
16/10/2022
မုံရွာရဲတပ်ရင်းကတပ်သား၂ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာလို့ ငွေကျပ်သိန်း၅၀စီချီးမြှင့်
မုံရွာရဲတပ်ရင်းက တပ်သား၂ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာလို့ ငွေကျပ်သိန်း၅၀စီချီးမြှင့်ပေးခဲ့တယ်လို့ People's Defence Army-Yinmarbinကထုတ်ပြန်ပါတယ်။
မုံရွာရဲတပ်ရင်း ၂၈က ရဲတပ်သား ကိုအောင်ကိုကိုနဲ့ ကိုမိုးလင်းအောင်တို့နှစ်ဦးဟာ PDA ယင်းမာပင်ထံဆက်သွယ်လာပြီး အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။
ဒါကြောင့်သူတို့၂ဦးကို PDAယင်းမာပင်ရဲ့ ခေါင်း ဆောင်တွေကိုယ်တိုင် အောက်တိုဘာ၁၃ရက်မှာ အခမ်းအနားနဲ့တကွ လက်ခံကြိုဆိုခဲ့ပါတယ်။
ဒီနောက် သူတို့၂ဦးကို တဦးလျင်ငွေကျပ် သိန်း ၅၀စီနဲ့ ၂ ဦးအတွက်ငွေကျပ်သိန်း ၁၀၀ကို ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Crd