကထက်ဈေးကျတဲ့သတင်း

- ရေဖြူမြို့နယ် ဇာဒီရွာမှာ စစ်အာဏာရှင်တပ် တပ်စွဲပြီး လျှပ်စစ်မီးပြန်ပေးကာ ရွာသားတွေကို ပြန်ခေါ်နေတဲ့အခြေအနေ

- ရနောင်းကနေ ကော့သောင်းကို ဆိုင်ကယ်မှောင်ခိုပို့တယ်ဆိုပြီး မြန်မာခြောက်ဦး ဖမ်းဆီးခံရတဲ့အကြောင်း

- ရွှေနဲ့ဘတ်ဈေး

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

Address


Alerts

Be the first to know and let us send you an email when Dawei Watch TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dawei Watch TV:

  • Want your business to be the top-listed Media Company?

Share