07/11/2025
ခင်ပွန်းမရှိလည်း စက်ရုံကို ဦးစီးကာ ဝန်ထမ်းတွေကို ကထိန်အလှူကျွေးမွေးခဲ့တဲ့ ခိုင်သင်းကြည်
အလှူအတန်းမပြတ်တဲ့ မင်းသမီးချောခိုင်သင်းကြည်ဟာ စက်ရုံမှာ ကျင်းပတဲ့ ကထိန်အလှူပွဲကြီးကို ကိုယ်တိုင်ဦးစီး ကျင်းပခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ မရှိပေမယ့်လည်း စက်ရုံကြီးကို အောင်မြင်စွာ ဦးစီးနိုင်ပြီး၊ ကထိန်ပွဲမှာလည်း ဝန်ထမ်းတွေအတွက် စတုဒီသာထမင်းဟင်းအစုံအလင်ကို ကိုယ်တိုင်စီမံချက်ပြုတ်ကျွေးမွေး နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မိသားစုဝင်အားလုံး ပါဝင်ပျော်ရွှင်စွာ ကူညီကြတဲ့ မခိုင်လေးတို့ရဲ့ အလှူဒါနကို ပရိသတ်တွေကလည်းချီးကျူးပြီး သာဓုခေါ်ဆိုနေကြပါတယ်။
အလှူဒါနတွေပြုလုပ်ခဲ့တဲ့ မခိုင်လေးတို့ မိသားစုကို ပရိသတ်တို့ရော သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်
#ခိုင်သင်းကြည်