Sit-Taung Region News

  • Home
  • Sit-Taung Region News

Sit-Taung Region News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sit-Taung Region News, Media/News Company, .

ချိုဝမ်ဟုလူသိများတဲ့ ကိုရီယားမင်းသမီးနဲ့ အဆိုတော်se7venတို့ လက်ထပ်ပြီးစီးမေ ၈ရက် ၂၀၂၃ မြန်မာနိုင်ငံတွင် ချိုဝမ်ဟုလူသိမျာ...
08/05/2023

ချိုဝမ်ဟုလူသိများတဲ့ ကိုရီယားမင်းသမီးနဲ့ အဆိုတော်se7venတို့ လက်ထပ်ပြီးစီး

မေ ၈ရက် ၂၀၂၃

မြန်မာနိုင်ငံတွင် ချိုဝမ်ဟုလူသိများတဲ့ ကိုရီးယားသရုပ်ဆောင်မင်းသမီး Lee Da Haeဟာ သူမနဲ့၈နှစ်ကကျော် ကြာတွဲခဲ့တဲ့ ကိုရီးယားအဆိုတော် se7en နဲ့မေလ၆ရက်နေ့က ဆိုးလ်းမြို့မှာရှိတဲ့ Shilla Hotel မှာလက်ထပ်ထိမ်းမြားခဲ့ပါတယ်။

အဆိုပါပွဲတွင် Gummy ,Bada နဲ့ Bigbang ရဲ့အဖွဲ့ဝင်ဖြစ်တဲ့Tae yaung တို့က မင်္ဂလာပွဲအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့ပါတယ်။မင်္ဂလာပွဲကို G-dragon,Daesaung,Lee Soo Hyukနဲ့ 2ne1 အဖွဲ့ဝင်ဖြစ်တဲ့ Sandara park,CL နဲ့ Mizy, Super Junior's အဖွဲ့ဝင်များနဲ့ အခြားကိုရီးယားအနုပညာရှင်များတက်ရောက်ခဲ့ပါတယ်။

မင်္ဂလာပွဲတွင် Se7en က ''လွန်ခဲ့တဲ့၈နှစ်တာလုံး ပျော်ရွှင်ဝမ်းနည်းမှုတွေကို မျှဝေ ခံစားပေးခဲ့တဲ့ချစ်သူ Lee Da Hae ကိုချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ဖို့ဖြစ်လာပါပြီ။ယခုမှစပြီး အိမ်ထောင်ဦးစီးအနေနဲ့ပိုမိုရင့်ကျက်ပါ့မယ်''လို့ဆိုပြီး Lee Da Hae ကလည်း ''ငါတို့တွဲတာ ၈ နှစ်ရှိပြီ မင်္ဂလာဆောင်တာအံ့သြစရာမရှိပေမယ့် ကျမရှက်နေတယ် ''လို့ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ မြေခွေးမလေးချစ်သူ ဇာတ်ကားနဲ့လူသိများတဲ့ မင်းသား Lee Seung Gi လည်း သူရဲ့ချစ်သူမင်းသမီး Lee Da Inနဲ့လက်ထပ် ခဲ့ပါတယ်။

#လက်ထပ်ထိမ်းမြား

မော်လမြိုင်မြို့မှ လူမှုကူညီရေးအဖွဲ့တွေက မုန်တိုင်းအန္တာရယ်အတွက်ကြိုတင်ပြင်ဆင်ထားမေ-၈ ရက် မိသီရိမွန်ပြည်နယ် မော်လမြိုင်မ...
08/05/2023

မော်လမြိုင်မြို့မှ လူမှုကူညီရေးအဖွဲ့တွေက မုန်တိုင်းအန္တာရယ်အတွက်ကြိုတင်ပြင်ဆင်ထား

မေ-၈ ရက်

မိသီရိ

မွန်ပြည်နယ် မော်လမြိုင်မြို့မှ လူမှုကူညီရေးအဖွဲ့တွေက မုန်တိုင်းအန္တာရာယ်အတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေလုပ်ဆောင်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မော်လမြိုင်မြို့မှာရှိတယ့် ဘိုဘိုဝင်း Rescueအရေးပေါ်ကယ်ဆယ်ရေးအသင်း၊ ရာမညအရေးပေါ်လူမှုကူညီရေးအသင်း၊
အေးမြကြည်လင်လူမှုကူညီရေးအသင်း၊ မော်လမြိုင်လူမှုကယ်ဆယ်ရေး အသင်း စတယ့်အသင်းကြီး ၄ သင်းက ပူးပေါင်းစီစဉ်ထားတယ်လို့ သိရပါတယ်။ အဓိက ကယ်ဆယ်ရေးသမားတွေ၊မုန်တိုင်းအတွက်လိုအပ်တယ့် ကယ်ဆယ်ရေး ပစ္စည်းတွေ ၊ အရေးပေါ်အခြေအနေတွေ အတွက်ပါ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ မော်လမြိုင်က မိုးများတော့လေ နှစ်စဉ် ၅ လပိုင်း မိုးကြိုလေကြိုကာလမှာ ၂၀၁၈ ကနေစပြီး ၂၀၂၂ အထိပေါ့နော် လေပြင်းကျတာကြောင့် သစ်ပင်ကျိုးတယ့် ဖြစ်စဉ်တွေက ဖြစ်နေကြဆိုတော့ ပြည်သူလူထုအနေနဲ့ နေအိမ်ထိခိုက်နိုင်တယ့် သစ်ပင်တွေ ခုတ်ထားဖို့ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့” ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူက ဆိုပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြီးခဲ့တယ့် ၂၀၂၂ ဇူလိုင်လက မိုးကြီးပြီး မြေပြိုမှုကြောင့် လူ ၅ဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်၊ မွန် ၊ကရင် ၊ တနင်္သာရီ ဒေသများသို့ တစ်နာရီ လေတိုက်နှုန်း မိုင် ၉၀ မှ ၁၂၀ အထိ တိုက်ခတ်နိုင်လို့ စစ်ကောင်စီရဲ့ လက်အောက်ခံ ရုံးအဖွဲ့အစည်းတွေကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားဖို့
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မွန်ပြည်နယ်ရုံးက ကြေးနန်းစာများပို့ထားတယ်လို့ သိရပါတယ်။

မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ… ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး...
07/05/2023

မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ…
ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့….

ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့…
အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ..

အဲဒီအစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ.. ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါခင်ဗျ….

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်…. ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်…. အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ….

အဲဒီစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်…

မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ…

ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ…

ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်…

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ….

ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်…

Credit to original post uploader

PDFနဲ့ မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကို တိုက်ခိုက်ခဲ့  ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ နဲ့(၂၈)ရက်နေ...
28/04/2023

PDFနဲ့ မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကို တိုက်ခိုက်ခဲ့

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ နဲ့
(၂၈)ရက်နေ့မှာ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ် (၃၆၈)မှ ထွက်လာသော ရန်သူ့အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃) နှင့် CDF မင်းတပ် တို့ည​နေ ၄နာရီခန့်မှာ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။ စစ်​ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ၎င်းတို့ဘက်မှ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်သဖြင့် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါတယ်။

ည(၈:၀၆)နာရီမှာဂန့်ဂေါခရိုင်pdf တပ်ရင်း အမှတ်(၈)က ကျောက်ထု အမြှောက်တပ်(၃၆၈)နဲ့ ကျောက်ထုလေတပ်ကို Rocket များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(၁၂:၁၅)နာရီခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)မှ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေချိန် (PDF) ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈) - တပ်ခွဲ (၃) - နဂါးမျိုးအဖွဲ့၊ ပေါက် မြို့နယ် အခြေပြု ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင် ပကဖ တပ်ရင်း (၁) ၊တပ်ခွဲ(၅) ၊ တပ်စိတ် (၂၊ ၄) တို့က ပြောက်ကျားစနစ်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ (၄) ဦး နေရာမှာဘဲ သေဆုံးခဲ့ပြီး (၁) ဦး ပြင်းထန်ဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(၁:၃၅)နာရီခန့်မှာ သေဆုံးသွားသော စစ်ကောင်စီဘက်မှ ရုပ်အလောင်းများကို ရန်သူ့တပ်နှင့်ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ နဲ့ ဝန်ခြုံးကျေးရွာများ မှ နယ်မြေခံ ပျူစောထီးများက လာရောက်သယ်ဆောင်ခဲ့ကြပါတယ်။ သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြည်သူပိုင်နေအိမ်များ မီးလောင်ပြာကျခဲ့ပါတယ်။ ရန်သူ့တပ်နှင့် ပျုစောထီးများက ဒေသခံ ပြည်သူများ၏ စားနပ်ရိက္ခာများကို အကြမ်းဖက်သယ်ဆောင် သွားခဲ့ပါတယ်။


#ပြည်သူ့ကာကွယ်ရေးတပ်မတော် )၊ #စစ်ရုံးချုပ်
#ကာကွယ်​ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်​ရေးအစိုးရ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၁၆ ဧပြီ ၂၀၂၃စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့...
22/04/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ

၁၆ ဧပြီ ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ၊ ပဇီကြီးကျေးရွာအုပ်စုရှိ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်"

"အောက်ဖော်ပြပါ ထုတ်ပြန်ချက်တွင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က ရက်စက်စွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူစာရင်းကို တွေ့ရှိရမည် ဖြစ်ပါသည်။”





မြန်မာနိုင်ငံ ဒေသတစ်ချို့မှာ မိုးသီးများကြွေ၂၂ ဧပြီ ၂၀၂၃Mithiri မြန်မာနိုင်ငံ ဒေသတစ်ချို့မှာဧပြီ ၂၀ရက်နေ့ ညနေပိုင်းကစပြီ...
22/04/2023

မြန်မာနိုင်ငံ ဒေသတစ်ချို့မှာ မိုးသီးများကြွေ

၂၂ ဧပြီ ၂၀၂၃

Mithiri

မြန်မာနိုင်ငံ ဒေသတစ်ချို့မှာဧပြီ ၂၀ရက်နေ့ ညနေပိုင်းကစပြီး မိုးသီးများကြွေနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း ဝမ်းတွင်းမြို့ ရွာသစ်ရွာနဲ့ နွားထိုးကြီးမြို့နယ် ကြာပင်အိုင်စံပြ ကျေးရွာမှာလည်း လေပြင်းတိုင်ခတ်ကာ မိုးသီးများကြွေကျခဲ့ပါတယ်။

အမြင့်ပေ ၃ သောင်းလောက်မှာ အန္ဒိယ ဟိမဝန္တာ ဘက်ကရွေ့ရှားလာတယ့် တိမ်တိုက်တွေဟာ အမြင့်ကြောင့်ရေခဲပြီး အပူချိန်နဲ့ ထိတွေ့တယ့်အခါ အရည်အဖြစ်ပြောင်းပြီး မြေပြင်ကို အခဲအနေထားမိုးသီးအဖြစ်နဲ့ ၎င်း မိုးရည်အဖြစ်နဲ့ပါ ကျလာပါတယ်။အပူချိန်မြင့်တယ့်နွေရာသီမှာ အဖြစ်များတယ်လို့ မိုးလေဝါသ စောင့်ကြည့်ပညာရှင်ဦးဝင်းနိုင်ဆီက သိရပါတယ်။

ယနေ့နေ့လည်မွန်းတည့်ချိန်မှာလည်း ကယားပြည်နယ် ဒီမောဆိုမြို့မှာ မိုးသီးများကြွေခဲ့ပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ ဧပြီ အကုန် မေလဒုတိယပတ်လောက်အထိ အပူချိန်တွေ ဆက်မြင့်နေမယ်လို့သိရပါတယ်။

#မိုးသီးကြွေကြ
#အပူချိန်လွန်ကဲ

သမိုင်းတစ်လျှောက်အပူဆုံးကာလကို မြန်မာနိုင်ငံ ရင်ဆိုင်နေရဧပြီလ၁၉ရက်Mithiriမြန်မာနိုင်ငံဟာ ဧပြီလမှာ အပူဆုံးကာလကို ရင်ဆိုင်...
19/04/2023

သမိုင်းတစ်လျှောက်အပူဆုံးကာလကို မြန်မာနိုင်ငံ ရင်ဆိုင်နေရ

ဧပြီလ၁၉ရက်
Mithiri

မြန်မာနိုင်ငံဟာ ဧပြီလမှာ အပူဆုံးကာလကို ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ ဒေသတွေမှာ အဆိုးရွားဆုံးအပူချိန်ကို ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၂၃ ဧပြီမှာ အပူချိန် 45.4C နဲ့ အပူဆုံးမှတ်တမ်းတင်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်နဲ့ အိန္ဒိယနိုင်ငံတို့ကလည်း အပူဆုံးနိုင်ငံအဖြစ် ဒုတိယနေရာနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံမှာလည်း ထူးထူးခြားခြား ပူပြင်းမှုကို ရင်ဆိုင်နေရပါတယ်။

ဩစတေးလျ အယ်နီညိုစောင့်ကြည့်ရေးဌာန၏ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ကျန်ရှိနေတယ့် နွေရာသီကာလတွေမှာ ပိုမိုပူပြင်းနိုင်တာကြောင့် အပူချိန်မြင့်တတ်မှုကြောင့် ရောဂါဖြစ်ပေါ်လာတယ့်တွေကို ပိုသတိထားဖို့လိုလာပါတယ်။မြစ်ရေ၊ချောင်းရေ ခမ်းခြောက်မှုကြောင့် ရေပြတ်လတ်မှုတွေလည်း ဖြစ်ပါလာနိုင်ပါတယ်။ အပူချိန်မြင့်တတ်မှုများကြောင့် တောမီးလောင်ခြင်း၊ အိမ်မီးလောင်ခြင်းတွေကို ပိုသတိထားဖို့လိုလာပါတယ်။

‘’ဧပြီ 19 ကနေ မေလ ၁ ရက်နေ့ အထိ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတွေမှ အပ ကျန်ဒေသတွေမှာ အပူချိန်မြင့်တတ်လာနိုင်တယ်လို့ ‘’မိုးလေဝါသ စောင့်ကြည့် ပညာရှင်တွေ ဆီက သိရပါတယ်။

အရင်နှစ်တွေထပ် ဒီနှစ်ကဆိုးဆိုးရွားရွားပူတယ်
အပူချိန်အရမ်းမြင့်တော့ ချင်းတွင်းမြစ်ရေကျတယ်လို့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။

မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဧပြီ ၁၅ ရက် ထုတ်ပြန်ချက်အရ မကွေးတိုင်း ခြောက်မြို့မှာ အပူချိန် 45 C အထိမြင့်တတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မကွေးတိုင်း၊မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း တို့ဟာ အပူချိန် အများဆုံး ဒေသတွေ ဖြစ်ပါတယ်။
#အပူလွန်ကဲမှု
#မိုးလေဝသ

၁၃၈၅ ခု နှစ်ဆန်း(၁) ရက်နေ့(၂၁ ) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မြင်ကွင်းအချို့ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရားတည...
17/04/2023

၁၃၈၅ ခု နှစ်ဆန်း(၁) ရက်နေ့

(၂၁ ) ကြိမ်မြောက်
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မြင်ကွင်းအချို့
ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရားတည်ရှိရာ
ဘုရားသုံးဆူတောင် မွန်ပြည်နယ် ကျိုက်ထိုမြို့

၁၇ ဧပြီ ၂၀၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့ သင်္ကြန်အတတ်နေ့မြင်ကွင်း၁၆ ဧပြီ ၂၀၂၃
16/04/2023

မွန်ပြည်နယ် ကျိုက်ထိုမြို့ သင်္ကြန်အတတ်နေ့မြင်ကွင်း

၁၆ ဧပြီ ၂၀၂၃

နည်းပြအသစ်နဲ့ ၃ ပွဲဆက် ရှုံးခဲ့တယ့် ချဲလ်ဆီး၁၆ ဧပြီ ၂၀၂၃Ko Htutအင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချဲလ်ဆီးအသင်းဟာ ညက ကစ...
16/04/2023

နည်းပြအသစ်နဲ့ ၃ ပွဲဆက် ရှုံးခဲ့တယ့် ချဲလ်ဆီး

၁၆ ဧပြီ ၂၀၂၃

Ko Htut

အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချဲလ်ဆီးအသင်းဟာ ညက ကစားခဲ့တယ့် ဘရိုက်တန်ကို ရှုံးနိမ့်ပြီးနောက် နည်းပြအသစ် ဖရန့်လမ်းပတ် လက်ထက် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ကြောင်း သိရပါသည်။

ချဲလ်ဆီး အသင်းဟာ ရလဒ်များ ဆိုးရွားခဲ့ခြင်းကြောင့် ဂရေဟန်ပေါ်တာ အားထုတ်ပယ်ခဲ့ပြီးနောက် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း လမ်းပတ် ကို ရာသီအကုန်အထိ ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါသည်။

ချဲလ်ဆီး အသင်းဟာ ဒီရာသီမှာ ရလဒ်များဆိုးရွားခဲ့ပြီး နည်းပြ ၄ ဦးအထိ ပြောင်းလဲခဲ့ပေမယ့် အဆင့် ၁၁ နေရာ၌သာ ရပ်တည်နေရပါသည်။

လမ်းပတ်ဟာ ချဲလ်ဆီး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး 2019 ဂျူလိုင်ကစပြီးတော့လည်း နည်းပြအဖြစ် ၁၉ လခန့် ကိုင်တွယ်ခဲ့ပါတယ်။

#ချဲလ်ဆီး
#လမ်းပတ်

ဘီးလင်းတွင် စစ်ကောင်စီမှခြိမ်းခြောက်ရမ်းကားမှုများကြောင့် ရွာသား၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ၁၅ ဧပြီ ၂၀၂၃စောအိမ်မွန်ပ...
15/04/2023

ဘီးလင်းတွင် စစ်ကောင်စီမှခြိမ်းခြောက်ရမ်းကားမှုများကြောင့် ရွာသား၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

၁၅ ဧပြီ ၂၀၂၃

စောအိမ်

မွန်ပြည်နယ် ဘီးလင်းမြို့ အလူးလေးရွာ၅ရွာနဲ့ ဝင်းပြန်ရွာများမှာ စစ်ကောင်စီရဲ့ခြိမ်းခြောက်ရမ်းကားမှုများကြောင့်ရွာသားများ တိမ်းရှောင်နေရတယ်လို့ ဒေသခံများ ကဆိုပါတယ်။

အလူးလေးရွာ၅ရွာဖြစ်တဲ့ အရှေ့ရွာလေး၊အရှေ့ရွာကြီး၊အလယ်ရွာ၊အနောက်ရွာလေး၊အနောက်ရွာကြီး နဲ့ ဝင်းပြန်ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ဒေသခံပကဖ တို့တိုက်ပွဲများ မကြာခဏဖြစ်ပွားရာနေရာ နဲ့နီးစပ်နေတဲ့ရွာများဖြစ်ကြပါတယ်။ဒေသခံပကဖများနဲ့တိုက်ပွဲဖစ်ပြီးတိုင်း ရွာသားများထံမှ ပစ္စည်းများယူငင်ခြင်းနဲ့ ခြိမ်းခြောက်ရိုက်နှက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံpdfများထံမှတဆင့်သိရပါတယ်။

ရွာတစ်ရွာတွင်အိမ်ခြေ ၄၀၀ လောက်ရှိပြီး
အလူးလေးရွာ၃ရွာဖြစ်တဲ့ အရှေ့ရွာလေး၊အရှေ့ရွာကြီးနဲ့ အလယ်ရွာကို စစ်ကောင်စီဘက်ကအမဲရောင်နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။​ပြီးခဲ့တဲ့ဧပြီလ၁၂ ရက်နေ့က အလူး​လေးအလယ်ရွာမှာ ​နေအိမ်၃လုံးမီးရှို့ခံရပြီး အိမ်နဲ့အထည်ဆိုင် တွဲရက်ဖွင့်ထားတဲ့အိမ်တစ်အိမ်လည်း လက်နက်ကြီးကျခဲ့ပါတယ်လို့ ဒေသခံရွာသားကဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့ ဧပြီ၁၂ရက်နေ့ မှာစစ်ကောင်စီတပ်က နောက်တခေါက်အင်အား၁၀၀လောက်နဲ့ပြန်လာပြီး ရွာသားတွေကို တစ်အိမ်တယောက် အိမ်မှာမရှိနေရင်အိမ်ကိုမီးရှို့မယ်လို့ ဒေသခံများကို ခြိမ်းခြောက်ခဲ့ပါတယ်။ ထိုတစ်ရက်တည်းမှာပင် ဆိုင်ကယ်၁၀စီးကျော်ကိုသိမ်းဆည်းသွားတယ်။လမ်းပေါ်သွားနေတယ့်အိမ်စီးကားကိုတားပြီး ကားထဲကလူကိုလည်း ကားသော့သိမ်းပြီးသေနတ်ဒင်နဲ့ထုရိုက်ခဲ့တာ တစ်ခေါင်းလုံးသွေးတွေနဲ့လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိုသို့ခြိမ်းခြောက်ရမ်းကားမှုများကြောင့်ဒေသခံရွာသားများ ရွာထဲမနေရဲဘဲ တခြားနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေထိုင်ကြပါတယ်။ထွက်ပြေးတိမ်းရှောင်တဲ့အထဲ ကိုယ်ဝန်ဆောင်များနဲ့လသားအရွယ်ကလေးငယ်များပါတယ်လို့ နယ်​​​မြေခံရွာသားတစ်ဦးက ဆိုထားပါတယ်။

အလူးအရှေ့ရွာကြီးမှာ ဧပြီလ ၁၂ ရက်​​ နေ့ကလက်နက်ကြီးထိမှန်ပြီးလူတစ်ဦးသေဆုံးခဲ့ပါသေးတယ်။


#ဘီးလင်း
#အလူးလေး

ပဇီးပင်ကြီးကျေးရွာ သေဆုံးမှု ၁၆၈ ဦး အထိရှိနေပြီး ကလေးငယ် ၃၇ ဦးပါဝင်၁၃ ဧပြီ ၂၀၂၃Mi Thiriစစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မ...
13/04/2023

ပဇီးပင်ကြီးကျေးရွာ သေဆုံးမှု ၁၆၈ ဦး အထိရှိနေပြီး ကလေးငယ် ၃၇ ဦးပါဝင်

၁၃ ဧပြီ ၂၀၂၃

Mi Thiri

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်
ပဇီပင်ကြီးကျေးရွာအား အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်သဖြင့် ကလေးငယ်များ အပါအဝင် ၁၆၈ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း မြေပြင်မှာ ကယ်ဆယ်ရေး လုပ်နေတယ့်အဖွဲ့တွေဆီက သိရပါသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အပစ်မဲ့ပြည်သူ ၁၂၁ ဦး၊ အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ကာ သေဆုံးသူများထဲမှ ၁၀ နှစ်အောက်ကလေး ၂၅ ဦးနှင့် ၁၆ နှစ်အောက် ကလေးငယ် ၁၂ ဦး ထိရှိပြီဖြစ်ကြောင်း သိရသည်။

သေဆုံးသူများအနက် ၁၀၀ ကျော်ခန့်မှာ ပဇီးပင်ကြီးကျေးရွာမှ ဖြစ်ပြီး ကျန်သူများမှာ ရွာသာယာ၊ လေးတွင်းစင်၊မယ်ဇတော်၊ထနောင်းကိုင်းနှင့် သာယာကုန်းကျေးရွာမှ အပစ်မဲ့ပြည်သူများဖြစ်သည်။

စစ်အုပ်စု၏ လူမဆန်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရသော ကလေးငယ်များ အပါအဝင် အပစ်မဲ့ ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများ အားလုံး ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြည်သူ့တော်လှန်ရေး အလံတော်ကို တိုင်ဝက်ချ အလေးပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှညွှန်ကြားထားသည်။


#လေကြောင်းတိုက်ခိုက်မှု
#ပဇီူးပင်ကြီး

Address


Website

Alerts

Be the first to know and let us send you an email when Sit-Taung Region News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sit-Taung Region News:

  • Want your business to be the top-listed Media Company?

Share