Yin Kone Than - ရင်ခုန်သံ

  • Home
  • Yin Kone Than - ရင်ခုန်သံ

Yin Kone Than - ရင်ခုန်သံ LGBTQ+ တွေရဲ့ စစ်မှန်တဲ့ ရင်တွင်းစကားသံတွေကို Yin Kone Than - ရင်ခုန်သံ က ကိုယ်စားပြုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ အပိုင်းမှာတော့  ပုံမှန်တင်ဆက်ပေးနေကျ အ...
15/08/2025

Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ အပိုင်းမှာတော့ ပုံမှန်တင်ဆက်ပေးနေကျ အစီအစဉ်တစ်ခုဖြစ်တဲ့ ရင်ဖွင့်စာ ကဏ္ဍ အတွက် လက်ခံရရှိထားတဲ့ စာမူတွေထဲက သူငယ်ချင်းလေးတို့နဲ့ ထပ်တူကျနိုင်မယ့် ရင်တွင်းခံစားချက်တွေကို တင်ဆက်ပေးသွားမှာပါ။

ယခု အစီအစဉ် ကို Yin Kone Than - ရင်ခုန်သံ ရဲ့ Spotify နဲ့ YouTube မှာ ဝင်ရောက်နားဆင်နိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အကြံပြုစရာများ ရှိတယ်ဆိုရင် Yin Kone Than - ရင်ခုန်သံ ရဲ့ email ဖြစ်တဲ့ [email protected] ကို စာရေးသားပေးပို့နိုင်ပါတယ်။

💜 https://open.spotify.com/episode/7fL09c4JUmAlkzk7GPqYop?si=06h2FEiESZqIsYIAjnLQLQ

ဒါဆိုရင် အတူတူ နားထောင်ကြည့်ရအောင်နော်။
#ရင်ခုန်သံ

၁၉၆၉ ခုနှစ်က Stonewall Uprising လှုပ်ရှားမှု မှာ ဦးဆောင်ခဲ့တဲ့ (လူဖြူမဟုတ်တဲ့) transgender အမျိုးသမီး နှစ်ဦး က ဘယ်သူတွေ...
13/08/2025

၁၉၆၉ ခုနှစ်က Stonewall Uprising လှုပ်ရှားမှု မှာ ဦးဆောင်ခဲ့တဲ့ (လူဖြူမဟုတ်တဲ့) transgender အမျိုးသမီး နှစ်ဦး က ဘယ်သူတွေ ဖြစ်မလဲ ၊ အဖြေမှန် ရွေးကြည့်ကြရအောင်။ 👇

သူတို့ဟာ တက်ကြွလှုပ်ရှားသူတွေလည်း ဖြစ်သလို အိမ်ခြေရာမဲ့ LGBTQ+ လူငယ်တွေကို ကူညီဖို့ "STAR House" ကိုလည်း စတင်ခဲ့သူတွေပါ။

A) Laverne Cox နဲ့ Janet Mock
B) Marsha P. Johnson နဲ့ Sylvia Rivera
C) RuPaul နဲ့ Billy Porter

#ရင်ခုန်သံ #မေးမယ်မန့်ခဲ့

01/08/2025

ကျောင်းနေစဉ်ကတည်းက ခြင်းလုံး၊ ပြေးခုန်ပစ်၊ ဘောလီဘောနဲ့ ဘောလုံးအားကစားတွေမှာ ထူးချွန်ခဲ့တဲ့ ချမ်းပြည့်စိုးကတော့ Transgender အမျိုးသားတစ်ယောက်အဖြစ် ခံယူထားသူတဦးပါ။ သူ့ဘဝရဲ့ စိန်ခေါ်မှုတစ်ခုအနေနဲ့ လက်ဝှေ့အားကစားကို ရွေးချယ်ခဲ့တဲ့နှစ်မှာပဲ တိုင်းနဲ့ပြည်နယ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် (၂၀၂၄ခုနှစ်)မှာ ဧရာဝတီတိုင်းကိုယ်စားပြု ငွေတံဆိပ်ဆု ကို လက်ဝှေ့အားကစားနဲ့ ရယူနိုင်ခဲ့ပါတယ်။ အခုလာမယ့်နှစ် ၂၀၂၆ ခုနှစ် အားကစားပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုရဖို့ ကြိုးစားလေ့ကျင့်နေပါပြီ။ သူ့ရွေးချယ်မှုအပေါ် မိခင်ဆီက စိုးရိမ်စိတ်ရှိနေပေမယ့် ဖခင်ရဲ့ အားပေးထောက်ခံမှုကိုတော့ အပြည့်အဝ ရရှိထားပါတယ်။

ချမ်းပြည့်စိုး ဟာ သူ ရွေးချယ်ထားတဲ့ လက်ဝှေ့အားကစားအတွက် လက်ရှိ မော်လမြိုင်ကျွန်းအားကစားအဖွဲ့နည်းပြတွေနဲ့ ကြိုးစားလေ့ကျင့်လျက်ပါ။ တစ်ဖက်မှာလည်း ဝမ်းရေးအတွက် ကျောင်း‌စျေးမှာ အာလူးကြော်ရောင်းရင်း သူချစ်ရတဲ့ အမျိုးသမီးလေးနဲ့ သာယာတဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။

ဒီလိုမျိုး မတူညီတဲ့ ဘဝတွေကြား ချမ်းပြည့်စိုး ရဲ့ ကြိုးစားရုန်းကန်မှု၊ စိန်ခေါ်မှုတွေနဲ့ အောင်မြင်မှုတွေဆီ လျှောက်လှမ်း နေကြပုံကို သူငယ်ချင်းလေးတို့အတွက် အခုလို ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

#ရင်ခုန်သံ

LGBTQ+ တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းစကားသံတွေကို Yin Kone Than - ရင်ခုန်သံ က တင်ဆက်ပေးလျက် ရှိပါတယ်။ ဒီလို ရင်တွင်းစကားသံ ...
28/07/2025

LGBTQ+ တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းစကားသံတွေကို Yin Kone Than - ရင်ခုန်သံ က တင်ဆက်ပေးလျက် ရှိပါတယ်။ ဒီလို ရင်တွင်းစကားသံ တွေထဲမှာ ရုပ်ရှင်ဇာတ်လမ်းတို (Short Film) တွေကလည်း အပါအဝင်ပါ။
သူငယ်ချင်းလေးတို့အနေနဲ့ ဒီဇာတ်လမ်းတွေနဲ့အတူ ရယ်မောဖူးမယ်၊ ငိုခဲ့ဖူးမယ်၊ ဒါမှမဟုတ် “ဒါက ငါ့အကြောင်းပဲ!” လို့ ခံစားရဖူးကောင်း ခံစားမိပါလိမ့်မယ်။ အုံ့မှိုင်းမှိုင်းရာသီဥတု မှာ ခံစားချက်တွေ ပြန်နွေးထွေးဖို့အတွက် ဒီရုပ်ရှင်တွေကို ပြန်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
🎞မိဘမေတ္တာ အခြေခံရိုက်ကူးထားတဲ့ Cat’s Cradle
🎞မိန်းကလေးနှစ်ယောက်ကြား ပွင့်လန်းလာတဲ့ ချစ်ခရီးလမ်း ကို ရိုက်ကူးတင်ဆက်ထားတဲ့ The Yellow Night
🎞ကျောင်းသားဘဝ ရဲ့ တိတ်တခိုး crush တွေကို ပြန်လည်အောက်မေ့စေမယ့် A Blue-Sky
ဘာလို့ ဒီရုပ်ရှင်တွေကို ပြန်ကြည့်သင့်တာလဲ ဆိုရင်
✅ နောက်တစ်ကြိမ်ကြည့်တဲ့အခါ အရင်က သတိမထားမိခဲ့တဲ့ အသေးစိတ်အချက်တွေ၊ ပိုပြီးစိတ်လှုပ်ရှားစရာ ခံစားချက်တွေကို တွေ့နိုင်ပါတယ်။
✅ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ ၊ ကြံ့ကြံ့ခံမှု နဲ့ ရွေးချယ်ထားတဲ့မိသားစု (chosen family) တွေကို ချီးကျူးတဲ့ ဇာတ်လမ်းတွေက သင့်ကို နွေးထွေးမှုနဲ့ အားအင်ပြည့်ဝစေမှာပါ။
✅ ဒီဇာတ်လမ်းတွေကို ကြည့်ရင်း LGBTQ+ တွေအပေါ် လူမှုရပ်ဝန်းအတွင်း နားလည်လက်ခံမှုကို မြှင့်တင်ရာမှာ ပါဝင်နိုင်ပါတယ်။
✅ ဒီရုပ်ရှင်တွေကို ကြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ share လုပ်ခြင်းအားဖြင့် LGBTQ+ ရုပ်ရှင်ပြုလုပ်သူတွေနဲ့ ဇာတ်ညွှန်းရေးသူတွေကို နောက်ထပ် ဇာတ်လမ်းတွေ ထပ်မံဖန်တီးနိုင်ဖို့ အားပေးရာရောက်ပါတယ်။

ဒါဆိုရင် အခုပဲ ဒီ link ကိုနှိပ်ပြီး အတူတူကြည့်လိုက်ရအောင်!
https://www.youtube.com/playlist?list=PLYUucc7aOh7NqEFv8P5SEyLVS4oc94WgH
👇 သူငယ်ချင်းလေးတို့ အကြိုက်ဆုံး ဇာတ်ကားကို comment မှာ ပြောပြပေးခဲ့ပါဦးနော်။
#ရင်ခုန်သံ

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။   ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွ...
25/07/2025

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွယ် အကြောင်းအရာ ၊ စကားလုံးတွေကို ရှာဖွေမျှဝေပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။ 🌐📈🌈
LGBTQ+ နဲ့ ပတ်သက်တဲ့ အပြုအမူတွေမှာဆိုရင် နောက်ပိုင်းမှာ သူတို့ ခေါ်စေချင်တဲ့ နာမည်ကို မေးမြန်းပြီးမှ ခေါ်ဝေါ်ဖို့ ၊ pronoun (နာမ်စား)တွေကို လေးစားဖို့ စသဖြင့် ကောင်းမွန်သော အရွေ့လေးတွေကို တဖြည်းဖြည်း အသိပညာဖြန့်ဝေလာကြပါတယ်။ ဒါဆိုရင် Deadnaming ဆိုတာ ဘာလဲ ၊ အတူတူ လေ့လာကြည့်ရအောင်။
Deadnaming ဆိုတာက LGBTQ+ တစ်ယောက်ကို သူတို့ လက်ရှိ ခံယူသတ်မှတ်ထားတဲ့နာမည်ကို မသုံးပဲ အရင်က အသုံးပြုခဲ့ရတဲ့နာမည် (တနည်းအားဖြင့် "dead name") နဲ့ ခေါ်ဆိုတာပါ။ ဒီ dead name က များသောအားဖြင့် မွေးစာရင်းမှာပေးထားတဲ့နာမည် ဖြစ်ပါတယ်။
ဘာလို့ Deadnaming က အန္တရာယ်ရှိတာလဲ?
LGBTQ+ တစ်ယောက်ရဲ့ dead name ကို မရည်ရွယ်ပဲ မတော်တဆ ပြောမိရင်တောင် သူတို့ကို စိတ်ထိခိုက်စေနိုင်ပါတယ်။ အကြောင်းရင်းတွေက -
🔴 သူတို့ရဲ့အထင်အရှားကိုယ်ပိုင်လက္ခဏာကို ဖျက်ဆီးတာ
LGBTQ+ တစ်ယောက်ရဲ့ ရွေးချယ်ထားတဲ့နာမည်က သူတို့ရဲ့အမှန်တကယ် ကိုယ်ပိုင်လက္ခဏာရဲ့ အဓိက အစိတ်အပိုင်းပါ။ Dead name နဲ့ခေါ်တာက သူတို့လက်ရှိဘဝကို ငြင်းပယ်သလိုဖြစ်စေပြီး စစ်မှန်မှုကို တိုက်ခိုက်ရာရောက်ပါတယ်။
🔴 စိတ်ဒဏ်ရာဖြစ်စေနိုင်တာ
Dead name အများစုက သူတို့စိတ်မသက်မသာ၊ မလုံခြုံ (သို့) ကိုယ့်ကိုယ်ကိုယ် အစစ်အမှန်မဖော်နိုင်ခဲ့တဲ့ အချိန်တွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဒါကို ပြန်ကြားရင် သူတို့အတွက် စိုးရိမ်စိတ်၊ စိတ်ဆင်းရဲမှု တွေကို ပြန်နှိုးဆွမိသလို ဖြစ်စေနိုင်ပါတယ်။
🔴 မလေးစားမှုပြသလိုဖြစ်တာ
Deadnaming လုပ်ခြင်းက သူတို့ရဲ့ခရီးကို အသိအမှတ်မပြုဘူး၊ သူတို့ရဲ့ဆုံးဖြတ်ချက်ကို လေးစားမှုမရှိဘူးလို့ ပြောနေတာနဲ့တူပါတယ်။
🔴 အန္တရာယ်ရှိနိုင်တာ
တစ်ချို့အခြေအနေတွေမှာ deadnaming က LGBTQ+တစ်ယောက်ယောက်ရဲ့ ခံယူထားတဲ့ ဖြစ်တည်မှုကို သူရဲ့ သဘောဆန္ဒမပါပဲ မတော်တဆ ထုတ်ဖော်မိစေနိုင်ပြီး ခွဲခြားဆက်ဆံမှု (သို့) အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
Deadnaming ကို ဘယ်လိုရှောင်ရမလဲ?
အခြားသူတွေကို လေးစားတဲ့အနေနဲ့ ဒီအချက်လေးတွေကို လိုက်နာပါ -
✅ သူတို့ရဲ့ရွေးချယ်ထားတဲ့နာမည်နဲ့ pronoun(နာမ်စား)တွေ ကိုသုံးပါ။ မသေချာရင် ယဉ်ကျေးစွာမေးမြန်းပါ။
✅ တခါတလေ အမှားလုပ်မိရင် ချက်ချင်းပြင်ဆင်ပြီး ဆက်ပြောပါ။ အကြောင်းရှည်ပြီး တောင်းပန်တာမျိုး မလုပ်ပါနဲ့ (ဒါက သင့်ခံစားချက်ကိုသာ အလေးပေးရာရောက်ပါတယ်) ။
✅ အခြားသူတွေကိုလည်း သင်ပေးပါ။ တစ်ယောက်ယောက် deadnaming လုပ်နေတာကြားရင် အန္တရာယ်မရှိအောင် ယဉ်ကျေးစွာ ပြင်ပေးပါ။
✅ အလေ့အကျင့်လုပ်ပါ။ အထူးသဖြင့် လူတစ်ယောက်ကို dead name နဲ့ အရင်က အချိန်တစ်ခုကြာ သိထားရင် အသစ်ပြောင်းထားတဲ့နာမည်ကို မှတ်မိဖို့ အချိန်ယူရပါမယ်။ သူတို့နာမည်ကို မကြာခဏပြန်ပြောပြီး အလေ့အကျင့်လုပ်ပါ။ ဒါဟာ LGBTQ+ တွေ ၊ အထူးသဖြင့် Transgender နဲ့ non-binary တွေကို လေးစားမှုပြသဖို့ အရေးကြီးတဲ့အချက်တစ်ခုပါ။
#ရင်ခုန်သံ

16/07/2025

မွေးစားမိခင် အပျိုကြီးရဲ့ ပျိုးထောင်မှုအောက်မှ ကြီးပြင်းလာရသူ နန်းနန်း။ မိဘအရင်းတွေရဲ့ စွန့်ပစ်မှုကြောင့် စိတ်ဒဏ်ရာရခဲ့ပေမယ့် ငယ်စဉ်ကတည်းက ဖြစ်တည်မှုကို လက်ခံပေးတဲ့ မွေးစားမိခင်ကြောင့် ဘဝကို အကောင်းဆုံး ရှင်သန်ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နန်းနန်း အသက် ၁၇နှစ် ၊ မွေးစားမိခင်ဆုံးပါးသွားတဲ့အချိန်မှာ ငယ်ဘဝအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်မြို့ကို စွန့်စားထွက်လာခဲ့ပါတယ်။

တစ်ကောင်ကြွက်ဘဝနဲ့ ရန်ကုန်မြို့မှာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ရင်း ဘဝကိုရှေ့ဆက်ဖို့ အလုပ်ရှာရာကနေ Drag Queen လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။ ဝါသနာပါရာအလုပ်နဲ့ လောကဓံတွေကြား တက်လိုက်ကျလိုက် ရုန်းကန်လုပ်ကိုင်နေပေမယ့် အဆင်မပြေမှုတွေ များတာကြောင့် တခြားအလုပ်တစ်ခုကိုလည်း ထပ်မံလုပ်ကိုင်ခဲ့ပါတယ်။

လက်ရှိမှာ အလုပ်တစ်ဖက်နဲ့လည်း ဝါသနာပါရာ Drag Queen ဘဝကို မစွန့်လွှတ်ပဲ အခွင့်ရှိရင်ရှိသလို ကပြဖျော်ဖြေနေရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေပါတယ်။ လောကဓံလှိုင်းလုံးများအကြား အရှုံးမပေးစတမ်း အိပ်မက်နဲ့အတူ ကူးခတ်ဆဲ Drag Queen နန်းနန်းရဲ့ ဘဝအကြောင်း ကို သူငယ်ချင်းလေးတို့အတွက် အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်။

#ရင်ခုန်သံ

Drag Show ပရိသတ်တွေ ရှိကြသလားဗျို့။ ဒီနေ့ဟာ International Drag Day ပါ။ ဇူလိုင်လ ၁၆ရက်နေ့ ကို International Drag Day အဖြစ...
16/07/2025

Drag Show ပရိသတ်တွေ ရှိကြသလားဗျို့။ ဒီနေ့ဟာ International Drag Day ပါ။ ဇူလိုင်လ ၁၆ရက်နေ့ ကို International Drag Day အဖြစ် ၂၀၀၉ခုနှစ်ကတည်းက အထိမ်းအမှတ်နေ့တစ်ခု အဖြစ် ကျင်းပကြပါတယ်။ 💁💋💄💅🌈

Drag ဆိုတာ လူမှုရပ်ဝန်းထဲကနေ သမားရိုးကျ သတ်မှတ်ထားတဲ့ ဖြစ်တည်မှုတွေ နဲ့ ဆိုင်ရာ အပြုအမူတွေကို ခွဲခြားမှု နည်းပါးလာအောင် ၊ ရှေးရိုးစွဲ ပညတ်တွေကို ပြေလျော့ပျောက်ကွယ်သွားအောင် စိန်ခေါ် ရည်ရွယ်ပြီး ဇာတ်ကောင် အဖြစ် ပုံဖော်တဲ့ အနုပညာရပ် တစ်ခုပါ။ ဒီလို Drag artist တွေထဲမှာ အများဆုံး သိကြမှာကတော့ Drag Queen (များသောအားဖြင့် အမျိုးသမီးဇာတ်ကောင်အဖြစ် ပုံဖော်ခြင်း) ပါ။ သူ့အပြင် Drag King (အမျိုးသားဇာတ်ကောင်အဖြစ် ပုံဖော်ခြင်း) ၊ Non-binary ၊ Gender-fluid စသဖြင့် ဖန်တီးရှင် အမျိုးမျိုး ရှိကြပါတယ်။

Drag က ဖျော်ဖြေရေးသက်သက်မဟုတ်ပါဘူး။ ဒါက—
⭐️အနုပညာနဲ့ ဖန်တီးမှု - အသေးစိတ်အလှဆင်ထားတဲ့ဝတ်စုံတွေ၊ makeup တွေကနေ lip-sync၊ live vocal အထိ အနုပညာရဲ့ အစစ်အမှန်ပုံစံတစ်ခုပါ။
⭐️ကိုယ်ပိုင်လက္ခဏာဖော်ထုတ်မှု - အနုပညာရှင်တွေအတွက် ကိုယ်ပိုင်လက္ခဏာရှာဖွေဖို့၊ လူမှုစံနှုန်းတွေကို စိန်ခေါ်ဖို့နဲ့ စစ်မှန်တဲ့ဘဝကို ရှင်သန်ဖို့ နေရာတစ်ခုပေးပါတယ်။
⭐️လူမှုအသိုင်းအဝိုင်းနဲ့ တက်ကြွလှုပ်ရှားမှု - Drag က LGBTQ+ သမိုင်းမှာ ထဲထဲဝင်ဝင်ပါဝင်မှု ရှိပြီး အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ ကန့်ကွက်မှု၊ ခံနိုင်ရည်နဲ့ အသိုင်းအဝိုင်းတည်ဆောက်ရေးအတွက် အရေးပါတဲ့အင်အားတစ်ခုဖြစ်ခဲ့ပါတယ်။ Drag artist အများအပြားဟာ ယခင်ကရော လက်ရှိမှာပါ လူမှုရေးပြောင်းလဲမှုတွေရဲ့ ရှေ့တန်းကနေ ဦးဆောင်နေကြပါတယ်။
⭐️ပျော်ရွှင်မှုနဲ့ အားပေးမှု - Drag က ဖျော်ဖြေသူတွေရော ကြည့်ရှုသူ ပရိတ်သတ်တွေကိုပါ ပျော်ရွှင်မှုအပြည့်ပေးပြီး ရဲရင့်စွာ၊ စစ်မှန်စွာ နေထိုင်ဖို့ အားပေးပါတယ်။

ဒီနေ့မှာ Drag အနုပညာရဲ့ တောက်ပစူးရှတဲ့ကမ္ဘာ၊ သမိုင်းကြောင်းနဲ့ သာတူညီမျှတဲ့ကမ္ဘာကို အသက်သွင်း၊ ရယ်မောမှုနဲ့ သတ္တိပေးတဲ့ ထူးချွန်တဲ့အနုပညာရှင်တွေကို အတူတူဂုဏ်ပြုကြပါစို့။
သူငယ်ချင်းလေးတို့ အကြိုက်ဆုံး drag artist (သို့) drag နဲ့ပတ်သက်တဲ့ အမှတ်ရစရာအချိန်တွေကို comment မှာမျှဝေပေးပါဦးနော်။ 💜🎉
#ရင်ခုန်သံ

ဇူလိုင် ၁၄ ရက်နေ့ ဟာ ၂၀၁၂ ခုနှစ် ကစပြီး International Non-Binary People’s Day ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် non-binary ဖြစ်...
14/07/2025

ဇူလိုင် ၁၄ ရက်နေ့ ဟာ ၂၀၁၂ ခုနှစ် ကစပြီး International Non-Binary People’s Day ဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် non-binary ဖြစ်တည်မှုဟာ သမားရိုးကျ လိင်နှစ်ခု နဲ့ သတ်မှတ်တဲ့ စနစ် ရဲ့ အလွန်မှာ တည်ရှိတာကို ပြသလိုတဲ့အတွက် ဒီရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (မတ် ၈ ရက်) နဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသားများနေ့ (နိုဝင်ဘာ ၁၉ ရက်) တို့ရဲ့ အလယ်မှာ ရွေးချယ်ထားတာပါ။ တနည်းအားဖြင့် non-binary တွေအကြောင်း ပိုမိုသိရှိအောင် လေ့လာမျှဝေသင့်တဲ့ အထိမ်းအမှတ်နေ့တစ်ခုပါ။

🟢non-binary ဆိုတာ "အမျိုးသား" (သို့) "အမျိုးသမီး" ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ သမားရိုးကျ ယူဆချက်တွေအောက်မှာ မပါဝင်တဲ့ လိင်ဖြစ်တည်မှုကို ခံယူထားသူတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက ခံယူချက်အပေါ် မူတည်တဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်လို့ ဝတ်စားဆင်ယင်မှု (သို့) အပြင်ပန်းကြည့်ရုံနဲ့ မသတ်မှတ်နိုင်ပါဘူး။ မွေးရာပါလိင်နဲ့ မတူတဲ့ ဖြစ်တည်မှု ကို ခံယူတဲ့အတွက် non-binary အဖြစ် ခံယူထားသူ ထဲမှာ အချို့က transgender အဖြစ် မိမိကိုယ်ကို ဖော်ပြတာမျိုး ရှိနိုင်ပေမယ့် non-binaryတိုင်းက transgender မဟုတ်ပါဘူး။

ဒီနေ့မှာ ဘာလုပ်သင့်လဲ?
✔ နာမ်စားတွေကို လေးစားပါ။ non-binary တွေရဲ့ မြင်ရအများဆုံး အသုံးပြုမှုများတဲ့ pronoun (နာမ်စား) က They/Them ပါ။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းပေါ် မူတည်ပြီး သူတို့ သုံးစွဲတဲ့ နာမ်စားကလည်း ကွဲပြားနိုင်တဲ့အတွက် တဖက်လူကို ခေါ်ဝေါ်တဲ့အခါ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်နာမ်စားရွေးချယ်မှုကို လေးစားဖို့ အရေးကြီးပါတယ်။
✔LGBTQ+ တို့ရဲ့ ဖြစ်တည်မှုတွေက သက်တံ့ရောင်စဉ်ပမာ အရောင်အသွေးစုံလင်တာဖြစ်လို့ စဉ်ဆက်မပြတ် လေ့လာမှုတွေဆိုတာ အမြဲ လိုအပ်ပါတယ်။ ဒါကြောင့် non-binary တွေရဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေကို လေ့လာပါ။
✔ non-binary တွေအတွက် လုံခြုံပြီး လက်ခံပေးနိုင်တဲ့ နေရာတွေ ဖန်တီးပေးပါ။
ဖြစ်တည်မှုများ အားလုံးကို နားလည်၊ လေးစား၊ ဂုဏ်ပြုတဲ့ လူမှုရပ်ဝန်းတစ်ခု ကို အတူတူကြိုးစားရင်း တည်ဆောက်ကြရအောင်။ 💛🤍💜🖤
🟢Non-binary အနေနဲ့ လူသိရှင်ကြား ဖွင့်ဟထားတဲ့ နာမည်ကျော် တွေထဲမှာ ဘယ်သူတွေပါသလဲ ပြောပြပေးခဲ့ပါဦး။
#ရင်ခုန်သံ

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွယ်...
11/07/2025

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွယ် အကြောင်းအရာ ၊ စကားလုံးတွေကို ရှာဖွေမျှဝေပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။ 🌐📈🌈

ဒီတခေါက် ပြောပြပေးသွားမယ့် အကြောင်းအရာ ကတော့ non-binary ဖြစ်ပါတယ်။ ဒီစကားလုံးက နောက်ပိုင်းမှာ မြင်ရများလာတဲ့အတွက် အတူတူလေ့လာကြည့်ကြရအောင်။

Non-binary ဆိုတာ
"အမျိုးသား" (သို့) "အမျိုးသမီး" ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ သမားရိုးကျ ယူဆချက်တွေအောက်မှာ မပါဝင်တဲ့ လိင်ဖြစ်တည်မှုကို ခံယူထားသူတွေ ဖြစ်ပါတယ်။ တနည်းအားဖြင့် Non-binary တွေအနေနဲ့ သူတို့ကိုယ်သူတို့
✔ အမျိုးသားလည်းဖြစ်၊ အမျိုးသမီးလည်းဖြစ်တယ်
✔ အမျိုးသားလည်းမဟုတ်၊ အမျိုးသမီးလည်းမဟုတ်ပါ
✔ သမားရိုးကျ လိင်သတ်မှတ်ချက်နှစ်ခုကြားက ဖြစ်တည်မှုတစ်ခု
✔ လုံးဝကွဲပြားတဲ့ လိင် သဘောသဘာဝ စသဖြင့် ခံယူတွေးခေါ်တတ်ကြပါတယ်။

👉 အဓိကအနေနဲ့ non-binary ဆိုတာ လူတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက ခံယူချက်အပေါ် မူတည်တဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်လို့ ဝတ်စားဆင်ယင်မှု (သို့) အပြင်ပန်းကြည့်ရုံနဲ့ မသတ်မှတ်နိုင်ပါဘူး။ မွေးရာပါလိင်နဲ့ မတူတဲ့ ဖြစ်တည်မှု ကို ခံယူတဲ့အတွက် non-binary အဖြစ် ခံယူထားသူ ထဲမှာ အချို့က transgender အဖြစ် မိမိကိုယ်ကို ဖော်ပြတာမျိုး ရှိနိုင်ပေမယ့် non-binaryတိုင်းက transgender မဟုတ်ပါဘူး။

Non-binary အဖြစ် ခံယူထားသူတွေ အနေနဲ့ “Guys” “Girls” လိုမျိုး အစုအဝေးနဲ့ အသုံးပြုပေမယ့် သမားရိုးကျ လိင်ဖြစ်တည်မှုအပေါ် အခြေခံထားတဲ့ စကားလုံးတွေကို မနှစ်သက်ကြတာ ၊ gender-neutral (လိင် သတ်မှတ်ချက်မရှိသော) ဖြစ်တဲ့ “People” “Folks” ဆိုတာမျိုးပဲ သုံးနှုန်းစေချင်တာမျိုး ရှိတတ်တဲ့အတွက် အဲ့ဒီအချက်တွေကိုလည်း သတိပြုရပါမယ်။

Non-binary တွေရဲ့ မြင်ရအများဆုံး အသုံးပြုမှုများတဲ့ pronoun (နာမ်စား) က They/Them ပါ။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းပေါ် မူတည်ပြီး သူတို့ သုံးစွဲတဲ့ နာမ်စားကလည်း ကွဲပြားနိုင်တဲ့အတွက် တဖက်လူကို ခေါ်ဝေါ်တဲ့အခါ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်နာမ်စားရွေးချယ်မှုကို လေးစားဖို့ အရေးကြီးပါတယ် ဆိုတာ မမေ့ပါနဲ့နော်။

#ရင်ခုန်သံ

ဘယ်အချက်တွေက မှန်သလား ၊ မှားသလား မန့်ခဲ့ပေးပါဦး။ 🟢🔴   #ရင်ခုန်သံ
11/07/2025

ဘယ်အချက်တွေက မှန်သလား ၊ မှားသလား မန့်ခဲ့ပေးပါဦး။ 🟢🔴

#ရင်ခုန်သံ

ပြီးခဲ့တဲ့ ဇွန်လ (၂၀)ရက်နေ့မှာ Yin Kone Than - ရင်ခုန်သံ ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ တင်ဆက်ပေးခဲ့တဲ့ ဗီဒီယို တွေ...
07/07/2025

ပြီးခဲ့တဲ့ ဇွန်လ (၂၀)ရက်နေ့မှာ Yin Kone Than - ရင်ခုန်သံ ရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ တင်ဆက်ပေးခဲ့တဲ့ ဗီဒီယို တွေထဲက မိမိ အကြိုက်နှစ်သက်ဆုံး တစ်ခု အကြောင်းကို မျှဝေရင်း ဖုန်းဘေလ် လက်ဆောင်ရယူနိုင်တဲ့ အစီအစဉ် ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ပါဝင်လာသူတွေထဲကမှ ပြောပြထားတဲ့ အဆင့် ၃ဆင့် လုံးကို လုပ်ဆောင်တဲ့သူတွေကို စစ်ထုတ်လိုက်တဲ့ အခါမှာ မူလ က ရည်ရွယ်ထားတဲ့ ကံထူးရှင် အရေအတွက်ထက် နည်းနေတာကို တွေ့ရပါတယ်။

📢ဒါပေမယ့် သေချာ အချိန်ပေးပြီး ပါဝင်ပေးတဲ့အတွက် အခု ရွေးချယ်ခံရတဲ့ ကံထူးရှင်တွေကို အထူးဆု အဖြစ် တဦးလျှင် ဖုန်းဘေလ် တစ်သောင်းကျပ် ပြောင်းလဲချီးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း အသိပေးချင်ပါတယ်။ ကံထူးရှင်များအနေနဲ့ Yin Kone Than - ရင်ခုန်သံ ရဲ့ messenger မှာ ဆက်သွယ်ပေးကြပါဦးနော်။

ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနိုင်အောင် Yin Kone Than - ရင်ခုန်သံ ကလည်း ဆက်လက် ကြိုးစားသွားပါဦးမယ်။ LGBTQ+ တို့အတွက် ပိုမိုကောင်းမွန်တဲ့ ၊ လုံခြုံစိတ်ချရတဲ့ ၊ နားလည်လက်ခံမှုတွေနဲ့ ရပ်ဝန်းကို အတူတူ ဆက်လက်ဖန်တီးကြရအောင်။ 💜🏳️‍🌈

#ရင်ခုန်သံ

Address


Alerts

Be the first to know and let us send you an email when Yin Kone Than - ရင်ခုန်သံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yin Kone Than - ရင်ခုန်သံ:

  • Want your business to be the top-listed Media Company?

Share