S.z.min

S.z.min Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S.z.min, Gaming Video Creator, .

🛑 မင်းဒုက္ခရောက်နေတာတောင်မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။🛑 မင်းရဲ့အခက်အခဲတွ...
06/12/2023

🛑 မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

🛑 မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

🛑 မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

🛑 ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

🛑 သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

🛑 ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့။

"မနက်ဖြန်တွေ"အသက်ရှင်နေသရွေ့တော့ နေရအုံးမယ် လောကဓံဆိုတာ ဘာလဲမမေးနဲ့ မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက် အခွင့်အရေးပေးပြီးသာ...
06/12/2023

"မနက်ဖြန်တွေ"

အသက်ရှင်နေသရွေ့တော့ နေရအုံးမယ် လောကဓံဆိုတာ ဘာလဲမမေးနဲ့ မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက် အခွင့်အရေးပေးပြီးသာပဲမဟုတ်လား
ဘာလို့တွေးပြီး စိတ်ညစ်နေအုံးမှာလဲ...။

ဒုက္ခတွေ မရှိရင် သုခဆိုတာဖြစ်မလာပါဘူး
နေအပူဓာတ်ကို ကာကွယ်ဖို့အတွက် အများဆုံးတော့ သစ်ပင်တစ်ပင်ရှင်သန် ကြီးထွား နိူင်ဖို့ ရေလောင်းပေါင်းသင် ရတာ နေပူ ပြင် ကပဲမဟုတ်လား...။

ဘဝမှာ စိတ်ညစ်စရာဆိုတာလူတိုင်းရှိကြတယ်
နားလည်မှုတွေနဲ့ ဆင်ချင်စဥ်စားပြီး စိတ်အေးအောင် နေရတာပါပဲ...။

ဒုက္ခကြုံလဲ မနက်ဖြန်ဆိုတာရှိ သေး တယ် အဝေးကြီးတွေးပြီး စိတ်ညစ်မနေနဲ့ ဘဝက သင်လိုချင်တိုင်း ရေးလို့ရတဲ့ စာအုပ်တစ်အုပ်မှမဟုတ်တာ အနည်းဆုံးတော့ ပျော်သလိုနေရမှာပါ...။

Address


Website

Alerts

Be the first to know and let us send you an email when S.z.min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share