Martial Arts Myanmar 2.0

  • Home
  • Martial Arts Myanmar 2.0

Martial Arts Myanmar 2.0 If we always together, we must sure win.

10/07/2025

နဘီးကြောင့် ဝိတ်တန်းတက်သွားတဲ့ ရုရှားဖိုက်တာ ဒါယာကာယက် ဒီတစ်ပတ်အခြေအနေကောင်းမလား...???

ယောက်ဖလို့ခေါ်မယ့်သူတွေ ဗန်ရဲ့လက်သီးကိုမေ့နေမှာစိုးလို့လာသတိပေးတာနော်...😁😁ဘရူနိုဆေးဗားလ်နဲ့ ရိုဗာမှောက်သွားတာကို မျက်စိထ...
10/07/2025

ယောက်ဖလို့ခေါ်မယ့်သူတွေ ဗန်ရဲ့လက်သီးကိုမေ့နေမှာစိုးလို့လာသတိပေးတာနော်...😁😁

ဘရူနိုဆေးဗားလ်နဲ့ ရိုဗာမှောက်သွားတာကို မျက်စိထဲမြင်ကြပါလို့...😬

ရေကူးတဲ့ဗီဒီယိုကြည့်ပြီး ယောက်ဖတော်ချင်နေကြတယ်ဆိုတာကိုမြင်မိလို့ ချစ်တဲ့စိတ်နဲ့ ပြောမိတာနော်...

စိတ်မဆိုးနဲ့...😁😁😁

#ဟာသအမြင်နဲ့သာကြည့်ပါ

#ဂျိုရှူအာဗန်

10/07/2025

မြန်မာကိုလုံးဝမသိတဲ့မီဒီယာနဲ့ အင်တာဗျူးလုပ်ခဲ့ရတဲ့ ဗန် ( မြန်မာဘာသာပြန်တင်ဆက်မှု )

#ဂျိုရှူအာဗန်

UFC ကတော့ အရှေ့အလယ်ပိုင်းဒေသမှာပါ ခြေလှမ်းတွေသွက်သွက်လှမ်းနေပြီး အခုဆိုရင် ONE CHAMPIONSHIP ခြေကုပ်ယူထားတဲ့ ကာတာမြေအထိကိ...
10/07/2025

UFC ကတော့ အရှေ့အလယ်ပိုင်းဒေသမှာပါ ခြေလှမ်းတွေသွက်သွက်လှမ်းနေပြီး အခုဆိုရင် ONE CHAMPIONSHIP ခြေကုပ်ယူထားတဲ့ ကာတာမြေအထိကိုရောက်ရှိလာပါပြီ...

အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ကျိကျိတက်ချမ်းသာတဲ့နိုင်ငံတွေဖြစ်တာနဲ့အညီ သူတို့နိုင်ငံဂုဏ်တက်စေဖို့ အားကစားပြိုင်ပွဲပေါင်းစုံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရင်း ဒေသတွင်းနိုင်ငံအချင်းချင်း ယှဥ်ပြိုင်နေကြတာပါ...

UAE က UFC ၊ ဆော်ဒီက PFL နဲ့ ကာတာက ONE ဆိုပြီး ယှဥ်ပြိုင်နေကြရာမှာ အပြတ်အသတ်အသာရနေတဲ့ UFC ကို ဆော်ဒီ နဲ့ ကာတာတို့ကလည်းမျက်စိကျလာကြတာပါ...

အခုဆိုရင် ONE ရဲ့အရှေ့အလယ်ပိုင်းစားကျက်လို့ပြောလို့ရတဲ့ ကာတာမြေပေါ်အထိကို UFC ကရောက်ရှိလာပြီး လာမယ့် နိုဝင်ဘာ 22 ရက်နေ့မှာပဲ UFCFN ပွဲကျင်းပသွားတော့မှာဖြစ်ပါတယ်...

UFC ဟာ ONE ကဖိုက်တာတွေကို တစ်ယောက်ပြီးတစ်​ယောက်တော်ကောက်နေရုံတင်မက နယ်မြေတွေကိုပါ တစ်ခုပြီးတစ်ခု သိမ်းယူနေပြီဖြစ်ပါတယ်...

UFC ဟာ UAE ၊ ဆော်ဒီ နဲ့ ကာတာ သုံးနိုင်ငံစလုံးမှာပြိုင်ပွဲကျင်းပနိုင်တဲ့ ပထမဆုံး MMA ပရိုမိုးရှင်း ဖြစ်လာခဲ့ပါပြီ...

" အရမ်းချမ်းသာချင်တယ် ကျကျနန ဇိမ်ခံချင်လို့တော့မဟုတ်ပါဘူး ရက်ရက်စက်စက် ပေးကမ်းချင်လို့ "🗣 ကိုစိုးကြီး ( သံမဏိလူသား ဖယောင...
09/07/2025

" အရမ်းချမ်းသာချင်တယ် ကျကျနန ဇိမ်ခံချင်လို့တော့
မဟုတ်ပါဘူး ရက်ရက်စက်စက် ပေးကမ်းချင်လို့ "

🗣 ကိုစိုးကြီး ( သံမဏိလူသား ဖယောင်းလိုနှလုံးသား )

Soe Lin Oo

#စိုးလင်းဦး

ရိုင်နီယာရဲ့ချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ့် ရော်ဘတ်ဝှစ်တိတ်ကာနဲ့ပွဲကို ရိုင်နီယာရဲ့ Coner ကနေ နည်းပြအဖြစ်လို...
09/07/2025

ရိုင်နီယာရဲ့ချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ့် ရော်ဘတ်ဝှစ်တိတ်ကာနဲ့ပွဲကို ရိုင်နီယာရဲ့ Coner ကနေ နည်းပြအဖြစ်လိုက်ပါကြီးကြပ်ပေးသွားမှာဖြစ် ကြောင်း ကိုအောင်လကထုတ်ပြောလိုက်ပါပြီ...

ကိုအောင်လဟာ အခုနောက်ပိုင်းမှာ Kill Cliff FC ကဖိုက်တာတွေရဲ့ပွဲစဥ်အတော်များများကို နည်းပြအဖြစ်လိုက်ပါကြီးကြပ်ပေးလေ့ရှိပြီး ခုတစ်ခေါက်မှာတော့ ရိုင်နီယာရဲ့တောင်းဆိုမှုနဲ့အတူ အဘူဒါဘီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်...

ရိုင်နီယာဟာ UFC ကိုမရောက်ခင်ကတည်းက Stand Fight ပိုင်းတိုးတက်မှုရှိလာဖို့ ကိုအောင်လနဲ့ တောက်လျှောက်လေ့ကျင့်နေခဲ့တာပါ
ဒါပေမဲ့ နည်းပြအဖြစ်တော့တစ်ပွဲမှလိုက်ပါကြီးကြပ်ပေးတာမျိုးမတွေ့ခဲ့ရပါဘူး...

ဒါပေမဲ့ ဒီလိုအရေးကြီးတဲ့ပွဲမှာမှ ကိုအောင်လကြီးကိုလိုက်ပါကြီးကြပ်ပေးဖို့ တောင်းဆိုလာတာဟာ Stand Fight ကောင်းလွန်းတဲ့ ပြိုင်ဘက်ရော်ဘတ်ဝှစ်တိတ်ကာရဲ့ ကစားပုံကြောင့်ဖြစ်နိုင်ပြီး ပြန်လည် Control လုပ်နိုင်အောင် Stand Fight မှာအမြင်စူးရှတဲ့ ကိုအောင်လကြီးဆီက ပွဲအတွင်း Recommand တွေကိုလိုချင်နေတာကြောင့်လို့ ယူဆလို့ရမှာဖြစ်ပါတယ်...

ဒါ့အပြင် ကိုအောင်လဟာ ရိုင်နီယာနဲ့အတူ တစ်ရက်တည်းထိုးမယ့် ကနေဒါဖိုက်တာ ဘာရီယော့နောက်ကနေလည်းလိုက်ပါကြီးကြပ်ပေးရဖွယ်ရှိနေသေးတာပါ...
ဘာရီယော့ဟာ ရိုးရာလက်ဝှေ့ Eurasian ချန်ပီယံ ရုရှားဖိုက်တာ ရှာရာဘူးလက်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်...

ဒီပွဲစဥ်တွေကို UFC က ဇူလိုင်လ 26 ရက်နေ့ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ကျင်းပသွားတော့မှာပါ...

#အောင်လအန်ဆန်း #ရိုင်နီယာ

ဗန်ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် မြန်မာကိုအမွှန်းတင်နေပါပြီ...အင်တာဗျူးတွေကလည်း နေ့တိုင်းလိုလိုရှိပြီး အသစ်တွေတောက်လျှ...
09/07/2025

ဗန်ကတော့ တစ်နေ့တစ်မျိုးမရိုးရအောင် မြန်မာကိုအမွှန်းတင်နေပါပြီ...

အင်တာဗျူးတွေကလည်း နေ့တိုင်းလိုလိုရှိပြီး အသစ်တွေတောက်လျှောက်ထွက်နေတာပါ...

ဒီနေ့မှာတော့ထူထူးခြားခြား အရင်လိုလိုင်းပေါ်ကတစ်ဆင့်အင်တာဗျူးတာမျိုးမဟုတ်ဘဲ လူကိုယ်တိုင်တွေ့ပြီး Podcast လုပ်လာတာဖြစ်ပါတယ်...

ဒီလိုနဲ့ပြောကြဆိုကြရင်း ထုံးစံအတိုင်းမြန်မာပြည်အကြောင်းတွေပါလာပြန်ပါတယ်
မြန်မာဆိုတာကိုမသိလို့ ထိုင်းနဲ့အိမ်နီးချင်းဆိုပြီး ဗန်ကရှင်းပြရသေးတာပါ...

အဲ့ဒီနောက်အစားအစာတွေဆီရောက်သွားပြီး ဗန်ရဲ့အကြိုက်ဆုံးအစားအစာကိုမေးရင်း ယခုလိုစကားစပ်မိကြတာဖြစ်ပါတယ်...

ဗန် - မလေးရှားရဲ့ Street food ကလည်း
တကယ်ကောင်းပါတယ်

မေးသူ - ဒါဆိုမေးရဦးမယ်၊ မြန်မာအစားအစာတွေ
ကရော ဘယ်လိုလဲ...?

ဗန် - မြန်မာက Street food မှာအကောင်းဆုံးပဲလေ

မေးသူ - တကယ်ကြီးလား...?
မြန်မာကထိုင်း Street food ထက်ပိုကောင်း
တာလား...?

ဗန် - ထိုင်းအစားအစာတွေက အရမ်းစပ်တယ်
ဒါပေမဲ့ မြန်မာကကျတော့ လုံးဝသဘာဝ
အရသာကိုပေးတယ်...

မေးသူ - ဟုတ်တယ်နော် ထိုင်းအစားအစာတွေက
တကယ်ကြီးစပ်တယ်
ငါလည်း အစပ်မကြိုက်ဘူး

စသဖြင့် ဗန်က မြန်မာအစားအစာကိုပါ Promote လုပ်ပေးခဲ့ပါသေးတယ်...

ဗန်ကသူလုပ်သမျှ အင်တာဗျူးတွေ၊ Podcast တွေတိုင်းမှာ ကမ္ဘာကြီးကို message တစ်ခုအမြဲချန်ချန်ပေးတတ်တာကို တဖြည်းဖြည်းမြင်တွေ့လာရတာပါ...

တကယ်ကို မြန်မာပြည်အတွက် တာဝန်ကျေလွန်းတဲ့ ဗန်ပါပဲ...❤❤❤

#ဂျိုရှူအာဗန်

" ဒီအပတ်စနေနေ့ စပိန်မှာရှိမယ်  ဖြစ်နိုင်မယ်ဆိုရင် လာခဲ့ကြပေါ့  ဒီကောင်နှစ်ယောက်စလုံးကို တစ်ညထဲနဲ့  အမှောက်သိပ်ပြပါမယ်  မ...
09/07/2025

" ဒီအပတ်စနေနေ့ စပိန်မှာရှိမယ်
ဖြစ်နိုင်မယ်ဆိုရင် လာခဲ့ကြပေါ့

ဒီကောင်နှစ်ယောက်စလုံးကို တစ်ညထဲနဲ့
အမှောက်သိပ်ပြပါမယ်
မာကာရှက်က ပထမအချီ
ပက်ဒီပင်းဘလက်က ဒုတိယအချီပေါ့ "

🗣 တိုပူရီးယား

#တိုပူရီးယား #မာကာရှက်

" ကျနော့်အဖေက 2017 ခုနှစ်မှာ ဆုံးပါးသွားတယ်ဒါ့ကြောင့်အိမ်မှာ ယောကျ်ားသားဆိုလို့ ကျနော်ပဲကျန်ခဲ့တာပေါ့ကျနော့်အမေကို ကျနော...
09/07/2025

" ကျနော့်အဖေက 2017 ခုနှစ်မှာ ဆုံးပါးသွားတယ်
ဒါ့ကြောင့်အိမ်မှာ ယောကျ်ားသားဆိုလို့ ကျနော်ပဲကျန်ခဲ့တာပေါ့

ကျနော့်အမေကို ကျနော်ဂရုစိုက်မှရမယ်လေ
သူမက ကျနော်ပထမဆုံးပွဲထိုးကတည်းကဘအားပေးလာတာ
ကျနော့်ပွဲတွေ တစ်ပွဲမပြတ်ကြည့်ခဲ့တယ်
နောက်ဆုံးထိုးခဲ့တဲ့ပွဲကိုလည်း သူမကအားပေးခဲ့တာပါ

ကျနော့်အမေမပါဘဲနဲ့ ကျနော်ဒီနေရာမှာ ရပ်နေနိုင်မှာမဟုတ်ပါဘူး
အခုတော့ သူမအရမ်းပျော်နေပါပြီ "

🗣 Joshua “ The Fearless “ Van

#ဂျိုရှူအာဗန်

ONE CHAMPIONSHIP က ဟဲဗီးဝိတ်ဖိုက်တာ မားကပ်ဘူချက်ချာ UFC နဲ့ တရားဝင်ပေါင်းထုတ်သွားပါပြီ...ဘူချက်ချာက BJJ လောကမှာ ဆရာ့ဆရာက...
08/07/2025

ONE CHAMPIONSHIP က ဟဲဗီးဝိတ်ဖိုက်တာ မားကပ်ဘူချက်ချာ UFC နဲ့ တရားဝင်ပေါင်းထုတ်သွားပါပြီ...

ဘူချက်ချာက BJJ လောကမှာ ဆရာ့ဆရာကြီးတစ်ယောက်ပါ
BJJ World Championship ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ 13 ကြိမ်အထိဖြစ်ထားတဲ့ ဖိုက်တာဖြစ်သလို ACDD နဲ့ IBJJF တို့လိုပြိုင်ပွဲတွေမှာ လည်း အကြိမ်အရေအတွက် မနည်းမနောချန်ပီယံ ဖြစ်ထားသူပါ...

BJJ လောကရဲ့ Usyk လို့တောင် ခိုင်းနှိုင်းမယ်ဆို ခိုင်းနှိုင်းလို့ရနေတဲ့ဖိုက်တာမျိုး ဖြစ်ပါတယ်
လတ်တလော UFC မှာတောက်ပနေတဲ့ ရိုင်နီယာလိုမျိုး တောက်ပတဲ့ဖိုက်တာဖြစ်လာမလား စောင့်ကြည့်လိုက်ကြရအောင်....

ရိုးရာလက်ဝှေ့ဖိုက်တာတွေထဲ ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် လူငယ်တွေအတွက် အမြဲတမ်းစံပြဖြစ်နေတဲ့ပုဂ္ဂိုလ်က သံမဏိလို့ခေါ်တဲ့ ကို...
08/07/2025

ရိုးရာလက်ဝှေ့ဖိုက်တာတွေထဲ ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် လူငယ်တွေအတွက် အမြဲတမ်းစံပြဖြစ်နေတဲ့ပုဂ္ဂိုလ်က သံမဏိလို့ခေါ်တဲ့ ကိုစိုးကြီးဖြစ်ပါတယ်...

ကြိုးစားအားထုတ်မှုအပိုင်းကိုကြည့်မလား၊ အောင်မြင်မှုဆာလောင်တဲ့အပိုင်းကိုကြည့်မလား၊ နောက်ဆုံး အနာဂတ်အတွက် ကြိုတင်​ပြင်ဆင်မှုအပိုင်းကိုကြည့်မလား...ကိုစိုးကြီးဟာ ခေါင်းစဥ်တိုင်းအတွက်စံပြပုဂ္ဂိုလ်ပါ...

ONE CHAMPIONSHIP မှာ ပထမဆုံးပွဲထိုးဖို့အတွက် တွဲဆိုင်းစထွက်တုန်းကဆိုရင် ကိုစိုးကြီးကိုအတော်များများက " အောင်မြင်မှာမဟုတ်ဘူး၊ တစ်ပွဲနိုင်ရင်တောင်ကံကောင်း " ဆိုပြီး မှတ်ချက်ပေးကြပါတယ်...

ဒါပေမဲ့ကိုစိုးကြီးက ဝေဖန်သူအကုန်လုံးကိုအသံတိတ်သွားအောင် ဒေါ်လာတစ်သိန်းတန်စာချုပ်ကိုပါယူပြီး သက်သေထူပြခဲ့တာပါ...

သူ့ထက် နည်းစနစ်ကောင်းပေ့ ဆိုတဲ့ဖိုက်တာတွေတောင် တစ်ပွဲနိုင်ဖို့ရုန်းကန်နေရတဲ့အချိန်မှာ အမှတ်ယူမထိုးတတ်သူတစ်ယောက်က ဒါမျိုးလုပ်ပြနိုင်တာဟာ အင်မတန်ကို အံ့သြစရာပါပဲ...

အခုဆိုရင်ကိုစိုးကြီးဟာ ဖိုက်တာဘဝနှောင်းပိုင်းကိုတဖြည်းဖြည်းနဲ့ချဥ်းကပ်လာနေပါပြီ...

ဒါ့ကြောင့် ဖိုက်တာဘဝအနားယူတဲ့အခါ အေးအေးဆေးဆေးဘဝကိုဖြတ်သန်းနိုင်အောင် ရင်းနှီးမြှပ်နှံမှုတွေကိုတောက်လျှောက်ပြုလုပ်လာနေတာပါ...

နာမည်ရှိတုန်းမှာ စပွန်ဆာတွေရှာဖွေပြီးလက်တွဲတာမျိုး၊မျိုးဆက်သစ်များစွာမွေးထုတ်နိုင်ဖို့အတွက် ကလပ်ခိုင်ခိုင်မာမာ တည်ဆောက်တာမျိုးတွေလုပ်လာပါတယ်...

အခုဆိုရင် ကိုစိုးကြီးပိုင်ဆိုင်တဲ့ကလပ်ဟာ သုံးခုအထိကိုရှိလာနေပြီး သထုံ၊ ကျောက်ခတ်၊ မဲဆောက်စတဲ့ဒေသတွေမှာ စုစုပေါင်းဖိုက်တာ 50 ဝန်းကျင်အထိကို ဖြန့်ကျက်လေ့ကျင့်ပေးနေတာပါ...

မကြာသေးခင်က ONEFF ပြိုင်ပွဲမှာလာထိုးခဲ့တဲ့ စောမင်းမင်းဟာဆိုရင်လည်း ကိုစိုးကြီးရဲ့ဒို့ရိုးရာကလပ်မှာလေ့ကျင့်နေသူဖြစ်ပြီး နောက်ထပ်မျိုးဆက်သစ်များစွာကိုလည်း ONE CHAMPIONSHIP စင်မြင့်ထက် တင်ပို့နိုင်အောင်အစွမ်းကုန်ကြိုးပမ်းနေတာ တွေ့မြင်ရပါတယ်...

အရင့်အရင်က အနေအထိုင်အရမ်းရိုးအေးလွန်းတဲ့ကိုစိုးကြီးဟာ အခုနောက်ပိုင်းမှာဆိုရင် မီဒီယာစွမ်းအားကို ကောင်းကောင်းနားလည်တဲ့သူဖြစ်လာသလို ဒီအရာကိုလည်းကောင်းကောင်းအသုံးချနိုင်သူ ဖြစ်လာနေတာပါ...

တခြားတိုက်ခိုက်ရေးနယ်ပယ်တွေအတွက်တော့ မထူးဆန်းပေမယ့် ရိုးရာလက်ဝှေ့လိုအမြင်ပွင့်ဖို့ခဲယဥ်းလှတဲ့နယ်ပယ်ကသူတစ်ယောက်အတွက် ဒါမျိုးလုပ်ငန်းတွေကို အကွက်မြင်မြင်နဲ့ စနစ်တကျစီစစ်လုပ်ကိုင်လာနိုင်တာဟာ ချီးကျူးစရာအင်မတန်ကောင်းပါတယ်...

ဒါ့ကြောင့်ပဲကိုစိုးကြီးဟာ ရိုးရာနယ်ပယ်ကလူငယ်အားလုံးအတွက် ကြိုးစားအားထုတ်မှုအပိုင်းတွေမှာ အတုယူစရာကောင်းတဲ့ဖိုက်တာ ဖြစ်ရုံတင်မကဘဲ မိမိတို့ရဲ့အနာဂတ်သာယာလှပအောင် ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေမှာလည်း အတုယူစရာကောင်းတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါကြောင်း.....🙏🙏🙏

ရိုးရာဖိုက်တာများအားလုံး အနာဂတ်သာယာလှပကြပါစေ...🙏🙏🙏

Soe Lin Oo

#စိုးလင်းဦး

08/07/2025

နာမည်ကြီး USA မီဒီယာနဲ့အင်တာဗျူးမှာ မိုးဟေကိုအကြောင်း ပြောပြလာတဲ့ ဂျိုရှူအာဗန်...

#ဂျိုရှူအာဗန်

Address


Website

Alerts

Be the first to know and let us send you an email when Martial Arts Myanmar 2.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share