မောင်း၅၅၆ ဒိုင်ချုပ်

  • Home
  • မောင်း၅၅၆ ဒိုင်ချုပ်

မောင်း၅၅၆ ဒိုင်ချုပ် Moung556 ကစားမယ်ဆို Viber 09663252993 နှင့် Telegram ကိုဆက်သွယ်ပေးပါရှင့်

"မန်ချက်စတာ ယူနိုက်တက်ကို စရောက်တဲ့နေ့မှာပဲ ဆာအဲလက်စ် ဖာဂူဆန်ဆီကနေ ကျွန်တော် တစ်သက်လုံး မေ့မရနိုင်တော့မယ့် စကားတစ်ခွန်း ...
06/08/2026

"မန်ချက်စတာ ယူနိုက်တက်ကို စရောက်တဲ့နေ့မှာပဲ ဆာအဲလက်စ် ဖာဂူဆန်ဆီကနေ ကျွန်တော် တစ်သက်လုံး မေ့မရနိုင်တော့မယ့် စကားတစ်ခွန်း ကြားခဲ့ရပါတယ်။

​သူက ကစားသမားတွေကို စုလိုက်ပြီးတော့ 'ရော်ဘင် ဗန်ပါစီလို ဂိုးသွင်းစက်တစ်ယောက် ရှိနေရင် မင်းတို့ဆီက လိုတာ ဘောလုံးပါးပေးဖို့ပဲ။ အဲဒါဆိုရင် လိဂ်ဖလားရဖို့ ကစားရတာ လွယ်သွားပြီ' လို့ ပြောခဲ့တာပါ။

​ဒါတင် မကသေးပါဘူး... ပေါလ်စခိုးလ်၊ မိုက်ကယ်ကားရစ်၊ ခါဂါဝါနဲ့ ဝိန်းရူးနီးတို့လို ဂန္ထဝင်တွေကို တည့်တည့်ကြည့်ပြီး 'မင်းတို့ ဗန်ပါစီဆီ ဘောလုံး ပေးမထွက်နိုင်ရင် ပွဲထွက်ကစားခွင့် ရမှာမဟုတ်ဘူး' လို့ပါ ရတ်တရက် မိန့်ခွန်းခြွေခဲ့တာပါ။

​ဒီလို ယုံကြည်မှုမျိုး ခင်းပေးခဲ့လို့လည်း ပထမဆုံးနေ့ကတည်းက ကျွန်တော် ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး၊ အဆုံးမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဒိုင်ခံ သိမ်းပိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။"

#ဗန်ပါစီ

ရီးရဲလ်မက်ဒရစ်အသင်းက ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူ ချဉ်းနွေးခဲ့ပြီးမှ၊ ယခုအခါမှာတော့ သူတို့ရဲ့ ရန်သူတော်ကြီး ဘာစီလိုန...
06/08/2026

ရီးရဲလ်မက်ဒရစ်အသင်းက ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူ ချဉ်းနွေးခဲ့ပြီးမှ၊ ယခုအခါမှာတော့ သူတို့ရဲ့ ရန်သူတော်ကြီး ဘာစီလိုနာအသင်းကပါ ကွင်းလယ်မင်းသားကြီး ရိုဒရီ ရဲ့ ကိုယ်စားလှယ်တွေရော၊ မန်ချက်စတာစီးတီးအသင်းပါ နှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း တရားဝင် ဆက်သွယ်လိုက်ပါပြီ!

စပိန်ဘီလူးကြီး နှစ်သင်းရဲ့ မဟာတိုက်ပွဲကြီးထဲမှာ မာကျောခိုင်မာလှတဲ့ ဆုံးဖြတ်ချက်ချမှတ်ရမယ့် တာဝန်ကြီးကတော့ ကစားသမားရဲ့ လက်ထဲကို တိုက်ရိုက် ရောက်ရှိသွားခဲ့ပါပြီ။ ရီးရဲလ်ကလည်း ရိုဒရီအတွက် ယူရိုသန်း ၄၀ သာ သုံးစွဲမယ်လို့ သတ်မှတ်ထားပြီး မန်စီးတီးက ယူရိုသန်း ၈၀ အထိ တေင်းဆိုနေလို့ ကွာဟချက်က များပြားနေပါတယ်။

ဘာစီလိုနာက ကြားဖြတ်ခေါ်ယူဖို့ လုပ်လာပြီဖြစ်ကာ ရိုဒရီတယောက် ဘယ်ကို ရွေးချယ်မလဲ၊ စပိန်အင်အားကြီးနှစ်သင်းကလည်း ရိုဒရီကို သူတို့ဘက်ပါလာအောင် လွန်ဆွဲရတော့မယ့်ပွဲက တကယ်ကို ကြည့်ကောင်းပါတော့မယ်။

အာဆင်နယ်လည်း ခြေစမ်းပွဲမှာ ဘက်တစ်ကို ၁-၃ နဲ့ ဂိုးပြတ်ရှုံးသွားတယ်။ အဓိက ကစားသမား အနည်းငယ်ကလွဲရင် လူစုံတက်စုံ ထုတ်သုံးခဲ့...
06/08/2026

အာဆင်နယ်လည်း ခြေစမ်းပွဲမှာ ဘက်တစ်ကို ၁-၃ နဲ့ ဂိုးပြတ်ရှုံးသွားတယ်။ အဓိက ကစားသမား အနည်းငယ်ကလွဲရင် လူစုံတက်စုံ ထုတ်သုံးခဲ့တာတောင် ရှုံးခဲ့တာပါ။ ဘက်တစ်အတွက်တော့ တကယ်ကို စိတ်ကျေနပ်စရာ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။

နိုင်ပွဲရအပြီးမှာ ဘက်တစ်အသင်းရဲ့ တရားဝင် Facebook စာမျက်နှာက “ပရီးမီးယားလိဂ်အသင်းတွေ ကြည့်ထားနော်၊ ချန်ပီယံကို အနိုင်ယူတယ်ဆိုတာ ဒီလိုမျိုး” ဆိုပြီး ဂုဏ်ယူစွာနဲ့ ပို့စ်တင်ခဲ့ပါတယ်။

အာတီတာကတော့ သူ့အသင်းရှုံးပွဲနဲ့ ခြေစွမ်းအတွက် စိတ်ပျက်လက်ပျက်တွေ ဖြစ်နေခဲ့ရပါတယ်။

အလွန်ဆိုရဲ့ ချယ်လ်ဆီးကတော့ ခြေစမ်းပွဲမှာ ဆက်တိုက်ရှုံးနေပါတယ်။ မနေ့ကလည်း ဂျူဗင်တပ်စ်ကို ၁-၀ နဲ့ အရေးနိမ့်ကာ ၂ ပွဲဆက်ရှုံ...
06/08/2026

အလွန်ဆိုရဲ့ ချယ်လ်ဆီးကတော့ ခြေစမ်းပွဲမှာ ဆက်တိုက်ရှုံးနေပါတယ်။ မနေ့ကလည်း ဂျူဗင်တပ်စ်ကို ၁-၀ နဲ့ အရေးနိမ့်ကာ ၂ ပွဲဆက်ရှုံးပြီး နိုင်ပွဲမရသေးပါဘူး။ စပါးကို ၂-၁ နဲ့ ရှုံးပြီးနောက်မှာ နောက်တကြိမ်ထပ်ရှုံးခဲ့တာပါ။

မူဒရစ်၊ ဝဲလ်ဘက်ခ်တို့ကို ထည့်သွင်းကစားခဲ့ပြီး ချယ်လ်ဆီးရဲ့ အနေအထားက မှန်းဆဖို့ ခက်နေတုန်းပါပဲ။ ဂျူဗီက အကောင်းကြီးမဟုတ်တာတောင်မှ သူတို့ ဂိုးတောင်မသွင်းနိုင်ခဲ့တာကတော့ ဆိုးရွားလွန်းပါတယ်။ အလွန်ဆိုအတွက်တော့ အချိန်ယူရဦးမယ့် အနေအထားပါပဲ။

ရာသီသစ်က မကြာခင် စတင်တော့မှာဖြစ်ပြီး အဲဒီမတိုင်ခင် အသင့်ဖြစ်နေဖို့က အရေးကြီးပါတယ်။ သိပ်တော့ မလွယ်လောက်ဘူးလို့ထင်တာပါပဲ။ အချိန်ယူရင်း၊ ပြင်ဆင်ရင်းနဲ့ပဲ ခရီးဆက်ရမယ့် အရိပ်အယောင်တွေ မြင်နေရပါတယ်။

နယူးကာဆယ်ပရိသတ်တွေအတွက်တော့ ဒီနွေရာသီဟာ ရင်ဘတ်ကို ဓားနဲ့မွှေခံရသလို နာကျင်စရာအကောင်းဆုံး၊ ရူးကြောင်ကြောင်တောင် ဖြစ်သွားရ...
05/08/2026

နယူးကာဆယ်ပရိသတ်တွေအတွက်တော့ ဒီနွေရာသီဟာ ရင်ဘတ်ကို ဓားနဲ့မွှေခံရသလို နာကျင်စရာအကောင်းဆုံး၊ ရူးကြောင်ကြောင်တောင် ဖြစ်သွားရလောက်အောင် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ငရဲခန်းတစ်ခုပါပဲ။

အသင်းရဲ့ အသက်သွေးကြောတွေ၊ အားထားရတဲ့ စစ်သည်တော်တွေ တစ်ယောက်ပြီး တစ်ယောက် ပြိုလဲထွက်ခွာကုန်ကြပါပြီ။ အဓိက တောင်ပံတိုက်စစ်ကစားသမား ဂေါ်ဒွန်က ရာသီဥတုသာယာတဲ့ ဘာစီလိုနာဆီကို ဦးတည်ပြေးသွားလိုက်တာ၊ အလယ်တန်းရဲ့ အင်အားစု တိုနာလီ ကလည်း စပါးအသင်းဆီ တန်းပြီး ကူးပြောင်းသွားလိုက်တာနဲ့ တင် နယူးကာဆယ် ပရိသတ်တွေရဲ့ ရင်တွေကွဲခဲ့ရပါပြီ။

အခု ထပ်ပြီး ကြားလိုက်ရတဲ့ သတင်းကတော့ ပိုပြီး ရင်ခေါင်းထဲ စူးဝင်သွားစေပါတယ်။ အသင်းရဲ့ နှလုံးသားနဲ့ အုပ်ချုပ်သူ ကပ္ပတိန်ကြီး ဘရူနို ဂီမာရေ့စ် ပါ အာဆင်နယ်ဆီကို ပြောင်းရွှေ့ခဲ့ပါပြီ။

နယူးကာဆယ်အသင်းရဲ့ တည်ဆောက်ရေး စီမံကိန်းကြီးတစ်ခုလုံးဟာ အုတ်မြစ်ကစလို့ ပြိုကျပျက်စီးသွားပါပြီ။ အကောင်းဆုံး ကစားသမားတွေကို ပြိုင်ဘက်တွေက လက်ဖက်ရည်သောက်ရင်း လာထုတ်သွားကြတာကို ကြည့်ပြီး နယူးကာဆယ်ပရိသတ်တွေမှာ ငိုစရာမျက်ရည်တောင် ကုန်ခမ်းသွားလောက်ပါပြီ ဗျာ!

အိမ်ခန်းကြီးတစ်ခန်းလုံး ဘောလုံးဂျာစီတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ ပရိသတ်တွေ ဘယ်လိုမှ အံ့ဩတကြီး မနေ...
05/08/2026

အိမ်ခန်းကြီးတစ်ခန်းလုံး ဘောလုံးဂျာစီတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြင်ကွင်းကို မြင်လိုက်တာနဲ့ ပရိသတ်တွေ ဘယ်လိုမှ အံ့ဩတကြီး မနေဘဲ မနေနိုင်တော့ပါဘူး။ နယူကာဆယ်ရဲ့ အလယ်တန်းလူ ဘရူနို ဂီမာရက်စ်ဟာ ဒီဂျာစီတွေကို သူ့အတွက် ရိုးရိုးအမှတ်တရပစ္စည်းတွေအဖြစ် မစုဆောင်းထားတာ သေချာပါတယ်။ ဒါဟာ ဘောလုံးသမိုင်းဝင် ပြတိုက်တစ်ခုအလား၊ ရွှေရောင်မှတ်တိုင်တွေ စုစည်းရာ သမိုင်းစာအုပ်ကြီးတစ်ခုအလား ပုံဖော်ထားတာပါ။

သူ့ရဲ့ ဂျာစီစုစည်းမှုကမ္ဘာကြီးထဲကို တိုးဝင်ကြည့်လိုက်မယ်ဆိုရင် -

မာစတာပိစ် အထူးအခန်း
ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်သီးအိုင်ကွန်တွေဖြစ်တဲ့ ပီလီ (Pele) နဲ့ နေမာ (Neymar) တို့ရဲ့ ဂျာစီတွေကို အထူးနေရာမှာ သီးခြားချိတ်ဆွဲထားတာဟာ ဘရူနိုရဲ့ ဘရာဇီးလ်မျိုးဆက်သစ်တစ်ဦးအနေနဲ့ ဂုဏ်ယူလေးစားမှုကို ပြသနေတာပါ။ ပြီးတော့ လီဗာပူးရဲ့ တံတိုင်း ဗန်ဒိုက် (Virgil)၊ စပါးရဲ့ ဂိုးသွင်းစက် ဆွန်ဟောင်မင် (Son)၊ မန်စီးတီးရဲ့ စွမ်းဆောင်ရည်မြင့် စတာလင် (Sterling) နဲ့ အာဆင်နယ်ရဲ့ တိုက်စစ်မှူး ဂါဘရီယယ် (Gabriel) တို့ရဲ့ ဂျာစီတွေကတော့ ခေတ်ပြိုင်ပြိုင်ဘက်တွေအပေါ် အပြန်အလှန် လေးစားမှုရဲ့ ပြယုဂ်တွေပါပဲ။

ဂျာစီတစ်ထောင် သမိုင်းကြောင်း
ဒီစုစည်းမှုမှာ ကြယ်ပွင့်တွေတင်မကဘဲ လီဗာပူးက ဒီယာဇ် (Diaz)၊ အက်စတွန်ဗီလာက ကော်တင်ဟို (Coutinho)၊ ဝက်စ်ဟမ်းက ပက်ကီတာ (Paqueta)၊ နယူးကာဆယ်က အစ်ဆက် (Isak)၊ မန်ယူက ဖရက်ဒ် (Fred)၊ အာဆင်နယ်က ဆာကာ (Saka) နဲ့ မာကွင်ဟို့စ် (Marquinhos) စတဲ့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားတိုင်းနီးပါးရဲ့ ဂျာစီတွေ ပါဝင်နေတာဟာ သူဖြတ်သန်းခဲ့ရတဲ့ စစ်မြေပြင်တိုင်းက လက်ဆောင်မွန်တွေပါပဲ။ ဘရူနိုဟာ ကွင်းထဲမှာ ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ရပေမယ့် ကွင်းပြင်ပမှာတော့ ဒီအားကစားနည်းကို ချစ်မြတ်နိုးမှုနဲ့အတူ ချစ်ကြည်ရေးကြိုးတွေ ခိုင်မြဲစွာ တည်ဆောက်ခဲ့သူဆိုတာကို သက်သေပြလိုက်တာပါပဲ။

ဒီမြင်ကွင်းဟာ ရိုးရိုးစုစည်းမှုတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ဘောလုံးလောကရဲ့ ဂန္ထဝင်သမိုင်းမှတ်တိုင်တွေ တစ်စုတစ်စည်းတည်း တည်ရှိနေတဲ့ တကယ့် ဘောလုံးကမ္ဘာကြီးငယ်လေးတစ်ခုပါပဲ။

မနေ့က ကစားခဲ့တဲ့ ထိုင်းကလပ် BG Pathum နဲ့ ပွဲမှာ ဗီလာက ၁-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂါနာချိုတယောက် ပရိသတ်တ...
05/08/2026

မနေ့က ကစားခဲ့တဲ့ ထိုင်းကလပ် BG Pathum နဲ့ ပွဲမှာ ဗီလာက ၁-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂါနာချိုတယောက် ပရိသတ်တွေ လှောင်ပြောင်ခံရမယ့် ဘောလုံးပေးပို့မှုကို လုပ်မိခဲ့လို့ ဆိုရှယ်မီဒီယာပေါ်မှာ အကြီးအကျယ် မျက်နှာပျက်နေရပါပြီ။

ပွဲချိန် ၂၂ မိနစ်မှာ ဗီလာက တိုက်စစ်ဆင်လာပြီး ဂိုးဧရိယာထဲမှာ အသင်းဖော်တဦးက ဂါနာချိုဆီကို ဘောလုံးပေးလိုက်ပါတယ်။ ဂါနာချိုက ဘောလုံးရပြီးနောက် ဘယ်ခြမ်းကို ပြန်ပေးလိုက်တာမှာ အသင်းဖော်တဦးမှ ရှိမနေခဲ့တာပါ။

အသင်းဖော်က အဲဒီဘက်ကို ပြေးထွက်လာမယ်လို့ သူက ထင်မှတ်ခဲ့တာပါ။ ဒါပေမယ့် တကယ်ဆိုရင် သူက ဘယ်ခြမ်းကို ဆွဲယူပြေးသွားလို့ရတဲ့ အနေအထားပါ။ အသင်းဖော်တွေက သူ အဲလိုလုပ်မယ် တွက်ခဲ့တာပါ။ ဒါပေမယ့် ဂါနာချိုကတော့ ပုံမှာမြင်ရတဲ့အတိုင်း ဆက်မဆွဲဘဲ ဘယ်သူမှမရှိတဲ့နေရာဆီ ပေးမိခဲ့တာ ဖြစ်ပါတယ်။

ဂျွန်အိုဘီမီခေးလ် : "သူ [အာလွန်ဆို] ဘယ်လို ကစားမှာလဲ? သူက နောက်တန်း သုံးယောက်နဲ့ ကစားမှာလား၊ ဒါမှမဟုတ် ၄-၃-၃ နဲ့ ကစားမှာ...
04/08/2026

ဂျွန်အိုဘီမီခေးလ် : "သူ [အာလွန်ဆို] ဘယ်လို ကစားမှာလဲ? သူက နောက်တန်း သုံးယောက်နဲ့ ကစားမှာလား၊ ဒါမှမဟုတ် ၄-၃-၃ နဲ့ ကစားမှာလား၊ ဒါမှမဟုတ် ၄-၄-၂ နဲ့ ကစားမှာလား? ဘာလို့လဲဆိုတော့ လီဗာကူဆင်မှာ သူကစားခဲ့တဲ့ပုံစံအတိုင်း ရှာဘီ အလွန်ဆိုကို သိထားလို့ပါ၊ အဲဒါကြောင့်လည်း သူ အောင်မြင်ခဲ့တာလေ။ မက်ဒရစ်မှာ သူ ကစားကွက်စနစ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

ဒါဆို သူ ချယ်လ်ဆီးကို ရောက်လာပြီး နောက်တန်း သုံးယောက်နဲ့ ကစားဖို့ ကြိုးစားမှာလား? အဲဒါက ကျွန်တော်တို့ ကစားနေကျ ပုံစံမဟုတ်ဘူးလေ။ မန်ချက်စတာယူနိုက်တက်မှာလည်း အတူတူပဲ ဖြစ်ခဲ့ပါတယ်။ ရူဘင် အာမိုရင် အဲဒီကို ရောက်သွားတဲ့အခါ လူတိုင်းက နောက်တန်း သုံးယောက်ဆိုတာ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားဟန် မဟုတ်ဘူးလို့ ပြောကြတယ်။ လူတွေက ပြောင်းလဲရမယ်၊ တိုက်စစ်ဆင်တဲ့ ကစားဟန်နဲ့ ကစားရမယ်လို့ ပြောကြတာပေါ့။

အခု ရှာဘီ အလွန်ဆိုက အဲဒီလို လုပ်မှာလား? သူက နောက်တန်း သုံးယောက်နဲ့ပဲ ဆက်ကစားမှာလား၊ ဒါမှမဟုတ် လေးယောက်နဲ့ပဲ ပြောင်းကစားမှာလား? ဘာလို့လဲဆိုတော့ ကျွန်တော် ချယ်လ်ဆီးပရိသတ်တွေကို သိနေလို့ပါ။ နောက်တန်း သုံးယောက်နဲ့ ကစားပြီး ဘောလုံးကစားပုံက စိတ်လှုပ်ရှားစရာ မကောင်းဘူးဆိုရင် သူတို့ အားပေးလက်ခံကြမှာ မဟုတ်ဘူး။"

ချဲလ်ဆီးနောက်ခံလူ ချာလိုဘတ်ချ်ကို ပေါင် ၃၁ သန်းနဲ့ ကိုမိုအသင်း ခေါ်ယူ ================================စီးရီးအေကလပ် ကိုမိ...
04/08/2026

ချဲလ်ဆီးနောက်ခံလူ ချာလိုဘတ်ချ်ကို ပေါင် ၃၁ သန်းနဲ့ ကိုမိုအသင်း ခေါ်ယူ
================================
စီးရီးအေကလပ် ကိုမိုအသင်းဟာ ချဲလ်ဆီးနောက်ခံလူ ချာလိုဘတ်ချ်ကို ပေါင် ၃၁ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ချာလိုဘတ်ချ်ဟာ ကိုမိုနဲ့ ရေရှည်စာချုပ်ချုပ်မှာဖြစ်ပြီး နည်းပြ ဖာဘရီဂတ်စ်ရဲ့အသင်းမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ပါဝင်သွားမယ်လို့ မျှော်လင့်ထားပါတယ်။

ကိုမိုကလည်း ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၄ ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့အသင်းပါ။

ချဲလ်ဆီးဟာ ဒီအပြောင်းအရွှေ့အတွက် ကနဦး ပေါင် ၂၅.၇ သန်းရမှာဖြစ်ပြီး အခြေအနေအလိုက် ထပ်ဆောင်းကြေးအနေနဲ့ ၅.၁ သန်း ထပ်ရနိုင်ပါတယ်။

ဒီအပြောင်းအရွှေ့က ချဲလ်ဆီးတောင်းထားတဲ့ ပေါင် ၃၀ သန်း + အပိုဆုကြေး ၅ သန်းနဲ့နီးစပ်ပါတယ်။ ဇွန်လအစောပိုင်းကတည်းက ကမ်းလှမ်းမှုတွေ ရှိခဲ့ပြီး အင်တာမီလန်လည်း ချာလိုဘတ်ချ်ကို စိတ်ဝင်စားခဲ့ပါတယ်။

ဖာဘရီဂတ်စ်ဟာ ချာလိုဘတ်ချ်ကို အရမ်းလိုချင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆ လကျော်ကတည်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

ချာလိုဘတ်ချ်ဟာ ငယ်ငယ်လေးကတည်းက ချဲလ်ဆီးအကယ်ဒမီကနေ တက်လာသူဖြစ်လို့ အသင်းမှာ နှစ် ၂၀ နီးပါး နေခဲ့ပြီးမှ အခု အသင်းဟောင်းကို နှုတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ချဲလ်ဆီးအသင်းရဲ့ လူစာရင်းလျှော့ချရေးအစီအစဉ်ထဲက တစ်ခုပါ။ နည်းပြသစ် အလွန်ဆိုအတွက် အသင်းကို ပိုမိုကျစ်လစ်အောင် ပြင်ဆင်နေတာပါ။

ချဲလ်ဆီးဟာ ပဲလေ့စ်နောက်ခံလူ လာခရိုက်စ်ကိုလည်း ပေါင် ၅၂ သန်းနဲ့ ခေါ်ထားပြီးသားပါ။ ဒါကြောင့် နောက်တန်းမှာ ကစားသမားတွေ များပြားနေပါတယ်။

မိုင်ခိုင်လို မူဒရစ်ခ်ဟာ လ၂၀ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။
04/08/2026

မိုင်ခိုင်လို မူဒရစ်ခ်ဟာ လ၂၀ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။

Address


Website

Alerts

Be the first to know and let us send you an email when မောင်း၅၅၆ ဒိုင်ချုပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share