Breaking News Club

  • Home
  • Breaking News Club

Breaking News Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Breaking News Club, Media/News Company, .

(ဓာတ်ပုံသတင်း)ပြည်သူများပေးတဲ့ ထောက်ပံ့ကူညီငွေနဲ့ YGF-ရေးပြောက်ကျားတပ်ဖွဲ့က 250,000bahts ( ဘတ် ၂ သိန်း ၅ သောင်း) တန်ဖိုး...
24/08/2023

(ဓာတ်ပုံသတင်း)
ပြည်သူများပေးတဲ့ ထောက်ပံ့ကူညီငွေနဲ့ YGF-ရေးပြောက်ကျားတပ်ဖွဲ့က 250,000bahts ( ဘတ် ၂ သိန်း ၅ သောင်း) တန်ဖိုးရှိ R***R- 308 စနိုက်ပါ တစ်လက်ကို ဇူလိုင်လထဲက ဝယ်ယူထားပြီးဖြစ်တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီကားကို PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်+++++++++++++++သြဂုတ် ၂၄ မကွေးတိုင်း၊ ပခုက္ကူမြ...
24/08/2023

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီကားကို PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်
+++++++++++++++
သြဂုတ် ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိိုင်းခြုံ ကျေးရွာက ထွက်လာတဲ့ စစ်တပ်ရဲ့ ကားတစ်စီးကို PDF ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UGက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ပန်းတိုင်းခြုံ ကျေးရွာကနေ ပခုက္ကူမြို့ကို ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့​တာဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Shwe Nyar Myae PDFနှင့် Young Force(UG)ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ရဲတပ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရန်ကုန်၊ သြဂုတ် ၂၄စစ်ကို...
24/08/2023

ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ရဲတပ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ရဲတပ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ရဲတပ်သားတစ်ဦးသည် ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့ ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်သားသည် အူစီ ၁ လက်၊ G3 ၁ လက်၊ ကျည်ဘောက် ၁ ခု ၊ 7.62 ကျည် ၁၀ တောင့်၊ 9mm ကျည် ၉ တောင့်နှင့်အတူ စကားပြောစက် ၁ လုံး ယူဆောင်လာကြောင်း သိရှိရသည်။

ပထမအကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဒုတိယအကြိမ်တွင် အောင်မြင်စွာ CDM ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့အနေဖြင့် အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို ဆုကြေးငွေများ ချီးမြှင့်ရန် ရန်ပုံငွေ လိုအပ်နေသောကြောင့် ပြည်သူများ အလှူငွေ ထည့်ဝင်လှူဒါန်းပေးကြပါရန် အကူအညီ တောင်းခံထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်သမန်းကျားတပ်ဖွဲ့ထံ အလှူငွေများထည့်ဝင် လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ဆားလင်းကြီးမြို့နယ် သမန်းကျားတပ်ဖွဲ့နှင့် ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ Pgae CB တွင် လာရောက် လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တ...
24/08/2023

ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Alpha Bats Fixed wing drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၃ တပ်ရင်း ကို KNDO တပ်ရင်း ၆ drone အဖွဲ့၊ KNLA တပ်ရင်း ၁၇ နှင့် Alpha Bats Fixed wing drone အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊တွင် မိန်းမခိုးလာသော ရဲ ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F ထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းမှ ရဲ များသည် ကျောက်ကုန်းရွာမှ ကင်းလှည့်ပြီး မိန်းမခိုးကာ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာစဉ် ကံစုသင်္ချိုင်း ကုန်းအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပွဲချင်းပြီး သေဆုံး ပြီး ရဲနောက်ခိုးရာလိုက်ပြေးလာသည့် အမျိုးသမီးတစ်ဦးနှင့် ရဲတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ်နှစ်စီးလဲပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ (နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများသည် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြည်သူများလွတ်လပ်စွာ သွားလာခွင် လုပ်ကိုင်စားသောက်ခွင့်များကို ဖျက်ဆီးနေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောက်နောင်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ပြုလုပ် နေပါက နည်မျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မုံရွာမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့်  ဓားပြအုပ်စုကို NUG အစိုးရ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃ ခု...
24/08/2023

မုံရွာမြို့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဓားပြအုပ်စုကို NUG အစိုးရ တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃ ခု ဖြင့် တရားစွဲ ဆိုမည်

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် လက်နက်ကိုင် ဓားပြ အုပ်စုကို NUG အစိုးရ တရားရုံးတွင် တရားစွဲဆိုမည်ဖြစ် ကြောင်း မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တရားဝင်သတင်း ထုတ်ပြန် သည်။

ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် မုံရွာမြို့ ထန်းတောကျွန်းဆွယ် ရပ်ကွက်၊ နယ်မြေ ၄ ရှိ နေအိမ် တစ်လုံးအတွင်းသို့ လက်နက်ကိုင်လူတစ်စုက ဝင်ရောက် ဓားပြတိုက်စဉ် ကိုယ်ဝန် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အဆိုပါ လူသတ်မှု ကျူးလွန်သူ ဓားပြအုပ်စုကို မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖမ်း ဆီးကာ အမှုတည်ဆောက်ခဲ့ကြောင်း၊ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ၊ ၃၉၆ ၊ ၃၉၇ ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။

“ဒီပြသနာက ဘယ်ကစလဲဆိုတော့ အာဏာသိမ်းစစ်တပ်က သူအာဏာ စသိမ်းလိုက်တာနဲ့ ခိုးဆိုးနှိုက် တွေ၊ ရာဇဝတ်သားတွေကို လွှတ်ပေးတယ်ဗျာ၊ လွှတ်ပေးပြီးတော့ နိုင်ငံရေးသမား၊ ကျောင်းသား ၊ တော်လှန်ရေးသမားတွေကို ထောင်ထဲမှာ မတရားဖမ်းထည့်တယ်၊ တိုင်းပြည်ကို ကမောက်ကမဖြစ် အောင်၊ မတည် မငြိမ်ဖြစ်အောင်လုပ်တာက အာဏာသိမ်းစစ်တပ်ဗျ၊ အခုချိန်မှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ လက်ပါးစေ ရဲတို့၊ စစ်သားတို့ဆိုတာကလည်း PDF ဖမ်းဖို့ လောက်ပဲ အာရုံစိုက်တယ်၊ ခိုးဆိုး နှိုက်တွေဆိုရင် လွှတ်ကိုထားတာဗျ၊ မဖမ်းဘူး။ ဆိုတော့ ရပ်ရွာမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ တရားဥပဒေ စိုးမိုး မှု၊ လုံခြုံမှုကတော့ တကယ့်ကို Zero Level အထိကို ရောက်နေတဲ့ အခြေ အနေ ပေါ့၊ ဒီအခြေအနေမှာ တဖက်ကလည်း စစ်ဖြစ်နေတဲ့ စစ်ဇုန်၊ စစ်ကိုင်း တိုင်း ဆိုတာ စစ်ဇုန်ပဲ၊ စစ်ဇုန်မှာနေရတဲ့ အ ခါကျတော့ လက်နက်တွေ က လည်း လက်တစ်ကမ်းမှာရှိနေတာ၊ပြည်သူတွေရဲ့ လုံခြုံရေးအနေအထား ကတော့ တကယ့်ကို ဆိုးဆိုးဝါးဝါးကြုံတွေ့နေရတဲ့အနေအထားရှိပါတယ်” ဟု စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်း ပြည်သူဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ သုံးသပ်ပြောကြားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သူများမှာ ကျွဲကြီး(ခ)ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း ၊ အောင်ကြီး(ခ)အောင်မြင့်ခိုင်၊ ဘဂျမ်း(ခ)ကျော်သူစံ၊ တက်တူး (ခ)မိုးမင်းထက် ၊ ကရင်(ခ) အောင်ဆန် ဦး၊ ကျားလေး(ခ) ဝင်းမင်း ထက် တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တော်လှန်ရေး ရည်ရွယ်ချက် မဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများကို တားဆီးရန်၊ ရှုတ်ချ ရန် လိုအပ်ကြောင်း စစ်ကိုင်း ဖိုရမ်၊ စစ်ကိုင်း ပြည်သူဖေးမကူကွန်ရက် လုပ်ငန်း အဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေ သုံးသပ်ပြောဆိုသည်။

“အကြံပြုချင်တာက လက်နက်တွေ မတရားပျံ့နှံနေတဲ့ ကိစ္စသည်လည်း မကောင်းဘူး၊ တိုင်းပြည် မတည်မငြိမ်နဲ့ စစ်ဖြစ်နေတဲ့အခြေအနေမှာ တောမီး လောင် တောကြောင်လက်ခမောင်းခတ် ဆိုတာမျိုး ရာဇဝတ်သားတွေအနေနဲ့ ထကြွ ကြတာတွေလည်းရှိတယ်၊ဆိုတော့ ကိုယ့်ဒေသတွင်းမှာရှိတဲ့ မုံရွာ ဆို လည်း မုံရွာပေါ့၊ ဒီမှာရှိတဲ့ MOD အောက်ကတပ်ရင်းတွေရှိမယ်၊ MOD နဲ့ မချိတ် ဆက်သေးတဲ့ Local တွေလည်း ရှိမယ်၊ ဒီလိုအဖွဲ့တွေကို စာရင်းပြုစု ထားပြီးတော့ ဒါကတော့ တော်လှန်ရေးတပ်ဖွဲ့စသည်ဖြင့် အဓိကတော့ ဖား လား၊ ငါးလားကွဲအောင် တော်လှန်ရေးဘက်သားတွေက အချင်းချင်း စာရင်းတွေ လုပ်ထားဖို့လိုမယ်၊ ပြီးတဲ့အခါကျတော့ တော်လှန်ရေးရည်ရွယ်ချက်မဟုတ်ဘဲနဲ့ အခြားလက်နက်ကိုင် တာကိုလည်း ရှုတ်ချဖို့လိုမယ်၊ တားဆီးဖို့လိုမယ်၊ ဘာ ကြောင့် လဲဆိုတော့ နိုင်ငံရေးအခြေမခံဘဲ လက်နက် ကိုင်တာထက်စာရင် လက် နက်မကိုင်တာက ပိုကောင်းတယ်၊ ဒီအခြေအနေကိုလည်း အမြန်ထိန်း ကွပ်ဖို့ လို မယ်၊ ဒါဆိုရင်တော့ အခုလိုမျိုး စိတ်မချမ်းမြေ့ဖွယ်ရာ စိတ် မကောင်း စရာသတင်းဆိုးတွေ လျော့ပါး သွားနိုင်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြော ဆို သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော  အဆိုတော် ဗျူဟာကိ...
24/08/2023

ဒေါ်အောင်ဆန်းစုကြည် နှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံး မကျဟု လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သော အဆိုတော် ဗျူဟာကို စစ်တပ်က ထောင်ဒဏ်နှစ် ၂၀ ချမှတ်မှု အငြိုးကြီးမှုကို ပြသဟု ဆို

ရန်ကုန်၊ဩဂုတ် ၂၄

ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက်သည့် အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံးမကျဟု လူမှုကွန်ရက်တွင် ဗီဒီယို လွှင့်တင် ပြောဆိုသော အဆိုတော် ဗျူဟာကို စစ်တပ် က ယမန်နေ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်မှုသည် တရားဥပဒေကို လိုသလို သုံး၍ အငြိုးတကြီး ပြစ်ဒဏ်ပေးမှုဟု ရှေ့နေတချို့က ဝေဖန် ပြောဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သော တေးရေးဆရာ နိုင်မြန်မာ၏ သားဖြစ်သူ အဆို တော် ဗျူဟာက မေလ ၂၃ ရက်နေ့တွင် မီးမမှန်၍ ပြည်သူများ ဒုက္ခရောက် နေရသည့်ကိစ္စကို သူ၏ ဖေ့ဘုတ်စ် လူမှုကွန်ရက်မှ Live လွှင့်ပြောပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် တရားဝင် ရေးသားဖော် ပြခဲ့သည်။

"ငါ့ မိန်းမလေးနေမကောင်းဖြစ်နေတာပဲ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ် ဆိုပြီး... အခုတော့ နှစ် 20 ​တဲ့လား ဘာများလုပ်မိလို့ပါလဲ" ဟု အဆိုတော် ဗျူဟာ ၏ ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုတော် ဗျူဟာက မီးမှန်အောင် မပေးနိုင်သည့် မင်းအောင်လှိုင်၏ စောက် သုံး မကျပုံကို လူမှုကွန်ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူလည်းဖြစ်သည်။

"အဘွားကြီးက ၅ နှစ်ပဲ အုပ်ချုပ်သွားတယ်။ အဘွားကြီးလက်ထက်မှာ ငါတို့ မီးကို ၅ နှစ် မှန်တဲ့အပြင် မီတာခတောင် လျှော့ပေးလိုက်သေးတယ်။ မင်းတို့ အဲဒီအဘွားကြီးရဲ့ ထမိန်ပဲ ခေါင်းပေါ် စွပ်ထားလိုက်ဦး၊ အဲဒီအဘွားကြီးရဲ့ ခြေရာပဲ လိုက်နင်းဦး။ မင်းတို့စောက်ရှက်မရှိဘူး။ စောက်အရည်အချင်းမရှိတာ။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်က ဂြိုလ်ကျိုးနားရွက်ပဲ့ပဲ။ ငါလို စောက်ရူးကို မင်းတို့ဒီတိုင်းပြည်မှာ ရှင်ဘုရင် လုပ်ပါဆိုပြီး အုပ်ချုပ်ခိုင်းရင် တောင် ဒီတိုင်းပြည်ကလူတွေ မီးမှန်နေရမယ်ကွာ ငါကတိပေးတယ်" ဟု အဆိုတော်ဗျူဟာက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုခဲ့သည်။

ရန်ကုန်မြို့အခြေစိုက် တရားလွှတ်တော် ရှေ့နေတစ်ဦးကမူ မီးမမှန်၍ ဝေဖန်မှု သည် သာမန် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ သာ မြောက်နိုင်ပြီး ထောင် ဒဏ် နှစ် ၂၀ ချမှတ်သည်အထိ ပြင်းထန်သော ပုဒ်မများဖြင့် တရားစွဲ ဆိုမှုမှာ အငြိုးတကြီးဖြင့် တရားဥပဒေကို တလွဲအသုံးချမှုအဖြစ် သုံးသပ် ပြောဆိုသည်။

"မီးမမှန်လို့ မမှန်ဘူးပြောတာက ပြစ်မှု မဟုတ်ဘူး။ ကြံဖန် တရားစွဲရင်တောင် ပုဒ်မ ၅၀၅ လောက်ပဲ။ အလွန် ဆုံးချ ထောင်ဒဏ် ၃ နှစ်ပေါ့။ အခုတော့ ထောင် ဒဏ် နှစ် ၂၀ ဆိုတော့ ပုဒ်မ ၁၂၄ (က) တို့ အီလက်ထရောနစ် ဥပဒေတို့ အသုံးပြု ပြီး ထောင်ဒဏ် ပြင်းပြင်းထန်ထန်ချတာပဲ။ တရားဥပဒေကို လိုသလို သုံးပြီး အငြိုးတကြီးနဲ့ကို လုပ်တာဗျ။ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံး တဲ့ လက္ခဏာပဲ" ဟု ရန်ကုန် တရား လွှတ် တော်ရှေ့နေက ပြောဆိုသည်။

တေးသံရှင် ဗျူဟာသည် ဟစ်ဟော့အဆိုတော်ဖြစ်ပြီး နာမည်ကြီး တေးရေး ဆရာ နိုင်မြန်မာ၏ သားလည်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ရ+++++++++++++++ဩဂုတ် ၂၃ ထိုင်းဝန်ကြီးဟောင်းသ...
24/08/2023

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ရ
+++++++++++++++
ဩဂုတ် ၂၃

ထိုင်းဝန်ကြီးဟောင်းသက်ဆင်ဟာ ထိုင်းနိုင်ငံကိုပြည်တော်ပြန်ဝင်ပြီး နေ့တွင်းချင်း ဆေးရုံတက်ခဲ့ရတယ် လို့ ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။

ပြည်ပမှာ ၁၇ နှစ်ကြာနေထိုင်ပြီး မနေ့မနက်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အကျင့်ပျက်ချစားမှုနဲ့ သက်ဆိုင်တဲ့ အမှု ၃ မှုနဲ့ပတ်သက်ပြီး တရားရုံးက ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီး ညတွင်းချင်း အကျဉ်းထောင်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ရိုက်ဝာာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

သက်ဆင်‌အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့အကြောင်း ဒီကနေ့ မနက် ၉ နာရီ အချိန်မှာ ထိုင်းအကျဉ်းဦးစီးဌာနက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးစစ်ဆေးချက်‌တွေအရ သက်ဆင်မှာ နှလုံးနဲ့ အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ ခံစားနေရပြီး လို့ ထိုင်းအကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

သက်ဆင်ဟာ မနေ့က လွတ်‌တော်မှာထိုင်းဝန်ကြီးချုပ်မဲခွဲ ရွေးချယ်မယ့် နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်မြို့ ဒွန်းမောင်းလေဆိပ်ကနေ ပြည်တော်ပြန်ဝင်လာတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲမှာတော့ သက်ဆင်ရဲ့ သမီး ဖြစ်သူဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီကညွန့်ပေါင်းအဖွဲ့က အိမ်ခြံမြေစီးပွားရေး လုပ်ငန်းရှင် စေထာ ထဝိစင် (Srettha Thavisin) ကို ဝန်ကြီးချုပ်အဖြစ်တင်မြောက်ခဲ့တာဖြစ်ပါတယ်။

MFTB နဲ့ MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံခြားငွ...
23/08/2023

MFTB နဲ့ MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံခြားငွေသုံးစွဲမှု၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ ထိခိုက်နေတယ်လို့ စစ်ကောင်စီ စီမံဘဏ္ဍာ ဒုဝန်ကြီး ဝန်ခံ
+++++++++++++++
ဩဂုတ် ၂၃

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်-MFTB နဲ့ MICB- မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဘဏ်တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်မှုဟာ ထိခိုက်မှုများစွာ ကြုံတွေ့နေရတယ်လို့ စစ်ကောင်စီရဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက မနေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံ ပြောဆိုလိုက်ပါတယ်။

ဩဂုတ်လ ၅ ရက်နေ့က စတင် အသက်ဝင်လာတဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပြီး ပိတ်ဆို့တဲ့ အကြောင်းအရင်းများ ခိုင်မာမှု မရှိဘဲ လက်ရှိ စစ်ကောင်စီအတွက် နိုင်ငံ ခြားငွေ ရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် တင်ပို့မှုနဲ့ တင်သွင်းမှုများ အပါအဝင် နိုင်ငံခြားငွေနဲ့ဆက်စပ်တဲ့ လုပ်ငန်းများအားလုံး ထိခိုက်နေတယ်လို့ သူက ဆိုပါတယ်။

"အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင် ဘဏ် ၂ ခုအပေါ် ယခုလို ထုတ်ပြန်ခဲ့တာဟာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပါတယ်။ ပိတ်ဆို့တဲ့ အကြောင်း အရင်း များ ကလည်း ခိုင်မာမှုမရှိပါဘူး။ MFTB ဘဏ်က အစိုးရနဲ့ ပုဂ္ဂလိက နိုင် ငံ ခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ဘဏ် ဖြစ်ပြီးတော့ MICB ပုဂ္ဂလိက များရဲ့ နိုင်ငံခြား ငွေများကို ဆောင်ရွက်ပေးနေတဲ့ဘဏ်ဖြစ်ပါတယ်။ ၎င်းတို့ ကို ပိတ်ဆို့ ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူများအတွက် ဆောင်ရွက် ပေးလျက် ရှိတဲ့ ပညာရေး ကျန်းမာရေး အခြေခံ အဆောက်အအုံ တည် ဆောက် ရေး ကိစ္စရပ် များအပါအဝင် နိုင်ငံခြား ငွေရရှိမှု၊ သုံးစွဲမှုများကို သက် ရောက်စေတဲ့အပြင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု ရယူသူ၊ ဌာန၊ အဖွဲ့ အစည်း များကိုလည်းပဲ ထိခိုက်စေပါတယ်။ ဒီပိတ်ဆို့မှု အပေါ် မှာလည်း နိုင်ငံ အလိုက် သက်ဆိုင်ရာ ဘဏ်အလိုက် အဓိ ပ္ပာယ် ကောက်မှု မတူကြဘဲ အမျိုးမျိုး လိုရာ ဆွဲပြီးတော့ ကောက်ယူကြ တဲ့ အနေအထားလည်းတွေ့ရပါတယ်" လို့ စစ်ကောင်စီ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ခံ ပြောဆိုလိုက်တာပါ။

အမေရိကန်ရဲ့ ပိတ်ဆို့မှုများကြောင့် လက်ရှိ စစ်ကောင်စီက အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့ ဗဟိုဘဏ်နဲ့ ဝန်ကြီးဌာနများက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာအနီးတွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား တချို့ သ...
23/08/2023

မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာအနီးတွင် စစ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား တချို့ သေဆုံးထိခိုက်နိုင်

ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကံ(ပျူ)ရွာမှ ထွက်လာသော အကြမ်း ဖက် စစ်သားများ လိုက်ပါ လာသည့် လိုက်ထရပ်ကား ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MGN 35 မှ တပ်ခွဲမှူး ကိုနွေမိုက် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက် ညနေ ၃ နာရီ ၇ မိနစ်ခန့်က ကျောက်ကံ(ပျူ) ရွာမှ လိုက်ထရပ်ကားတစ်စီး၊ မှန်လုံယာဉ် ၃ စီးဖြင့် ထွက်လာရာ မှန်လုံယာဉ် ၃ စီးမှာ နဘူးအိုင်ဘက်သို့ ထွက်ခွာသွားပြီး လိုက်ထရပ် ကားတစ်စီးမှာ မြင်းခြံမြို့ ဘက် သို့ ထွက်လာရာ လိုက်ထရပ်ကားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်းသို့ ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကျနော်တို့မိုင်းဆွဲခဲ့တဲ့ကားပေါ်မှာက ၁၃ ကောင်ပါတာဗျ၊ မြင်းခြံ-နဘူးအိုင် လမ်းမပေါ် ကျောက်ကံ (ပျူ)ရွာ ဝင်ပေါက်နားမှာ မိုင်းဆွဲခဲ့တာ၊ ကျန်တဲ့မှန် လုံယာဉ် ၃ စီးက မိုင်းကွင်းနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ နဘူးအိုင်ဘက်ကို ထွက်သွား လို့ လွတ်သွားတဗျ၊ မိုင်းဆွဲတဲ့နေရာမှာတော့ သေနတ် ၂ ချက်ပစ်ဖောက် သွား တယ်၊ ကားကတော့ မရပ်ဘူး၊ လမ်းတဝက်ရောက်မှ ကားက ရပ်သွားတယ် လို့သိရတယ်၊ အဲဒီအချိန် မှာ ဒဏ်ရာရတဲ့ စစ်သားတွေက မိုင်းကွဲတဲ့နေရာမှာ ကား မရပ်လို့ ဆိုပြီး ကားမောင်းသမားကို ပြောတာ၊ ကားသမား ကမင်းတို့ ပထွေး တွေ က ထပ်ခွဲလို့ အကုန်မသာပေါ်ကုန်မယ်လို့”အော်ပြောနေ ကြတာ ကို ကြားခဲ့ရတယ်” ဟု MGN 35 မှ တပ်ခွဲမှူး ကိုနွေမိုက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း ၊ တပ်ခွဲ ၂ (MGN 35) တပ်ဖွဲ့နှင့် ဒေါင်းမင်း တမာန် MGN ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရ ရှိခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်သားတချို့လိုက်ပါသော ကား မိုင်းဆွဲခံနေရစဉ်။

တစ်နိုင်ငံလုံးရှိ PDF တပ်ရင်းများထံသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ဝေတိုက်ပွဲဝင်နေပြီဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ရန...
23/08/2023

တစ်နိုင်ငံလုံးရှိ PDF တပ်ရင်းများထံသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ဝေတိုက်ပွဲဝင်နေပြီဟု ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ PDF တပ်ရင်းများထံသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ဝေ တိုက်ပွဲဝင် နေပြီ ဖြစ်ကြောင်း ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

ပြည်သူ လူထုကြီး၏ တော်လှန်ရေးရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ Drone အစင်းရေ (၄၀၀) ကျော် ဖြန့်ကျက် ပို့ဆောင် ထားကြောင်း၊ ပို့ဆောင်ထားသည့် Droneများသည် ရှေ့တန်းစစ် မြေပြင်များ တွင် ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချိရေးတာဝန်များ ကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၏ Drone လက်ရုံးတပ်သားများက စစ်ကောင်စီတပ်ကို စိတ်ဓာတ်ရေးရာ အရ ခြိမ်းခြောက် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြူးမြို့နယ်ရှိ အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ သထုံမြို့နယ်ရှိ ခမရ ၁ တပ်စခန်...
23/08/2023

ဖြူးမြို့နယ်ရှိ အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ သထုံမြို့နယ်ရှိ ခမရ ၁ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၂၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားတွင် ပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ စစ်ကြောင်း ၂ နှင့် KNLA ပူးပေါင်းအဖွဲ့များက Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁ တပ်စခန်းကို သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆောက်အဦ ၁ လုံး ထိခိုက်ပျက်စီးကာ စစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့အဝင်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသော ကား ၁...
23/08/2023

နတ်မောက်မြို့အဝင်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ နတ်မောက်မြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု OPRF - PLA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကို OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ OPRF - PLA တပ်ဖွဲ့ မှ ရဲဘော် AZY နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၇ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာမှ မြင်းခြံမြို့ဘက်ကို ထွက်ခွာလာသည့် စစ်သားများ လိုက်ပါလာသော Light Truckကား ၁ စီးကို လမ်း ၁ နေရာ၌ ပြည်သူကာကွယ်ရေးတပ်မတော် MGN 35 ပြောက်ကျားတပ်ဖွဲ့(မြင်းခြံခရိုင်တပ်ရင်း-၅)၊ ဒေါင်းမင်းတမာန် ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Breaking News Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share