GW news

GW news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GW news, Media/News Company, .

 #နိုင်သလောက် ချိန်ဆက်ပံ့ပိုးပေးကြပါစို့!!!
25/08/2024

#နိုင်သလောက် ချိန်ဆက်ပံ့ပိုးပေးကြပါစို့!!!

31/12/2022
ပလမြို့က ရွာသုံးရွာမှာ စစ်တပ်က မီးရှို့လို့ နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီး တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၃၀ စစ်ကောင်စီတပ်က ...
31/12/2022

ပလမြို့က ရွာသုံးရွာမှာ စစ်တပ်က မီးရှို့လို့ နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီး

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၃၀

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာရှိတဲ့ ကျေးရွာသုံးရွာက နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပုလောအခြေစိုက် K-PDF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာ တိုရွာက နေအိမ် ၂၁ လုံး၊ သင်္ကန်းတောရွာက နေအိမ် ၂ လုံးနဲ့ တန်းရှင်းရွာက နေအိမ် ၉ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ KPDF(Palaw)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပလမြို့ဘက်ကနေ ပုလောမြို့ဘက်ကိုလာတဲ့ စစ်ကား ၁၀ စီးပါ ယာဥ်တန်းက စစ်ကောင်စီတပ် အင်အား ၂၀ဝ ဝန်းကျင်ဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ရောက်ရှိလာလို့ KPDF(ပုလော) အပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများပြီး အသေးစိတ်ကိုတော့အတည်မပြုနိုင်သေးဘူးလို့ KPDF က ထုတ်ပြန်ထားပါတယ်။

အဲဒီရွာက ရွာသားတွေကတော့ ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

The Tanintharyi Times
Credit...
ဓာတ်ပုံ - KPDF(Palaw)

 Htwe Naing - Freelance Journalist Post မှ -မြန်မာ့ဒီမိုကရေစီရေး အတွက် ကူညီမယ့် BURMA Act ဥပဒေ တစိတ်တပိုင်း အနေနဲ့ ပါဝင်...
26/12/2022

Htwe Naing - Freelance Journalist Post မှ -

မြန်မာ့ဒီမိုကရေစီရေး အတွက် ကူညီမယ့် BURMA Act ဥပဒေ တစိတ်တပိုင်း အနေနဲ့ ပါဝင်တဲ့ အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ NDAA ကို သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုပြီ

ဒီဇင်ဘာ ၂၃ - ၂၀၂၂

၂၀၂၃ အမေရိကန် ကာကွယ်ရေး အတွက် ဒေါ်လာ ၈၁၆.၇ ဘီလျံ သုံးစွဲခွင့် ပြုထားတဲ့ NDAA ကို သမ္မတဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဌာနက သတင်းထုတ်ပြန် လိုက်ပါတယ်။

နဂိုသတ်မှတ်ထားတာ ထက်ကို ဒေါ်လ ၄၅ ဘီလျံ တိုးမြှင့် သတ်မှတ် လိုက်တာဖြစ်ပြီး စစ်ဖက်ဆိုင်ရာနဲ့ ကာကွယ်ရေး အရပ်ဖက် ဝန်ထမ်း တွေကို ၄.၆ ရာခိုင်နှုန်း လစာ တိုးပေးမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ BURMA Act နဲ့ ပတ်သက်လို့ ကတော့ ဒီဥပဒေမှာ အရင်ဖေါ် ပြချက်အရ အမေရိကန် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဌာနတွေမှာ ကနဦး အနေနဲ့ ဒေါ်လာ ၄၇၀.၅ သန်း ချထားပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၃ ဘဏ္ဍာရေး နှစ်မှာ မြန်မာနိုင်ငံက လူမျိုးစု တွေနဲ့ လူမှုအဖွဲ့ အစည်း တွေ အတွက် လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ သန်း ၂၂၀ ကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။

ဒေါ်လာသန်း ၅၀ ကတော့ မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူတွေ အရပ်ဖက်အဖွဲ့ ခေါင်းဆောင်တွေ နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အတွက် ၂၀၂၃ ကနေ ၂၀၂၇ အထိ ၅ နှစ်ကြာ ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန် စွမ်းအင်နဲ့ နျူကလီးယား ကာကွယ်ရေး ဌာနက အမျိုးသား လုံခြုံရေး အစီအစဥ်တွေ အတွက် ဒေါ်လာ ၃၀.၃ သန်း သုံးစွဲမှာ ဖြစ်ပါတယ်။

တိုင်ဝမ်အတွက် စစ်ရေး အကူအညီ ၁၀ ဘီလျံ နဲ့ ယူကရိန်းအတွက် သန်း ၈၀၀ ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၆ သန်းကတော့ ဥရောမှာ ရုရှားတို့ကို ဟန့်တားနိုင်ဖို့ အသုံးပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

THN freelance journalist
-
YouTube ချန်နယ် ရှိပါတယ်
http://bitly.ws/s3nd

Twitter - https://twitter.com/winburmese

ကော့သောင်းထောင်က ဦးစီးမှူးကို PDF တွေဖမ်းဆီး တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၅ မြိတ်-ထားဝယ် လမ်းမကြီးပေါ် ပုလောမြို့နယ်၊ ကဒ...
25/12/2022

ကော့သောင်းထောင်က ဦးစီးမှူးကို PDF တွေဖမ်းဆီး

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၅

မြိတ်-ထားဝယ် လမ်းမကြီးပေါ် ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးမှာ မနေ့က ကော့သောင်းအကျဥ်းထောင်က ဦးစီးမှူးတစ်ဦးကိုဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေထံကသိရပါတယ်။

မနေ့က နေ့လည် ၁နာရီခွဲလောက်က မြိတ်-ထားဝယ် လမ်းမကြီးတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ စစ်ဆေးရေးပြုလုပ်နေချိန် ခရီးတင်ယာဥ်တစ်စီးပေါ်မှာ လိုက်ပါလာလို့ဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူဟာ အကျဥ်းဦးစီးမှူး ဦးသီရစိုးဖြစ်ပြီးလက်ရှိသူ့ကို လုံခြုံတဲ့နေရာမှာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

" ကျန်တဲ့သူတွေကိုရော၊ ကားတွေကိုရော လွှတ်ပေးလိုက်ပါပြီ။ သူ့ကိုတော့ဆက်ပြီး ဖမ်းဆီးထားပါတယ်။ ပုံထဲမှာတော့ ကြယ်တစ်ပွင့်ပဲရှိသေးတယ်။ အပြင်မှာ နှစ်ပွင့်ဖြစ်နေပါပြီ။ သူ့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ညွန်ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးဖြတ်သွားမှာပါ" မြိတ်ခရိုင်တပ်ရင်း(၁) PPDFရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဖမ်းမိတဲ့အချိန် အကျဉ်းဦးစီးမှူးနဲ့အတူ ငွေကျပ် ၁၇ သိန်း နဲ့ ဖုန်း ၁လုံးပါဝင်တယ်လို့လည်းသိရပါတယ်။

အဲဒီဖမ်းဆီးမှုကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နဲ့ အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိတ အကျဥ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

မြိတ်- ထားဝယ် ကားလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏ စစ်ဆေးလေ့ရှိပြီး စစ်ဆေးမှုမှာ ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက တောင်းဆိုထားပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - ဖမ်းဆီးခံရတဲ့ ကော့သောင်းထောင်ဦးစီးမှူး။

------------

တနင်္သာရီတိုင်းမ်သတင်းဌာနရဲ့သတင်းတွေကို
Website --> https://www.tntynews.com/
Telegram --> https://t.me/tanintharyitimes
YouTube --> https://www.youtube.com/c/TheTanintharyiTimes
Twitter ----> https://twitter.com/tntynews
တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းများ

မြိတ်-ထားဝယ် မိန်းလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းမှူးအ...
29/09/2022

မြိတ်-ထားဝယ် မိန်းလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းမှူးအသိပေး

29 Sep 2022 By MPA 001

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် မိန်းလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလမှ အသိပေးသည်။

အထက်ပါ မြိတ်-ထားဝယ်လမ်းမကြီးကို ပုလောမြို့နယ်အခြေစိုက် KNDO ဦးစီးသည့် ပုရိယက္ခညီနောင်စစ်ကြောင်းနှင့် ပုလော PDF အပါအဝင် မဟာမိတ်တပ်ပေါင်းစုများက လုံခြုံရေးယူထားပြီး စစ်ရေးအခြေအနေများတင်းမာနိုင်သဖြင့် အများပြည်သူများထိခိုက်မှုမရှိစေရန် အသိပေးမေတ္တာရပ်ခံခြင်းဖြစ်ကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းမှူး ဗိုလ်ဝေလမှ ရှင်းပြသည်။

"ဒီနေ့ကစပြီးလုပ်မှာပါ။ အဓိကက ခွေးတွေဖြတ်လို့မရအောင် လမ်းပိုင်းကို စပိတ်တာပါ။ ပြည်သူတွေအနေနဲ့ မှန်ချသွားပေါ့။ စစ်ဆေးလည်း ပူးပေါင်းပေးစေချင်တယ်။ငွေကြေးတောင်းခံတာနဲ့ ပစ္စည်းသိမ်းတာမျိုးတွေ လုံးဝရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က စစ်ခွေးတွေမှ မဟုတ်တာ"ဟု ပူရိယက္ခညီနောင် စစ်ကြောင်းမှူး ဗိုလ်ဝေလက ရှင်းပြသည်။

မြိတ်-ထားဝယ်မိန်းလမ်းမကြီး ယာယီစစ်ဆေး ကန့်သတ်မှုကို ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ပြုလုပ်စစ်ဆေးသွားမည်ဖြစ်ပြီး ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ကားများကို ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း KNDO ဦးစီးသည့် ပုရိယက္ခညီနောင်စစ်ကြောင်း မှ အတည်ပြုပြောဆိုသည်။

"ကုန်တင်ကားတွေရော ခရီးသည်တင်ကားတွေရော ကျန်တဲ့ ပုလော၊ ပလ၊ ပလောက်က နယ်ခံတွေကိုပါ ည ၈ နာရီကျော်ရင် ဖြတ်သန်းခွင့်မပြုဘူး။ မနက်လေးနာရီမှ ဖြတ်ပေါ့"ဟု ဗိုလ်ဝေလမှပြောသည်။

လက်ရှိမှာ ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် မဟာမိတ်တပ်ပေါင်းအင်အားစုများနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ မြိတ်-ထားဝယ်လမ်းပိုင်းအား အရေးပါသည့် စစ်ဆင်ရေးတစ်ခုအဖြစ် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MPA အနေဖြင့် စုံစမ်းသိရသည်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://bit.ly/3CgFJjc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - MPA (ယခင်ပုံဟောင်းအား အသုံးပြုထားသည်)

#ပုလော #တနင်္သာရီ #လမ်းပိုင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကောင်စီယာဥ်တန်း ပုလောမှာ နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံးတနင်္သာရီတိုင်းမ်၊ စက်တင်ဘာ ၂၆စစ်ကောင်စီတပ်ဖ...
26/09/2022

စစ်ကောင်စီယာဥ်တန်း ပုလောမှာ နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

တနင်္သာရီတိုင်းမ်၊ စက်တင်ဘာ ၂၆

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါ စီးနှင်းလာတဲ့ စစ်ကားလေးစီးပါ ယာဥ်တန်းဟာ ပုလောမြို့မှာ ဒီကနေ့မနက်က နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြိတ်ဘက်ကနေ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်းလာတဲ့ အဆိုပါယာဉ်တန်းကို ပုလောမြို့နယ်၊ တပိုကျေးရွာအနီးမှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ အရိပ်အဖွဲ့ (PSGF) က ထုတ်ပြန်ပါတယ်။

ဒါဟာ " နန်းထိုက်အောင်စစ်ဆင်ရေး” အဖြစ် ဆောက်ရွက်ခဲ့တာလို့ အဆိုပါအဖွဲ့က အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကား တစ်စီး ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ပြီး ကျန်ကားသုံးစီးမှာ ပုလောဘက်သို့ မောင်းနှင်ထွက်ပြေးသွားသလို တိုက်ခိုက်မှုပြီးနောက်မှာပဲ မြိတ်ဘက်က လူနာတင်ယာဉ်တစ်စီးရောက်ရှိလာကာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့စစ်ကောင်စီတပ်သားတွေကို လာရောက်သယ်ယူသွားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကားသုံးစီးဟာလည်း ပုလောမြို့နယ်၊ ခမောင်းတောကျေးရွာ၊ ကျောက်ပုဇွန်တောင်ထိပ် အရောက်မှာ တောကြီးမြွေဟောက်အဖွဲ့နဲ့ ပုလောမြို့ မြို့ပြပြောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ Ghost Ranger အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်တာကို နောက်တစ်ကြိမ် ထပ်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်ခံရပြီးနောက် ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ မောင်းနှင်ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပုလောမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးတွေလည်း အသတ်ခံနေရပါတယ်။

The Tanintharyi Times

01/09/2022

Breaking News- သန်လျင်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ပစ်ခတ်သည့် စစ်သား ၂ ဦး လက်နက်ဖြင့် လွတ်မြောက်သွား၊ သန်လျင်တံတားနှင့်တစ်မြို့လုံးကို ပိတ်ဆို့ပြီး လူတစ်ဦးချင်းစီကို စစ်ဆေးနေ

ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတွင် လုံခြုံရေးတာဝန်ချ ထားသည့် စစ်ကောင်စီတပ်သား ၂ ဦးက အချင်းချင်း ပြန်လည် ပစ်ခတ်သဖြင့် ၇ ဦးသေဆုံးသွားခဲ့ပြီး ပစ်ခတ်သော စစ်သား ၂ ဦး ဖမ်းဆီးရမိခြင်းမရှိသဖြင့် ယနေ့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမျ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်သား ၂ ဦးက အခြား စစ်သားနှင့်မိသားစုဝင် ၇ ဦးကို ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်သော စစ်သား ၂ ဦးမှာလည်း လက်နက်ဖြင့် လွတ်မြောက်သွားကြောင်း၊ လုံခြုံရေး ကင်းစောင့်သည့်ကိစ္စ ရန်ဖြစ်ရာမှ စကားများကြပြီး အချင်းချင်း ပြန်လည်ပစ်ခတ်ကြခြင်းဖြစ်သည်ဟု လတ်တ လော သိရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

"သန်လျင်မြို့နယ်၊စစ်ပင်ကွင်းမှာ စစ်သား အချင်းချင်း ရန်ဖြစ်ရင်း ပစ်တာ ၇ ယောက်သေပြီး ၁ ဦး ဒဏ်ရာရတယ်။ ပစ်ပြီး ထွက်ပြေးတဲ့ စစ်သား ၂ ဦးကို မမိသေးလို့ လိုက်ရှာ နေကြတယ်။ တစ်မြို့လုံးပိတ်ဆို့ပြီး ရှာနေတာ။ မြစ်ထဲမှာလည်း လှေတွေ သင်္ဘောတွေ အကုန်စစ်တယ်။ ကုန်းလမ်းမှာလည်း သန်လျင်တံတား၊ ကုလားဝဲတံတားအကုန်ပိတ်ဆို့ စစ်တာ။ သန်လျင်က ပစ်ခတ်သွားတဲ့ စစ်သား ထွက်မရသေးဘူးလို့ ယူဆလို့ထင်ပါတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် သန်လျင်တံတားလည်း ပိတ်ဆို့နေပြီး ကားများ ရှေ့ဆက်သွားမရကြောင်း၊လူတစ်ဦးချင်းစီ လမ်း လျှောက် ရပြီး Mask ချွတ်ပြသရကြောင်း ဒေ သခံများက ဆိုကြသည်။

"သန်လျင်တံတားအဆင်း..တိုင်းရင်းသားကျေးရွာရှေ့ ခွေးတွေ ကားပေါ်က ဆင်းခိုင်းပြီး လွယ်အိတ် ကအစ စစ်ဆေးနေတယ်။ယောကျာ်းလေးတွေဆို maskတွေပါချွတ်ခိုင်းတာ"ဟု ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် သန်လျင်မြို့နယ် ရပ်ကွက်တချို့ကိုလည်း ရဲကားနှင့်စစ်ကားတချို့ လှည့် လည် ရှာဖွေမှုများရှိနေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- သန်လျင်တံတားအဆင်း(မြို့ထဲဘက်တွင်) ပုံမှန် သံဆူးကြိုး ဘယ်ရီရာများ ချထားစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- CJ ။

25/08/2022

မြိတ်မြို့ ကမ်းနားလမ်း၌ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် မြို့ခံ ၂ ဦး ကျည်ထိမှန် သေဆုံး

ကိုရွှေမြိတ်

မဇ္ဈီမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ် တံတားနှင့် ပြည်တော်သာ တံတားကြား ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အများပြည်သူ သွားလာနေသည့် လမ်းမပေါ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က အဓိကရုဏ်း ဖြိုခွင်းရေး ပုံစံမျိုး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြို့ခံ နှစ်ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီက နှစ်ဖက်ညှပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးအမျိုးသား နှစ်ဦးအနက် တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ လမ်းဘေးပလက်ဖောင်းပေါ်တွင် ထိုင်နေစဉ် ရမ်းသန်း ပစ်ခတ်မှုကြောင့် ထပ်မံ ကျည်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု မြိတ်ကမ်းနားလမ်းရှိ မျက်မြင်သက်သေ တစ်ဦးက ပြောဆိုသည်။

ဆိပ်ငယ် တံတားအနီး ကယ်ရီဆွဲနေသူ တစ်ဦးက“ညက ဖြစ်စဉ်မှာ အလုပ်က ပြန်လာတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်၊ စစ်တပ်က စစ်ဆေးနေချိန်မှာ သူတို့ အရှေ့ကပဲ အလုပ်က ပြန်လာတဲ့ အမျိုးသား နှစ်ဦး ဆိုင်ကယ် စီးလာတဲ့ အချိန်မှာ ပစ်ခတ်ခံရတာ ဖြစ်တယ်”ဟု ပြောသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် မြို့ခံ နှစ်ဦးအနက် တစ်ဦးကို စစ်ကောင်စီက ရုပ်အလောင်းကို ပြန်ပေးလိုက်ပြီး ကျန်တစ်ဦးမှာမူ မထုတ်ပေးသေးကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

“အခု အလောင်းပြန်ပေးတဲ့ တစ်ယောက်က အစ္စလာမ်ဘာသာဝင် တစ်ဦးပါ၊ သူက အလယ်ကျွန်းနယ်မြေက ကိုငြိမ်းချမ်းဆိုသူ ဖြစ်တယ်”ဟု မြို့ခံ တစ်ဦးက ပြောသည်။

၎င်း အကြမ်းဖက်စစ်ကောင်စီ လက်ချက်ကြောင့် ကျည်ထိမှန် သေဆုံးခဲ့သူသည် မြိတ်-ကျွန်းစုတို့ရှိ ကုန်စုံဆိုင်များအတွက် အဝယ်တော် လုပ်ပေးနေသူ တစ်ဦးဖြစ်ပြီး ၎င်းသည် အခင်းဖြစ်ပွားချိန်အတွင်း လမ်းဘေး ပလက်ဖောင်းပေါ်တွင် ဖုန်းဖြင့် ဂိမ်း ထိုင်ဆော့နေစဉ် ရမ်းသန်း ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးသူ တစ်ဦး ဖြစ်ကြောင်း မြိတ်ကမ်းနားလမ်းရှိ မျက်မြင် သက်သေများ၏ ပြောဆိုသည့် အချက်အလက်များအရ သိရ သည်။

ပစ်ခတ်မှု စတင်ဖြစ်ပွားချိန်တွင် ဆိုင်ကယ်တစ်စီးပေါ်တွင် အလုပ်က ပြန်လာသည့် အမျိုးသား သုံးဦး စီးလာသည်ကို တွေ့ရှိရ၍ စစ်ဆေးရေးဂိတ်နေရာ ချထားသည့် စစ်ကောင်စီ တပ်သားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အခင်း ဖြစ်ပွားချိန်၌ ကနဦးသိရသော်လည်း ဒေသခံများကို မဇ္ဈီမက အသေးစိတ် ဆက်သွယ်မေးမြန်းရာတွင် ဆိုင်ကယ် တစ်စီးတွင် လူနှစ်ဦးသာ စီးနင်းခဲ့ကြောင်း စုံစမ်း သိရှိရသည်။

လက်ရှိတွင် ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးတွင် တစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်က သေနတ် ငါးချက်နီးပါး အထိ ပစ်ခတ်တာ ဖြစ်တယ်၊ လူနှစ်ဦး ထိခိုက် သေဆုံးတဲ့အပြင် ဆိပ်ငယ် တံတားဖက်က ဆိုင်ခန်းတချို့ ကျည်ထိမှန် တာတွေလည်း တွေ့ရတယ်”လို့ ဒေသခံ တစ်ဦးက ပြော သည်။

ယင်း အခင်း ဖြစ်ပွားသည့်နေရာသည် အကြမ်းဖက် စစ်ကောင်စီက ပုလဲ ရတနာခန်းမအတွင်း တပ်စွဲထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
အလားတူ မြိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ဆိုင်ကယ်စီး အမျိုးသား တစ်ဦးကို စစ်ကားဖြင့် တိုက်ခဲ့တာကြောင့် သေဆုံးခဲ့သည့် အဆိုပါ အမျိုးသားမှာ နာရေးကူညီမှုအသင်းမှ ပရဟိတအဖွဲ့ဝင် တစ်ဦးဖြစ်နေကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း - သန့်ဇော်(သန်လျင်)


#မြိတ်မြို့
#စစ်ကောင်စီ
#အဓိကရုဏ်း

https://www.facebook.com/385165108587508/posts/1512110812559593/?app=fbl
03/06/2022

https://www.facebook.com/385165108587508/posts/1512110812559593/?app=fbl

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က လစာများ လိမ်လည်ထုတ်စား

ရန်ကုန်၊ ဇွန် ၃

အကြမ်းဖက်စစ်ကောင်စီတပ်၏ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူမှ စစ်သည်နှင့်အရာရှိ ၇ ဦး ထွက်ပြေးပြီး ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ထွက်ပြေးသူ အရာရှိနှင့်စစ်သည်များ၏ လစာများကို ထုတ်စားနေကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မင်းရဲသိင်္ခသူ ရေငုပ်သင်္ဘောမှ ဒုအရာခံဗိုလ် အောင်ကိုမျိုး၊ တပ်ကြပ်ကြီး ရန် ငြိမ်းခန့် ၊ တပ်ကြပ်ကြီး အောင်ကျော်ကျော်ဦး၊ အခတပ်ကြပ်ကြီး ဝေယံလင်း၊ တပ်ကြပ်ကြီး ဝင်းထိုက်အောင်၊ တပ်ကြပ်မင်းမောင်မောင်၊ ဒုတပ်ကြပ်ကြပ် ၀ဏ္ဏကျော်တို့ ယမန်နှစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ခွင့်မဲ့ပျက်ကွက်နေကြောင်း၊ ယခု အဆိုပါ‌ စစ်သည်နှင့်အရာရှိများအနက်မှ တချို့ကို တပ်ပြေး သတ် မှတ်၍ တချို့ကို ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်ပြီး ဆက် လက် ရှာဖွေနေကြောင်း၊ လစာများကိုမူ ရေယာဉ်မှူး ဗိုလ်မှူးသက်နောင်က ဆက်လက်ထုတ် ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။

"ရေငုပ်သင်္ဘော စစ်ရေယာဥ် မင်းရဲသိင်္ခသူရဲ့ တပ်ပြေးတွေ စစ်ရေယာဥ်မှုး က သောက်စားပြီး တပ်ပြေးလစာတွေ လိမ်ယူနေတာ။ သူနဲ့အတူတူသောက်စားနေကြ အရာရှိတွေ ဆို သင်္ဘောကို လာစရာတောင်မလိုဘူးဆိုပြီး လွတ် လွတ် လပ်လပ်နေခိုင်းတယ်။ ကျန်တဲ့သူ စစ်သည်တွေကို အလုပ်ခိုင်းတယ်။ စစ်ရေယာဥ်မှုးက ဗိုလ်မှုးသက် နောင်။ DSA စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ဆင်းပါ။ သူနဲ့အတူတူ သောက်စားပြီး ဘောမရင် ဘာအလုပ်မှမခိုင်းဘူး။ သ င်္ဘော အကြောင်းလည်းဘာမှမသိဘူး" ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူသည် အိန္ဒိယရေတပ်မှ အသုံးပြုပြီးသား ရေငုပ် သင်္ဘော အဟောင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရေတပ်သင်္ဘောအဖြစ် စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရေငုပ်သင်္ဘော မင်းရဲသိင်္ခ။

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် စစ်တပ်က ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျ...
22/05/2022

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် စစ်တပ်က ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ စစ်တပ် ၏သတ်ဖြတ်ခံရသူတစ်ဦးမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံရ

ရန်ကုန်၊ မေ ၂၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်တွင် မေလ ၂၀ ရက်နေ့မှ စတင်ပြီး စစ်တပ်က ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်တပ်၏ သတ်ဖြတ်ခံရသူတစ်ဦးမှာ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၀ ရက်နေ့မှ မေလ ၂၁ ရက်နေ့အတွင်း တကူရွာမှ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် စိတ်ဝေဒနာခံစားနေရတဲ့ကလေးငယ်နှင့် ရွာသားတစ်ဦးကိုစစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် သရဘွင်ကျေးရွာမှ ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး တစ်ဦးမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်ကြောင်း၊ သာရဘွင်ကျေးရွာမှ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

" သရဘွင်ကျေးရွာမှာ အသတ်ခံရသူတွေက ထီးကော်၊ ကော်ဖူး မေထီးဒါရဲ့ ခင်ပွန်း ၃ ဦးအသတ်ခံရတာ။ ကော်ဖူးကို တော့ ခေါင်းဖြတ်သတ်တယ်။ကျန်နှစ်ယောက်ကိုတော့ ပစ်သတ်တယ်။ ကော်ဖူး ခေါင်းကိုတော့ ခုထိ မတွေသေး ကိုယ်လုံးပဲ ပြန်တွေ့သေးတယ်။ ဒီသုံးဦးလုံးက သရဘွင်အရှေ့ကမ်းရွာ သားတွေဖြစ်တယ်။ တကူရွာမှာလည်း ၂ ဦး အသတ်ခံရတော့ စုစုပေါင်း ၅ ဦးအသတ်ခံရထားရတယ်။ အခုက ရွာတွေကို ပြန်မကြည့်ရဲသေးတော့ စစ်တပ်က သတ်ထားတွေ ဒီထက်ပိုရှိနိုင်သေးတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူ ၁၄၀၀၀ နီးပါးရှိနေပြီး ကျေးရွာများကို စွန့်ခွားထွက်ပြေးနေရကြောင်း၊ မိုးများ ရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေရသည်ဟု သိရှိရသည်။

"တကူ တိုက်နယ်အတွင်းရှိ သံတိုက် -ရွာမ-အင်းရှည်ကုန်း -ပြည်အေး -တကူငယ် အလယ်ပိုင်း -လမိုင်းကော့ -သာရဘွင် -အရှေ့ကမ်းကျောက်တောင်-စံပယ်ကုန်း -သာယာကုန်း -မယ်ငေါ့ တလိုင်းတပ် ရွာတွေမှာ စစ်တပ်က ခေါင်းဖြတ် သတ်တာ၊ လက်နက်ကြီးအသုံးပြုတာ၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ပါတယ်။ ပြည်သူတွေအားလုံး ထွက် ပြေးနေရပါတယ်" ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Credit...

Address


Website

Alerts

Be the first to know and let us send you an email when GW news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share