
30/06/2025
စင်္ကာပူ နဲ့ မလေးရှား ဂျိုဟိုးဗာရူး ကို 6 မိနစ်ပဲမောင်းမယ့် မောင်းသူမဲ့ ရထား
🇸🇬စင်္ကာပူ-Johor Bahru🇲🇾 RTS Link 🚆 အတွက် အသုံးပြု ပြေးဆွဲမယ့် မောင်းသူမဲ့ ရထား ၈ စင်း ထဲက တစီး စင်္ကာပူကို ရောက်ရှိနေပြီး ရထားရဲ့ ပုံစံကို မြင်တွေ့နိုင်ကြပါပြီ
ရထားလမ်းကြောင်း စနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ၅၆% ပြီးစီးနေတာဖြစ်လို့ ၂၀၂၆ အကုန်မှာ ခရီးသည်ဝန်ဆောင်မှု စတင်နိုင်မယ်လို့ မျှော်မှန်းနေပါတယ်
နေ့စဉ် မနက် ၆ နာရီကနေ ညသန်းခေါင်ယံအချိန်ထိ ပြေးဆွဲမှာဖြစ်ပြီး peak hour တွေမှာ ရထားတစီးကို ၃.၆ မိနစ်ခြားစီ ပြေးဆွဲ ပေးသွားပါမယ်တဲ့
စင်္ကာပူ Woodlands North ကနေ မလေးရှား ဂျိုဟိုး Bukit Chagar ထိ 4km လောက်ပဲရှည်တာမို့ ခရီးစဉ် ကြာချိန်ဟာ ၅မိနစ်လောက်ပဲ ရှိပါလိမ့်မယ်
ဘူတာထဲဝင်လိုက်တာနဲ့ အရင်ဆုံး automatic gate တွေကို လက်မှတ် card နဲ့ ဖြတ်ရပါမယ်
ပြီးရင် စလုံး immigration / customs ဖြတ်၊
နောက်ပြီး တခါတည်း မလေးရှား immigration / customs စစ်ဆေးပြီးတာနဲ့ ရထားပေါ်ကိုတက်လို့ရပါပြီ
ဒါ့ကြောင့် မလေးရှား Bukit Chagar ကို ရောက်ရင် ဘာမှ စစ်ဆေးမှာ မဟုတ်တော့ပဲ အလွယ်တကူ exit gate ကနေ ထွက်သွားလိုက်ရုံပဲဆိုတော့ မိုက်ပြီပေါ့လေ
အဲ ပြောစရာရှိသေးတယ်
ခရီးက မားမား ခေါက်ဆွဲပြုတ် သလောက်ပဲ 🤭 ကြာတာ ဆိုတော့ကာ ရထားပေါ်မှာ အိတ်တင်ဖို့ စင်တွေဘာတွေ တော့ လုပ်မပေးထားဘူး
ကိုယ့်အိတ် ကိုယ်ပိုက်ထားလို့ရတဲ့အတွက် ခါးပိုက်နိုက် ရန်ကနေ ရှောင်နိုင်သလို luggage တွေ collect လုပ်ဖို့ စောင့်ရတဲ့ ဒုက္ခမျိုးလည်း မရှိတော့ဘူးပေါ့
ဒီ ရထားလမ်း ready ဖြစ်လို့ကတော့ ဂျိုဟိုးမှာနေ မနက် breakfast စားပြီးမှ စင်္ကာပူ ရုံးလာတက်ရင်တောင် အေးဆေး ☺️
Ref: CNA,ST, LTA
Owen Maung
30 June 2025