Soccer Myanmar

  • Home
  • Soccer Myanmar

Soccer Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soccer Myanmar, News & Media Website, .

29/04/2023

ဇာတ်သိမ်းခန်းမှာ မပေါင်းရမယ့်အတူ အစတည်းက မဆုံခဲ့ကြတာကများ ပိုကောင်းလေမလား မေ…။

နီးစပ်ခဲ့တဲ့ရက်များဟာ တတိတိမိစေတဲ့ မျှော်လင့်ခြင်းအဆိပ်ပဲ။ ဒီအဆိပ်ခွက်ကို မဝံ့မရဲ ဒါမှမဟုတ် ဝင့်ဝင့်ကြွားကြွား ကိုယ်ကိုတိုင် မော့ချခဲ့တဲ့ ညများစွာပေါ့။ ယစ်မူးရင်ခုန် စောင့်စားခြင်း အဆုံးမှာ ပြန်ပေတော့ ငမိုက်သား မင်းမိုက်ပြစ်များ လို့ပဲ ပြောကြမှာလားပေါ့ မေရေ။

ဒီအထိအတွေ့ကို ဖွဖွလေး ထိခဲ့ရသလား၊ တိုးတိတ်စိုးထိတ်စွာနဲ့ ကိုယ်အနားတိုးလာခဲ့တာလား၊ ဒါမှမဟုတ် ကိုယ်ဟာ ထိလုဆဲဆဲ လမ်းတကမ်းမှာပဲ ရှိနေခဲ့ရုံလား မေ။ ချန်ထားခဲ့ရပြီဆိုတဲ့ အသိနဲ့ နိုးတဲ့ မနက်တွေအရောက်မှာ ဒါတွေအကုန်လုံးဟာ ပုံရိပ်ယောင်လား ဝိုးတဝါးသာသာပဲ ဖြစ်ကုန်လေသလား မေ။

မေ ရေ… နီးခွင့်ကြုံခြင်းဟာ ဆုလာဘ်ပဲလို့ ဆိုမလား မေ။ မျှော်လင့်ခြင်း ဘေးထွက်ဆိုးကြိုးများကတော့ ကိုယ်ခံရမယ့် ဝတ္တရားပေါ့။ မေ က ရယ်သွေးဖွဲ့ရင် ဖွဲ့ဦးမှာပဲ… နီးတုန်းမှာ မြဲအောင် ဆွဲပါလားဆိုပြီး…။ ကိုယ်လည်း လောကီလူသား ဒီဘုံသားမလို့ လောဘဇောနဲ့ တတ်အားသမျှ တော့ ဆွဲခဲ့တာပေါ့မေ။ ဝေးချင်လည်း ဝေးပါစေ တွေးပြီးရွေးခဲ့တဲ့ ရက်များတော့ အမှန်မရှိခဲ့ရပါဘူးကွယ်။

နွေဦးပုံပြင်တွေရဲ့ အစမှာ မေဟာ ချန်ခဲ့လေတယ်ဆိုတဲ့ အဖွင့်နဲ့ ဖွင့်မယ့်အကြောင်း ကိုယ်ကြားမိကောင်း ကြားခဲ့မိပါလိမ့်မယ်လေ။ ဒါမှမဟုတ် ကိုယ်ကိုတိုင်က မေ့ရဲ့ နွေပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တာ ဖြစ်ပါလိမ့်မယ်မေ။ ပုံပြင်တွေ အဆုံးမှာ မေဟာ ဒါကို ပစ်ချလို့ ပြန်နေကြအတိုင်း ပြန်ခဲ့ရုံပဲနေမှာပေါ့လေ…။

နီးစပ်ရက်များစွာဟာ မျှော်လင့်ခြင်း အဆိပ်ပဲမေ။ ကိုယ်ဟာ ဒီခွက်ကိုပဲ ဝံ့ဝံ့ကြွားကြွား မော့ခဲ့သူပေါ့…။



Gamble responsibly (21+)
100% အားကစားငွေသွင်းအပိုဆု အမြင့်ဆုံး ၁ သိန်းကျပ်အထိ ရယူပြီးကစားနိုင်ဖို့ ပရိုမိုကုဒ် TTL ကိုသုံးပြီး လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+aysEEyNUxMIxMjI1
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr

😂😂
14/08/2022

😂😂

ဘရန့်ဖိုဒ် ၄-၀ ယူနိုက်တက်ပွဲအပြီးမှာတော့

(၁) တန်ဟတ်ဟာ နောက်ဆုံးနှစ်(၂၀)အတွင်း ရာသီအစလိဂ်နှစ်ပွဲလုံးကို ရှုံးခဲ့တဲ့ ပထမဆုံးယူနိုက်တက်နည်းပြဖြစ်လာခဲ့ရပါတယ်။

(၂) ဒါ့အပြင် ဖာဂူဆန်နောက်ပိုင်းနည်းပြတွေထဲမှာ ရာသီအစနှစ်ပွဲ ဂိုးအများဆုံးပေးခဲ့တဲ့ နည်းပြလည်း ဖြစ်ခဲ့ပါတယ်။

(၃) ယူနိုက်တက်အနေနဲ့ နောက်ဆုံး (၈၆)နှစ်မှာ ပထမဆုံးအဖြစ် အဝေးကွင်း (၇)ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး
၂၀၂၂ ခုနှစ်အတွင်း အဝေးဂိုးအများဆုံးပေးထားခဲ့ရတဲ့ ပရီးမီးယားလိဂ်အသင်းလည်း ဖြစ်ပါတယ်။

(၄) ဘရန်ဖို့ဒ်ဟာ လွန်ခဲ့သောတစ်နှစ် (၁၃/၈/၂၀၂၁) ကသူတို့အသင်းသမိုင်းတလျောက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ရခဲ့ပြီး၊ တစ်နှစ်အတိအကျမှာပဲ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ကို ပထမပိုင်းအိမ်ကွင်းမှာ လေးဂိုးသွင်းခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

(၅) ရော်နယ်ဒိုရဲ့ကစားသမားဘဝမှာ အကြီးမားဆုံးရှုံးပွဲ (လေးဂိုးပြတ်၊ငါးဂိုးပြတ်) (၇)ကြိမ်ရှိခဲ့ပြီး လေးကြိမ်က ယူနိုက်တက်မှာတကျော့ပြန်ကစားချိန်မှာ ကြုံခဲ့တာဖြစ်ပြီး ဒီထဲကနှစ်ကြိမ်က ဘရန့်ဖို့ဒ်၊ ဘရိုက်တန်တို့ကို ရှုံးခဲ့တာပါ။

Address


Website

Alerts

Be the first to know and let us send you an email when Soccer Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share