TNN For You

TNN For You hello.

14/11/2025

မင်္ဂလာရှိသော ညချမ်းလေး၌
ပြဿနာ ကင်းသော နား၊
ငြိမ်းချမ်းသော နှလုံးသားများနဲ့
ကောင်းမွန်စွာ အိပ်စက်
အနားယူ နိုင်ကြပါစေ။

14/11/2025

ရုပ်ရှင် ဇာတ်ကားတစ်ခုထဲမှာ
ဗီလိန်က လူရှုပ် လူပွေ ၊
သူက မင်းသမီးကို ခြေတော်တင်လိုက်တယ်။

မင်းသမီးက သူ့ကိုပြောတယ်။
" ရှင်က အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူပဲ "

ဒီအခါ ဗီလိန်က ဒီလို ပြန်ပြောတယ်။
" အိုင်ဖြစ်နေလို့ ခြေဆေးတာပေါ့ကွ ၊ မင်းသာ ရေအိုးစင်က ရေဆိုရင် ငါခြေဆေးပါ့မလား " တဲ့။

ဒီစကားဟာ အမျိုးသမီးတိုင်းကို အသိဝင်စေသောစကား ။

ဟုတ်ပေ၏ ။

ကိုယ်က လမ်းဘေးက ရေအိုင် ဖြစ်နေရင်
ကြုံတဲ့လူက ခြေဝင်ဆေးသွားမှာပဲ။

ရေအိုးစင်က ရေဆိုရင် ဘယ်သူမှ ခြေဝင်ဆေးရဲမှာ မဟုတ်ပါဘူး။

ဒါကြောင့် အမျိုးသမီးတိုင်း ကိုယ့်ဘဝကို
တန်ဖိုးထားပါ ၊ ကိုယ်ရဲ့ အိန္ဒြေ သိက္ခာ စည်းရိုး ကို မြှင့်တင်ပါ။

ဒါမှလည်း တော်ယုံ ယောကျာ်း မစမ်းရဲ ၊ မစရဲတဲ့ အဖိုးတန် အမျိုးမှန်တဲ့ အမျိုးကောင်းသမီးလေး ဖြစ်လာပါလိမ့်မယ်။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

#စာပေ
#လူငယ်
#စိတ်ခွန်အား

14/11/2025

မေမေ့ အတွက် ပန်းတစ်ခက် (ပညာပေး ပုံပြင်)

14/11/2025

ဘာတွေ တွေးပူနေတာလဲ ကောင်လေး

အတိတ်ဆိုတာ ပြီးသွားပြီ၊
ဝမ်းနည်းနေလည်း အပိုပဲ။

အနာဂတ်ဆိုတာ ရောက်မလာသေးဘူး၊
တွေးပူနေလည်း အပိုပဲ။

အကောင်းဆုံးနဲ့ အသေချာဆုံးက
ပစုပ္ပါန်ဆိုတဲ့ လက်ရှိ အချိန်ပဲ။

ဒါကြောင့် လုပ်စရာရှိတဲ့ အလုပ်ကို
အခုပဲ လုပ် ၊ ကြိုးစားစရာရှိရင် အခုပဲ ကြိုးစား။

ဒါအကောင်းဆုံးနဲ့ အရိုးရှင်းဆုံး
အောင်မြင်ရေး နည်းလမ်းပဲ။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

#စာပေ
#လူငယ်
#စိတ်ခွန်အား

14/11/2025

ကံဇာတာမြင့်စေသော အလှူ ( ၇ ) မျိုး

13/11/2025

အမျိုးသမီးတွေ အတွက်
ဝဠ်ကြွေး အကြီးဆုံးအချိန်

၁. အမြဲတစေ အ-ရက် သေ-စာ သောက်စား
မူးရူးနေတတ်တဲ့ ယောကျာ်းမျိုးကို
ပိုင်ဆိုင်ထားရခြင်း။

၂. မိမိဘက်က အနေမှန်လျှက်နဲ့
ရန်မရှိရန်ရှာ ပြဿနာ ရှာပြီး
ကျန်းမာရေးထိခိုက်အောင် စိတ်ဒုက္ခပေးတဲ့
ယောကျာ်းမျိုးကိုပိုင်ဆိုင်ထားရခြင်း။

၃. အမြဲ ဆဲ-ဆို ကြိမ်းမောင်းပြီး ခြေပါလက်ပါ
လုပ်တတ်တဲ့ယောကျာ်းမျိုးကို
ပိုင်ဆိုင်ထားရခြင်း။

၄ . ဖောက်ပြန်တတ်တဲ့ ယောကျာ်းမျိုးကို
ပိုင်ဆိုင်ထားရခြင်း။

၅. ဖဲရိုက် ၊ ​ကျွဲတိုက် စတဲ့ လော-င်းကစားမျိုးစုံကို
စွဲလမ်းစွာ ဆော့ကစားတတ်တဲ့ ယောကျ်ား
မျိူးကို ပိုင်ဆိုင်ထားရခြင်း။

စတဲ့ယောကျာ်းမျိုးကို လက်မလွှတ်နိုင်ပဲ စိတ် ဆင်းရဲခံပြီးဖက်တွယ်နေရတဲ့အချိန် အမျိုးသမီးတစ်ယောက်အတွက် ဝဋ်ကြွေး အကြီးဆုံးအချိန်တွေ ဖြစ်ပါတယ်။

#စာပေ
#လူငယ်
#အိမ်ထောင်ရေး

13/11/2025

" အလုပ်လုပ်နေသူတွေက ၊ သူတပါးကို "
" လိုက်ကြည့်နေဖို့ အချိန်မရှိဘူး "

ကိုယ့်ဘဝ အောင်မြင်ရေး အတွက်
တစိုက်မတ်မတ် ကြိုးစားနေတဲ့သူက
တခြားသူတွေ ဘာလုပ်နေတယ် ၊
ဘာတွေ ပြောနေတယ် ၊
ဘာတွေပိုင်ဆိုင်နေတယ် ဆိုတာကို
လိုက်ကြည့်နေဖို့ အချိန် မရှိတော့ဘူး။

သူတို့ရဲ့ အတွေးထဲမှာ ဘဝအောင်မြင်
တိုးတက်ဖို့အတွက် ဘာပြီးရင် ဘာလုပ်ရမယ် ၊
ဘယ်လို အရာတွေလေ့လာရမယ် ၊
ဘယ်လို လူတွေနဲ့ တွေ့ဆုံပေါင်းသင်းရမယ်
ဆိုတဲ့ အရာတွေကိုပဲ အမြဲစဥ်းစားပြီး
တစိုက်မတ်မတ် လုပ်နေရတာကြောင့်
တခြားသူတွေအကြောင်း ပြောဖို့ ၊ တွေးဖို့နဲ့
တခြားသူတွေကို လိုက်ကြည့်နေဖို့
အချိန် မရှိတတ်ကြဘူး။

ဒါကြောင့် သူတပါးကို အချိန်ပြည့် လိုက်ကြည့်နေ ၊
မနာလိုစိတ်နဲ့ အတင်းပြောနေတတ်သူတွေဟာ
သူတို့ကိုယ်တိုင်လည်း အစွမ်းအစမရှိ ၊
အစွမ်းအစရှိသူတွေ တိုးတက်အောင်မြင်သွားတာကိုလည်း မနာလို မရှုစိမ့်နိုင်ဖြစ်နေသူတွေသာ ဖြစ်ကြပါတယ်။

ဒီလိုလူတွေဟာ ကိုယ်အလှမ်းမမှီတဲ့ အပင်ပေါ်က စပျစ်သီးကို ချဥ်တယ် ပြောတတ်တဲ့ ပုံပြင်ထဲက မြေခွေးပမာ လူတွေပါပဲ။

ဒီလို လူတွေရဲ့ ဝေဖန်သံတွေ ၊ မနာလိုမှုတွေကို ဂရုမစိုက်ပဲ ကိုယ်လမ်းကိုယ် လျောက်ပါ၊
ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ၊

လုပ်ရပ်မရှိ ၊ အပြောလောက်ပဲ ရှိသူတွေဟာ
ပြောလို့ မောရင် ရပ်သွားပါလိမ့်မယ်။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

#စာပေ
#လူငယ်
#စိတ်ခွန်အား

13/11/2025

" တန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါ "
********

တချို့လူတွေရှိတယ် 😩
ငြိမ်ခံနေတုန်းက မမြင်ဘူး
ထပြောမိမှ ကိုယ်ကစွာတယ်
ဆိုတာမျိုး ။

တချို့လူတွေရှိတယ် 😩
ခေါင်းပေါ်တတ်နင်းခံရတာမသိဘူး
ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ် ဆိုတာမျိုး ။

တချို့လူတွေရှိတယ် 😩
မသိချင်ယောင်ဆောင်နေတာကို
အားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်းကြီး
ဆိုတာမျိုး ။

တချို့လူတွေရှိတယ် 😩
တသက်လုံးသည်းခံလာတာကို
မစာနာကြဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူး
ဆိုတာမျိုး ။

တချို့လူတွေရှိတယ် 😩
အတွင်းစိတ်ကိုမြင်အောင်မကြည့်
တတ်ကြဘူး
အပေါ်ယံ ကောင်းပြတာကိုမှ
အဟုတ် ထင်တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် 😩
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်
ကြဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ
အမှန် အကန်ထင် တတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် 😩
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး
ဘယ်သူ​ေ*သ ​ေ*သ ငတေမာရင်ပြီးရော
စိတ်နဲ့ တဖက်သားစိတ်ကို
ထိခိုက်နာ-ကျင်အောင် လုပ်ပစ်ကြတာမျိုး ။

တချို့လူတွေရှိတယ် 😩
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး ။

တချို့လူတွေရှိတယ် 😩
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တပါးသူ လုပ်လိုက်မှ
ဝေဖန်ရေး လုပ်တတ်တာမျိုး ။

တချို့လူတွေရှိတယ် 😩
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့
သက်သက်လူဖြစ်လာတာမျိုး ။

ဒါကြောင့်အကောင်းမြင်စိတ်
အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ
အသက်ရှင်နေတဲ့ တချို့လူတွေအတွက်
စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး
ဥပေက္ခာနဲ့ တန်တဲ့သူတွေကို
ဥပေက္ခာတရားနဲ့ပဲ တန်ရာတန်ရာပဲ
ဆက်ဆံ ပေးလိုက်ပါ။

မူယင်းရေးသားသူအား လေးစားစွာဖြင့်

#စာပေ
#လူငယ်
#လူ့သဘော

13/11/2025

မင်္ဂလာရှိသော နံနင်ခင်းလေးမှစ၍
နေ့သစ်တစ်ခုကို မင်္ဂလာရှိစွာ
စတင်နိုင်ကြပါစေ 🙏🙏🙏🙏🙏

12/11/2025

ဘဏ်က မထွက်ခင် ပိုက်ဆံ ရေဖို့ မပျင်းနဲ့။

သူတပါး အိမ်ကို အကြောင်းကြီးငယ် မရှိပဲ
ဧည့်သည် သွားမလုပ်နဲ့။

အပြင်သွားတဲ့အခါ ပတ်ဝန်းကျင်ကို
သတိ မပြတ်စေနဲ့။

ရွှေထည် နဲ့ အဖိုးတန် ပစ္စည်းတွေကို
မလိုအပ်ပဲ ထုတ် မကြွားနဲ့။

ဘဏ်အကောင့် ၊ မှတ်ပုံတင် ၊ ယာဥ်မောင်းလိုင်စင် ၊ passport စတဲ့ အရေးကြီးအချက်အလက်တွေကို Social Media မှာ မတင်မိစေနဲ့။

အခုမှ စတင် ရင်းနှီးသူ ၊ နောက်ခံ အကြောင်း သေချာမသိရသူတွေနဲ့ ငွေရေးကြေးရေး မပတ်သတ်မိစေနဲ့။

မိမိရဲ့ ငွေကြေး ၊ အရေးကြီး စာရွက်စာတမ်းတွေ သိုဝှက် သိမ်းဆည်းရာနေရာတွေကို မိမိ မိသားစုမှ လွဲ၍ တခြားသူစိမ်းများကို မသိရှိစေနဲ့။

ရင်းနှီးသော မိတ်ဆွေများမှ ငွေကြေး ချေးငှားသည့်အခါ Video call ခေါ်ခိုင်းပါ၊ Ai ဖြင့် Face change ထားသည်ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ အချိန်အနည်းငယ်ကြာကြာ စကားပြောပါ။ ထိုမှ မလုံလောက်သေးလျှင် လူချင်းတွေ့မှ ငွေချေးငှားမည့် အကြောင်းပြောပြပါ။

အပြင်သွားလျှင် အရေးပေါ်ခေါ်ဆိုနိုင်ရန်အတွက် ဖုန်းဘေဖြည့်ထားဖို့ မမေ့ပါနဲ့။

အပြင်ရောက်နေသည့်အခါ နာရီဝက်ခြားတစ်ခါ ၊ သို့မဟုတ် တစ်နာရီခြား တစ်ခါခန့် မိမိဘယ်နေရာ ရောက်နေသည်ကို စာပို့ထားပါ။

ကာလဆိုးကြီး၌ အသက်ကို ဥာဏ်စောင့်၏ ၊
ဥစ္စာကို ကံစောင့်​ လေ၏။

လေးစားစွာဖြင့် သားညီ
TNN LIFE Channel.

#စာပေ
#လူငယ်
#အသိသတိ

Address


Website

Alerts

Be the first to know and let us send you an email when TNN For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share