PDF သတင်းစုံ

  • Home
  • PDF သတင်းစုံ

PDF သတင်းစုံ အာဏာရှင်စနစ်မုချကျဆုံးရမည်

20/11/2023
တိုက်လေယာဉ်ပျက်ကျမှုက လွတ်မြောက်တဲ့ ဗိုလ်မှူး ဖမ်းဆီးခံရ~~~~~■ စစ်ကောင်စီတပ်က K-8 အမျိုးအစားတိုက်လေယာဉ်ဟာ ကယားပြည်နယ်မှာ...
20/11/2023

တိုက်လေယာဉ်ပျက်ကျမှုက လွတ်မြောက်တဲ့ ဗိုလ်မှူး ဖမ်းဆီးခံရ
~~~~~
■ စစ်ကောင်စီတပ်က K-8 အမျိုးအစားတိုက်လေယာဉ်ဟာ ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်က ပျက်ကျခဲ့ပြီး လေထီးနဲ့ခုန်ချလို့ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဗိုလ်မှူး ခိုင်သန့်မိုးကို နိုဝင်ဘာလ ၁၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးနှစ်ဦး လွတ်မြောက်ခဲ့ပြီး အဲဒီထဲက ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်ပြည်နယ် လိပ်သိုမြို့နယ် တန်ကလူးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။

တန်ကလူးရွာဟာ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က ကျေးရွာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ လေယာဉ်မှူးကို ကယားပြည်နယ်ထဲကို ပြန်လည်ခေါ်ဆောင်လာပြီလို့ KA သတင်းအရင်းအမြစ်က ပြောပါတယ်။

“ကရင်နီ နဲ့ ကရင်နယ်စပ်ဘက်ဖြစ်တဲ့ လိပ်သိုဘက်မှာ မိတယ်ပြောတယ်။ ဖရူဆိုအနောက်ခြမ်းမှာပေါ့ အဲဒါက။ နှစ်ယောက်ထဲမှာ အကြီးတစ်ယောက်ပေါ့”

ဖမ်းဆီးရမိတဲ့ အသက် ၄၃ နှစ်အရွယ် ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃၊ ဗိုလ်မှူးခိုင်သန့်မိုးဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၄ တက်ရောက်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ တွဲဖက်လေယာဉ်မှူး ဗိုလ်ဇာနည်မောင်ကို ကရင်နီပူးပေါင်းတပ်တွေက ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်ရဲ့လေယာဉ်ကို ကရင်နီပူးပေါင်းတပ်တွေက ပစ်ချခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လေ့ကျင့်ရေးအပေါ့စားလေယာဉ်ဟာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကနေ တစ်ဆင့် နိုဝင်ဘာလ ၁၂ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဒီ့အပြင် လေယာဉ်ပျက်ကျမှုမှာ ပါဝင်တဲ့ လေယာဉ်မှူးနှစ်ဦးနဲ့လည်း အဆက်အသွယ်ရထား ပြီလို့ ပြောဆိုခဲ့ပါတယ်။
_________

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပျက်အစီးများအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ကျနော်တို့အတူရှိနေကြတယ်..ခင်ဗျားတို့ရော့...မန့်ခဲ့👇👇👇👇
20/11/2023

ကျနော်တို့အတူရှိနေကြတယ်..

ခင်ဗျားတို့ရော့...

မန့်ခဲ့👇👇👇👇

အကျဥ်းဦးစီးစခန်း (၄) ခု ကိုတိုက်ခိုက်သိမ်းပိုက်ပြီး ​သေနတ်မျိုးစုံ ၁၀၀ ​ကျော်နှင့် ကျည်ဆံ ၈၄၀၀၀ ​ကျော်-People's Spring  ...
20/11/2023

အကျဥ်းဦးစီးစခန်း (၄) ခု ကိုတိုက်ခိုက်သိမ်းပိုက်ပြီး ​သေနတ်မျိုးစုံ ၁၀၀ ​ကျော်နှင့် ကျည်ဆံ ၈၄၀၀၀ ​ကျော်

-People's Spring

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ဟိုခို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း (၄) ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFvတို့ တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ လက်နက် မျိုးစုံ ၁၀၀ ​ကျော်နှင့် ကျည်ဆံမျိုးစုံ ၈၄,၀၀၀​​ကျော်သိမ်းဆည်းရရှိခဲ့သည်။

အကျဥ်းဦးစီးစခန်း ​လေးခုကို တိုက်ခိုက်သိမ်းပိုက်​သော
တိုက်ပွဲအတွင်း MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း NUG၊ ကာကွယ်​ရေးဝန်ကြီးဌာနကယ​နေ့ ထုတ်ပြန်သည်။

(သိမ်းဆည်းရရှိ​​​သော လက်နက် ခဲယမ်းများ။
ဓါတ်ပုံ-NUG-MOD )

ကိုးကန့်ခရိုင် စစ်ကောင်စီ တပ်စခန်း(4)ခု ကိုးကန့် MNDAAထပ်မံသိမ်းပိုက်ရရှိပြီး...စခန်းပေါင်း(စခန်းပေါင်း(152)ခုထိ သိမ်းပိ...
18/11/2023

ကိုးကန့်ခရိုင် စစ်ကောင်စီ တပ်စခန်း(4)ခု ကိုးကန့် MNDAAထပ်မံသိမ်းပိုက်ရရှိပြီး...စခန်းပေါင်း(စခန်းပေါင်း(152)ခုထိ သိမ်းပိုက်ရရှိပြီးဟုဆို....

အပြည့်အစုံ..👇👇👇👇👇

18/11/2023

မအလ(စတန်းဒက်အာမီ)မှာ မရှိတဲ့လူသားဆန်မှု

ငါတို့လူငယ်တွေစီမှာ ရှိတယ်...

မန္တလေးမြို့လယ်ခေါင် လမ်း(၃၀)ပေါ်က ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း (၁၁၃၀၀)ကျော် ပါသွား၊စစ်အုပ်စုရုံးတွေ အနီးက ရွှေ...
17/11/2023

မန္တလေးမြို့လယ်ခေါင် လမ်း(၃၀)ပေါ်က ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း (၁၁၃၀၀)ကျော် ပါသွား၊

စစ်အုပ်စုရုံးတွေ အနီးက ရွှေဆိုင်ကို သေနတ်ဖောက်၊ ကောင်တာတွေ ရိုက်ခွဲကာ ဓားပြတိုက်တာဖြစ်၊

တေဇ/MFP ၊ နိုဝင်ဘာ - ၁၇

မန္တလေးမြို့လယ်ခေါင်၊ ချမ်း​အေးသာစံမြို့နယ်၊ လမ်း(၃၀)နဲ့ (၇၃)လမ်းထောင့် မ​၏င်္လာဈေးဟောင်းရဲ့ မျက်နှာချင်းဆိုင်က ရွှေဆိုင် တစ်ဆိုင် ဒီမနက်ပိုင်း ဓါးပြတိုက်ခံရပြီး ကျပ်သိန်း​ (၁၁၃၀၀)ကျော်ဖိုး ပါသွားတယ်လို့ သတင်း ရရှိပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၇)ရက် မနက်(၁၀)နာရီကျော်က 2E/ 6723 နံပါတ်ပါ မတ်တူးကားနဲ့ လူသုံးဦး ရောက်လာပြီး အဲ့ဒီ လမ်း(၃၀)ပေါ်က ရွှေဆိုင်ကို သေနတ်ပစ်ဖောက်၊ ရွှေကောင်တာတွေ ရိုက်ခွဲ လုယက်ကာ ဓားပြတိုက်တာလို့ ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ဟာ စစ်အုပ်စုရဲ့ မန္တလေးတိုင်း ရဲရုံး၊ တိုင်းတရားလွတ်တော်၊ မန္တလေးနန်းတွင်းထဲက တိုင်းစစ်ဌာနချုပ်နဲ့ အနီးအနားမှာ ရှိပြီး စစ်အုပ်စု မီးသတ်ရုံးနဲ့လည်း ကပ်လျှက် ဖြစ်ပါတယ်။

“ဆိုင် ဓားမြ တိုက်ခိုက်ခံလိုက်ရပြီ။ ရင်တွေလည်း ကွဲပါပြီ။ သေနတ်တွေလည်း ပစ်။ လူမထိတာဘဲ ကံကောင်ရ။ ပစ္စည်းတွေပါသွားပြီ။ လုပ်ရက်ကြတယ် လူတွေ"လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

အင်္ကျီအနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားသူ အမျိုးသား သုံးဦးက မတ်တူးကားနဲ့ ရောက်လာပြီး သေနတ် အတို နှစ်လက်ကိုင် ဆောင်ကာ သေနတ် နှစ်ချက် ပစ်ဖောက်ပြီး ကောင်တာ ငါးလုံးကို ရိုက်ခွဲကာ ဓားပြတိုက်တာလို့ ဆိုပါတယ်။

ကောင်တာအတွင်းရှိ စိန်လက်စွပ် ၁၈၀ကွင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၈၀၀၊ ရွှေဆွဲသီး ၁၅ ပဲရည် ၁၀၅ ခု ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၅၂၅ သိန်း၊ ရွှေ လက် ကောက် ၉၃ ကွင်း ခန့်မှန်တန်းဖိုးငွေ ကျပ်သိန်း ၇၄၀၊ ပလက်တီနမ်ဆွဲသီး အလုံး ၄၀လုံး ခန့်မှန်းတန်ဖိုးငွေ သိန်း ၃၀၀၊ ရွှေဆွဲကြိုး ၁၄ပဲရည် ၁၁၅ ကုံး (၃၀ ကျပ်သားခန့်) ခန့်မှန်းတန်ဖိုးငွေ သိန်း ၈၀၀၊ ဒင်္ဂါးလက်ကောက် ၁၄ပဲရည် ၁၁၄ ကွင်း (၂၈ ကျပ်သားခန့်) ခန့်မှန်းတန်ဖိုး သိန်း ၉၅၀၊ ပလက်တီနမ်ဆွဲကြိုး ၂၈ ကုံး ခန့်မှန်းတန် ဖိုး သိန်း ၂၀၀၊ စိန်းနားကပ် ၄ ရံ ခန့်မှန်းတန်ဖိုး ၄၅ သိန်း၊ ရွှေကလစ် အချောင်း ၆၀ ခု ခန့်မှန်းတန်ဖိုး သိန်း ၂၀၀ ခန့်၊ ရွှေဟန်းချိန်း ၂၅၀ ခု ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀၀၀၊ ၁၅ပဲရည် လက်စွပ် ၇၅၀ ကွင်း ခန့်မှန်း တန်ဖိုးငွေသိန်း ၁၅၀၀၊ ၁၅ ပဲရည် နားကပ် ၄၆၅ ရံ ခန့်မှန်းတန်ဖိုးငွေ သိန်း ၃၀၀၀၊ စုစုပေါင်းတန်ဖိုးငွေ သိန်း ပေါင်း (၁၁၃၁၀)သိန်းခန့် ဓားပြတိုက်သွားတာလို့ စစ်လော်ဘီတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့လယ် (၈၄)လမ်းပေါ်၊ (၄၂)လမ်းက ရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်း တစ်သောင်းကျော် ဆုံးရှုံးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်၊ လုယက်၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူတွေကို စစ်အုပ်စုက ဖမ်းဆီးအရေးတယူနိင်တာ မရှိသလောက်ပဲလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဖြစ်တာကတော့ ဘယ်သူမှမကြိုက်ကြဘူး ၊ အခုကိစ္စက စစ်ကို လှောင်နေတာမဟုတ် ၊ နိုင်ငံရေးနဲ့ပညာ ရေး မဆိုင်ပါဘူးဆိုတဲ့ အဖြူရောင်...
17/11/2023

စစ်ဖြစ်တာကတော့ ဘယ်သူမှမကြိုက်ကြဘူး ၊ အခုကိစ္စက စစ်ကို လှောင်နေတာမဟုတ် ၊ နိုင်ငံရေးနဲ့ပညာ ရေး မဆိုင်ပါဘူးဆိုတဲ့ အဖြူရောင်‌ ကျောင်းသား‌တွေကို ပြောပြနေတာ။ ကိုယ့်အိမ်တံခါးလာခေါက်မှ သိမယ့် အသိခေါက်ခက်အဝင်နက်တွေကိုပြောပြနေတာ

စစ်ဖြစ်တာမကြိုက်ပေမယ့် ခွေးကိုရိုက်ချဖို့က ဒီလိုဖြစ်ဖို့က လွဲပြီး တခြာစ ရွေးချယ်စရာမရှိတော့လို့ စစ်ဖြစ်ကြတာပဲ ၊ မကြိုက်လို့မှ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တယ် ၊ ဆန္ဒပြလူငယ်တွေရဲ့ ခေါင်းတွေချည်းရွေးပစ်ခဲ့လို အသက်ဆုံးရှုံးခဲ့ရတယ်။

ဧည့်စာရင်းစစ်ဖို့ အင်အားရောရှိသေးရဲ့လား😂😂😂အိုနာကျိုးကန်းတွေပဲရှိတော့တယ်😂😂😂
17/11/2023

ဧည့်စာရင်းစစ်ဖို့ အင်အားရောရှိသေးရဲ့လား😂😂😂

အိုနာကျိုးကန်းတွေပဲရှိတော့တယ်😂😂😂

မတူပီမှာ စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ ညစာကျက်ဝိုင်းက ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအဝင် (၁၁)ဦး သေဆုံး၊ကိုသူ/MF...
17/11/2023

မတူပီမှာ စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲလို့ ညစာကျက်ဝိုင်းက ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအဝင် (၁၁)ဦး သေဆုံး၊

ကိုသူ/MFP၊ နိုဝင်ဘာ - ၁၇

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှာ နို၀င်ဘာ(၁၅)ရက် ည(၇)နာရီခွဲက ကလေးငယ်တွေ စုဝေး စာကျက်နေတဲ့ ညစာကျင်ဝိုင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအ၀င် ဒေသခံ(၁၁)ဦး သေဆုံးတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နို၀င်ဘာ (၁၆)ရက် မနေ့က ထုတ်ပြန်ပါတယ်။

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းကနေ လာရောက် ဗုံးကျဲသလို စစ်သေနတ်နဲ့ပါ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ညစာကျက်ဝိုင်းမှာ စာကျက်နေတဲ့ အသက် (၅)နှစ်နဲ့ (၁၅)နှစ်ကြား ကျောင်းသားကလေးငယ် ရှစ်ဦး၊ CDM ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားပြည်သူ နှစ်ဦး၊ စုစုပေါင်း (၁၁)ဦး သေဆုံးတာလို့ ဆိုပါတယ်။

စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းသုံး ဗုံးကျဲသတ်ဖြတ်လို့ သေဆုံးသူတွေဟာ CDM ဆရာ ဦးဟာလောင်၊ အသက် (၁၁)နှစ် ‌မောင်ထန်ဟုန်း၊အသက် (၅)နှစ် ‌မလီလီမိုး၊အသက် (၁၂)နှစ်မောင်ရှာမွေလ၊အသက်(၉)နှစ် မောင်ကီနွန်၊ အသက် (၇)နှစ် မောင်ဉာဏ်၀င်း၊အသက် (၇)နှစ် မောင်ဘွေကုန်ထန်း၊အသက် (၇)နှစ် မဇွန်လီစန်း၊အသက် (၁၁)နှစ် မခိုင်သဇင်၊ ဦးတဲနိုင်၊ဦးအွန်ဇာ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ နေအိမ် အများအပြား မီးလောင်ကျွမ်းကာ အမျိုးသမီး လေးဦး အပါအ၀င် ထိခိုက်ဒဏ်ရာ ရသူ အများအပြား ရှိပြီး ဒဏ်ရာရသူ အရေအတွက် ဆက်လက်စီစစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါသည်။

သူတို့အားလုံးဟာ ဝေလူကျေးရွာရှိ ညစာကျက်ဝိုင်းမှာ စာသင်ကြားနေစဉ် စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ကာ ၊စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စစ်အုပ်စုက ပစ်ခတ်တာကြောင့် စာသင်ကျောင်းလည်း မီးလောင်ပျက်စီပြီး၊ ဘာသာရေး အဆောက်အဦးတချို့နဲ့ နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ထုတ်ပြန်ပါတယ်။

ဒီလို စစ်အုပ်စုက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်တာဟာ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲအကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ် ။

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲမှာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံး၊ ကိုသူ/MFP၊ နို...
16/11/2023

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲမှာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ၊
တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံး၊

ကိုသူ/MFP၊ နိုဝင်ဘာ - ၁၄

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်တဲ့ ရိခေါ်ဒါရ်မြို့ကို မနေ့က မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်အုပ်စု အများအပြား သေကာ၊ တချို့ ထွက်ပြေး၊ တချို့ကို ဖမ်းမိပြီး လက်နက်မျိုးစုံ (၃၀)ကျော် သိမ်းပိုက်ရရှိတယ်လို့ သတင်းရရှိပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဦးဆောင်တဲ့ ချင်းပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ(၁၂)နဲ့ (၁၃)ရက်မှာ ရိဒ်ခေါဒါရ်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပြီး အပြီးအပြတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ မြို့သိမ်းတိုက်ပွဲကနေ စစ်အုပ်စုရဲ့ လက်နက်မျိုးစုံ (၃၀)ကျော်နဲ့ ခဲယမ်းအမျာအပြား သိမ်းဆည်းရရှိတယ်လို့ The Chin Journal က ဖော်ပြပါတယ်။

ရိခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲမှာ တပ်ရင်းမှုးအဆင့် ဗိုလ်မှုးတစ်ဦးနဲ့ ဗိုလ်ကြီး အပါအ၀င် စစ်အုပ်စု ခုနှစ်ယောက် ဖမ်းမိကာ အလောင်း လေးလောင်း ရရှိပြီး စစ်အုပ်စု (၂၀)ကျော်၊ (၃၀)နီးပါးကတော့ အိန္ဒိယဘက် ထွက်ပြေးသွားတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက MFP ကို ပြောပါတယ်။

အဲ့ဒီ ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်က တော်လှန်ရေး ရဲဘော် ကိုးဦး ကျဆုံးပြီး CNF တပ်ဖွဲ့ဝင် ရဲဘော်ရှစ်ဦးနဲ့ PDA တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးတို့ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ရဲဘော် ခြောက်ဦး ကျဆုံးပြီး (၁၈)ဦး ဒဏ်ရာရကာ ဒဏ်ရာရသူတွေထဲ ရဲဘော် သုံးဦး ထပ်မံ ကျဆုံးတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရိခေါ်ဒါရ်မြို့ရှိ စစ်အုပ်စု စခန်းအားလုံးကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားတယ်လို့ ချင်းအမျိုးသားတပ်ဦး-CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"အဲ့ဒီ စခန်း နှစ်ခုစလုံးမှာတော့ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ရဲ့ လက်နက်တွေ အားလုံးနီးနီးကတော့ ကျနော်တို့ သိမ်းထားတာပေါ့"

ရိခေါ်ဒါရ်မြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းအသုံးပြုကာ ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်သလို (MI-35) တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက် စစ်ကူးပေး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး သတင်းရင်းမြစ်တွေကက ပြောပါတယ်။

နှစ်ရက်ကြာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွါးမှုနဲ့ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ရိခေါ်ဒါရ်မြို့ပေါ်က ‌ဒေသခံ အားလုံး မြို့လုံးကျွတ် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို တိမ်းရှောင်နေစဉ် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက်ကို လက်နက်တချို့ ကျရောက်ပြီးတော့ စစ်ရှောင်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲပြီး လက်နက်ကြီးနဲ့ ထုတာကြောင့် တော်လှန်ရေးရဲဘော်နဲ့ ပြည်သူ(၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရတယ်လို့ ရိခေါ်ဒါရ်ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုချိန်ထိတော့ တိုက်ပွဲတော့ လုံး၀ မရှိတော့ဘူး။ စခန်းအားလုံးကို ပြည်သူ့တပ်မတော်ထဲ ရှိပြီးပြီ၊ တမြို့လုံးကို ပြည်သူတပ်မတော်တွေက ထိန်းချုပ်ထားတယ်။ ဒီည (၇)နာရီ (၅)မိနစ်မှာ တိုက်လေယာဉ်နဲ့ တစ်ကြိမ် ဗုံးလာကြဲတယ်။ အသံကတော့ ပြင်းတယ်။ အဲ့လိုကျဲတာ နှစ်ကြိမ်ရှိတယ် တိုက်လေယာဉ်နဲ့။ တကယ့် ဗုံးကြီးတယ် ထင်တယ်။ တဖက်နိုင်ငံကနေလည်း အကုန်လုံး တုန်လှုပ်နေတာပဲ။ စစ်ရှောင်ကတော့ အားလုံး(၅၀၀၀)နီးပါး ရှိမယ်။ ဒဏ်ရာရတဲ့ သူ‌ကတော့ ဒီပြည်သူတပ်မတော်ထဲက ဒဏ်ရာရတဲ့သူနဲ့ အကုန်လုံး သိသလောက်ဆို (၂၀)၀န်းကျင် ရှိမယ်။ ဒီတချို့ဆိုရင် သွေးလိုတဲ့သူလည်း ရှိတယ်။ သွေးသွင်းပေးရတဲ့ လူတွေပေါ့။ သေဆုံးတာကတော့ တစ်ယောက်သဂြိုလ်ပြီးပြီ ဒီညမှာ" လို့ ဒေသခံတစ်ဦးက မနေ့က ညပိုင်းအချိန် MFP ကို ပြောပါတယ်။

လက်ရှိမှာတော့ ရိခေါ်ဒါရ်မြို့ကို ချင်းတော်လှန်ရေး တပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး နယ်စပ်တံတား ပေါ်မှာလည်း ချင်းအမျိုးသား အလံတော်ကို အောင်လံလွှင့်ထားပါတယ်။

ရိခေါ်ဒါရ်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းတောင်မှာသာမက တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စစ်ရေးအရှိန် မြင့်တင်ပြီး စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲ ၀င်မှာမို့ ပြည်သူတွေ အနေနဲ့ အားတင်းထားဖို့၊ စိတ်ရှည်ရှည် ထားပြီး တော်လှန်ရေးမှာ ဆက်လက် ပူးပေါင်း ပါ၀င်ကြဖို့လည်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ပြည်တွင်းပဋိပက္ခ၊ စစ်ရေးပဋိပက္ခမှာ ပြည်သူတွေ ထိခိုက် အသက်ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ရတဲ့အပေါ် ကျနော်တို့က ပြည်သူလူထုကို စာနာတယ်။ ဒါပေမယ့် ပြည်သူလည်း နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီ အမြစ်ဖြတ် ဖြုတ်ချပြီး ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးစနစ် တည်ဆောက်ဖို့ဆိုတာ ပြည်သူနဲ့ ကျနော်တို့ ဆန္ဒက တစ်ထပ်ထဲ ဖြစ်နေဖို့ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူလည်း ကျနော်တို့လို တိုက်ပွဲ၀င်နေတယ် ကျနော်တို့က ယူဆတယ်။ အတူတူလည်း တိုက်ပွဲ၀င်ကြတယ်။ နာစရာရှိ အတူနာမယ်။ ပြီးတော့ ကျနော်တို့က ပြည်သူနဲ့ လက်ပွန်းတနှီး လုပ်ပြီးတော့မှ ပြည်သူ့လုံခြုံရေးကို ကာကွယ်ရင်းနဲ့ ဆက်လက်ပြီးတော့ တိုက်ပွဲ၀င်သွားမှာပါ။ ပြည်သူတွေ အားမငယ်ကြဖို့နဲ့ စိတ်ရှည်၊လက်ရှည်နဲ့ စစ်ကောင်စီ ဖြုတ်ချဖို့အထိ၊ ဖြုတ်ချနိုင်ရေးအတွက် ကျနော်တို့နဲ့ ဆက်လက်ပြီးတော့ ပူးပေါင်း၊ ပါ၀င်ပေးကြပါလို့ပဲ မေတ္တာရပ်ခံ ချင်တယ်။ ကျနော်တို့ ချင်းပြည်နယ်ထဲ မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာ စစ်ရှိန်မြင့်ဖို့ကတော့ ကျနော်တင်မကဘူး ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံး၊ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ဆန္ဒပါ။ တပြည်လုံး အတိုင်းအတာမှာပါ စစ်ရှိန်မြင့်ဖို့ကတော့ ကျနော်တို့ဆန္ဒပါ ချင်းတောင်မှာလည်း ဆက်လက်ပြီး စစ်ရှိန်မြင့်သွားဖို့လည်း ပြင်ဆင်ထားပါတယ်"

ရိခေါ်ဒါရ်မြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အချက်အခြာကြတဲ့ မြို့တစ်မြို့ ဖြစ်သလို ချင်းပြည်နယ် အမှတ်အသား အသဲပုံ ရိဒ် ရေကန်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရိခေါ်ဒါရ်မြို့သိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo - The Chin Journal

16/11/2023

ရှမ်းမြောက်မှာ စစ်အုပ်စု လေကြောင်းနဲ့ ချပေးတဲ့ ဆေးဝါးနဲ့ ခဲယမ်း သေတ္တာတွေ TNLA ကြားဖြတ်သိမ်းယူ၊

မှူးအိန်ဂျယ်လ်/MFP၊ နိုဝင်ဘာ - ၁၆

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းက စစ်အုပ်စုတွေအတွက် လေကြောင်းနဲ့ ချပေးတဲ့ ဆေးဝါးနဲ့ ခဲယမ်း (၁၃)သေတ္တာကို ကြားဖြတ် ပစ်ခတ်ရယူနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့ဝင် တအာင်းတပ်မတော် - TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါဟာ စစ်အုပ်စု လေကြောင်းက ချပေးတဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေကို TNLA က ဒုတိယအကြိမ် သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

"လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ ထောက်ပို့ လေယာဥ်ဖြင့် ချပေးသည့် လက်နက် ခဲယမ်းများကိုလည်း တအာင်းတပ်မတော် PSLF/TNLA မှ ဒုတိယအကြိမ် ဆေးဝါးများနှင့် ခဲယမ်း (၁၃)သေတ္တာ ပစ်ခတ် ဖြတ်ယူ နိုင်ခဲ့သည် " လို့ TNLA က ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၃)ရက်လည်း အဲ့ဒီ မိုင်းကျက်တပ်စခန်းအတွက် စစ်အုပ်စု လေကြောင်းနဲ့ ချပေးတဲ့ လက်နက်ခဲယမ်း သေတ္တာ ငါးလုံးကိုလည်း TNLA က ကြားဖြတ် သိမ်းယူနိုင်ခဲ့ပါသေးတယ်။

တချိန်တည်းမှာပဲ ၁၀၂၇ စစ်ဆင်ရေးကလည်း ဆက်လက် အောင်မြင်မှုတွေ ရနေပြီး ဒီနေ့ နိုဝင်ဘာ(၁၆)ရက် မနက်ပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာ၊ မူဆယ်မြို့နယ်ရှိ ကျင်စန့်ကျော့လမ်းခွဲနဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာလမ်းခွဲ သုံးနေရာမှာ ရှိနေတဲ့ စစ်အုပ်စုကို TNLA က ထိုးစ်စဆင် တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာက စစ်အုပ်စုရဲ့ တာကွန့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့် - MNDAA၊ တအာင်း - TNLA နဲ့ ရက္ခိုင် - AA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့က အာဏာသိမ်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ (၂၇)ရက်မှာ စတင်ကာ ဖော်ဆောင်ခဲ့ပြီး ဒီနေ့အထိ စစ်ဆင်ရေး (၂၀)ရက်တာ ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်အုပ်စု စခန်း (၂၀၀)နီးပါး သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်၊ နမ့်ခမ်း၊ ကွမ်းလုံ စတဲ့ မြို့ ခုနှစ်မြို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ စစ်ဆင်ရေးအဖြစ် ကရင်နီ၊ ရခိုင်၊ ကချင်၊ ကရင်၊ ချင်းနဲ့ စစ်ကိုင်းတိုင်း ထဲမှာလည်း စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်နေပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when PDF သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share