
21/08/2025
လုပ်ငန်းရှင်များအားလုံး မင်္ဂလာပါ။ ကျနော်တို့က Tide Marketing အဖွဲ့သားတွေပါ။
ကျနော်တို့ အကြောင်းမိတ်ဆက်ရရင် Inhouse ကနေ
Freelance ဘက်ခြမ်းကို ခုန်ကူးလာကြသူများပေါ့ ။
ကျနော်တို့ရဲ့ Start Up ကြော်ငြာ၀န်ဆောင်မှုလေးကို
အများနည်းတူ တူတူတန်တန် ရှိလာဖို့အတွက်
Fan Made Ads ပေါင်း (၅၀) လောက် Run ပြီး
Portfolios အကြီးစားတစ်ခုတည်ဆောက်ဖို့ရှိနေပါတယ်။
ဒီနေရာမှာ Fan Made Ads တွေအကြောင်းနည်းနည်းပြောရရင်
ကျနော်တို့ Inhouse တုန်းက
Team နဲ့အတူ တစ်နေကုန်တစ်နေခမ်း Brainstorm လုပ်ပြီး
Brand တွေ ၊ Campaign တွေကို လူတွေသတိထားမိလာဖို့ ကြိုးစားခဲ့ရတဲ့
ပေါက်ကြော်ငြာ မျိုးတွေ ၊
မပေါက်ရင်တောင် Creative Level တစ်ခုကို ချပြနိုင်တဲ့ ကြော်ငြာမျိုးတွေပေါ့ ။
ဒီလို Portfolios စုနေရင်းနဲ့ Tide အဖွဲ့သားတွေ
ကိုယ်ကြိုက်ရာ ဖန်တီးနေမဲ့ အစား
တကယ့် Client တွေရဲ့ Brand တွေကို လည်း
Creative Copy လုပ်ကြမလားဆိုတဲ့ အတွေးလေး၀င်လာမိပါတယ်။
ကျနော်တို့ ကြိုက်တဲ့ Real Brand တွေကို
ခပ်တည်တည်နဲ့ လုပ်လိုက်ရင်လည်း လက်ရှိ Service Provider တွေကို
အားနားစရာကောင်းသေးတာနဲ့ Ethics ပိုင်းဆိုင်ရာ
စောင့်ထိန်းဖို့ကလည်းရှိသေးတာဆိုတော့ ဘယ်လိုလုပ်ကြမလဲပေါ့ ။
ဒါနဲ့ပဲ အခုလို Page ကတဆင့် ဖိတ်ခေါ်လိုက်ရခြင်းဖြစ်ပါတယ်။
ဆိုတော့ ကိုယ့် Brand အတွက်
ကိုယ်လိုအပ်နေတဲ့ Creative ကြော်ငြာပုံစံမျိုး မြင်တွေ့အသုံးချခွင့်ရဖို့
Brand ရဲ့ Page Link နဲ့ ဖန်တီးပေးစေချင်တဲ့
Product အကြောင်းကို CB ကိုပေးပို့ပြီး ပါ၀င်နိုင်ပါတယ်။
Proven နေရာတွေကလာခဲ့သူတွေမို့
Inhouse မှာတုန်းကလိုပဲ
စေတနာအပြည့်နဲ့ ဖန်တီးပေးသွားမယ်။
ကြိုက်ရင် Page မှာတင်ပြီး အချိန်အကြာကြီး သုံးခွင့်ရမှာဖြစ်သလို
မကြိုက်ရင်လည်း မသုံးလို့ရတာကြောင့် အဘက်ဘက်က အေးဆေးပါပဲ ။
နောက်ပြီး Fan Made Ads တစ်ခုချင်းစီအတွက်
၀န်ဆောင်ခက အခမဲ့လည်း ဖြစ်ပါတယ်။
ဆိုတော့ Product Data လာပို့ပေးရုံနဲ့ အမိုက်စားကြော်ငြာတစ်ခုကို
အခမဲ့ ရနိုင်မှာဆိုတော့ အခုပဲ Data တွေ လာရောက်ပေးပို့လိုက်ပါဗျို့ ။
ကျနော်တို့ ဖန်တီးပေးမဲ့ Ads နမူနာပုံစံတစ်ချို့ကို လည်း Comment မှာ ပြသပေးထားပါတယ်ဗျ ။