Shwe Yar Myay

  • Home
  • Shwe Yar Myay

Shwe Yar Myay news&media

09/06/2023

အကြောင်းအရာ။ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ပေးပို့ခြင်း
၁။ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေ အနေကို အောက်ပါအတိုင်း ပေးပို့အပ်ပါသည်-
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ အားကောင်းသောလေဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
(ခ) သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့ညနေမှ (၁၁.၆.၂၀၂၃)ရက်နေ့အတွင်း ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေ ခန့် ရှိနိုင်ပါသည်။
(ဂ) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် ယနေ့ညနေမှ (၁၁.၆.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီး ခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အကြံပြုချက်
၂။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်း ရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်မတ္တရာဇွန်  ၉မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃...
09/06/2023

မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်
မတ္တရာ
ဇွန် ၉
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လက ကျင်းပ ပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနပြုလုပ်ခဲ့သည့် ကျောင်းများတွင် ထုတ်ပြန်ကြေငြာ ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၄၃၄)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၃၀၃)ဦး အောင်မြင်ခဲ့ကာ (၅)ဘာသာ(၄)ဦး၊ (၄)ဘာသာ(၁၃)ဦး၊ (၃)ဘာသာ ( ၂၆ ) ဦး၊ (၂) ဘာသာ(၂၇)ဦး နှင့် (၁)ဘာသာ(၆၄)ဦး တို့မှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။ ဘာသာရပ် အလိုက်ဂုဏ်ထူး ရရှိသူများမှာ မြန်မာစာ(၁၁)ဦး၊ အင်္ဂလိပ်စာ(၂)ဦး၊ သင်္ချာ(၂၃) ဦး၊ ဓာတုဗေဒ (၃၇)ဦး၊ ရူပဗေဒ(၆၈)ဦး၊ ဇီဝဗေဒ (၁၀၃)ဦး၊ ပထဝီ(၁)ဦး၊ သမိုင်း(၃)ဦးနှင့် ဘောဂဗေဒ(၂၃)ဦးရှိကြောင်းသိရပြီး အောင်ချက်ရာခိုင်နှုန်းမှာ ( ၆၉.၈၁ ) ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပမတ္တရာဇွန် ၅မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့...
05/06/2023

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
မတ္တရာ
ဇွန် ၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၅ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်က အ.ထ.က (မတ္တရာ)အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ ပလတ်စတစ် ညစ်ညမ်းမှု ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြောင်း အသိပညာပေး Video Clip များကို ပြသခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများမှ ပလတ်စတစ်နှင့်ပတ်သက်သော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

မတ္တရာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပမတ္တရာဇွန် ၅မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာန...
05/06/2023

မတ္တရာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
မတ္တရာ
ဇွန် ၅
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ပြုလုပ်သော၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇နာရီ၃၀မိနဈအခြိနျက မတ္တရာမြို့ အမှတ် (၂)ရပ်ကွက်ရှိ မဟာသိမ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာနဦးစီးအရာရှိ ဦးထက်အောင်-၁ တို့မှ သစ်ပျိုးပင်များကို ပေးအပ်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ကျွန်း (၃၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ တပေဘူတ(၅၀)ပင်နှင့် စိန်ပန်း (၅၀) ပင်၊ စုစုပေါင်း(၅၀၀)ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်း နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးထက်အောင်-၁နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

04/06/2023

၂၀၂၃ - ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
အထိန်းအမှတ်အသိပညာပေးဆွေးနွေးပွဲ TALK SHOW

မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းအပ်နှံသူ ၁၄၇၃၈ ဦးရှိမတ္တရာဇွန် ၁၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် အခြ...
01/06/2023

မတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ကျောင်းအပ်နှံသူ ၁၄၇၃၈ ဦးရှိ
မတ္တရာ
ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများအားလုံးကို နိုင်ငံအဝန်း ၌ ဇွန်လ ၁ရက်နေ့မှ စတင်၍ဖွင့်လှစ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများကိုလည်း ယနေ့ ဇွန်လ ၁ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင် ကြားပေးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၌ စာသင်ကြားနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအား ပေးခဲ့ပြီး ကျောင်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယနေ့ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မတ္တရာမြို့နယ်၌ မေလ၃၁ရက်နေ့ အထိ ကျောင်းအပ်နှံသူပြီးသူ ၁၄၇၃၈ ဦးရှိကြောင်းသိရပြီး ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများနှင့် လုံခြုံရေးအဖွဲ့များမှ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပမတ္တရာမေ ၃၀မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-၂...
30/05/2023

မတ္တရာမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
မတ္တရာ
မေ ၃၀
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက မတ္တရာမြို့ အမှတ်(၂) ရပ်ကွက်ရှိ အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို အ.ထ.က(မတ္တရာ)ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းသွားစို့လေ သီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းမှ ကျောင်းအပ်နှံရေးနှင့် ပတ်သက်သော အကြောင်း အရာများ၊ ကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံး ပုံနှိပ်နှင့် စာရေး ကိရိယာများ၊ ဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်မည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် အခမဲ့ဖြန့်ဝေသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များနှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပေးအပ်ရာ ကျောင်းသားကျောင်းသူလေး များမှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင် များ၊ နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းဥက္ကဌတို့မှ ပညာရေးဌာနသို့ အလှူငွေများ ကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဆွေဝင်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းပိုင်တို့မှ လက်ခံရယူခဲ့သည်။ ထို့နောက် အခမ်းအနားကို အ.ထ.က(စလွန်ဖြူ)မှ ကျောင်းသားကျောင်းသူလေးများမှ လမ်းပြကြယ် သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာများ၊ အလှူရှင်များ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

28/05/2023
မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကျင်းပမတ္တရာမေ ၂၆မန္တလေးတိုင်းဒေသကြီ...
26/05/2023

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကျင်းပ
မတ္တရာ
မေ ၂၆
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို မေလ ၂၆ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် အထက်တန်း အဆင့်တွင် အခြေခံပညာကျောင်းများမှ ဖြေဆိုသူ(၈)ဦး၊ အလယ်တန်းအဆင့်တွင် ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကျင်းပရာသို့ အောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိ သူများအား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Shwe Yar Myay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share