Garfield FM Radio

  • Home
  • Garfield FM Radio

Garfield FM Radio Unofficial Radio Station (Myanmar🇲🇲)

19/10/2025

ကိုယ်ပိုင်အိပ်မက်တွေပျောက်ဆုံးတတ်တဲ့ ခေတ်ကြပ်ကြီးထဲမှာ ကိုယ်လိုက်လျှောက်ရမယ့် ပန်းတိုင်ပျောက်မသွားဖို့ မိတ်ဆွေတစ်‌ယောက်လို သတိပေးနေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။

ကိုယ့်စိတ်ခံစားချက်ကို ဘေးပယောဂမပါပဲ အရိုးသားဆုံးစမ်းစစ်ကြည့်ဖို့၊ ကိုယ့် နှလုံးသားရဲ့ အသံကို ကြည်လင်ပြတ်သားစွာ ကြားရတဲ့အထိ နားထောင်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ ကိုယ့်စိတ်ကို နားလည်အောင် ကြိုးစားမကြည့်မိဘူးဆိုရင် လူအများရဲ့ စိတ်အထွေထွေကနေ အလွှမ်းမိုးခံရတတ်ပါတယ်။
အထူးသဖြင့် နေ့စဥ်ဘဝမှာ ဆက်စပ်နေရတဲ့ သူတွေရဲ့ လွှမ်းမိုးတာ ခံရတတ်တာမျိုးပေါ့။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်လို့ သင်ကြားခံခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်တွေမှာ ကြုံတွေ့လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာပြသနာက ဖြစ်သင့်တာချည့် ရွေးချယ်လုပ်ကိုင်ရင်း ဖြစ်ချင်တဲ့ ဆန္ဒတွေကနေ ကင်းကွာသွားတက်တာမျိုးပါ။ အကျိုးဆက်အနေနဲ့ ကိစ္စသေးသေးမွှားမွှားလေးတွေကို ‌ရွေးချယ်တဲ့အခါမျိုးမှာတောင် ဒွိဟစိတ်ဖြစ်တတ်ပါတယ်။ တွေဝေပြီး ချီတုံချတုံစိတ်ဖြစ်တာဟာ ကိစ္စတိုင်း၊ နေ့ရက်တိုင်းဖြစ်လာပြီဆိုရင် ကိုယ့်ဘဝမှာ ကိုယ်ပါဝင်ရတဲ့ အခန်းကဏ္ဍ ကျဆင်းသွားပါပြီ။ ဒီလိုဖြစ်လာတာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကျွန်တော့်အနေနဲ့ ဒီလိုအ‌ခြေအနေတွေကနေ ရုန်းထွက်ဖို့လိုနေချိန် စိတ်ထဲမှာ လင်းကနဲဖြစ်သွားစေတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်လိုက်ရတယ်။ သီချင်းအမည်က နှလုံးသားအတွက်ကပါ။ တေးရေးက မြင့်မိုးအောင်ပါ။ ၁၉၉၆ခုနှစ်မှာ ထိပ်ထိပ်ကြဲအဆိုတော် ၆ ယောက် (ဇော်၀င်းထွဋ် ၊ ဟယ်ရီလင်း ၊ ချစ်ကောင်း ၊ ရဲသွင် ၊ ရင်ဂို ၊ မျိုးကျော့မြိုင်) ပါဝင်သီဆိုထားတဲ့ ဆဠကမ္ဘာ၉၆ အယ်လ်ဘမ် မှာ ပါတဲ့ သီချင်းတစ်ပုဒ်ပါ။ ရော့ခ်အဆိုတော် ရဲသွင်က သီဆိုထားပါတယ်။

သီချင်းတစ်ပုဒ်လုံးရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်လိုက်တဲ့ စာသားကတော့ ဘဝကိုဘာနဲ့ လဲယူမှာလဲ မင်းအိပ်မက်များ ပြောစမ်းပါ ဆိုတဲ့ ကိုယ့်စိတ်ကို ဆန်းစစ်ပြီးပြီလား လို့မေးလိုက်တဲ့ စာသားလေးပါ။
ဒီသီချင်းကို နားထောင်တိုင်း စစ်မှန်တဲ့ အိပ်မက်များကသာ ဘဝကို အဓိပ္ပာယ်ရှိစေလို့၊ ဒီအိပ်မက်တွေကို ငွေကြေး နှင့် လဲလှယ်မပစ်လိုက်ဖို့ အချက်ပေးနေသလို ခံစားရတယ်။

နှလုံးသားအတွက်ကပါ သီချင်းနဲ့ တွဲဖက်ခံစားဖို့ လိုက်ဖက်တဲ့ ကဗျာတစ်ပုဒ်ကိုလည်း ကျွန်တော် ‌ရွေးထားပါတယ်။ က‌ဗျာဆရာ စိုင်းဝင်းမြင့် ရေးထားတဲ့ "အဖေက ကျွန်တော့်ကို ခေါင်းသုံးဖို့ အမြဲပြောတယ်။ ကျွန်တော်က အသည်းနှလုံးပဲ အမြဲသုံးတယ်။" ဆိုတဲ့ ကဗျာတိုလေးပါ။ ခေါင်းနှင့် နှလုံးသားတို့ရဲ့ ရွေးချယ်မှုကို ရိုးရှင်းစွာ ရေးဖွဲ့ထားပါတယ်။ သီချင်းကလည်း ခေါင်းကို အလွန်အကျွံသုံးပြီး ငွေကြေးကိုနောက်ကို လိုက်လျှောက်ရင် 'ကြေးစား' ဘဝကို ရောက်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

လောကကြီးထဲမှာ အသက်ရှင်ရပ်တည်ဖို့ 'ခေါင်း' ကို သုံးရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျပျောက်မသွားစေဖို့ 'အသည်းနှလုံး' ကို အလေးပိုထားမှရပါလိမ့်မယ်။ မင်းအိပ်မက်များ ပြောစမ်းပါ လို့ တစ်ယောက်ယောက်က မေးလာတဲ့အခါ မညာတမ်းဖြေစရာ အိပ်မက်တစ်ခုတစ်လေတောင်မရှိနေဘူးဆိုရင် ကိုယ့်စိတ်ကိုယ် ပြန်စမ်းစစ်ဖို့ အချိန်ပေးစေချင်ပါတယ်။
ဒီသီချင်းလေးကို နားထောင်မိရင်း အိပ်မက်အစစ်တွေ ရှာဖွေတွေ့နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

မောင်ညို
( ၁၅ အောက်တိုဘာ ၂၀၂၅)

#နှလုံးသားအတွက်ကပါ
တေးရေး #မြင့်မိုးအောင်
#ရဲသွင်
#ဆဠကမ္ဘာ၉၆
Album Released 1996

Guitar မြင့်ဇော်
Drum ဇော်မျိုး
Bass ဘိုမြင့်
Keyboard မောင်မောင်လွင်၊ ဥက္ကာ
Music Section Player
Studio Oasis

Other Recordings
1996 ရဲသွင် ဆဠကမ္ဘာ၉၆
Section Player Oasis Studio
1997 ညီငယ် နှင်းဆီလှိုင်း Unplugged
Iron cross Oasis Studio
2002 ဇူရီ အနာဂတ်လမ်း
Band Jukebox Nawaratt Studio

Lyric:

ရင်ထဲမှာလှုပ်ရှား မင်းခြေသံများ
အိပ်မက်လိုရွေ့လျား မင်း က နေ
ရင်ခုန်သံတွေ ထိန်းချုပ်မရတော့ဘူး
ကြေးစားလေးတစ်ယောက်လို
မင်း မ ကလိုက်ပါနဲ့
နှလုံးသားအတွက် က ပါ

ဘဝကိုဘာနဲ့ လဲယူမှာလဲ
မင်းအိပ်မက်များ ပြောစမ်းပါ
အောင်မြင်မယ်ဆို အားလုံးစွန့်မှာလား
ငွေကြေးများနဲ့ဘဝကို
လဲမပစ်လိုက်ပါနဲ့
နှလုံးသားအတွက်ကပါ

ကလိုက်ပါလား
နှလုံးသားထဲကအတိုင်းသာ
ကလိုက်ပါလား
မာယာအပြုံးတွေမလိုဘူး
ရင်ခုန်သံအမှန်တရား
မင်းဟန်ဆောင်ကာ ငြင်းမရပါ
နှလုံးသားအတွက်
နှလုံးသားအတွက် ကလိုက်ပါ

ကိုယ်ပိုင်အိပ်မက်တွေပျောက်ဆုံးတတ်တဲ့ ခေတ်ကြပ်ကြီးထဲမှာ ကိုယ်လိုက်လျှောက်ရမယ့် ပန်းတိုင်ပျောက်မသွားဖို့ မိတ်ဆွေတစ်‌ယောက်လ...
19/10/2025

ကိုယ်ပိုင်အိပ်မက်တွေပျောက်ဆုံးတတ်တဲ့ ခေတ်ကြပ်ကြီးထဲမှာ ကိုယ်လိုက်လျှောက်ရမယ့် ပန်းတိုင်ပျောက်မသွားဖို့ မိတ်ဆွေတစ်‌ယောက်လို သတိပေးနေတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။

ကိုယ့်စိတ်ခံစားချက်ကို ဘေးပယောဂမပါပဲ အရိုးသားဆုံးစမ်းစစ်ကြည့်ဖို့၊ ကိုယ့် နှလုံးသားရဲ့ အသံကို ကြည်လင်ပြတ်သားစွာ ကြားရတဲ့အထိ နားထောင်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ ကိုယ့်စိတ်ကို နားလည်အောင် ကြိုးစားမကြည့်မိဘူးဆိုရင် လူအများရဲ့ စိတ်အထွေထွေကနေ အလွှမ်းမိုးခံရတတ်ပါတယ်။ အထူးသဖြင့် နေ့စဥ်ဘဝမှာ ဆက်စပ်နေရတဲ့ သူတွေရဲ့ လွှမ်းမိုးတာ ခံရတတ်တာမျိုးပေါ့။

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလုပ်လို့ သင်ကြားခံခဲ့ရတဲ့ ကျွန်တော်တို့မျိုးဆက်တွေမှာ ကြုံတွေ့လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာပြသနာက ဖြစ်သင့်တာချည့် ရွေးချယ်လုပ်ကိုင်ရင်း ဖြစ်ချင်တဲ့ ဆန္ဒတွေကနေ ကင်းကွာသွားတက်တာမျိုးပါ။ အကျိုးဆက်အနေနဲ့ ကိစ္စသေးသေးမွှားမွှားလေးတွေကို ‌ရွေးချယ်တဲ့အခါမျိုးမှာတောင် ဒွိဟစိတ်ဖြစ်တတ်ပါတယ်။ တွေဝေပြီး ချီတုံချတုံစိတ်ဖြစ်တာဟာ ကိစ္စတိုင်း၊ နေ့ရက်တိုင်းဖြစ်လာပြီဆိုရင် ကိုယ့်ဘဝမှာ ကိုယ်ပါဝင်ရတဲ့ အခန်းကဏ္ဍ ကျဆင်းသွားပါပြီ။ ဒီလိုဖြစ်လာတာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။

ကျွန်တော့်အနေနဲ့ ဒီလိုအ‌ခြေအနေတွေကနေ ရုန်းထွက်ဖို့လိုနေချိန် စိတ်ထဲမှာ လင်းကနဲဖြစ်သွားစေတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်လိုက်ရတယ်။ သီချင်းအမည်က နှလုံးသားအတွက်ကပါ။ တေးရေးက မြင့်မိုးအောင်ပါ။ ၁၉၉၆ခုနှစ်မှာ ထိပ်ထိပ်ကြဲအဆိုတော် ၆ ယောက် (ဇော်၀င်းထွဋ် ၊ ဟယ်ရီလင်း ၊ ချစ်ကောင်း ၊ ရဲသွင် ၊ ရင်ဂို ၊ မျိုးကျော့မြိုင်) ပါဝင်သီဆိုထားတဲ့ ဆဠကမ္ဘာ၉၆ အယ်လ်ဘမ် မှာ ပါတဲ့ သီချင်းတစ်ပုဒ်ပါ။ ရော့ခ်အဆိုတော် ရဲသွင်က သီဆိုထားပါတယ်။

သီချင်းတစ်ပုဒ်လုံးရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်လိုက်တဲ့ စာသားကတော့ ဘဝကိုဘာနဲ့ လဲယူမှာလဲ မင်းအိပ်မက်များ ပြောစမ်းပါ ဆိုတဲ့ ကိုယ့်စိတ်ကို ဆန်းစစ်ပြီးပြီလား လို့မေးလိုက်တဲ့ စာသားလေးပါ။
ဒီသီချင်းကို နားထောင်တိုင်း စစ်မှန်တဲ့ အိပ်မက်များကသာ ဘဝကို အဓိပ္ပာယ်ရှိစေလို့၊ ဒီအိပ်မက်တွေကို ငွေကြေး နှင့် လဲလှယ်မပစ်လိုက်ဖို့ အချက်ပေးနေသလို ခံစားရတယ်။

နှလုံးသားအတွက်ကပါ သီချင်းနဲ့ တွဲဖက်ခံစားဖို့ လိုက်ဖက်တဲ့ ကဗျာတစ်ပုဒ်ကိုလည်း ကျွန်တော် ‌ရွေးထားပါတယ်။ က‌ဗျာဆရာ စိုင်းဝင်းမြင့် ရေးထားတဲ့ "အဖေက ကျွန်တော့်ကို ခေါင်းသုံးဖို့ အမြဲပြောတယ်။ ကျွန်တော်က အသည်းနှလုံးပဲ အမြဲသုံးတယ်။" ဆိုတဲ့ ကဗျာတိုလေးပါ။ ခေါင်းနှင့် နှလုံးသားတို့ရဲ့ ရွေးချယ်မှုကို ရိုးရှင်းစွာ ရေးဖွဲ့ထားပါတယ်။ သီချင်းကလည်း ခေါင်းကို အလွန်အကျွံသုံးပြီး ငွေကြေးကိုနောက်ကို လိုက်လျှောက်ရင် 'ကြေးစား' ဘဝကို ရောက်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

လောကကြီးထဲမှာ အသက်ရှင်ရပ်တည်ဖို့ 'ခေါင်း' ကို သုံးရမယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျပျောက်မသွားစေဖို့ 'အသည်းနှလုံး' ကို အလေးပိုထားမှရပါလိမ့်မယ်။ မင်းအိပ်မက်များ ပြောစမ်းပါ လို့ တစ်ယောက်ယောက်က မေးလာတဲ့အခါ မညာတမ်းဖြေစရာ အိပ်မက်တစ်ခုတစ်လေတောင်မရှိနေဘူးဆိုရင် ကိုယ့်စိတ်ကိုယ် ပြန်စမ်းစစ်ဖို့ အချိန်ပေးစေချင်ပါတယ်။
ဒီသီချင်းလေးကို နားထောင်မိရင်း အိပ်မက်အစစ်တွေ ရှာဖွေတွေ့နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

မောင်ညို
( ၁၅ အောက်တိုဘာ ၂၀၂၅)

#နှလုံးသားအတွက်ကပါ
တေးရေး #မြင့်မိုးအောင်
#ရဲသွင်
#ဆဠကမ္ဘာ၉၆
Album Released 1996

Guitar မြင့်ဇော်
Drum ဇော်မျိုး
Bass ဘိုမြင့်
Keyboard မောင်မောင်လွင်၊ ဥက္ကာ
Music Section Player
Studio Oasis

Other Recordings
1996 ရဲသွင် ဆဠကမ္ဘာ၉၆
Section Player Oasis Studio
1997 ညီငယ် နှင်းဆီလှိုင်း Unplugged
Iron cross Oasis Studio
2002 ဇူရီ အနာဂတ်လမ်း
Band Jukebox Nawaratt Studio

Lyric:

ရင်ထဲမှာလှုပ်ရှား မင်းခြေသံများ
အိပ်မက်လိုရွေ့လျား မင်း က နေ
ရင်ခုန်သံတွေ ထိန်းချုပ်မရတော့ဘူး
ကြေးစားလေးတစ်ယောက်လို
မင်း မ ကလိုက်ပါနဲ့
နှလုံးသားအတွက် က ပါ

ဘဝကိုဘာနဲ့ လဲယူမှာလဲ
မင်းအိပ်မက်များ ပြောစမ်းပါ
အောင်မြင်မယ်ဆို အားလုံးစွန့်မှာလား
ငွေကြေးများနဲ့ဘဝကို
လဲမပစ်လိုက်ပါနဲ့
နှလုံးသားအတွက်ကပါ

ကလိုက်ပါလား
နှလုံးသားထဲကအတိုင်းသာ
ကလိုက်ပါလား
မာယာအပြုံးတွေမလိုဘူး
ရင်ခုန်သံအမှန်တရား
မင်းဟန်ဆောင်ကာ ငြင်းမရပါ
နှလုံးသားအတွက်
နှလုံးသားအတွက် ကလိုက်ပါ

ပန်းချီရေးပြီး ကမ္ဘာကျော်ချင်ခဲ့တဲ့ သော်ဒီဝေပန်းချီနဲ့ တေးဂီတ အဲဒီနှစ်ခု ခင်ဗျား ဘယ်ဟာကို ပိုနှစ်သက်ပါလဲကျုပ်က ကမ္ဘာကျော...
19/10/2025

ပန်းချီရေးပြီး ကမ္ဘာကျော်ချင်ခဲ့တဲ့ သော်ဒီဝေ

ပန်းချီနဲ့ တေးဂီတ အဲဒီနှစ်ခု ခင်ဗျား ဘယ်ဟာကို ပိုနှစ်သက်ပါလဲ

ကျုပ်က ကမ္ဘာကျော်ချင်သေးတာဗျ။ သူများသံစဉ်၊ သူများရေးထားတဲ့ သီချင်းကို စာမြှောင်ကပ်ပေးရတဲ့ အလုပ်ကတော့ဘယ်မှာ ကမ္ဘာကျော်ပါ့မလဲ။ ဒါတော့ သိတာပေါ့။ တစ်ကယ်တော့ ပန်းချီကသာ ကျုပ်ရဲ့ မယားကြီးပဲ။ သူ့ကိုပဲချစ်တယ်။ နောက်ပြီး တစ်ယောက်တည်းပဲ လုပ်ရတယ်။ ကြိုက်တယ်ဗျာ။

အလင်္ကာဂီတဂျာနယ်
အတွဲ ၁၊ အမှတ်၂ (၁၉၉၄)
#အလင်းရောင်ဖန်ဆင်းရှင်သော်ဒီဝေနှင့်တွေ့ဆုံခြင်း
#သော်ဒီဝေ #အလင်္ကာဂီတဂျာနယ် #သော်ဒီဝေမှတ်စု

မိန်းကလေးတစ်ယောက်ကြောင့် သီချင်းတွေရေးဖြစ်ခဲ့တဲ့ သော််ဒီဝေ💟ခုလို သီချင်းတွေရေးဖြစ်ဖို့ ခင်ဗျားကို တွန်းပို့တဲ့အရိပ်က ဘာလ...
18/10/2025

မိန်းကလေးတစ်ယောက်ကြောင့် သီချင်းတွေရေးဖြစ်ခဲ့တဲ့ သော််ဒီဝေ

💟ခုလို သီချင်းတွေရေးဖြစ်ဖို့ ခင်ဗျားကို တွန်းပို့တဲ့အရိပ်က ဘာလဲ

♥ထုံးစံအတိုင်းပေါ့ဗျာ။ အိုမာခရမ်တို့လိုပါပဲ။ မိန်းကလေးတစ်ယောက်ကြောင့်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း နှလုံးသားနဲ့လူပဲ။ အဲဒီတုန်းက ကျွန်တော်နဲ့သူနဲ့ အဆင်မပြေဘူး။
ဟယ်ရီလင်းရဲ့ ငြိမ်းလို့မရတဲ့မီးတွေနဲ့ လေးဖြူရဲ့ ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့
သီချင်းကို ခင်ဗျား ပြန်နားထောင်ကြည့်ပါလား။

အလင်္ကာဂီတဂျာနယ်
အတွဲ ၁၊ အမှတ်၂ (၁၉၉၄)

#အလင်းရောင်ဖန်ဆင်းရှင်သော်ဒီဝေနှင့်တွေ့ဆုံခြင်း
#သော်ဒီဝေ #အလင်္ကာဂီတဂျာနယ် #သော်ဒီဝေမှတ်စု

18/10/2025

သော်ဒီဝေ မပေါက်ချင်ပဲ ပေါက်သွားခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုတာ ရေစုန်မျောလိုက်ပြီ ကိုပြောတာ။ တကယ်တမ်း သူပေါက်စေချင်ခဲ့တာက ဟယ်ရီလင်းရဲ့ “အိပ်ယာအောက်က သီချင်းတစ်ပုဒ်၊ နောက် ဖိုးကျော်ရဲ့ အကြောင်းပြ ချက်လို သီချင်းမျိုးပေါ့။ လူကြိုက်များတိုင်း သူ့ရဲ့ Masterpiece မဖြစ်ခဲ့ပါဘူး။ သူ့အကြိုက်နဲ့ ပရိတ်သတ်အကြိုက် တစ်ထပ်တည်း မဖြစ်ခဲ့ပေမယ့် သူ ရူးသွပ်တဲ့ ခေတ်ပေါ်ကဗျာ (Modern Poem) နဲ့ ရော့ခ် ဂီတ (Rock Music) ကို ပေါင်းစပ်ပြီး ပရိတ်သတ်ကို ချကျွေးသွားခဲ့ပါတယ်။
ဖိုးကျော်ရဲ့ ပထမဆုံး အယ်ဘ်ဘမ် ငှက်တစ်ကောင်ရဲ့အဘိဓါန် (၁၉၉၄) အယ်လ်ဘမ် တစ်ချပ်လုံးကို စာသား သော်ဒီဝေ ရေးဖွဲ့ပေးခဲ့ပါတယ်။ ရေစုန်မျောလိုက်ပြီကတော့ ဖိုးကျော်ရဲ့ ဒုတိယ အယ်လ်ဘမ် မွေးဖွားခဲ့ မှာ
ပေါက်ခဲ့တဲ့သီချင်းပါ။ ဒါတွေအပြင် မွေးဖွားခဲ့ (၁၉၉၅)၊ ပိုက်ဆံ (၂၀၀၁)၊ ပန်းနုရောင်လက်ထပ်ပွဲ (၁၉၉၇) (ဟယ်ရီလင်းနှင့်) စတဲ့ (Title Song) ခေါင်းစီးတေးတွေကို ဖိုးကျော်အတွက် သော်ဒီ‌ဝေက ရေးဖွဲ့ပေးခဲ့ပါတယ်။

ရေစုန်မျောလိုက်ပြီ သီချင်းထဲမှာပါတဲ့ စာသားတွေက သော်ဒီဝေရဲ့ ဘဝကို ထင်ဟပ်ပြခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ “ကဗျာ စာပေ မဂ္ဂဇင်း သီချင်းများမှာ ရင်ခုန်ခဲ့” ဆိုတဲ့ စာသားက သူ့ရဲ့ ကဗျာဆရာဘဝနဲ့ သီချင်း‌ရေးသူ ဘဝကို ရောယှက်ပြခဲ့ပုံပါ။ အင်တာဗျူးတစ်ခုမှာလည်း သူဟာ မိန်ရာသီဖွား(Pisces) မလို့ ငါးနှစ်ကောင်သင်္ကတ ကြောင့် အလုပ်အကိုင်နှစ်မျိုးရှိတာလို့လည်း ပြောခဲ့ဖူးပါသေးတယ်။ တကယ်တော့ သူ့မှာ အလုပ်အကိုင်က နှစ်ခုထက် ပိုခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ အညာဒေသက ဆံရစ်ဝိုင်း မှတ်တမ်းရုပ်ရှင်က သူတည်းဖြတ်ခဲ့တာပါ။ နောက်ဆုံးထွက်သက်ကိုတော့ ပန်းချီတွေရေးရင်း ကုန်ဆုံးတော့မယ်လို့ ပြောခဲ့ပြီး သူတကယ်နှုတ်ဆက်သွားခဲ့ပါပြီ။
သူနဲ့အတူ ရော့ခ်သီချင်းများကို ဖန်တီးသီဆိုခဲ့သူ ဖိုးကျော်လည်း ကွယ်လွန်ခဲ့တာ ၄ နှစ်တိုင်ရှိခဲ့ပါပြီ။
သူတို့ အမှတ်တရအဖြစ် ရေစုန်မျောလိုက်ပြီ သီချင်းကို ကျွန်တော် ဒီညဖွင့်ပြချင်ပါတယ်။

မောင်ညို
၁၇၊ အောက်တိုဘာ၊ ၂၀၂၅
သော်ဒီဝေ ( Born 15 March 1954 - Died 16 October 2025)
ဖိုးကျော် ( Born 21 March 1966 - Died 9 February 2021)

#သော်ဒီဝေ #ဖိုးကျော် #ရေစုန်မျောလိုက်ပြီ #ငှက်တစ်ကောင်ရဲ့အဘိဓါန် #မွေးဖွားခဲ့ #ပိုက်ဆံ #ပန်းနုရောင်လက်ထပ်ပွဲ #ရော့ခ်ဂီတ #မော်ဒန်ကဗျာ #ခေတ်ပေါ်ကဗျာ

#ရေစုန်မျောလိုက်ပြီ
#ဖိုးကျော်
တေးရေး #သော်ဒီဝေ
#မွေးဖွားခဲ့(1995)

Music Iron Cross
Studio LYNN
Guitars Chit San Maung
Bass Khin Maung Thant
Keyboards Banya Naing
Drums Kha Ram

Original Song
Lodi
Artists: Creedence Clearwater Revival
Written by John Fogerty
Album: Green River
Released: 1969

Other Recordings
ရင်ဂို
အချစ်နဲ့ပေါင်မုန့်(2002)
Band D'Blade
Studio Lynn

Lyric :
ရင်ခုန်သံတွေ မချိုခဲ့သော
အတိတ်က ဇာတ်လမ်းတစ်ပုဒ်
မဖြစ်နိုင်ခဲ့တဲ့ ဘဝလေးနှစ်ခု
အခြေအနေတွေ ခြားခဲ့ပြီ
အသစ်ရှာဖွေခဲ့သော ရင်ခွင်မှာ
ဆွေးမနေတော့ဘူး
အားလုံး ရေစုန်မျောလိုက်ပြီ
ကြည်ပြာရောင်နဲ့ နှလုံးသား
ငါ့အချစ်စိတ်များ အားလုံး
လရောင်ကင်းမဲ့ ညလေးတစ်ခု
မင်းဆီ အကုန် ငါထားခဲ့မယ်
အဝေးဆုံး ဘဝရဲ့ အလွမ်း အမော
ကိုယ့် ဘဝမှာ မလိုတော့ဘူး
အားလုံး ရေစုန်မျောလိုက်ပြီ
ကဗျာ စာပေ မဂ္ဂဇင်း
သီချင်းများမှာ ရင်ခုန်ခဲ့
စကားလုံးများ အသစ်ဆန်းဖွေရှာ
ဂန္ထဝင်ဆန် ရည်းစားစာ
မင်းတစ်ယောက်ကို အချစ်ဆုံး ယုံကြည်ပါ
တို့ ဘဝမှာ မလိုတော့ဘူး
အားလုံး ရေစုန်မျောလိုက်ပြီ
Good Bye Darling! ဒီလို နှုတ်ဆက်
ဝေးပြီ Baby ရေ
မင်းရဲ့ အနာဂတ်များ ပျော်ရွှင်အောင်
ငါဆုတောင်းပေးမယ်
လူ့ဘဝရဲ့ အတိုဆုံးအချိန်တွေ
ဆွေးမနေချင်ဘူး
အားလုံး ရေစုန်မျောလိုက်ပြီ
အားလုံး ရေစုန် မျောထားခဲ့ပြီ

DISCLAIMER:
No copyright infringement intended.
I do not own the audio in this video. They belong to their rightful owners.

သော်ဒီဝေ မပေါက်ချင်ပဲ ပေါက်သွားခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုတာ ရေစုန်မျောလိုက်ပြီ ကိုပြောတာ။ တကယ်တမ်း သူပေါက်စေချင်ခဲ့တာက ဟယ်...
17/10/2025

သော်ဒီဝေ မပေါက်ချင်ပဲ ပေါက်သွားခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုတာ ရေစုန်မျောလိုက်ပြီ ကိုပြောတာ။ တကယ်တမ်း သူပေါက်စေချင်ခဲ့တာက ဟယ်ရီလင်းရဲ့ “အိပ်ယာအောက်က သီချင်းတစ်ပုဒ်၊ နောက် ဖိုးကျော်ရဲ့ အကြောင်းပြချက်လို သီချင်းမျိုးပေါ့။ လူကြိုက်များတိုင်း သူ့ရဲ့ Masterpiece မဖြစ်ခဲ့ပါဘူး။ သူ့အကြိုက်နဲ့ ပရိတ်သတ်အကြိုက် တစ်ထပ်တည်း မဖြစ်ခဲ့ပေမယ့် သူ ရူးသွပ်တဲ့ ခေတ်ပေါ်ကဗျာ (Modern Poem) နဲ့ ရော့ခ် ဂီတ (Rock Music) ကို ပေါင်းစပ်ပြီး ပရိတ်သတ်ကို ချကျွေးသွားခဲ့ပါတယ်။

ဖိုးကျော်ရဲ့ ပထမဆုံး အယ်ဘ်ဘမ် ငှက်တစ်ကောင်ရဲ့အဘိဓါန် (၁၉၉၄) အယ်လ်ဘမ် တစ်ချပ်လုံးကို စာသား သော်ဒီဝေ ရေးဖွဲ့ပေးခဲ့ပါတယ်။ ရေစုန်မျောလိုက်ပြီကတော့ ဖိုးကျော်ရဲ့ ဒုတိယ အယ်လ်ဘမ် မွေးဖွားခဲ့ မှာ
ပေါက်ခဲ့တဲ့သီချင်းပါ။ ဒါတွေအပြင် မွေးဖွားခဲ့ (၁၉၉၅)၊ ပိုက်ဆံ (၂၀၀၁)၊ ပန်းနုရောင်လက်ထပ်ပွဲ (၁၉၉၇) (ဟယ်ရီလင်းနှင့်) စတဲ့ (Title Song) ခေါင်းစီးတေးတွေကို ဖိုးကျော်အတွက် သော်ဒီ‌ဝေက ရေးဖွဲ့ပေးခဲ့ပါတယ်။

ရေစုန်မျောလိုက်ပြီ သီချင်းထဲမှာပါတဲ့ စာသားတွေက သော်ဒီဝေရဲ့ ဘဝကို ထင်ဟပ်ပြခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ “ကဗျာ စာပေ မဂ္ဂဇင်း သီချင်းများမှာ ရင်ခုန်ခဲ့” ဆိုတဲ့ စာသားက သူ့ရဲ့ ကဗျာဆရာဘဝနဲ့ သီချင်း‌ရေးသူ ဘဝကို ရောယှက်ပြခဲ့ပုံပါ။ အင်တာဗျူးတစ်ခုမှာလည်း သူဟာ မိန်ရာသီဖွား(Pisces) မလို့ ငါးနှစ်ကောင်သင်္ကတ ကြောင့် အလုပ်အကိုင်နှစ်မျိုးရှိတာလို့လည်း ပြောခဲ့ဖူးပါသေးတယ်။ တကယ်တော့ သူ့မှာ အလုပ်အကိုင်က နှစ်ခုထက် ပိုခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ အညာဒေသက ဆံရစ်ဝိုင်း မှတ်တမ်းရုပ်ရှင်က သူတည်းဖြတ်ခဲ့တာပါ။ နောက်ဆုံးထွက်သက်ကိုတော့ ပန်းချီတွေရေးရင်း ကုန်ဆုံးတော့မယ်လို့ ပြောခဲ့ပြီး သူတကယ်နှုတ်ဆက်သွားခဲ့ပါပြီ။

သူနဲ့အတူ ရော့ခ်သီချင်းများကို ဖန်တီးသီဆိုခဲ့သူ ဖိုးကျော်လည်း ကွယ်လွန်ခဲ့တာ ၄ နှစ်တိုင်ရှိခဲ့ပါပြီ။
သူတို့ အမှတ်တရအဖြစ် ရေစုန်မျောလိုက်ပြီ သီချင်းကို ကျွန်တော် ဒီညဖွင့်ပြချင်ပါတယ်။

မောင်ညို
၁၇၊ အောက်တိုဘာ၊ ၂၀၂၅
သော်ဒီဝေ ( Born 15 March 1954 - Died 16 October 2025)
ဖိုးကျော် ( Born 21 March 1966 - Died 9 February 2021)

#သော်ဒီဝေ #ဖိုးကျော် #ရေစုန်မျောလိုက်ပြီ #ငှက်တစ်ကောင်ရဲ့အဘိဓါန် #မွေးဖွားခဲ့ #ပိုက်ဆံ #ပန်းနုရောင်လက်ထပ်ပွဲ #ရော့ခ်ဂီတ #မော်ဒန်ကဗျာ #ခေတ်ပေါ်ကဗျာ

၂၄ ဒီဇင်ဘာ ၉၇သော်ဒီဝေဘဝတွင် အနုပညာဆန်တာကလော့စ်၏ ချောကလက်များ ချစ်ခြင်းမေတ္တာတရားအပါအဝင် ကြီးမားသော ဆုံးရှုံးရမှုများဖြင့...
17/10/2025

၂၄ ဒီဇင်ဘာ ၉၇
သော်ဒီဝေ

ဘဝတွင်
အနုပညာ
ဆန်တာကလော့စ်၏ ချောကလက်များ
ချစ်ခြင်းမေတ္တာတရားအပါအဝင်
ကြီးမားသော ဆုံးရှုံးရမှုများဖြင့်
အရာရာတွင် နောက်ကျခဲ့ရသော
ခပ်တုံးတုံး ခပ်ညံ့ညံ့ ကိုယ်အဖြစ်၌

ဘုရားသခင်လက်က
လွတ်ကျတော်မူသည့် “အဲလစ္စ’ (Alice)ဆိုသော
မိန်းကလေးတစ်ယောက်၏ အချစ်အား
မဟာဂရုဏာတော်အပြည့်ဖြင့်
ခရစ်တော် မဖွားသန့်စင်မီ (၁) ရက်အလို
(၂၄) နာရီတိတိစော
ထိုနေ့၌ ကျွန်ုပ်
လက်ခံရရှိခဲ့ဖူးသည်။

၉၈ အချစ်ကဗျာ၊ အချစ်ကဗျာ ၉၈

ကျွန်တော့် ဘဝမှာ ပထမဆုံးဖတ်ဖူးတဲ့ မော်ဒန်ကဗျာစာအုပ်လေးထဲက သော်ဒီဝေရဲ့ က‌ဗျာ
ကို သော်ဒီဝေ အမှတ်တရအနေနဲ့ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

၉၈ အချစ်ကဗျာ၊ အချစ်ကဗျာ ၉၈ က‌ဗျာစာအုပ်မှာ ကဗျာဆရာ ၉၈ယောက်ရဲ့ ကဗျာ ၉၈ ပုဒ်ပါဝင်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ မင်းထက်မောင်နဲ့ မေငြိမ်းတို့က စီစဉ်ပြီး ၁၉၉၉ ခုနှစ်မှာ ပထမအကြိမ် ရိုက်နှိပ်ခဲ့တာပါ။

ဒီစာအုပ်ကို ကျွန်တော် ဝယ်ခဲ့တဲ့နေရာကတော့ မဂိုလမ်း J Donutt ဆိုင်ဘေးက စာပေရတနာဆိုတဲ့ စာအုပ်ဆိုင်လေးပါ။ ၁၉၉၉ ခုနှစ်နှစ်မှာ ကျွန်တော်က နဝမတန်းကျောင်းသားလေးပဲရှိပါသေးတယ်။ ဒဂုံ(၁) ကျူရှင်ကဆင်းရင် စကော့ဈေးဂုံးတံတားကိုကျော်ပြီး မဂိုလမ်းဘက်ကိုကူး ပန်းဆိုးတန်းလမ်းအထိ စာအုပ်ဆိုင်တွေတစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဝင်ထွက်နေရတာနဲ့ အချိန်ကုန်ခဲ့ပါတယ်။

ဒီကဗျာ စာအုပ်လေးမှာ မောင်အောင်ပွင့်၊ ပိုင်စိုးဝေ၊ ဝင်းမြင့်၊ နီကိုရဲ၊ နေမျိုး၊ အောင်ဘညို၊ မင်းခိုက်စိုးစံ၊ ကိုဆွေ၊ စံညိမ်းဦး အစရှိတဲ့ ကဗျာဆရာကြီးများရဲ့ ကဗျာတွေပါဝင်ပါတယ်။
တေးရေးကဗျာဆရာတွေကတော့ မောင်သစ်မင်း၊ သော်ဒီဝေ၊ မြင့်မိုးအောင် တို့ပါဝင်ပါတယ်။

စာသင်ကျောင်းပြင်ပ ကဗျာအနေနဲ့ ပထမဆုံး ဖတ်ဖူးတဲ့ မော်ဒန်ကဗျာစာအုပ်လေးဖြစ်ခဲ့လို့၊ မော်ဒန်ကဗျာတွေကို နားမလည်ခဲ့လို့ ခေါင်းရင်းမှာ ထားပြီး ခဏခဏ ထုတ်ဖတ်ခဲ့တဲ့ စာအုပ်လေးမလို့ အမြဲ တသသဖြစ်နေရဆဲပါပဲ။ သီချင်းရေးဆရာတွေက ကဗျာလည်း ရေးသကိုး လို့ တခုတ်တရ ဖြစ်ခဲ့တဲ့ စာအုပ်လေးပါ။ ပိုင်စိုးဝေ ရဲ့ မိဝင်းဖို့ကဗျာ ကို ဒီစာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတာပါ။
မောင်ညို

#မော်ဒန်ကဗျာ #သော်ဒီ‌ဝေ #၉၈အချစ်ကဗျာ
#ပိုင်စိုးဝေ #မိဝင်းဖို့ကဗျာ #မောင်သစ်မင်း #မြင့်မိုးအောင်

သတ္တုသံစစ်စစ်ကဗျာများကို ရော့ခ်သီချင်းဖြစ်စေခဲ့သူ... ဂန္ထဝင်တေးရေးဆရာကြီး သော်ဒီဝေ (၁၉၅၄-၂၀၂၅) အကြောင်း မြန်မာ့ရော့ခ်ဂီတ...
16/10/2025

သတ္တုသံစစ်စစ်ကဗျာများကို ရော့ခ်သီချင်းဖြစ်စေခဲ့သူ... ဂန္ထဝင်တေးရေးဆရာကြီး သော်ဒီဝေ (၁၉၅၄-၂၀၂၅) အကြောင်း

မြန်မာ့ရော့ခ်ဂီတလောကအတွက် ဂန္ထဝင်လက်ရာများစွာကို ချန်ထားရစ်ခဲ့သူ တေးရေးဆရာ၊ ပန်းချီဆရာကြီး သော်ဒီဝေ (ခေါ်) ဝေချစ်ကို သည် ယနေ့ အောက်တိုဘာ ၁၆၊ ၂၀၂၅ ညနေ ၄:၃၀ နာရီတွင် ပြင်ဦးလွင်မြို့၌ အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။
ကိုယ်ရေးအချက်အလက် အကျဉ်းချုပ်
• အမည်ရင်း: ဦးခင်မောင်ဝေ
• မွေးဖွား: ၁၉၅၄ ခုနှစ်၊ မတ်လ ၁၅ ရက်
• ဇာတိ: ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် (ဗိုလ်အောင်ဇေယျရပ်ကွက်)
• ကွယ်လွန်: ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်
• ကွယ်လွန်ရာ: ပြင်ဦးလွင်မြို့၊ အောင်သစ္စာ အထူးကုဆေးရုံ (နှလုံးရောဂါဖြင့်)
ဆရာကြီးသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ပန်းချီနှင့် စာပေကို ရောယှက်ဖန်တီးခဲ့သူဖြစ်ပြီး၊ အနုပညာနယ်ပယ်အလိုက် ကလောင်အမည်များ ခွဲခြားသုံးစွဲခဲ့သည်။
• တေးရေးဆရာ: သော်ဒီဝေ
• ပန်းချီဆရာ/ကဗျာဆရာ: ဝေချစ်ကို (မူလပညာရပ်မှာ မန္တလေးပန်းချီကျောင်းမှ ပန်းချီပညာ)

ပညာရေးနှင့် မူရင်းရည်မှန်းချက်
• ပညာသင်ကြားမှု: ရေဦးအထက်တန်းကျောင်း။ ၁၉၇၄-၁၉၇၇ ခုနှစ်တွင် မန္တလေးအနုပညာကျောင်းမှ ပန်းချီပညာ ကို သုံးနှစ် သင်ကြားခဲ့သည်။
• မူရင်းရည်မှန်းချက်: တေးရေးဆရာဘဝသည် "မတော်တဆ ရောက်ရှိသွားခြင်း" ဖြစ်ပြီး၊ မူလက ပန်းချီဆရာဖြစ်လိုသူ သို့မဟုတ် ပရိုဂျူဆာလုပ်လိုသူ ဖြစ်သည်။ သို့သော် အနုပညာနှစ်ခုကို ပန်းချီရေးသလို သီချင်းရေး၊ သီချင်းရေးသလို ပန်းချီရေးဟန်ဖြင့် ပေါင်းစပ်ဖန်တီးခဲ့သည်။

ဂီတသမိုင်းမှတ်တိုင်များ
၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်ကာ မြန်မာ့ရော့ခ်ဂီတ ခေတ်ဦးတွင် ဩဇာကြီးမားခဲ့သည်။
• စတင်ခြင်း: ၁၉၈၃ ခုနှစ်တွင် ဟယ်ရီလင်းနှင့် စတင်လက်တွဲခဲ့ပြီး ၁၉၈၇ ဝန်းကျင်တွင် 'ကြိုက်သလို နေနိုင်တယ်' အယ်လ်ဘမ်ကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း မထွက်ဖြစ်ခဲ့။
• အောင်မြင်မှုထူထောင်ခြင်း: ၁၉၉၁-၁၉၉၃ ခုနှစ်တွင် လေးဖြူ၏ 'ကန္တာရလမင်း' အယ်လ်ဘမ်အတွက် ရေးစပ်ပေးခဲ့သော သီချင်း (၄) ပုဒ်စလုံး အလွန်အောင်မြင်ခဲ့သည်။
o "အလင်းရောင်" (အပေါက်ဆုံးသီချင်း၊ Nazareth ၏ "Dream On" မူရင်းအား ယူထား)
o "အကောင်းဆုံး" (ပင်လယ်အော်သံ အယ်လ်ဘမ်)
o "အိပ်မက်မီးရထား"၊ "အတောင်ပံများနှင့်"၊ "ကမ္ဘာကြီးက လုံးပြီး ဝိုင်းနေတော့"
• အခြားထင်ရှားသော လက်ရာများ:
o ဟယ်ရီလင်း အတွက် "ပျောက်ဆုံးသွားမှာစိုး"
o အငဲ အတွက် "ဂန္ထဝင်မြောက် အိမ်အပြန်"၊ "တစ်ခန်းရပ် ပြဇာတ်"
o ဖိုးကျော် အတွက် "အကြောင်းပြချက်"၊ "ညတစ်ခုရဲ့ ခရီးသွား"၊ "ပိုက်ဆံ"
o ခရစ္စတိုဖာ အတွက် "သူတစ်ခါပြုံးလိုက်တိုင်း" (လေလွင့်ကျိန်စာ-၁၉၉၅)
• စုစုပေါင်း: လေးဖြူ၊ အငဲ၊ ဖိုးကျော်၊ ဟယ်ရီလင်း၊ ခရစ္စတိုဖာ၊ စည်သူလွင်၊ ရင်ဂို၊ သျှီ အပါအဝင် အဆိုတော်များစွာအတွက် သီချင်းပေါင်း ၁၂၀ ခန့် ရေးစပ်ခဲ့သည်။

ဆရာကြီးသည် သူ၏ ရော့ခ်သီချင်း စာသားများဖြင့် မျိုးဆက်သစ်တို့၏ ရင်ထဲတွင် မမေ့နိုင်သော အနုပညာအမွေအနှစ်များကို ချန်ထားရစ်ခဲ့သူဖြစ်သည်။ သူ၏ ဘဝခရီးစဉ်ကို ပန်းချီကားများ၊ ကဗျာများနှင့် သီချင်းစကားလုံးများဖြင့် ပြည့်စုံစွာ နေထိုင်သွားခဲ့သူ ဖြစ်ပါသည်။
ဆရာကြီး သော်ဒီဝေ (ဦးခင်မောင်ဝေ) ကောင်းရာဘုံဘဝသို့ အေးချမ်းစွာ ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ 🙏

မောင်ညို
#သော်ဒီဝေ #ဝေချစ်ကို #လေးဖြူ #အငဲ #ဂီတသူရဲကောင်း

နှလုံးသားနှင့် ကဗျာကို ရော့ခ်ဂီတဖြစ်စေခဲ့သူ... ဂန္ထဝင်တေးရေးဆရာကြီး သော်ဒီဝေ ကွယ်လွန်ခြင်း 💔မြန်မာ့ရော့ခ်ဂီတလောကရဲ့ ထင်ရ...
16/10/2025

နှလုံးသားနှင့် ကဗျာကို ရော့ခ်ဂီတဖြစ်စေခဲ့သူ... ဂန္ထဝင်တေးရေးဆရာကြီး သော်ဒီဝေ ကွယ်လွန်ခြင်း 💔
မြန်မာ့ရော့ခ်ဂီတလောကရဲ့ ထင်ရှားတဲ့ လက်ရာရှင်၊ တေးရေးဆရာကြီး သော်ဒီဝေ (ခေါ်) ပန်းချီဆရာ/ကဗျာဆရာ ဝေချစ်ကို ဟာ ယနေ့ အောက်တိုဘာ ၁၆၊ ၂၀၂၅ ညနေ ၄ နာရီခွဲမှာ နေထိုင်ရာ ပြင်ဦးလွင်မြို့ရှိ အောင်သစ္စာ အထူးကုဆေးရုံမှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ် သိရှိရပါတယ်။ ဆရာကြီးရဲ့ သက်တမ်းမှာ ၇၁ နှစ် (၁၉၅၄-၂၀၂၅) ဖြစ်ပါတယ်။
ဆရာသော်ဒီဝေဟာ ရော့ခ်အဆိုတော်ကြီးတွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ ဟယ်ရီလင်း၊ ဖိုးကျော်၊ သျှီ တို့အတွက် အောင်မြင်ကျော်ကြားတဲ့ သီချင်းများစွာကို ရေးစပ်ခဲ့သူပါ။ အထူးသဖြင့် လေးဖြူရဲ့ အောင်မြင်မှုမှတ်တိုင်တွေဖြစ်တဲ့ "အလင်းရောင်" "အိပ်မက်မီးရထား" "အကောင်းဆုံး" စတဲ့ "သတ္တုသံစစ်စစ်ကဗျာတွေ" လို့ တင်စားရတဲ့ သီချင်းစာသားကောင်းတွေကို ရေးဖွဲ့ပေးခဲ့သူပါ။
တေးရေးဆရာဘဝကို မတော်တဆ ရောက်ခဲ့ရတာလို့ ဆိုခဲ့ပေမယ့်၊ ပန်းချီပညာကို စိတ်အားထက်သန်စွာ မြတ်နိုးခဲ့သူဖြစ်ပြီး "ဝေချစ်ကို" အမည်နဲ့ စာပေလက်ရာတွေ၊ ပန်းချီကားတွေကိုလည်း ဖန်တီးခဲ့ပါတယ်။
သူ၏ ကွယ်လွန်မှုအပေါ် ဂီတလောကသားများ ဝမ်းနည်းကြေကွဲနေကြပြီး၊ ဆရာကြီးချန်ထားခဲ့တဲ့ ဂန္ထဝင်လက်ရာများကတော့ ရော့ခ်ဂီတချစ်သူတွေရဲ့ ရင်ထဲမှာ အမြဲတည်ရှိနေမှာပါ။
ဆရာကြီး သော်ဒီဝေ (ဦးဝေ) အေးချမ်းရာဘုံဘဝသို့ ကောင်းမွန်စွာ ရောက်ရှိပါစေ။ 🙏
#သော်ဒီဝေ #ဝေချစ်ကို #လေးဖြူ #အငဲ #ဂီတအနုပညာရှင်

တကိုယ်တော်သိုင်းသမားများ နား‌‌ထောင်ရမယ့် သီချင်းတွေကို Songs for Introverts ဆိုပြီး Playlist လုပ်ထားပေးပါတယ်။ တယ်လီဂရမ်မ...
13/10/2025

တကိုယ်တော်သိုင်းသမားများ နား‌‌ထောင်ရမယ့် သီချင်းတွေကို Songs for Introverts ဆိုပြီး Playlist လုပ်ထားပေးပါတယ်။ တယ်လီဂရမ်မှာ နားဆင်ပါ။

စာကြွင်း။ ။ တကိုယ်တော်သိုင်းသမား ဆိုတာ ကျွန်တော်တို့ငယ်ငယ်က မြဝတီကလွှင့်တဲ့ တ - ရု - တ် ရုပ်သံစီးရီးပါ။ ဇာတ်လိုက်မင်းသား ချူတာ‌ကောက ယပ်တောင်လေး တဖျက်ဖျက်ခတ်ပြီး သူ့အတွေးတွေကို နားထောင်မယ့်သူအနားမှာမရှိတဲ့အချိန်မှ တစ်ယောက်တည်း စကားတွေပြောတတ်ပါတယ်။

ဒီနေ့တော့ မောင်ညိုတို့ရဲ့ ရေဒီယိုကနေ မကြာခဏ ပျံ့လွင့်နေတဲ့၊ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့လည်း အသည်းနှလုံးထဲမှာ အမြစ်တွယ်...
09/10/2025

ဒီနေ့တော့ မောင်ညိုတို့ရဲ့ ရေဒီယိုကနေ မကြာခဏ ပျံ့လွင့်နေတဲ့၊ နှစ်ပေါင်းများစွာ ကြာခဲ့ပေမဲ့လည်း အသည်းနှလုံးထဲမှာ အမြစ်တွယ်နေဆဲဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။ အဲဒါကတော့ တေးရေး ညီညီလှိုင် ရေးဖွဲ့ပြီး ပိုးဒါလီသိန်းတန်၊ ထွန်းအိန္ဒြာဗို၊ ရှင်ဖုန်း စတဲ့ အနုပညာရှင်များစွာ ပြန်လည်သီဆိုခဲ့ကြတဲ့ "တိုးတိတ်တမ်းတ" ပါပဲ။
ဒီသီချင်းလေးဟာ မူရင်းအားဖြင့် ဂျပန်အဆိုရှင် Mayumi Itsuwa ရဲ့ နာမည်ကျော် "Kokoro No Tomo" (心の友) ကို မြန်မာမှုပြုထားတာပါ။ "Kokoro No Tomo" ရဲ့ အဓိပ္ပာယ်က "ရင်ထဲကသူငယ်ချင်း" လို့ ဆိုပေမယ့်၊ မြန်မာပြန် သီချင်းစာသားကတော့ ရင်ခုန်သံတွေ ပျက်စီးပြီး၊ နာကျင်တဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ကို ပုံဖော်ခဲ့ပါတယ်။
ပိုးဒါလီသိန်းတန် ၁၉၉၅ ခုနှစ်မှာ "ဟန်" အယ်လ်ဘမ်နဲ့ ပထမဆုံး သီဆိုခဲ့ချိန်ကတည်းက ပရိသတ်တွေ သတိထားမိခဲ့ပေမယ့်၊ ၂၀၀၀ ပြည့်နှစ်မှာ ထွန်းအိန္ဒြာဗို က ပြန်လည်သီဆိုခဲ့ချိန်မှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ပါးစပ်ဖျားမှာ စွဲငြိသွားခဲ့တယ်လို့ တေးရေးဆရာ ကိုညီညီလှိုင်က ပြောဖူးပါတယ်။
နားထောင်သူတွေထဲမှာ ဒီသီချင်းလေးကို စိတ်ထဲမှာ လိုက်ညည်းဖူးကြသူတွေ ရှိမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ စာသားတွေဟာ ဘယ်သူမဆို ကြုံတွေ့နိုင်တဲ့ ဝေဒနာတွေကို အထပ်ထပ် ထပ်တလဲလဲ ရိုက်ခတ်နေလို့ပါပဲ။
"တိုးတိတ်ရင်ခုန်သံ အဆုံးအဖြတ် ဝေဒနာရယ်... စွန့်လွှတ် အကြင်နာရယ် ရက်စက်အနိုင်ယူသူ"
ဒီစာသားတွေက နာကျင်တဲ့ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ရတဲ့ အချစ်ရေးကို ညွှန်းဆိုနေပါတယ်။ ပေးဆပ်ခဲ့ပေမယ့်လည်း ပြန်ရတဲ့ အရာက ရက်စက်ခြင်းနဲ့ လှည့်စားခြင်းဆိုတဲ့ ခါးသီးမှုပေါ့။
"ခိုတွယ်စရာ ရင်ခွင်မဲ့သော နှလုံးသားမှာ ဒဏ်ရာတွေ နာကျင်နေဆဲ အချစ်အတွက်တော့ ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ..."
ဒီစာသားမှာတော့ အထီးကျန်ခြင်းရဲ့ အမြင့်ဆုံးအဆင့် ကို မြင်တွေ့ရပါတယ်။ မှီခိုရာမဲ့တဲ့ အသည်းတစ်စုံဟာ ဒဏ်ရာတွေကို နာကျင်စွာ ခံစားရင်း၊ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးပြီး မျက်ရည်တွေနဲ့ အချိန်တွေကို ဖြတ်သန်းနေရတယ်ဆိုတဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။
ဒီသီချင်းရဲ့ နောက်ဆုံး အပိုဒ်က အဆုံးသတ်ရဲ့ အလှတရား လို့ ပြောရပါမယ်။
"ဒါပေမဲ့လည်း ကြေကွဲအချစ်တွက်နဲ့ ပြန်လည်တွေ့ကြဖို့တော့ မဖြစ်နိုင်တယ်... ပြန်ဆုံစည်းကြဖို့တော့ ဝေးပြီကွယ်... တိုးတိတ်လွမ်းလို့ နေပါတယ်"
ဒါဟာ လမ်းခွဲခဲ့ပြီးတဲ့နောက် "ပြန်မဆုံနိုင်တော့ဘူး" ဆိုတာကို ခိုင်ခိုင်မာမာ သိထားပေမယ့်၊ အပြင်ပန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ရင်ထဲမှာတော့ အမြဲတမ်း လွမ်းဆွတ်နေမယ် လို့ ကတိပြုလိုက်တာပါပဲ။ အဲဒီလို လွမ်းဆွတ်မှုကို တိတ်တိတ်ဆိတ်ဆိတ် ခံစားတတ်သူတွေရဲ့ ရင်ထဲမှာ ဒီသီချင်းဟာ ခေတ်တိုင်း မရိုးနိုင်တဲ့ ခံစားမှုတစ်ခုကို ဆက်လက်ပေးစွမ်းနေတာပါ။
Gerfield FM ရဲ့ နားဆင်သူတွေထဲမှာလည်း ဒီသီချင်းလေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ကိုယ်ပိုင် ဇာတ်လမ်းလေးတွေ ရှိနေနိုင်ပါတယ်နော်။
ဒီညနေခင်းလေးမှာ "တိုးတိတ်တမ်းတ" ရဲ့ အလွမ်းဓာတ်နဲ့အတူ ကိုယ်ပိုင် အမှတ်တရတွေကို နွေးနွေးထွေးထွေး ပြန်လည်ခံစားရင်း မောင်ညိုတို့ရဲ့ ရေဒီယိုအစီအစဉ်ကို ဆက်လက် နားဆင်ပေးကြပါဦးခင်ဗျာ။
အားလုံး ပျော်ရွှင်ချမ်းမြေ့တဲ့ ညချမ်းလေး ဖြစ်ပါစေလို့ မောင်ညိုက ဆုတောင်းပေးလိုက်ပါတယ်...။
မောင်ညို
#တိုးတိတ်တမ်းတ
#ပိုးဒါလီသိန်းတန်
တေးရေး #ညီညီလှိုင်
#ဟန်
Album Released 1995
Music Vipers
Studio May
Other Recordings
2000 ထွန်းအိန္ဒြာဗို တိုးတိတ်တမ်းတ
ဒွေးမုန်းလို့မရတဲ့ချစ်သူတွေ
2004 ရှင်ဖုန်း တိုးတိတ်တမ်းတ ထာဝရလက်ဆောင် (၂)
Original Song
心の友 Kokoro No Tomo (五輪真弓 Mayumi Itsuwa)
Released October 1982
Lyric :
တိုးတိတ်ရင်ခုန်သံ အဆုံးအဖြတ် ဝေဒနာရယ်
ခံစားချက်တွေ ပြောင်းလဲခဲ့တယ်
စွန့်လွှတ် အကြင်နာရယ် ရက်စက်အနိုင်ယူသူ
လှည့်စားရက်တယ် နာကျည်း မင်းအမုန်းအတွက်
ခိုတွယ်စရာ ရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေ နာကျင်နေဆဲ အချစ်အတွက်တော့
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်
ဒဏ်ရာများနဲ့ အသည်းက လွမ်းနေမယ်
ဒါပေမဲ့လည်း ကြေကွဲအချစ်တွက်နဲ့
ပြန်လည်တွေ့ကြဖို့တော့ မဖြစ်နိုင်တယ်
ပြန်လည်တမ်းတဖို့တော့ မဖြစ်နိုင်တယ်
ပြန်ဆုံစည်းကြဖို့တော့ ဝေးပြီကွယ်
တိုးတိတ်လွမ်းလို့ နေပါတယ်
ချည်းနင်း ခြေသံနဲ့ ခြောက်လှန့်ရယ်သံတွေ
တစ်ယောက်တည်း နေ့ကို ကျော်ဖြတ် အားလည်းငယ်
နေ့ည အချိန်တွေရယ် အိပ်မက်တွေမှာကွယ်
ခံစားချက်တွေ ဒီအလွမ်း မင်းပေးခဲ့ ယုံ
ကြည်ရာ ရင်ခွင်မဲ့သော နှလုံးသားမှာ
ဒဏ်ရာတွေ နာကျင်နေဆဲ အချစ်အတွက်ပေါ့
ခံနိုင်ရည်ဆိုတာ အကုန် ပြိုကာလဲ
အချိန်တိုင်းအတွက် မျက်ရည်လည်

Address


Website

Alerts

Be the first to know and let us send you an email when Garfield FM Radio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share