အစဳဇန်လျးဂကူမန် by Febcmonradio

  • Home
  • အစဳဇန်လျးဂကူမန် by Febcmonradio

အစဳဇန်လျးဂကူမန် by Febcmonradio FEBC Mon Radio

11/07/2025

Light of the Mon people
for Everyday Use
#အရေဝ်အေင်ကလိက်ဟီုဂးစကာဒၟံင်အရိုဟ်တ္ၚဲ
#နေ့စဥ်သုံးအင်္ဂလိပ်စကားပြော
#စပ်ကဵုဓဝ်ပတှ်ေတုဲညးမဒှ်သဂံင်ဂမ်လိုင်(၅၄)၊ ပရောဗက်ဂမၠိုင်(၅)၊ ဨလိယ(၂)
of faith 54:Prophets 5, Elijah 2

10/07/2025

Light of the Mon people
#ဂလာန်ဗကန်နူကဵုဒွက်
from the song
#ဒွက်မာနစိုတ်
of heart
#ညးမလဴပရူသတ်ဒွက်- Rev.နာဲထောန်တုင်
#သၟာဒယှ်ေ-တလမာန်

"အဒိုနိုင်ရမ်ဂျပ်ဆင် သို့မဟုတ် ဆရာယုဒသန်"(မွေးဘွားချိန်ဘဝမှစ၍ကျမ်းစာကျောင်းသားဘဝအထိ)👶ဆရာယုဒသန်၏မွေးဘွားရာဇာတိ အဒိုနိုင်ရ...
09/07/2025

"အဒိုနိုင်ရမ်ဂျပ်ဆင် သို့မဟုတ် ဆရာယုဒသန်"
(မွေးဘွားချိန်ဘဝမှစ၍ကျမ်းစာကျောင်းသားဘဝအထိ)
👶ဆရာယုဒသန်၏မွေးဘွားရာဇာတိ
အဒိုနိုင်ရမ်ဂျပ်ဆင် သို့မဟုတ် ဆရာယုဒသန်ကို ခရစ်နှစ်(၁၇၈၈)၊ ဩဂုတ်လ(၉)ရက်တွင် အမေရိကန် ပြည်ထောင်စု၊ Massachusetts မက်ဆာချူးဆက်ပြည်နယ်၊ Malden မော်ဒန်အမည်ရှိသော မြို့ငယ် ကလေးတွင် အဘ “အဒိုနိုင်ရမ်ဂျပ်ဆင်စီနီယာ”နှင့်အမိ “အဗိဂေးလ်ဘရောင်း” တို့က မွေးဖွားခဲ့ပါသည်။
ဖခင်သည် ကွန်ဂရီဂေးရှင်နယ် Congregational အသင်းတော်မှ သင်းအုပ်ဆရာဖြစ်ပြီး ယုဒသန် အသက်လေးနှစ်နှင့်ခြောက်လအထိ မောဒန်မြို့လေး၌ပင် နေထိုင်ခဲ့ကြပါသည်။ မော်ဒန်မှာဘဲ သူ၏ညီမ ဖြစ်သူ အဗိဂေးလ်ဘရောင်းဂျပ်ဆင် Abigail Brown Judson ကိုမွေးဖွားခဲ့ပါသည်။ အဗိဂေးလ်ကို အက်ဘီ Abby ဟူ၍လည်းခေါ်ဆိုခဲ့ကြပါသည်။ အက်ဘီသည် အသက်(၉၀) ကျော်သည်အထိ ပလိုင်းမောက်မြို့တွင် နေထိုင်အသက်ရှင်ခဲ့ပါသည်။
ခရစ်နှစ်(၁၇၉၃)၊ ဇန်နဝါရီလတွင် Judson စီနီယာတို့မိသားစုသည် မက်ဆာချူးဆက်ပြည်နယ်၊ ဘောစတွန်မြို့၏ အရှေ့မြောက်ဘက်၊ မိုင်(၂၀)ခန့်အကွာတွင်ရှိသော ဝဲန်ဟမ် Wenham ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ဒီဝဲန်ဟမ်မှာ အဒိုနိုင်ရမ်ဂျပ်ဆင်(၁၂)နှစ်အထိ နေထိုင်ခဲ့ပါသည်။ ဒီမှာရှိနေစဉ် သူ့ရဲ့ညီဖြစ်သူ၊ နောင်တွင် အမေရိကန်ပြည်ထောင်စုရေတပ်၏ ခွဲစိတ်ဆရာဝန်ကြီး ဖြစ်လာသူ အယ်နေသန် Elnathan ကို ခရစ်နှစ်(၁၇၉၄)၊ မေလ(၂၈)ရက်တွင် မွေးဖွားခဲ့ပါသည်။ ဒီဝဲန်ဟမ်မှာဘဲ ယုဒသန်မိဘတို့သည် ယုဒသန်အသက်(၈)နှစ်အရွယ်တွင် သူ၏ညီမအငယ်ဆုံး မေရီ Mary ကို မွေးဖွားခဲ့ပါသည်။ သို့ပေမယ့်လည်း မေရီသည် မွေးပြီး(၆)လခန့်သာ အသက်ရှင်ခဲ့ပါသည်။
🧠ဆရာယုဒသန်၏ တမူထူးခြားသော ဉာဏ်ရည်အစွမ်းပကားနှင့်အထုံပါရမီ
အဒိုနိုင်ရမ်ဂျပ်ဆင်သည် အသက်(၃)နှစ်သားအရွယ်မှာတင် မိခင်၏သင်ကြားမှုဖြင့် သမ္မာကျမ်းစာ အခန်းတစ်ခုလုံးကို ဖခင်၏ပေါင်ပေါ်မှာထိုင်ရင်း ဖတ်ရွတ်နိုင်ခဲ့သည်။ ဖခင်ဖြစ်သူသည် အံ့သြစွာဖြင့် မိမိ၏သားကိုချီလျက် “သား၊ မင်းဟာတစ်နေ့မှာ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်"ဟူ၍ ဂုဏ်ယူစွာဖြင့်မှတ်ချက်ပြုခဲ့ပါသည်။
အဒိုနိုင်ရမ်ဂျပ်ဆင်သည် မိမိအသက် (၄) နှစ်သားအရွယ်တွင် အိမ်နီးချင်းကလေးမိတ်ဆွေများနှင့်အတူ ဆော့ကစားသောအခါ မိမိသည် တရားဟောဆရာ၊ သူငယ်ချင်းများမူကား အသင်းသားများအဖြစ် သဘောထားကာ၊ ဝတ်ပြုစည်းဝေးကစားတမ်းလုပ်ပြီး သူအနှစ်သက်ဆုံးဓမ္မသီချင်းမှာ “ငါ၏သတင်းကောင်းကို သွား၍ပြောပါ--သခင်ဘုရားမိန့်တော်မူတည်း” ဟူ၍ဖြစ်ပါသည်။
အဒိုနီရမ်ဂျပ်ဆင်သည် ပဟေဠိများကို နှစ်သက်သူဖြစ်သည်။ အမြဲသိလိုစိတ်ပြင်းပြပြီး၊ သူ့အတွက် ခက်ခဲလေ ကောင်းလေဖြစ်သည်။ အကြောင်းတရားများ မည်သို့မည်ပုံဖြစ်ပွားသည်ကို အမြဲတွေးတော ဆင်ခြင်ကာ အဖြေကိုဖော်ထုတ်နေသူဖြစ်သည်။ မိမိထက်အသက်ကြီးသော သူငယ်ချင်းများပင်လျှင် မဖြေရှင်းနိုင်သော ပုစ္ဆာကိုသူဖြေရှင်းနိုင်ခဲ့သည်။
အသက် (၇)နှစ်အရွယ်ခန့်တွင်ယုဒသန်သည်ကမ္ဘာမြေကြီးသည်သာနေကိုလှည့်ပတ်၍ သွားလာနေသည် ဆိုသည့်အကြောင်း သင်ခန်းစာကိုကြားရသောအခါ သူ၏စိတ်ထဲမှာ ဒါကတစ်ကယ်ဘဲလား၊ နေမင်းကြီးကရွေ့လျားတာမဟုတ်ဘူးလားဆိုတာကို အလွန်အမင်း စူးစမ်းလိုစိတ်ဖြစ်စေခဲ့ပါသည်။ တစ်နေ့မှာ သူသည်နေ့တစ်ဝက်လုံးလုံး ပျောက်နေခဲ့ပါတယ်၊ သူ၏မိဘများအလွန်စိုးရိမ်သွားကာ၊ ဖခင်ဖြစ်သူက ဒီကလေးဘယ်ရောက်သွားပါလိမ့်ဆိုပြီး လိုက်လံရှာဖွေသောအခါ သူသည် အိမ်နှင့်ဝေးရာ ခြံကွက်လပ်တစ်ခုမှာ နေမင်းကြီးကို ကြည့်ရှုဆင်ခြင်နေကြောင်းသိရှိလိုက်ရပါသည်။
အသက် (၉)နှစ်အရွယ်တွင် သင်္ချာဘာသာရပ်မှာ ထူးချွန်သော ပညာသင်ဆုရခဲ့ပါသည်။ သာမန်လူကြီး အဆင့်တောင်မဖြေရှင်းနိုင်သောသင်္ချာပုစ္ဆာတစ်ပုဒ်ကို သူဖြေရှင်းနိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာဆုကိုဆွတ်ခူးရရှိခဲ့သည်။ အသက် (၁၀) နှစ်အရွယ်တွင် ပထဝီဘာသာရပ်မှာ ထူးချွန်သော ပညာသင်ဆုများရရှိသည့်အပြင် ဘာသာစကားမှာလည်း အလွန်ကျွမ်းကျင်တတ်မြောက်လှပါသည်။ အထူးသဖြင့်ဂရိဘာသာစကားကို ထူးချွန်စွာ တတ်မြောက်သူတစ်ဦးဖြစ်ခဲ့ပါသည်။
အဒိုင်နိုင်ရမ်ဂျပ်ဆင်သည် စူးစမ်းရှာဖွေသိလိုစိတ်ပြင်းပြသောသူဖြစ်ရကား တစ်ခါတွင်သူ့ဖခင်နှင့် သူငယ်ချင်းများတို့သည် ဗျာဒိတ်ကျမ်းပါ ခက်ခဲနက်နဲသော ဓမ္မအဓိပ္ပါယ်များအကြောင်း မေးမြန်း ဆွေးနွေးမှုများတို့ကို ကြားခဲ့ရပြီးနောက် သူကိုယ်တိုင် ဖခင်၏သမ္မာကျမ်းအနက်ဖွင့်ဋီကာ ကျမ်းစာအုပ်ကို အသုံးပြုကာ ဗျာဒိတ်ကျမ်းကို စွဲစွဲမြဲမြဲ အပတ်တကုတ်လေ့လာခဲ့ပါသည်။
✍️ထူးချွန်တက္ကသိုလ်ကျောင်းသားယုဒသန်နှင့်ထူးခြားသောသူ၏ပြိုင်ဖက်များ
အဒိုနိုင်ရမ်ဂျပ်ဆင် အသက် (၁၄) နှစ်၊ ခရစ်နှစ်( ၁၈၀၂)တွင် သူတို့မိသားစုသည် ရှေးဟောင်း အထင် ကရမြို့ဖြစ်သော ပလိုင်းမောက် Plymouth မြို့သို့ ပြောင်းရွှေ့အခြေချခဲ့ပါသည်။ ခရစ်နှစ်(၁၈၀၄)၊ ဂျပ်ဆင်အသက်(၁၆)နှစ်တွင် ပရောဗီးဒန်းစ်ကောလိပ် Providence College နောင်တွင် ဘရောင်း တက္ကသိုလ် Brown University ဟုပြောင်းလဲခေါ်ဆိုသောတက္ကသိုလ်သို့ တက်ရောက်ခဲ့ပါသည်။ သူသည် အခြားကျောင်းသားများထက် အသက်ငယ်သော်လည်း ပညာရေး၌ ပို၍ထူးချွန်သောကြောင့် သူ့ကို ဒုတိယနှစ်အတန်း၌ တက်ရောက်စေခဲ့ပါသည်။ ထိုလူငယ်ပညာရှင်သည် ပညာရေး၌သာ ထူးချွန် သည်မဟုတ်၊ သူ၏စွဲမက်ဖွယ်အပြုံးနှင့် ခင်မင်ရင်းနှီးတတ်မှုကြောင့် တက္ကသိုလ်အသိုင်းအဝိုင်း၌ ခင်မင် သူများပြားလှပါသည်။ သူ၏မိတ်ဆွေများအနက် အချိူ့မှာ အစိုးရအရာရှိကြီးများ၊ ဆီးနိတ်အမတ်များ၊ တရားရုံးချူပ်တရားသူကြီးများနှင့် ထင်ရှားကျော်ကြားသူများဖြစ်လာခဲ့ကြပါသည်။
သူ၏ မိတ်ဆွေရင်းတစ်ဉီးလည်းဖြစ်၊ ပညာရေးနယ်ပယ်တွင် သူ၏ပြိုင်ဘက်လည်းဖြစ်သူ ဂျွန်ဘေလီ John Baileyသည် နောက်ပိုင်း၌ မက်ဆာချူးဆက်ပြည်နယ်တွင် ကွန်ဂရက်အမတ်ဖြစ်လာပါသည်။ သူ့ ထက်အနည်းငယ်အသက်ကြီး၍ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဉီးဖြစ်သူ ဂျေးကော့အမ်း Jacob Eames သည်လည်း ထူးချွန်ပြီး ပျော်ပျော်နေတတ်သူဖြစ်ကာ မိမိကိုယ်မိမိ Deist အဖြစ်ကြွေးကြော် ထားသူဖြစ်သည်။ Deist ဆိုသည်မှာ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် ယုံကြည်သော်လည်း လောက အတွင်း ဘုရားသခင်၏သက်ရှင်လှုပ်ရှားမှုကို အကန့်အသတ်တစ်ခုအထိသာ လက်ခံယုံကြည်သူ ဖြစ်သည်။ သူသည် အဒိုနိုင်ရမ်၏ အတွေးအခေါ်တို့ကို အများဆုံးလွှမ်းမိုးမှုပြုသူ မိတ်ဆွေတစ်ဉီး ဖြစ်နိုင်ပါသည်။ သူတို့နှစ်ဦးသည် မိမိတို့၏အတွေးအခေါ်ဆိုင်ရာနှင့် မိမိတို့၏အရည်အချင်းတို့အားဖြင့် တစ်နေ့သောအခါ မည်သည့်အထက်အရပ်မှ တန်ခိုးမျှမပါ တစ်ယောက်က ဥပဒေပညာရှင်ဖြစ်လာမည်၊ တစ်ယောက်က ကျော်ကြားသောစာရေးဆရာဖြစ်လာမည်ဟုယုံကြည်ခဲ့ကြသည်။
🤷ဘရောင်းတက္ကသိုလ်ဘွဲ့ရထူးချွန်သူ၏မရေရာသောအနာဂတ်
ခရစ်နှစ်(၁၈၀၇)၊ အဒိုနိုင်ရမ်ဂျပ်ဆင် အသက်(၁၉)နှစ်တွင် ဘရောင်းတက္ကသိုလ်၏ဘွဲ့ကိုရရှိရုံမက ထူးချွန်စွာ အောင်မြင်သောကျောင်းသားဖြစ်သောကြောင့် ကျောင်းဆင်းပွဲတွင် စကားပြောခွင့်ရရှိသူ speaker တစ်ယောက်ဖြစ်ခဲ့ပါသည်။ ကျောင်းဆင်းပြီးနောက် မိမိနေထိုင်ရာ ပလိုင်းမောက်တွင် ကိုယ်ပိုင်းကျောင်းတစ်ကျောင်းဖွင့်ခဲ့ပါသည်။ ကျောင်းသုံးအင်္ဂလိပ်သဒ္ဒါနှင့်သင်္ချာစာအုပ်တို့ကို ရေးသား ပြုစုခဲ့ပါသည်။ သို့သော်ဒီအလုပ်က သူ့အတွက်အားရကျေနပ်ခြင်းမရှိ၊ ငြီးငွေ့ဖွယ်ရာဖြစ်စေခဲ့သော ကြောင့်ကျောင်းကိုပိတ်လိုက်ပါတော့သည်။ ဒီအချိန်မှစ၍ အဒိုနိုင်ရမ်ဂျပ်ဆင်အတွက် ဘဝသည် အဖြေမထွက်သောပုစ္ဆာ၊ မိမိ၏အနာဂတ်သည် မရေရာမှုများနှင့်ပြည့်နှက်နေခဲ့ရပါသည်။ အထူးသဖြင့် ဘုရားသခင်နှင့်ပတ်သက်ပြီး မိမိ၏ကယ်တင်ရှင်ဖြစ်သည်ဟူသော သဘောတရားကို လုံးဝလက်မခံ တော့ပါ။ ထို့ကြောင့်စိတ်လှုပ်ရှားဖွယ်လောကကြီးထဲမှာဘဝ၏အဖြေကိုရှာမည်၊ကြီးမားကျယ်ပြန့်သော နယူးယောက်မြို့သို့သွားပြီးအလုပ်ရှာမည်။ထူးချွန်လူငယ်တစ်ဦး၏ဘဝစွန့်စားခန်းပင်ဖြစ်ပါ တော့သည်။
🧐သေခြင်းတရားကပေးသောဓမ္မအသိ
သင်းအုပ်ဆရာတစ်ဦး၏သားဖြစ်သူ အဒိုနိုင်ရမ်ဂျပ်ဆင်သည် နယူးယောက်မြို့ကြီးတွင် တည်းခိုခန်းခမပေးဘဲတစ်နေရာမှတစ်နေရာသို့ ပတ်ပြေးခဲ့ရသည်အထိ လမ်းလွဲလူငယ်တစ်ယောက် ဖြစ်ခဲ့ရပါသည်။ နောက်ဆုံးတွင် ဘဝမှာငြိမ်သက်ခြင်းမရ၊ အဖြေရှာမရသောပုစ္ဆာဖြင့် စိတ်ဓာတ်ကျကာ မိဘရှိရာအိမ်သို့ ပြန်ရန်ဆုံးဖြတ်လိုက်ပါတော့သည်။ အိမ်ပြန်ခရီး၏ နေ့ရက်များစွာထဲမှ တစ်နေ့မှာရွာတစ်ရွာ၏ တည်းခိုခန်းတစ်ခုမှာ တည်းခိုခဲ့ရပါသည်။ မိမိတည်းခိုရာအခန်း၏ကပ်ရက်အခန်းမှာ သေအံ့ဆဲဆဲ လူတစ်ဦးလည်းတည်းခိုနေပါသည်။ အဒိုနိုင်ရမ်သည် လူနာ၏ညဉ်းတွားသံကြောင့် တစ်ညလုံး အိပ်မရ မိုးလင်းခါနီးမှ အိပ်ပျော်သွားပါတော့သည်။ အိပ်ရာကနိုးထပြီးသောအခါ မိမိအခန်းဘေးနားလူနာဆီက ဘာအသံမျှမကြားမိတော့ပါ။ အဒိုနိုင်ရမ်ဂျပ်ဆင်သည် အိမ်ပြန်ခရီးမဆက်ခင် တည်းခိုခန်းပိုင်ရှင်အား အခန်းခရှင်းရင်း မိမိအခန်းဘေးနားကပုဂ္ဂိုလ်၏ အခြေအနေဘယ်လိုလဲ၊ တည်းခိုခန်းပိုင်ရှင်အား မေးသောအခါ “သေသွားပြီး”ဟူသောအဖြေကိုရခဲ့ပါသည်။ အဒိုနိုင်ရမ်က ဒီလူ၏နာမည်ဘယ်လို ခေါ်ပါသလဲ၊ ဘယ်နယ်ကလဲလို့ဆက်မေးသောအခါ ဘရောင်းတက္ကသိုလ်ဘွဲ့ရ၊ ပရောဗီးဒန်းနယ်က “ဂျေးကော့အမ်း” ဆိုတဲ့ခန့်ညားသော လူငယ်လေးဖြစ်ကြောင်း ပြောပြသောအခါ အဒိုနိုင်ရမ်သည် အလွန်တုန်လှုပ်ချောက်ခြားခဲ့ရပါတော့သည်။ မိမိ၏ကျောင်းနေဘက် သူငယ်ချင်းအရင်း ခေါက်ခေါက် ဖြစ်သူ၊ “ဘုရားသခင်မပါဘဲ ဘဝကိုအောင်မြင်စွာ တည်ဆောက်နိုင်သူဖြစ်ရပါမည်”ဆိုတဲ့ မိမိကဲ့သို့ အတွေးအခေါ်၊ ရည်မှန်းချက်ချင်းတူသူသည် ယခုလုံးဝမထင်မှတ်သောအချိန်တွင် သေသွားပြီ၊ သူ၏ဆင်ခြင်တုံတရားများ၊ အတွေးအခေါ်များနှင့် ယုတ္တိဗေဒအားလုံးတို့ကို ထားခဲ့ရလေပြီ။ မိမိကရော သေခြင်းအတွက် အဆင်သင့်ဖြစ်နေပြီလား၊ မိမိတစ်ကယ်သေရသော် သူငယ်ချင်း “ဂျေးကော့အမ်း” လိုမျိုးအဖြစ်ခံမလား။ သူ့ဖခင်၏ဓမ္မအတွေးအခေါ်ဖြစ်သော “ဘုရားသခင်၏စီရင်ခြင်းနှင့် ထာဝရ ပျက်စီးခြင်း”သည် သူ့အတွက်အမှန်တရားမဟုတ်ဟု ယူဆလာခဲ့သူသည် ယခုတွင် မိမိ၏သူငယ်ချင်း အဖြစ်ကိုကြည့်ခြင်းအားဖြင့် “သေခြင်းတရားသည်ထာဝရပျက်စီးခြင်း” မိမိဖခင်၏သွန်သင်မှုအတိုင်း အကယ်၍ အမှန်ဖြစ်ခဲ့သော် သေခြင်းတရားသည် တစ်နည်းမဟုတ်တစ်နည်း ဘုရားသခင်နှင့် ပတ်သက်ဆက်နွယ်နေပေလိမ့်မည်။ ထိုသို့ဖြစ်ပါက မိမိတစ်ကယ်ပင် ခံနိုင်ရည်ရှိပါမည်လား။ သူသည် သေခြင်းတရားကို မည်သို့ရင်ဆိုင်မည်နည်း၊ မိမိ၏ဆင်ခြင်တုံ အရည်အချင်းအပေါ် ယုံကြည်စိတ်ချမှု၊ မိမိကြမ္မာ မိမိဖန်တီးထိန်းချုပ်လိုမှုတို့အပေါ် ပြန်လည်သုံးသပ်ရပါတော့မည်။ ဤမရေရာသော အတွေးပေါင်းများစွာတို့က နောက်ဆုံးတွင် အဒိုနိုင်ရမ်ဂျပ်ဆင်အား အင်ဒိုဗာ Andover ကျမ်းစာကျောင်းသို့ တက်ရောက်ရန် တွန်းပို့ပေးလိုက်ပါတော့သည်။
🙏ဆရာယုသသန်၏ကျမ်းစာကျောင်းသားဘဝနှင့်သူ၏အသက်တာပြောင်းလဲခြင်း
အဒိုနိုင်ရမ်ဂျပ်ဆင်သည် ခရစ်နှစ်(၁၈၀၈)၊ စက်တင်ဘာလ(၂၂)တွင် ပလိုင်းမောက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာလတွင် Theological Institution at Andover အင်ဒိုဗာကျမ်းစာကျောင်းသို့ စတင် တက်ရောက်ခဲ့ပါသည်။ ဘရောင်းတက္ကသိုလ်သို့ဝင်ရောက်စဉ်ကကဲ့သို့ပင် အင်ဒိုဗာ ကျမ်းစာကျောင်းသို့ ဝင်ရောက်ရာ၌ မိမိ၏ထူးချွန်မှုကြောင့် ဒုတိယနှစ်အတန်းသို့ စတင်တက်ရောက်ခွင့်ရခဲ့ပါသည်။ သို့သော် အဒိုနိုင်ရမ်၏ ကျမ်းစာကျောင်းကိုတက်ရောက်ခြင်းသည် မည်သည့်အမှုတော်တော် သာသနာလုပ်ငန်း အတွက်မဟုတ်သောကြောင့် သမ္မာကျမ်းစာကို အထူးလေ့လာသူကျောင်းသားတစ်ယောက်အဖြစ်သာ ကျောင်းက သူ့ကိုအသိအမှတ်ပြုထားခဲ့ပါသည်။ ခရစ်နှစ်(၁၈၀၈)၊ ဒီဇင်ဘာလ(၂) ရက်တွင် အဒိုနိုင်ရမ်က “ ဒီကနေ့ ကျွန်တော်သည် မိမိအသက်တာကို ဘုရားသခင်ထံ လေးနက်စွာ ဆက်ကပ်အပ်နှံပါသည်”။ ခရစ်နှစ်(၁၈၀၉)၊ မေလ(၂၈) ရက်တွင် ပလိုင်းမောက်၏ တတိယ ကွန်ဂရီးဂေးရှင်းနယ် အသင်းတော်သို့ အမှုတော်သာသနာလုပ်ငန်းအတွက် ဝင်ရောက်ပူးပေါင်းခဲ့ပါသည်။
ခရစ်နှစ်(၁၈၀၉)၊ စက်တင်ဘာလသည် အဒိုနိုင်ရမ်ဂျပ်ဆင်အတွက် နိုင်ငံရပ်ခြားသာသနာပြုစိတ်ဓာတ် စတင်သန္ဓေတည်ရာအချိန်ဖြစ်ပါသည်။ အင်ဒိုဗာကျမ်းစာကျောင်း၏ကျန်ရှိနေသေးသော ပညာသင်နှစ် များကိုအပတ်တကုတ်ကြိုးစားသင်ယူရင်း အင်္ဂလန်ပြည်၊ ဗရစ်စတိုမြို့၏ကျေးလက်အသင်းတော် တစ်ပါးတွင်ဒေါက်တာကလောဒီးယပ်စ်ဘူ့ခနန် Dr. Claudius Buchanan ဟောကြားခဲ့သော “အရှေ့ပြည်မှကြယ်”ဟူသော “ယခုဘွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌သူ၏ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းဌာ ရောက်လာပြီ” ရှင်မသဲခရစ်ဝင် အခန်း(၂)၊ပိုဒ်(၂)ကိုအခြေပြုထားသောတရားဟောချက်ကိုဖတ်ရှုဆင်ခြင်ခဲ့ပါသည်။ တရားဟောသူသည် အခြားမဟုတ်၊ British East India Company ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၏ chaplain သင်းအုပ်ဆရာဖြစ်ပါသည်။ တရားဟောချက်တွင် အရှေ့တိုင်းနိုင်ငံများအကြောင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းသတင်းကောင်းသည် အရှေ့တိုင်းသားအိန္ဒိယလူမျိုးများဆီသို့စတင်ဝင်ရောက်ထိုးဖောက် နေပြီဖြစ်ကြောင်းပါဝင်သည်။ လွန်ခဲ့သောတစ်နှစ်တိတိကကျေးလက်ဒေသတစ်ခု၏တည်းခိုခန်းတစ်ခု၌ သူ့အား ထာဝရပြောင်းလဲစေခဲ့သောထူးခြားသည့်အတွေ့အကြုံနှင့် ယခုဖတ်ရှုဆင်ခြင်ခဲ့ရသောတရား ဟောချက်ဝေစာသည်အဒိုနိုင်ရမ်ဂျပ်ဆင်၏ဘဝကိုပြောင်းလဲစေခဲ့ပါသည်။ထိုပြောင်းလဲမှုသည်အဒိုနိုင်ရမ်ဂျပ်ဆင်၏အနာဂတ်ကိုသာမကခရစ်ယာန်သာသနာသမိုင်းတစ်ရပ်လုံးကိုပါပြောင်းလဲစေခဲ့ပါသည်။
( ဤအကြောင်းအရာကိုပြန်လည်ကူးယူဖော်ပြလိုပါက မိတ်ဆွေ၏ ဂုဏ်သိက္ခာအတွက် စာရေးသူကို credit ပေးပါရန်)
ရေးသားခံစားတင်ပြသူ
Rev. နိုင်အောင်မျိုးထွန်း
Programmer
FEBC Mon Ministry
✍️ကိုးကားကျမ်းများ
Edward Judson, The Life of Adoniram Judson (New York: American Baptist Publication Society, 1883).
Rosalie Hall Hunt, Bless God and Take Courage: The Judson History and Legacy (Judson Press, Valley Forge, PA, 2005).
ပါမောက္ခဒေါက်တာစောလှိုင်ဘွား(ဘာသာပြန်)၊ ဆရာကြီးယုဒသန်၏သမိုင်းကြောင်းနှင့်အမွေအနှစ်များ(ရန်ကုန်၊ နှစ်ခြင်းသာသနာပုံနှိပ်တိုက်၊ ၂၀၂၃)
photo credit to International Mission Board.

08/07/2025

#အစဳဇန်လျးဂကူမန်
Light of the Mon people
#ပရူလိက်ပတ်ပိုဲမန်ညန်ဒမံင်ဂမ္စိုတ်၊ ဒကုတ်(၃)
# ညးမဟီုတွံ - နာဲသက်လောန်

07/07/2025

Light of the Mon people
#ဂုန်ဖဵုလ္ၚတ်လျးဓဝ်သၠပတ်သမ္မာ
#သမ္မာကျမ်းစာလေ့လာခြင်း၏အကျိုးကျေးဇူး
#ဓမ္မရာဇာဝင်ပထမဝက်အခန်( ၁၆း၁၄-၁၇း၃)
#ဓမ္မရာဇဝင်ပထမစောင်အခန်း(၁၆း၁၄-၁၇း၃)

04/07/2025

Light of the Mon people
for Everyday Use
#အရေဝ်အေင်ကလိက်ဟီုဂးစကာဒၟံင်အရိုဟ်တ္ၚဲ
#နေ့စဥ်သုံးအင်္ဂလိပ်စကားပြော
#စပ်ကဵုဓဝ်ပတှ်ေတုဲညးမဒှ်သဂံင်ဂမ်လိုင်(၅၃)၊ ပရောဗက်ဂမၠိုင်(၄)၊ ဨလိယ(၁)
of faith 53:Prophets 4, Elijah(1)

03/07/2025

Light of the Mon people
#ဂလာန်ဗကန်နူကဵုဒွက်
from the song
#ဒွက်ခရေတ်ဂျိုင်တိုန်တုဲရ
Arose
#ညးမလဴပရူသတ်ဒွက်- Rev.နာဲထောန်တုင်
#သၟာဒယှ်ေ-Rev.နာဲသဵုမျေအ်ကဵု Rev.နာဲထောန်တုင်

01/07/2025

#အစဳဇန်လျးဂကူမန်
Light of the Mon people
#ပရူလိက်ပတ်ပိုဲမန်ညန်ဒၟံၚ်ဂမ်စိုတ်- ဒကုတ်(၂)
# ညးမဟီုတွံ - နာဲသက်လောန်

30/06/2025

Light of the Mon people
#ဂုန်ဖဵုလ္ရတ်လျးဓဝ်သၠပတ်သမ္မာ
#သမ္မာကျမ်းစာလေ့လာခြင်း၏အကျိုးကျေးဇူး
#ဓမ္မရာဇာဝင်ပထမဝက်အခန်( ၁၆း၁-၁၃)
#ဓမ္မရာဇဝင်ပထမစောင်အခန်း(၁၆း၁-၁၃)

29/06/2025

#အစဳဇန်လျးဂကူမန်
Light of the Mon people
#ပရူသွက်ဂွံဗစာရဏာတ္ရဲဏအ်
#အခေါင်ဂွံဒှ်ကောန်ကျာ်
#ညးမဟီုတွံ-အစာချေင်

27/06/2025

Light of the Mon people
for Everyday Use
#အရေဝ်အေင်ကလိက်ဟီုဂးစကာဒၟံင်အရိုဟ်တ္ၚဲ
#နေ့စဥ်သုံးအင်္ဂလိပ်စကားပြော
#စပ်ကဵုဓဝ်ပတှ်ေတုဲညးမဒှ်သဂံင်ဂမ်လိုင်(၅၂)၊ ပရောဗက်ဂမၠိုင်(၃)
of faith 52, Prophets (3)

26/06/2025

Light of the Mon people
#ဂလာန်ဗကန်နူကဵုဒွက်
from the song
#ဒွက်နာဲခရေတ်ဂျိုင်တိုန်တ္ၚဲဏအ်
Christ is risen today
#ညးမလဴပရူသတ်ဒွက်- Rev.နာဲထောန်တုင်
#သၟာဒယှ်ေ-Rev.နာဲသဵုမျေအ်+ Rev.နာဲထောန်တုင်

Address


Alerts

Be the first to know and let us send you an email when အစဳဇန်လျးဂကူမန် by Febcmonradio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အစဳဇန်လျးဂကူမန် by Febcmonradio:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share