မောင်း၅၅၆ ဒိုင်ချုပ်

  • Home
  • မောင်း၅၅၆ ဒိုင်ချုပ်

မောင်း၅၅၆ ဒိုင်ချုပ် Moung556 ကစားမယ်ဆို Viber 09778872019 နှင့် Telegram ကိုဆက်သွယ်ပေးပါရှင့်

"ကျွန်တော့ရဲ့ နည်းပြဘဝတလျောက်မှာ ရောဘတ် လီဝန်ဒေါ့စကီးလောက် သူ့ရဲ့ Physical ကို ဂရုစိုက်အလေးထားတဲ့ကစားသမားမျိုး မတွေ့ခဲ့ဖ...
18/10/2025

"ကျွန်တော့ရဲ့ နည်းပြဘဝတလျောက်မှာ ရောဘတ် လီဝန်ဒေါ့စကီးလောက် သူ့ရဲ့ Physical ကို ဂရုစိုက်အလေးထားတဲ့ကစားသမားမျိုး မတွေ့ခဲ့ဖူးပါဘူး ။ သူ့အသက်အရွယ်ပိုင်းမှာ ဆိုရင် ဘယ်သူမှ သူ့ထက်ပိုပြီး ကောင်းမွန်တဲ့ Physical မျိုးကို မပိုင်ဆိုင်ထားပါဘူး ။ ခရစ္စတီယာနို ရိုနယ်ဒိုတစ်ယောက်ကလွဲရင်ပေါ့"
Hansi Flick ( ဘာစီလိုနာနည်းပြကြီး )

အင်္ဂလန် Sunday League မှာ ကစားနေတဲ့ Wythenshawe FC အသင်းမှာ မန်စီးတီးကစားသမားဟောင်းတွေဖြစ်တဲ့ လက်စ်ကော့၊ အိုနူအိုဟာ၊ အိ...
16/10/2025

အင်္ဂလန် Sunday League မှာ ကစားနေတဲ့ Wythenshawe FC အသင်းမှာ မန်စီးတီးကစားသမားဟောင်းတွေဖြစ်တဲ့ လက်စ်ကော့၊ အိုနူအိုဟာ၊ အိုင်ယာလန်နဲ့ ဟားလ်စီးတီး၊ ဘန်လေတို့မှာ ကစားခဲ့တဲ့ ဂျော့ဘွိုက်ဒ်တို့ ပါဝင်ကစားပေးနေကြပါတယ်။

အဆိုပါအသင်းဟာ ကစားသမားဟောင်းကြီးတွေရဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို ဂိုးပြတ်တွေသွင်းယူနေပြီး မညှာမတာကစားနေတယ်လို့တောင် တင်စားခံနေရပါတယ်။ ဒီအသင်းဟာ ပြိုင်ဘက်တွေကို ၁၀ ဂိုး၊ ၇ ဂိုးဆိုပြီး ဂိုးပြတ်တွေသွင်းနေပြီး အိုင်ယာလန်ဆို တပွဲတည်းမှာပဲ ဟက်ထရစ်ပါ ရခဲ့ပါတယ်။

Sunday League ဆိုတာကတော့ အပျော်တမ်းအဆင့်သာဖြစ်ပြီး လိဂ်အဆင့်နဲ့သတ်မှတ်မယ်ဆို လိဂ်-၉ ဖြစ်ကာ အားလပ်ရက်မှာ ဘောလုံးကစားသူ အများစု ဝင်ကစားနေကြတာဖြစ်ပါတယ်။

ဖီဖာယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုနည်းပြ မိုဟာမက်အိုအူဘီက challenge card ကို အသုံးပြုသွားခဲ့ပါတယ်။ ဒါဟာ ဖီဖာက စတ...
16/10/2025

ဖီဖာယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုနည်းပြ မိုဟာမက်အိုအူဘီက challenge card ကို အသုံးပြုသွားခဲ့ပါတယ်။ ဒါဟာ ဖီဖာက စတင်မိတ်ဆက်ခဲ့တဲ့ စနစ်တခုဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီးက ဆုံးဖြတ်ချက်အမှားချမှတ်တယ်လို့ ယူဆရင် အဆိုပါကတ်ကို ထောင်ပြကာ VAR ပြန်ကြည့်ခိုင်းလို့ ရမှာဖြစ်ပါတယ်။ ဒီစနစ်က အဆင်ပြေတယ်ဆိုရင် အနာဂတ်မှာ ဘောလုံးပွဲတွေမှာ အမြဲတမ်းအသုံးပြုနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

မက်ဆီရဲ့ ဘ၀က တကယ်ကို သာယာလွန်းတယ်။ အာဂျင်တီးနားအတွက် ဝင်ကစားပေးချင်ရင် ကစား၊ မကစားချင်လို့ နားမယ်ဆိုလည်း နား။ စိတ်တိုင်း...
16/10/2025

မက်ဆီရဲ့ ဘ၀က တကယ်ကို သာယာလွန်းတယ်။ အာဂျင်တီးနားအတွက် ဝင်ကစားပေးချင်ရင် ကစား၊ မကစားချင်လို့ နားမယ်ဆိုလည်း နား။ စိတ်တိုင်းကျပဲ။ သူ လုပ်ပေးခဲ့တာတွေအတွက် ပြန်ပြီးတော့ ရရှိထားတဲ့ အခွင့်အာဏာတခုဆိုလည်း မမှားဘူး။ ပြီးတော့ သူ့လိုကစားသမားကို ဒီလိုမျိုးပဲ ပစားပေးရမယ်ဆိုတာက အမှန်တရားပါပဲ။

အာဂျင်တီးနားအတွက် သူ အကုန်လုံးကို ရယူပေးထားခဲ့ပြီးပြီ။ လက်ကျန်ကစားသမားဘ၀မှာ သူ ကန်ချင်ကန်၊ မကန်ချင်နေ။ အေးဆေးပဲ။ ဝင်ကန်မယ်ဆိုရင် ဝမ်းပန်းတသာနဲ့ လူစာရင်းထဲထည့်မယ်၊ ဝင်မကန်ဘူးဆိုလည်း VIP Box မှာ မိသားစုနဲ့ အေးအေးလူလူပွဲထိုင်ကြည့်ရုံပဲ။ ဒါမျိုး အခွင့်အရေးက ကစားသမားတိုင်းမရပါဘူး။

သူမတူအောင် စွမ်းဆောင်ပေးခဲ့တဲ့ မက်ဆီလိုကစားသမားမျိုးမှ ရမယ့် အခွင့်အရေးလို့ ပြောလို့ရတယ်။ ဒီမနက် ဗင်နီဇွဲလားနဲ့ ခြေစမ်းပွဲအတွက် အသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် သူ ဝင်မကစားခဲ့ဘူး။ မိသားစုနဲ့အတူ ထိုင်ကြည့်နေခဲ့တယ်။ ဒီအတွက်လည်း တသင်းလုံးက Pass ပေးထားသလို ပရိသတ်တွေကလည်း ကျေနပ်လက်ခံပြီးသားပါ။ တကယ်အားကျစရာပါပဲ။

ဒီပုံလေးကတော့ တချိန်က ​ရော်နယ်ဒိုက ကောင်းလွန်းလို့  လူမှဟုတ်ရဲ့လားလို့ စမ်းသပ်ခဲ့တုန်းက ပုံပဲ ဖြစ်ပါတယ်၂၀၁၁ ခုနှစ်မှာ သိ...
16/10/2025

ဒီပုံလေးကတော့ တချိန်က ​ရော်နယ်ဒိုက ကောင်းလွန်းလို့ လူမှဟုတ်ရဲ့လားလို့ စမ်းသပ်ခဲ့တုန်းက ပုံပဲ ဖြစ်ပါတယ်

၂၀၁၁ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက ရော်နယ်ဒို ကောင်းလွန်းလို့ဆိုပြီး အခုလို စက်ပစ္စည်းတွေနဲ့ လူသားမှ ဟုတ်ရဲ့လားဆိုပြီး စစ်ဆေးခဲ့ကြပါတယ်

မယုံနိုင်လောက်တဲ့ ရော်နယ်ဒိုရဲ့ လေးစားအတုယူစရာစိတ်ဓာတ်ကြောင့် အံ့အားသင့်ခဲ့တဲ့ ဒန်နီ အဲဗက်စ်ဘာစီလိုနာကြယ်ပွင့်ဟောင်း ဒန်...
16/10/2025

မယုံနိုင်လောက်တဲ့ ရော်နယ်ဒိုရဲ့ လေးစားအတုယူစရာစိတ်ဓာတ်ကြောင့် အံ့အားသင့်ခဲ့တဲ့ ဒန်နီ အဲဗက်စ်

ဘာစီလိုနာကြယ်ပွင့်ဟောင်း ဒန်နီ အဲဗက်စ်က မကြာသေးမီက ထောင်ကနေ လွတ်မြောက်လာပြီးကတည်းက ရော်နယ်ဒိုရဲ့ အားပေးထောက်ခံမှုတွေအကြောင်း မျှဝေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တချိန်တုန်းက လာလီဂါမှာ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ကြားက ပြိုင်ဆိုင်မှုကြောင့် ရန်သူဖြစ်ခဲ့တဲ့ အဲဗက်စ်အပေါ်မှာ လူပီသတဲ့ ကိုယ်ချင်းစာနာထောက်ထားစိတ်ကို ပြသခဲ့တာဖြစ်ပါတယ်။

အဲဗက်စ်ရဲ့ ပြောကြားချက်အရ ရော်နယ်ဒိုဟာ ထောင်ကနေ ထွက်လာပြီးနောက် ဘာဆိုဘာမှ မရှိတော့တဲ့သူ့ကို နေထိုင်ဖို့ အိမ်တလုံးပေးထားပြီး ပိတ်ခံထားရတဲ့ ဘဏ်အကောင့်တွေ ပြန်ပွင့်အောင်လည်း ဥပဒေရေးရာကုန်ကျစရိတ်တွေလည်း ပေးခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ အဲဗက်စ်ကို မကြာခဏ ဖုန်းခေါ်ပြီး စိတ်ဓာတ်မကျဖို့ အားပေးစကားပြောပေးခဲ့ပြီး အဲဗက်စ်က ရော်နယ်ဒိုသာ မကူညီခဲ့ရင် အခုအချိန်မှာ လမ်းဘေးမှာ အိမ်ခြေရာခြေမဲ့ဘဝနဲ့ နေနေရလောက်ပြီလို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် အမှုစစ်ခံရနေတုန်းကဆိုရင် ကျွန်တော့်နားမှာဘယ်သူမှမရှိခဲ့ပါဘူး။ ဘာစီလိုနာအသင်းကအသင်းဖော်တွေတောင် ကျွန်တော့်နားမှာမရှိခဲ့ဘူး။ ကျွန်တော့်ကို ဘယ်သူမှ သတင်းမေးဖော်လည်း မရကြပါဘူး။

နောက်ဆုံးမှာ ကျွန်တော်ထောင်ကျသွားပြီး ကျွနတော့်ရှေ့နေက မင်းကိုကူညီပေးနေတဲ့သူတစ်ယောက် ရှိတယ်၊ အဲဒီလူက မင်းမထင်မှတ်ထားတဲ့သူ၊ မင်းနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့မင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်ခဲ့တဲ့သူတယောက်လို့ ပြောတယ်။ သူ့နာမည်ကြားရင် ယုံတောင်ယုံမှာမဟုတ်ဘူးဆိုပြီး ရှေ့နေက ကျွန်တော့်ကိုပြောတယ်။

အဲဒါနဲ့ ကျွန်တော်လည်း တော်တော်အံ့ဩသွားပြီး ဘယ်သူများပါလိမ့်ဆ်ိုပြီးစဉ်းစားနေခဲ့မိတယ်။ နောက်မှသိလိုက်ရတာက ကျွန််််တော်ထောင် ထဲရောက်နေတဲ့အချိန်ရော အမှုစစ်ခံနေရတဲ့အချိန်မှာပါ အစအဆုံး နောက်ကွယ်ကနေ ကူညီပေးနေတဲ့သူက ခရစ်စတီယာနိုပဲဆိုတာ သိလိုက်ရတယ်။

ကျွန်တော် အပြင် ပြန်ထွက်လာတဲ့အချိန်မှာလည်း ရော်နယ်ဒိုက လိုအပ်သမျှ အရာအားလုံး ကူညီပေးခဲ့ပါတယ်။ ကျွန်တော့် ဘဏ်အကောင့်ကို ပြန်သုံးလို့ရအောင် သူပဲ လုပ်ပေးခဲ့တာပါ။ ကျွန်တော်ဖြင့် သူ့ကို ကျေးဇူးလည်းတင် အားလည်း အရမ်းနာမိပါတယ်။ အဲဒါနဲ့ ဖုန်းဆက်ပြီး ကျေးဇူးတင်ပါတယ်ခရစ်စတီယာနိုရေ၊ ငါ တကယ်မထင်ထားဘူးလို့ သူ့ကိုပြောခဲ့တယ်။

သူက 'ရပါတယ် ခင်ဗျားနဲ့ ကျွန်တော်က အကောင်းဆုံးအခိုက်အတန့်တွေ့ကို အတူတူ ဖြတ်သန်းခဲ့ဖူးတယ်လေ။ ကျွန်တော်တို့ ရင်ဆိုင်တွေ့တဲ့အခါတိုင်း ပရိသတ်တွေ စိတ်လှုပ်ရှားခဲ့ရတယ်။ ခင်ဗျားက ဂန္တဝင်တစ််ယောက်ပါ။ ဒီလောက် ကူညီပေးရတာလောက်ကတော့အေးဆေးပါ'လို့ ပြန်ပြောခဲ့တယ်။

ဒါပေမယ့် ကျွန်တော် ဘာဆာမှာကစားခဲ့တုန်းက သူ့ ခြေထောက်ကို ချိုးလိုက်ဖို့အထိတောင်စဉ်းစားခဲ့ဖူးတယ်။ သူ့ကို လုံးဝကြည့်လို့မရခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်း တခြားအသင်းတွေပြောင်းသွားပြီးတော့ သူ့ကို တွေ့ရင် ကျွန်တော် သွားနှုတ်ဆက်ခဲ့ပေမယ့် သူက ဘယစီလိုနာနဲ့ ရီးရဲတို့ကြားက ပြိုင်ဆိုင်မှုကြောင့် ကျွန်တော့်ကို လျစ်လျူရှုခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ရော်နယ်ဒိုသာ မကူညီခဲ့ရင်ကျနော်လမ်းဘေးရောက်နေခဲ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘယ်သူကမှ အမြဲတမ်း မိတ်ဆွေမဖြစ်နိုင်သလို ရန်သူလည်း မဖြစ်နိုင်ဘူးဆိုတဲ့ စကားရှိပါတယ်။ ရော်နယ်ဒိုက တချိန်တုန်းက အယ်ကလက်စီကိုမှာ သူ့ကို လစ်ရင်လစ်သလို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တဲ့ အဲဗက်စ်ကို ခွင့်လွှတ်ပေးပြီး စာနာစိတ်အပြည့်နဲ့ ကူညီပေးခဲ့တာမျိုးက စိတ်သဘောထားပြည့်ဝပါတယ်ဆိုတဲ့လူတွေတောင် လုပ်ဖို့ ခက်ခဲတဲ့အလုပ်ပါ။ ရော်နယ်ဒိုက ရော်နယ်ဒိုပါပဲ 👏❤️

ဒီနိုင်ငံ ၄ ခုက လူဦးရေစုစုပေါင်းဟာ ၃.၄၂ ဘီလီယံအထိရှိပါတယ်။ ဒါပေမယ့် လာမယ့် ကမ္ဘာ့ဖလားမှာတော့ အဲဒီ ၄နိုင်ငံစလုံး မပါဝင်နိ...
15/10/2025

ဒီနိုင်ငံ ၄ ခုက လူဦးရေစုစုပေါင်းဟာ ၃.၄၂ ဘီလီယံအထိရှိပါတယ်။ ဒါပေမယ့် လာမယ့် ကမ္ဘာ့ဖလားမှာတော့ အဲဒီ ၄နိုင်ငံစလုံး မပါဝင်နိုင်တော့ပါဘူး။

အိန္ဒိယ - ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ဖူး
တရုတ် - ၂၀၀၂ တကြိမ်သာ ကစားခဲ့ဖူး (ဒါတောင် အိမ်ရှင်မို့)
အင်ဒိုနီးရှား - ခြေစစစ်ပွဲ မအောင်မြင်ဖူး
ပါကစ္စတန် - ခြေစစ်ပွဲ မအောင်မြင်ဖူး

ဒီနိုင်ငံ ၄ ခုက လူဦးရေစုစုပေါင်းဟာ ဥရောပထက် ပိုများပါတယ်
ကစားသမားအဖြစ် ၁ ဘီလီယံအထိ မှတ်ပုံတင်ထားပါတယ်
ကမ္ဘာ့ဖလားသမိုင်းမှာ ဒီနိုင်ငံအားလုံးပေါင်းမှ ၁ ကြိမ်တည်းသာ ဝင်ကစားဖူးပါတယ်

ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးအထိ ရှိတဲ့ ဒီနိုင်ငံတွေဟာ ၄၈ သင်းအထိ ဝင်ကစားခွင့်ရမယ့် ပြိုင်ပွဲအတွက် အကောင်းဆုံးကစားသမား ၁၁ ဦးကို မရွေးချယ်နိုင်ခဲ့ကြပါဘူး။ သူတို့ ဘာတွေမှားနေလဲဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ပြုပြင်စရာပါပဲ။

⚽️👑 မီဆွတ်အိုဇေးလ်ဟာ သမိုင်းတစ်လျှောက် ဒီပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအ...
15/10/2025

⚽️👑 မီဆွတ်အိုဇေးလ်ဟာ သမိုင်းတစ်လျှောက် ဒီပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

🏴󠁧󠁢󠁥󠁮󠁧󠁿 ပရီးမီးယားလိဂ်
🇩🇪 ဘွန်ဒက်စ်လီဂါ
🇪🇸 လာလီဂါ
🇪🇺 ယူရိုပါလိဂ်
🇪🇺 ချန်ပီယံလိဂ်
🇪🇺 ဥရောပဖလား
🌍 ကမ္ဘာ့ဖလား

နိုင်ဂျီးရီးယား-ဘီနင်တို့ရဲ့ ခြေစစ်ပွဲကလည်း တကယ်စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ ဒီပွဲမတိုင်ခင် ဘီနင်က ဇယားထိပ်ဆုံးမှာပါ။ သ...
15/10/2025

နိုင်ဂျီးရီးယား-ဘီနင်တို့ရဲ့ ခြေစစ်ပွဲကလည်း တကယ်စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ ဒီပွဲမတိုင်ခင် ဘီနင်က ဇယားထိပ်ဆုံးမှာပါ။ သရေကစားနိုင်ရင်တောင် အနည်းဆုံး ပလေးအော့ဝင်ခွင့်ရမယ်။ နိုင်ဂျီးရီးယားကတော့ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ မဖြစ်နိုင်တော့ဘဲ ပလေးအော့မျှော်လင့်ချက်ပဲရှိတော့တာပါ။

နိုင်ရုံနဲ့လည်း မရသလို ဂိုးပြတ်မှလည်း အကောင်းဆုံးဒုတိယအသင်းစာရင်းထဲ ပါမှာပါ။ နိုင်ဂျီးရီးယားအတွက် အော့ဆီမန်က ခြေစွမ်းပြကာ ဟက်ထရစ်သွင်းခဲ့ပါတယ်။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ သူတို့အတွက် နောက်ထပ်တဂိုးလိုအပ်နေပြီး သွင်းနိုင်မှ ပလေးအော့ဝင်ခွင့်ရမှာပါ။ မိနစ် ၉၀ မှာ နိုင်ဂျီးရီးယားတို့ ၁ ဂိုးထပ်ရခဲ့ပြီး ဖရန့်အွန်ယီကာရဲ့ ဂိုးက သူတို့ကို ပလေးအော့ကစားခွင့်ရစေခဲ့ပါတယ်။

အခုဆို နိုင်ဂျီးရီးယားတို့ ပလေးအော့အဆင့်မှာ ဂါဘွန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တဖက်မှာ ကင်မရွန်းနဲ့ ကွန်ဂိုတို့ကစားရမှာပါ။ အနိုင်ရနှစ်သင်းက ဗိုလ်လုပွဲအသွင်ကစားကာ inter-confederation ပလေးအော့ကို ထပ်ကစားရမှာဖြစ်ပါတယ်။

- နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှုအများဆုံး (၄၁ ကြိမ်)- ကစားသမားဘ၀ ဂိုးဖန်တီးမှု ၃၉၈ ကြိမ် (၄၀၀ ပြည့်ဖို့ ၂ ကြိမ်...
15/10/2025

- နိုင်ငံတကာပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှုအများဆုံး (၄၁ ကြိမ်)
- ကစားသမားဘ၀ ဂိုးဖန်တီးမှု ၃၉၈ ကြိမ် (၄၀၀ ပြည့်ဖို့ ၂ ကြိမ်သာလို)

ပွာတူရီကိုနဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ကြိမ်လုပ်ပြီးနောက် မက်ဆီရဲ့ မှတ်တမ်းပါ။ နေမာထက် တကြိမ်အသာရကာ နိုင်ငံတကာပွဲ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့တာပါ။

တဖက်မှာ‌ ရော်နယ်ဒိုက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးသွင်းအများဆုံးစံချိန်ကို ရခဲ့ချိန် မက်ဆီကလည်း ဒီစံချိန်ကို ရခဲ့တာပါ။ မရည်ရွယ်ထားတဲ့ သူတို့ရဲ့ နောက်ထပ်ပြိုင်ဆိုင်မှုတခုပါပဲ။

- တပွဲတည်း ၂ဂိုးသွင်း- ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာ- ဂိုး ၁၀၀၀ ပြည့်ဖို့ ၅၂ ဂိုးသာ လိုတော့ရေ...
15/10/2025

- တပွဲတည်း ၂ဂိုးသွင်း
- ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာ
- ဂိုး ၁၀၀၀ ပြည့်ဖို့ ၅၂ ဂိုးသာ လိုတော့

ရော်နယ်ဒိုကတော့ ရော်နယ်ဒိုပါပဲ။ ဒီဘဲက အခုထိ မာန်မလျှော့သေးသလို တကယ်လည်း လုပ်ပြနိုင်တယ်။ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာတောင်မှ အသက် ၄၀အရွယ်ကြီးနဲ့ ၂ဂိုးသွင်းနိုင်တာကိုက ချီးကျူးစရာကောင်းလွန်းနေပြီ။

ဒိအတိုင်းဆို ဂိုး ၁၀၀၀ ကလည်း လာမယ့်နှစ်ထဲမှာ ပြည့်သွားလိမ့်မယ်။ ၂၀၂၆ ကို မကျော်လောက်တော့ဘူး။ သူ့အသက် ၄၁ နှစ်အရွယ်မှာ ဂိုး ၁၀၀၀ ပြည့် မှတ်တမ်း ရကိုရပါလိမ့်မယ်။

ဂျပန်ကတော့ ဘရာဇီးလ်ကို  နောက်ကလိုက်ကစားပြီး အံ့ဖွယ်အနိုင်ယူပြသွားပါတယ်။ ၂-၀ နဲ့ အရေးနိမ့်ရာကနေ ၃-၂ နဲ့ အနိုင်ရအောင် လုပ်...
14/10/2025

ဂျပန်ကတော့ ဘရာဇီးလ်ကို နောက်ကလိုက်ကစားပြီး အံ့ဖွယ်အနိုင်ယူပြသွားပါတယ်။ ၂-၀ နဲ့ အရေးနိမ့်ရာကနေ ၃-၂ နဲ့ အနိုင်ရအောင် လုပ်သွားခဲ့တာပါ။ ဘရာဇီးလ်နဲ့တွေ့တိုင်းမှာ အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် အနိုင်ယူသွားခဲ့ပါတယ်။

အန်ဆယ်လော့တီကတော့ သူ့ကစားသမားတွေကို ဒေါသတွေထွက်နေခဲ့တာပါ။ ၂-၀ ကနေ ၃-၂ ဖြစ်သွားချိန်မှာ မျက်စိမျက်နှာတွေ လုံး၀ကိုပျက်နေတာပါ။ ဘရာဇီးလ်ကလည်း ပြီးခဲ့တဲ့ပွဲကလိုမဟုတ်ခဲ့ဘဲ လျော့တိလျော့ရဲပါ။ အားထားရတဲ့ ကစားသမားတွေကို လူစားဝင်ကစားစေပေမယ့် မရတော့ပါဘူး။

ဂျပန်အတွက်တော့ တကယ်ဂုဏ်ယူစရာနိုင်ပွဲပါ။ ဂိုးပြတ်အရှုံးကနေ ပြန်အနိုင်ယူခဲ့ပြီး သူတို့ရဲ့ နာမည်ကျော်ဆာမူရိုင်းစိတ်ဓာတ်ကို ပြသသွားခဲ့ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when မောင်း၅၅၆ ဒိုင်ချုပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share