
07/08/2023
ဘဝမှာ မတန်တာတွေရှိတယ်✅
▷ရန်ဖြစ်ဖို့ မတန်တာတွေ...
▷ရှင်းပြဖို့ မတန်တာတွေ...
▷ပြုံးပြဖို့ မတန်တာတွေ...
▷ပေးဆပ်ဖို့ မတန်တာတွေ...
▷ခင်မင်ဖို့ မတန်တာတွေ...
▷ချစ်မြတ်နိုးဖို့ မတန်တာတွေ...
▷သတိရဖို့ မတန်တာတွေ...
▷အများကြီးဆို အများကြီးရှိတယ်...
♦️တစ်ခါတစ်လေကျရင်တော့
ကိုယ့်အတွက်.....တန် မတန်
စဉ်းစားဖို့လိုတယ်တဲ့
♦️အခုနောက်ပိုင်း
ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ရော
နေရာပေးဖို့ရော ခံစားနေဖို့ရော
မတန်တာမို့ ကိုယ်က
မတန်တဲ့အရာတော်တော်များများကို
ဥပေက္ခာပဲ ပြုထားလိုက်တော့တယ်
♦️အဲ့တာကြောင့် တစ်ခါတစ်လေ
ရန်လာလုပ်သူတွေ၊ တိုက်ခိုက်သူတွေကို
ပြန်ရန်လုပ်ဖို့၊ ပြန်ပြောဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့
ဥပေက္ခာပြုတတ်လာတယ်
♦️မတန်ပါဘူး.......တကယ်ကို မတန်တာပါ
♦️မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...
ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်.....
Credit- To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်.....