Burma Media Consortium - BMC

  • Home
  • Burma Media Consortium - BMC

Burma Media Consortium - BMC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Media Consortium - BMC, Media/News Company, .

freedom of expression in Myanmar; Independent and unbiased information is innovatively presented to the public in a timely manner for the emergence of a federal democracy that guarantees freedom of the press and freedom of access to information.

25/10/2025

မူဆယ်မြို့မှာ မီးရှိုးမီးပန်းဖောက်ရာကနေ မီးလောင်မှု အကြီးအကျယ်ဖြစ်

အောက်တိုဘာ၊ ၂၅ ရက်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ မီးရှိုးမီးပန်း ဖောက်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၅ နာရီကျော်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၆ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

"စွမ်စော်ရပ်ကွက် ၃ နဲ့၄ ကြားမှာရှိတဲ့ ဂိုတောင်လောင်တာ။ G -1 ဟိုတယ်နောက် လမ်းကြားက တိုက်အိမ်တစ်လုံး လောင်တာ။ အဲဂိုထောင်ထဲမှာ မီးရှူးမီးပန်း‌ တွေထားတဲ့နေရာထင်တယ်။ အဲမီးရှူးမီးပန်းဖောက်တဲ့အသံတွေ ကြားနေရတယ်"

မီးလောင်သွားတဲ့ ဂိုထောင်ကိုတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် ကောင်းတပ်ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

#ဗီဒီယို - Local
~ ~ ~

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ကလေးနယ်မြောက်ပိုင်းမှာ  ရိက္ခာပြန်သယ်တဲ့ ဒေသခံနှစ်ဦးကို စစ်အုပ်စု ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံး အောက်တိုဘာ၊ ၂၅ ရက်တိုက်...
25/10/2025

ကလေးနယ်မြောက်ပိုင်းမှာ ရိက္ခာပြန်သယ်တဲ့ ဒေသခံနှစ်ဦးကို စစ်အုပ်စု ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံး

အောက်တိုဘာ၊ ၂၅ ရက်

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက အောက်တိုဘာ ၂၄ ရက်နေ့က အောင်ရွာကျေးရွာက နေအိမ်ကို ရိက္ခာပြန်သယ်ယူသူနှစ်ဦးကို စစ်အုပ်စုသေနတ်နဲ့ ပစ်ခတ်တာကြောင့် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စု ပစ်ခတ်မှုကြောင့် သေဆုံးသွားသူဟာ အသက် ၄၀ အရွယ် ဦးကပ်ရှန်းမုန် (Pa Kap Sian Mung ) ဖြစ်ပြီး နောက်ထပ် အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ စစ်ဘေးရှောင်နေတဲ့ တောတောင်အတွင်းကနေ အောင်ရွာကျေးရွာက နေအိမ်ကို ရိက္ခာပြန်သယ်ယူရင်း စစ်အုပ်စုစစ်ကြောင်းနဲ့ တိုးကာ ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ ညောင်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

" ဦးကပ်ရှန်းမုန်က ရင်ဘတ်ကို သေနတ်သုံးချက်မှန်တာလို့ သိရတယ်။ သူက ပွဲချင်းပြီး ၊နောက်တစ်ယောက်ကတော့ ခြေထောက် တစ်ချက်မှန်တာ"

အသက် (၄၀) နှစ် ဦးကပ်ရှန်းမုန် (Pa Kap Sian Mung ) ကတော့ ရင်ဘတ် ကျည်သုံးချက် ဒဏ်ရာနဲ့သေဆုံးခဲ့တာ ဖြစ်ပြီးတော့ နောက်အမျိုးသားတစ်ဦးကတော့ ခြေထောက်ကို ကျည်ဆံ တချက် ဖောက်ဝင် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးဟာ ပြည်တော်သာကျေးရွာမှာ နေထိုင်သူ‌တွေ ဖြစ်ကြပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှာ စစ်အုပ်စု စစ်ကြောင်းထိုးမှုကြောင့် အောင်ရွာကို လာရောက်စစ်ရှောင်ကြသူတွေ ဖြစ်တယ်လို့ လက်ပံချောင်းဒေသခံ တစ်ဦးက ပြောပါတယ်။

"သူတို့က ပြည်တော်သာနေတာ ၊ပြည်တော်သာကနေ စစ်ကြောင်းထိုးလို့ ပြေးကြရင်း အောင်ရွာကို လာနေကြရတာ ၊အောင်ရွာစစ်ကြောင်း ပြန်ရောက်တော့ တောထဲ ပြေးကြရတယ်၊တောထဲ ပြေးရင်းစစ်ကြောင်းရင်းပြီဆိုပြီး ပြန်ကြရင်း ပစ်ခံလိုက်ရတာ "

ကလေးမြို့ နယ်မှာတော့ အောက်တိုဘာလ ၂၂ ရက်နေ့မှာလဲ ဒိုးနွယ်ကျေးရွာနဲ့ ကျော်ရွာကို စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါအပြင် အောက်တိုဘာ ၁၉ ရက်နေ့မှာ ခုံသာကျေးရွာက အမျိုးသား ရှစ်ဦး နဲ့ အောက်တိုဘာ ၂၀ ရက်‌နေ့မှာ ရာဇဂြိုဟ်ကျေးရွာက အမျိုးသား ၁၀ ဦးစစ်အုပ်စု စစ်ကြောင်းနဲ့ တိုးကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#စစ်ကိုင်း #မန္တလေး #အညာမြေသတင်း #မကွေး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Mandalay Free Press - MFP


Mandalay Free Press - MFP သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ချောင်းဦးနယ် ခင်မွန်ရွာကို စစ်အုပ်စုနဲ့ပျူစောထီးတွေ စီးနင်းပြီးနောက် ဆွံ့အနေတဲ့ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်အောက်တိ...
25/10/2025

ချောင်းဦးနယ် ခင်မွန်ရွာကို စစ်အုပ်စုနဲ့ပျူစောထီးတွေ စီးနင်းပြီးနောက် ဆွံ့အနေတဲ့ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်

အောက်တိုဘာ၊ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို စစ်အုပ်စုနဲ့ပျူတွေက ဒီကနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံတွေဖမ်းဆီးကာ ဆွံ့အနေတဲ့ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ခင်မွန်ရွာ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တောပုရွာပျူစောထီးစခန်းကနေ ပျူတွေအပါဝင် အင်အား ၂၀၀ ကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ခင်မွန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကြောင်းဝင်လာချိန်မှာ ထွက်ပြေးချိန်မရလိုက်တဲ့ ဒေသခံတွေလည်း ဖမ်းဆီးခဲ့ထားရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ တောထဲမှာနွားကျောင်းနေတဲ့ ဆွံအနေတဲ့ အမျိုးသားကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ ရုပ်အလောင်းကို နေအိမ်နဲ့အတူ မီးရှို့သွားတယ်လို့ ခင်မွန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခင်မွန်ရွာအရှေ့ဖက်မှာရှိတဲ့ တောတိုက်ထဲမှာ သူကနေတာ။ သူက ရွှေအ လေးပါဗျာ။ သူ့ကို (စခ)တွေက သေနတ်နဲ့ပစ်သတ်ပြီးတော့ တဲထဲမှာ ဆိုင်ကယ်နှစ်စီးနဲ့အတူ မီးရှို့သတ်ထားခဲ့တာ။ ကိုယ်တပိုင်းက မီးရှို့ခံထားရလို့ လောင်ထားတာတွေ့ရတယ်။ စစ်ကြောင်းကတော့ အခုထိ မထွက်သေးဘူး။ ရွာထဲမှာရော ရွာအပြင်မှာရောရှိနေသေးတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေလည်း ပြန်မလွတ်သေးဘူး”

စစ်အုပ်စုတွေ ဖမ်းဆီးသတ်ဖြတ် မီးရှို့ထားခဲ့တဲ့ အမျိုးသားဟာ မုံရွာနယ်ထဲက ပျူစောထီးစခန်းရှိတဲ့ တောပုရွာကနေ ခင်မွန်ရွာကို ပြောင်းရွှေ့နေထိုင်နေသူ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုတွေ ခင်မွန်ရွာကို စစ်ကြောင်းထိုးလာချိန်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကျီကုန်းရွာက အမျိုးသမီးတစ်ဦး ခြေထောက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ခင်မွန်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူဦးရေ သုံးထောင်ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာတည်ရှိတဲ့ အချက်အချာကျတဲ့ ကျေးရွာဖြစ်ပါတယ်။

မုံရွာ-မန္တလေး လမ်းပိုင်ပေါ်မှာရှိတဲ့ ခင်မွန်ရွာကို စစ်အုပ်စုနဲ့ပျူတွေက ဝင်ရောက်စီးနင်းလုယက်တာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက မြေပြင်မှာ စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဘုံတိုရွာမှာ ပြုလုပ်နေတဲ့ ဆီမီးထွန်းသပိတ်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါဝင် စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ပုံစာ - ⁨ချောင်းဦးမြို့နယ် ခင်မွန်ရွာကို စစ်အုပ်စု စီးနင်းလုယက်မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ဓာတ်ပုံ - ပုံဟောင်းဖြစ်သည်)⁩

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Mandalay Free Press - MFP


Mandalay Free Press - MFP သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ထိုင်းဘုရင့် မယ်တော်ကြီးသီရိခေတ် နတ်ရွာစံအောက်တိုဘာ၊ ၂၅ ရက် ထိုင်းနိုင်ငံ ဘုရင် မဟာ ဝချီရာလောင်ကွန်ရဲ့ မယ်တော်ကြီးဖြစ်သူ...
25/10/2025

ထိုင်းဘုရင့် မယ်တော်ကြီးသီရိခေတ် နတ်ရွာစံ

အောက်တိုဘာ၊ ၂၅ ရက်

ထိုင်းနိုင်ငံ ဘုရင် မဟာ ဝချီရာလောင်ကွန်ရဲ့ မယ်တော်ကြီးဖြစ်သူ မိဖုရားကြီး သီရိခေတ်ဟာ အောက်တိုဘာ ၂၄ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်မှာ နတ်ရွာစံကွယ်လွန်သွားခဲ့တယ်လို့ ထိုင်းနိုင်ငံတော်ဝင်ဘုရင့်အိမ်တော်က ထုတ်ပြန်ပါတယ်။

မယ်တော်ကြီး သိရီခေတ်ဟာ သက်တော် ၉၃ နှစ်အရွယ်မှာ ကံကုန်အနိစ္စရောက်သွားခဲ့တာပါ။

ထိုင်းဘုရင်က မယ်တော်ကြီးရဲ့ စျာပနကို ထိုင်းတော်ဝင်အစဥ်အလာတွေနဲ့ အမြင့်ဆုံးဂုဏ်ပြု ကျင်းပသွားဖို့ ညွှန်ကြားထားပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို တစ်နှစ် သတ်မှတ်ထားပါတယ်။

ရုပ်အလောင်းကို တော်ဝင်နန်းတော်ထဲက ဒူးဆစ် မဟာပရာဆတ် သလွန်ဆောင်မှာ ပြင်ဆင်ထားရှိပြီး ဂါရဝပြုခံမယ်လို့ ဆိုပါတယ်။

မယ်တော်ကြီးသီရိခေတ်ဟာ ၂၀၁၉ စက်တင်ဘာလကတည်းက ဘုရင်ချူလာလောင်ကွန် အထိမ်းအမှတ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေခဲ့ရတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကစပြီး သွေးတွင်းအဆိပ်တက်တဲ့ ရောဂါကြောင့် ဆရာဝန်တွေနဲ့ ဆေးဘက်ပညာရှင်တွေက အထူးကြပ်မတ်ကုသပေးခဲ့ပေမယ့် အခြေအနေထူးခြားကောင်းမွန်မလာဘဲ အောက်တိုဘာ ၂၄ ရက်နေ့ညမှာ ကံကုန်သွားခဲ့တယ်လို့ ထိုင်းတော်၀င်ဘုရင့်အိမ်‌တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နတ်ရွာစံ ဘုရင်ဖြစ်တဲ့ ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်နဲ့ ၁၉၅၀ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး မိဖုရားကြီးအဖြစ် သီရိခေတ်ဟာ နန်းသက် ၆၆ နှစ် စိုးစံခဲ့ပါတယ်။

လက်ရှိဘုရင် မဟာ ဝချီရာလောင်ကွန် နန်းတက်ချိန် ၂၀၁၆ ကနေ လက်ရှိအချိန်အထိ ဘုရင့်မယ်တော်ကြီးအဖြစ် နန်းသက် ကိုးနှစ်ပြည့်မှာပဲ ကွယ်လွန်ခဲ့တာပါ။

ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်နဲ့ မိဖုရား သီရိခေတ်တို့မှာ သားသမီး လေးဦးရှိပြီး လက်ရှိထိုင်းနိုင်ငံရဲ့ မဟာ ဝချီရာလောင်ကွန် အပါအ၀င် သားသမီး လေးဦး မွေးဖွားခဲ့ပါတယ်။

#ထိုင်းဘုရင်မယ်တော် #သီရိခေတ် #ထိုင်း

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Zalen


Zalen သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

သပိတ်ကျင်းနယ်ထဲ သန်ခေါင်ယံ လူအိပ်ချိန် စစ်ကောင်စီက ဗုံးထပ်ကြဲ၊ အမျိုးသမီး ၂ဦးနဲ့အမျိုးသား ၁ဦးသေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်...
25/10/2025

သပိတ်ကျင်းနယ်ထဲ သန်ခေါင်ယံ လူအိပ်ချိန် စစ်ကောင်စီက ဗုံးထပ်ကြဲ၊ အမျိုးသမီး ၂ဦးနဲ့အမျိုးသား ၁ဦးသေဆုံးပြီး ၁၃ဦးထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ၊ ၂၅ ရက်

မနေ့က အောက်တိုဘာ ၂၄ရက်နေ့ ညသန်းခေါင်ယံ လူအိပ်ချိန် သပိတ်ကျင်းနယ်ထဲက ရင်ခတ်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ဦးပွဲချင်းပြီး သေဆုံးကာ ၁၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂ဦးတဲ့ အမျိုးသား ၁ဦးတို့ ဖြစ်ပါတယ်။

“ဒဏ်ရာရတဲ့ထဲမှာ ၁၃ဦးထဲက ၃ဦးတော့ ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရတယ်။ အိမ်ကတော့ ၂လုံးပျက်စီးသွားတယ်”လို့ ဆိုပါတယ်။

သပိတ်ကျင်းနယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်နေ့တုန်းကလည်း သပိတ်ကျင်းတယ် ဇရပ်ကွင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

#ဓာတ်ပုံ - CJ

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

နတ်ရေကန်မှာစစ်ရှုံးနေတဲ့ စကခ ၁၇ မှူးကို လူစားလဲလိုက်ပြီး အလံဖြူထောင်တာမှာနာမည်ကြီးတဲ့တပ်မ ၅၅ က ဒုတပ်မမှူး ရာထူးတိုးနဲ့ရေ...
25/10/2025

နတ်ရေကန်မှာစစ်ရှုံးနေတဲ့ စကခ ၁၇ မှူးကို လူစားလဲလိုက်ပြီး အလံဖြူထောင်တာမှာနာမည်ကြီးတဲ့တပ်မ ၅၅ က ဒုတပ်မမှူး ရာထူးတိုးနဲ့ရောက်လာ၊

◼️ဖမ်းခံရတဲ့ စစ်တိုင်းမှူးနေရာအစားထိုးတာအပါ တိုင်းမှူးနဲ့တပ်မမှူး နေရာအများအပြား အပြောင်းအလဲထပ်လုပ်

အောက်တိုဘာ၊ ၂၅ ရက်

ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) စစ်တိုင်းမှူးနေရာအပါအဝင် ထိပ်ပိုင်းရာထူးတွေဖြစ်တဲ့ တိုင်းမှူး၊ တပ်မမှူးနဲ့ လေ့ကျင့်ရေးကျောင်းအုပ်ကြီး ရာထူးနေရာအများအပြားကို စစ်ခေါင်းဆောင်တွေက အပြောင်းအလဲထပ်မံလုပ်ခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ရပခတိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကမှ ဗထူးတပ်နယ်မှူးတာဝန် တွဲဖက်ယူရတဲ့ တိုက်ခိုက်ရေး(ဗထူး) ကျောင်းအုပ်ကြီးကနေ တိုင်းမှူးအဖြစ် ရာထူးတိုးခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၃ လအကြာ အခုလနောက်ဆုံးအပတ်ထဲမှာပဲ ရှမ်းပြည်နယ်အတွင်း တရားမဝင်ကုန်စည်တွေသယ်ယူမှုတွေမှာ လာဘ်စားတယ်ဆိုကာ နေပြည်တော်စစ်ရုံးက ဖမ်းဆီးစစ်ဆေးနေတာလို့ တပ်တွင်းသတင်းရင်းမြစ်တွေထံကသိရတဲ့အချက်အလက်ကို CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

၎င်းရဲ့ ရပခတိုင်းမှူးနေရာကို ဗန်းမော်စစ်မျက်နှာမှာ မျက်နှာပန်းလှခဲ့ပြီး နယ်မြေတချို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ မကွေးအခြေစိုက် တပ်မ ၈၈ တပ်မမှူး DSA ၄၀ ဆင်း ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနဲ့ အစားထိုးခန့်အပ်လိုက်တယ်လို့ ဆိုပါတယ်။

" တပ်မမှူးအသစ် ၁ ယောက်ချိန်းတယ်တဲ့ ။ အရင်တပ်မမှူးက တိုင်းမှူးထွက်သွားတယ်ကြားတယ်။ တပ်ချုပ်(မင်းအောင်လှိုင်) ပြီးခဲ့တဲ့ဩဂုတ်လထဲ မကွေး(တပ်မ ၈၈)ကို တပ်စစ်လာသွားပြီးကတည်းက တပ်မမှူးက အနှေးနဲ့အမြန်ရာထူးတိုးတော့မယ်ဆိုတာတော့ သိကြတယ်" လို့ မကွေးမြို့၊ တပ်မ ၈၈ ဌာနချုပ်လက် အောက် တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက နောက်ထပ်စစ်တိုင်းတခုဖြစ်တဲ့ ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)တိုင်းမှူးနေရာကိုလည်း အပြောင်းအလဲလုပ်ခဲ့ပြီး တိုင်းမှူးအသစ်အဖြစ် DSA အပတ် စဉ် ၄၀ ဆင်း စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ် ကို ခန့်အပ်လိုက်ပါတယ်။

နေရာဖယ်ပေးလိုက်ရတဲ့ ရလခ တိုင်းမှူးဟောင်း အလုပ်သင်ဗိုလ်အပတ်စဥ် ၂၃ ဆင်း ဗိုလ်ချုပ် မျိုးမင်းထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် တိုင်းမှူးတွေအနက် သက်တမ်းအရှည်ဆုံးတိုင်းမှူးဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေကိုတော့ မသိရသေးပါဘူး။

တပ်မမှူးအပြောင်းအလဲတွေအနက် လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ရခိုင်ရိုးမပေါ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်တောင်ကြောတဝိုက်စခန်းတွေမှာ ရှေ့တန်းတိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ စကခ ၁၇ ရဲ့ စကခမှူးနေရာကို ကလောမြို့အခြေစိုက် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တမခ ၅၅) က ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မျိုးမြင့်ဦး ရောက်ရှိလာတယ်လို့ သိရပါတယ်။

တပ်မ ၅၅ ဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်မှာ ရှမ်းမြောက်၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသတွေမှာ တိုက်ခိုက်ရေးဝင်ရောက်ခဲ့တာဖြစ်ပြီး ဒကစ(လောက်ကိုင်)နဲ့အတူ လောက်ကိုင်မြို့ကျဆုံးချိန်မှာ တပ်မမှူးအပါ တပ်မတခုလုံး အလံဖြူထောင်လက်နက်ချခဲ့တဲ့ တပ်မ လည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော်-AAနဲ့ နတ်ရေကန်တောင်ကြောတိုက်ပွဲတွေမှာ အဓိကတိုက်ခိုက်နေရတဲ့ စကခ ၁၇ စကခမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း ကို ရန်ကုန်တိုင်း၊မှော်ဘီမြို့အခြေစိုက် အမျိုးသမီးဗိုလ်သင်တန်းကျောင်းကို ကျောင်းအုပ်ကြီးအဖြစ်ပို့ဆောင်လိုက်တာပါ။

နတ်ရေကန်တောင်ကြောတဝိုက်က စကခ ၁၇ တပ်တွေဟာ AA ရဲ့ထိုးစစ်တွေအတွင်း ထိခိုက်သေဆုံးသူတွေများတဲ့အပြင် စစ်ကော်မရှင်တပ်သားအများစုဟာ စခန်းတွေစွန့်ခွာထွက်ပြေးနေကြပြီး လက်နက်ချအညံ့ခံသူတွေနဲ့ အလင်းဝင်ခိုလှုံလာသူတွေလည်း အများအပြားရှိနေတယ်လို့ အာရက္ခတပ်တော်-AA က အခုလထဲမှာထုတ်ပြန်ထားပါတယ်။

လစ်လပ်သွားတဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကို နောင်ချိုမြို့ကိုပြန်သိမ်းနိုင်ခဲ့တဲ့ စကခ ၁၂ မှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး၊ တပ်မ ၈၈ တပ်မမှူးနေရာကို တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး မြင့်ဟိဏ်း တို့ကို ခန့်အပ်လိုက်ပါတယ်။

အခြားထိပ်ပိုင်းရာထူးပြောင်းလဲမှုတွေအနေနဲ့ ကရင်နီမှာတိုက်ခိုက်ရေးဝင်နေတဲ့ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်စိုးလင်းကို မင်္ဂလာဒုံ၊ စစ်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး လစ်လပ်သွားတဲ့ တပ်မ ၆၆ နေရာကို ရေးမြို့အခြေစိုက် စကခ ၁၉ ဒုစကခမှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် ရောက်ရှိလာတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ယခုအကြိမ်အပြောင်းအလဲမှာ တိုင်းမှူး၊ လေ့ကျင့်ရေးကျောင်းအုပ်ကြီး၊ စကခမှူး၊ တပ်မမှူး၊ ဒုတပ်မမှူး၊ ဒုစကခမှူးရာထူး နေရာ ၄၀ ထက်မနည်းပြုလုပ်ခဲ့တယ်လို့ ဗိုလ်ကြီးဇင်ယော်ရဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

#တိုင်းမှူး #တပ်မမှူး #စကခမှူး #ရာထူး #အပြောင်းအလဲ

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - မြေလတ်အသံ - Myaelatt Athan


မြေလတ်အသံ - Myaelatt Athan သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ပခုက္ကူနယ် ထန်းတပင်ရွာကို စက်တပ်လေထီးနဲ့ စစ်အုပ်စုဗုံးကြဲတာကြောင့်  ပြည်သူ နှစ်ဦး သေဆုံး အောက်တိုဘာ၊ ၂၅ ရက် မကွေးတိုင်း၊...
25/10/2025

ပခုက္ကူနယ် ထန်းတပင်ရွာကို စက်တပ်လေထီးနဲ့ စစ်အုပ်စုဗုံးကြဲတာကြောင့် ပြည်သူ နှစ်ဦး သေဆုံး

အောက်တိုဘာ၊ ၂၅ ရက်

မကွေးတိုင်း၊ ပခုက္ကူနယ် အနောက်ခြမ်းက ထန်းတပင်ကျေးရွာကို အောက်တိုဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်မှာ စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်
ဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ - ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီး သုံးစီးနဲ့ ထန်းတပင်ကျေးရွာနဲ့ အနီးအနားကျေးရွာတွေကို ဗုံးကြ‌ချတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးပြီး အမျိုးသားတစ်ဦးက ဆေးကုသမှုပေးနေချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သုံးစီးလာတာကို စက်လက်က တစ်စီးကပစ်တာ၊ နှစ်စီးက ချတာ၊နှစ်ယောက်သေတယ်။ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်၊ လူကြီးပိုင်းတွေချည်းပါ၊ တစ်ယောက်က ပွဲချင်းပြီးသေတာ၊ တစ်ယောက်က ဆေးကုနေရင်းသေတာ၊ထိခိုက်တစ်ယောက်ကလည်းတော်တော်စိုးရိမ်ရတယ်”

စက်တပ်လေထီးနဲ့ပစ်ခတ်ခဲ့တဲ့ ဗုံးဟာ ကျေးရွာနေအိမ်ပေါ်တည့်တည့်ကျကာ နေအိမ်ပြိုကျပျက်စီးသလို ထိခိုက်ဒဏ်ရာရသူ သုံးဦးထဲကလည်း တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ထန်းတပင်ကျေးရွာက ပခုက္ကူနယ်အနောက်ခြမ်းကို စစ်အုပ်စုစစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ ညောင်ဂျစ်ပင်ပျူစောထီးစခန်းနဲ့ နှစ်မိုင်ခန့်အကွာမှာတည်ရှိပြီး စစ်အုပ်စုစစ်ကြောင်းထွက်ဖို့ အခုလို အနီးအနားကို ဗုံးကြဲတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို စစ်အုပ်စုနဲ့ပျူစောထီး ခန့်မှန်းအင်အား ၁၅၀ ခန့်ရောက်ရှိနေတာဖြစ်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ပျူစောထီးစခန်းအနီးကိုလည်း စစ်ကြောင်းထွက်တာတွေရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းကြောင့် ဒေသခံကျေးရွာတွေက စစ်ဘေးရှောင်ထွက်ပြေးနေကြပြီး စစ်ကြောင်းထိုးတာ နားထားချိန်မှာ ဒေသခံတွေက ကျေးရွာတွေကို ပြန်လည်ဝင်ရောက်နေထိုင်ချိန်မှာ ဗုံးကြဲခံရတာလို့ ဆိုပါတယ်။

ညောင်ဂျစ်ပင်ပျူစောထီးစခန်းက ဘုန်းကြီး ဦးဝါယမ ဦးဆောင်တဲ့ ပျူစောထီးစခန်းဖြစ်ပြီး အနီးအနားက ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်စီးတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Mandalay Free Press - MFP


Mandalay Free Press - MFP သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်ထဲက ကျေးရွာတစ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး...
25/10/2025

ကျောက်မဲမြို့နယ်ထဲက ကျေးရွာတစ်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံးကြဲ၊ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး ကိုရင် ၇ပါး ဒဏ်ရာရ

အောက်တိုဘာ၊ ၂၅ ရက်

ကျောက်မဲမြို့နယ်ထဲက ကောပေါင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင် ၇ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချတာဖြစ်တယ်လို့ သိရပါတယ်။

"လောလောဆယ် ဘုန်ကြီးတစ်ပါးပျံလွန်တော်မူသွားတာတော့ သိရတယ်”လို့ ဆိုပါတယ်။

အဲထဲမှာ အသက် ၄နှစ်အရွယ် ၁ ပါး၊ ၁၃နှစ် ၂ပါး၊ ၁၄နှစ်အရွယ် ၁ပါး၊ ၁၇နှစ် ၁ ပါး၊ ၁၈နှစ် ၁ပါးနဲ့ အသက် ၉၆နှစ် အရွယ် ၁ပါး စုစုပေါင်း ၇ပါးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ဟာ PSLF/TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၃ ပတ်အတွင်း သေဆုံးသူ ၄၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၆၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Shwe Phee Myay News Agency


Shwe Phee Myay News Agency သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

PNO ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ စစ်ကောင်စီရွေးကောက်ပွဲ ပင်လောင်းမှ ဝင်ပြိုင်မယ်အောက်တိုဘာ၊ ၂၅ ရက်စစ်တပ်ဒေါက်တိုင် ပအိုဝ်းပ...
25/10/2025

PNO ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ စစ်ကောင်စီရွေးကောက်ပွဲ ပင်လောင်းမှ ဝင်ပြိုင်မယ်

အောက်တိုဘာ၊ ၂၅ ရက်

စစ်တပ်ဒေါက်တိုင် ပအိုဝ်းပြည်သူ့စစ် (PNA/PNO) ရဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီ သမီးဖြစ်သူ နန်းရီရီဝင်းဟာ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ပြိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီခန့် ရှမ်းပြည်ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ သိရပါတယ်။

၎င်းဟာ ပအိုဝ်းပါတီ ကိုယ်စားပြု ဝင်ပြိုင်မှာလည်း ဖြစ်ပါတယ်။

"ပြည်သူ့လွှတ်တော်က ဝင်ပြိုင်မှာ၊ အနိုင်သေချာတဲ့ နေရာကနေ ဝင်ပြိုင်တာမျိုးပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက နိုင်မယ်လို့ထင်ပြီး တောင်ကြီးမှာ ဝင်ပြိုင်တာ သူ ရှုံးတယ်လေ။ အဲဒါကြောင့် ခုက သေချာတဲ့နေရာကနေ ပြိုင်တာ"လို့ တောင်ကြီးမြို့နေ နိုင်ငံရေးအကဲခတ်သူတစ်ဦးက မဲခေါင်သို့ ပြောပါတယ်။

နန်းရီရီဝင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်လွှတ်တော်၊ တောင်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း NLD ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပါဝင်ပြီး ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ PNO ကသာ အနိုင်ရခဲ့တဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ပြည်သူ့လွှတ်တော်၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်မှာ PNO ပါတီအပြင် ကြံ့ခိုင်ရေး၊ PPP နဲ့ ကျားဖြူပါတီတို့မှ ဝင်ပြိုင်ကြမည်ဖြစ်ကြောင်း ရွေး/ကော်ထုတ်ပြန်ချက်အရ သိရပါတယ်။

"နောက် ထူးခြားတာက ပအိုဝ်းဒေသမှာ ကြံ့ခိုင်ရေးက ဝင်ပြိုင်မယ်။ အရင်တုန်းက မပြိုင်ဖူးဘူး။ မဟာမိတ် PNO ကိုပဲ Support (အားပေး)လုပ်ကြတာ။ အခုတော့ မဟာမိတ်နယ်ကိုလည်း မရှောင်တော့ဘူးဆိုတာက ထူးခြားတယ်"လို့ နိုင်ငံရေးလေ့လာသူက ပြောပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ၂၈ရက်မှာ ရွေးကောက်ပွဲအပိုင်းတစ် ပြုလုပ်မယ်လို့ ကြေညာပြီးနောက် မဲဆွယ်စည်းရေးကာလကို သတ်မှတ်ထားပြီး ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်းများမှာ အမည်စာရင်း ပေါက်ကြားမှာကို စိုးရိမ်နေကြတဲ့အပြင် ပြည်သူများမှာလည်း မဲပေးရမယ့် ကိုယ်စားလှယ်လောင်းအမည်ကိုပင် မသိကြကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

#စစ်ကောင်စီ
#ရွေးကောက်ပွဲ
#နန်းရီရီဝင်း

#ပင်လောင်း

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - MeKong News - မဲခေါင်သတင်း


MeKong News - မဲခေါင်သတင်း သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

လူမရှိတော့တဲ့ မြဝတီ KK Park ကျားဖြန့်ဝင်း ၂ ညဆက်တိုက် စစ်ကောင်စီ ဗုံးကြဲအောက်တိုဘာ၊ ၂၅ ရက် အောက်တိုဘာ ၂၄ ရက်ညအစောပိုင်းမ...
25/10/2025

လူမရှိတော့တဲ့ မြဝတီ KK Park ကျားဖြန့်ဝင်း ၂ ညဆက်တိုက် စစ်ကောင်စီ ဗုံးကြဲ

အောက်တိုဘာ၊ ၂၅ ရက်

အောက်တိုဘာ ၂၄ ရက်ညအစောပိုင်းမှာ မြဝတီမြို့၊ မယ်တော်သလေးရှိ တရုတ်ကျားဖြန့်ဝင်း KK Park အား မြန်မာစစ်ကောင်စီက ၂ ညဆက်အဖြစ် ဗုံးကြဲကာ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။

တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် KK Park ကျားဖြန့်ဝင်းအား ဝင်ရောက်စီးနင်းမယ်လို့ စကစမှ သတိ ပေးချက်ထုတ်ပြန်အပြီး အောက်တိုဘာ ၂၂ ရက်ကတည်းက အဲဒီဝင်းထဲက ကျားဖြန့်လုပ်သူများစွာဟာ မြဝတီမြို့ပေါ်သို့ အထုပ်တွေနဲ့ အများအပြားရောက်လာခဲ့ကာ သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တစ်ထောင်ကျော် ကူးလာခဲ့ကြပါတယ်။

အောက်တိုဘာ ၂၃ ရက်ညကလည်း ကျားဖြန့်သမားများမရှိသလောက်ဖြစ်နေတဲ့ KK Park ဝင်းရှိ အဆောက်အအုံ ၃ လုံးကို စကစမှ ဗုံးကျဲဖျက်ဆီးတိုက်ခိုက်သလို အောက်တိုဘာ ၂၄ ရက်ည အစောပိုင်းမှာလည်း အဲဒီလို ထပ်မံဗုံးကြဲဖျက်ဆီးနေတာဖြစ်တယ်လို့ ထိုင်းမီဒီယာ Khaosod က ဖော်ပြခဲ့ပါတယ်။

Ref: Khaosod
#ကျားဖြန့်
#မြဝတီမြို့
#တရုတ်
#မဲဆောက်မြို့

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - MeKong News - မဲခေါင်သတင်း


MeKong News - မဲခေါင်သတင်း သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

အွန်လိုင်းအလောင်းကစားဒိုင်များနဲ့ ငွေလဲလှယ်သူတွေကို စစ်ကောင်စီဖမ်းဆီးအောက်တိုဘာ၊ ၂၄ ရက်မြဝတီနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မ...
24/10/2025

အွန်လိုင်းအလောင်းကစားဒိုင်များနဲ့ ငွေလဲလှယ်သူတွေကို စစ်ကောင်စီဖမ်းဆီး

အောက်တိုဘာ၊ ၂၄ ရက်

မြဝတီနယ်စပ်ရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ ထွက်ပြေးနေကြပြီးနောက် ပြည်တွင်းရှိ အွန်လိုင်းအလောင်းကစားဒိုင်များအပါအဝင် ငွေလဲလှယ်သူ ၂၇ ဦးကို ဖမ်းဆီးကြောင်း ဒီကနေ့ထုတ်စစ်ကော်မရှင် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းရှိ အွန်လိုင်းဂိမ်းကစားသူအများဆုံး ကစားတဲ့ 555 Mix ၊ Batman688 Slot ၊ Ibest789 ကုမ္ပဏီ ( ဗီယက်နမ်)၊ Moung 556 ၊ SHAN 234၊ 2D/3D ဂိမ်းအလောင်းကစား website လုပ်ကိုင်သူစီနီယာကော်မရှင်စားအေးဂျင့်တွေ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းမှု၊ အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ငွေကြေးကျပ်တည်းမှုများကြောင့် အလောင်းကစားလုပ်စားသူ များလာပြီး အဲဒီအပေါ်မှီခိုသူများလာတယ်လို့ သုံးစွဲသူတွေထံက သိရပါတယ်။

“ဒီဂိမ်းတွေက ကျားဖြန့်မှန်းသိတယ်။ ဒါပေမဲ့မကစားပဲမနေနိုင်ဘူး။ ပိုက်ဆံနှစ်ထောင်နဲ့စဆော့ပြီးတော့ အခုသိန်းချီတဲ့အကောင့်ဖြစ်နေပြီ။ levels တက်လာရင် ပိုက်ဆံပမာဏများလာတယ်။ ဂိမ်း application တစ်ခုထဲဝင်လိုက်ရင် ကစားနေတဲ့သူက သုံးယောက်ရှိတယ်။ ပိုက်ဆံတွေအများကြီးနဲ့ကစားနေတာ။ အဲဒီအခါ ကိုယ်ကစိတ်ဝင်စားပြီး ကစားချင်တဲ့စိတ်ဖြစ်လာတယ်။ သူတို့တောင်နိုင်နေတာ ငါလည်းနိုင်အောင်ဆော့မယ်ဆိုပြီးတော့ ကစားဖြစ်သွားတယ် ”လို့ ဂိမ်းကစားသူတစ်ဦးက ပြောကြားပါတယ်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်နဲ့ ဒဂုံမြို့သစ် ( အရှေ့ပိုင်း)၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ မဟာအောင်မြေမြို့နယ်ရှိ super senior agent များနဲ့ ငွေလွှဲ/ငွေထုတ်သူတွေအပါအဝင် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လက်ကိုင်ဖုန်း ၄၉ လုံး၊လက်တော့ပ် နှစ်လုံး၊ Tablet နှစ်လုံး၊ မော်တော်ယာဉ်ရှစ်စီးတို့ သိမ်းဆည်းထားပြီး အမှုဖွင့်လှစ်အရေးယူမှာဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

“Slot ဂိမ်း၊ ကျွဲဂိမ်းကစားတဲ့သူတွေအရမ်းများလာတယ်။ ပိုက်ဆံထုတ်တဲ့သူတွေဆိုရင် ဂိမ်းကစားတဲ့လူတွေပဲ။ ပိုက်ဆံရတာနဲ့ ရှုံးတာဆို ရှုံးတာကပိုများပါတယ်”လို့ kpay ငွေလွဲလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်စပ်ရှိ KK park ဝန်းထဲက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများထံ စစ်ကော်မရှင်ဟန်ပြဝင်စီးပြီးနောက် ကျားဖြန့်လုပ်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - MOI

#အွန်လိုင်းအလောင်းကစား #ဒိုင်များ #ဖမ်းဆီး #ငွေလွှဲလုပ်သူများဖမ်းဆီး

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Ayeyarwaddy Times


Ayeyarwaddy Times သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

မောင်တောမှာ ARSA အဖွဲ့က ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဆက်တိုက် လုပ်ဆောင်လာ၊ (ဒီကနေ့ နံနက်ပိုင်းမှာ အရပ်သား ၃ ဦးကို ARS...
24/10/2025

မောင်တောမှာ ARSA အဖွဲ့က ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဆက်တိုက် လုပ်ဆောင်လာ၊

(ဒီကနေ့ နံနက်ပိုင်းမှာ အရပ်သား ၃ ဦးကို ARSA က ဖမ်းဆီးသွား)

အောက်တိုဘာ၊ ၂၄ ရက်

ရခိုင်ပြည် မောင်တောမြို့နယ်မှာ အပြစ်မဲ့ ဒေသခံပြည်သူ အရပ်သားများအား ARSA အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ လုယက်တာတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၄ ရက် နံနက် ၈ နာရီခန့်မှာ မောင်တောမြို့နယ် ကင်းချောင်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ကို ARSA အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်၊ ဓါးအပြည့်အစုံနဲ့ လူ ၁၀ ဦးခန့်ပါဝင်တဲ့ ARSA အကြမ်းဖက်အဖွဲ့ဟာ မေယုတောင်တန်းအနီး နွားကျောင်းနေတဲ့ ကင်းချောင်းရွာသား ၆ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ယင်းအထဲက ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်လာသော်လည်း အသက် ၁၆ နှစ်အရွယ် မမိစန္ဒာ၊ အသက် ၂၀ အရွယ် မောင်ထွန်းအေးနဲ့ အသက် ၄၁ နှစ်အရွယ် ဦးဘထွန်းတို့ကို ARSA မှ ဆက်လက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

"အခုထိတော့ ပြန်လွတ်လာတာ မရှိသေးဘူး။ မိသားစုဝင်တွေကတော့ အရမ်းစိုးရိမ်နေကြပါတယ်။ အကြမ်းဖက် ARSA တွေက မောင်တောမြို့နယ်မှာ တော်တော်လေးကို သောင်းကျန်းလာပါတယ်။ ဒေသခံတွေကလည်း ဘယ်ကိုမှ မသွားရဲတဲ့ အခြေအနေ ဖြစ်လာပါတယ်။ လုံခြုံမှုမရှိတဲ့ စိုးရိမ်စိတ်တွေ ခံစားချက် ဖြစ်ပေါ်နေကြပါတယ်”လို့ မောင်တောဒေသခံတစ်ဦးက ပြောပြပါတယ်။

အောက်တိုဘာလ ၂၂ ရက် နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ်ကြားရှိ မြိုယုကျေးရွာ အရှေ့ဘက် တံတားအနီးမှာ ဈေးဝယ်ပြန်လာတဲ့ ခရီးသည်တင်ကားတစ်စီးကို ARSA အကြမ်းဖက်အဖွဲ့မှ ခြုံခိုတိုက်ခိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီပစ်ခတ်သတ်ဖြတ်မှုမှာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်းသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး ၂ ဦးမှာ အသက် ၃၀ အရွယ် မဝေဝေစိုး နဲ့ အသက် ၄၀ အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးမှာ မဝေဝေစိုး ရဲ့ သမီးငယ် အသက် ၃ နှစ်အရွယ် ခိုင်မြတ်မွန်၊ အသက် ၃၀ အရွယ် ကိုထွန်းဝင်းနဲ့ အသက် ၂၅ နှစ်အရွယ် မောင်သန်းထွီးတို့ ဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ ဈေးဝယ်ပြန်လာကြတဲ့ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာဒေသခံများဖြစ်ပြီး ကုန်ပစ္စည်းများကို ARSA အဖွဲ့မှ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်ဒေသခံတစ်ဦးက “အကြမ်းဖက် ARSA တွေ မောင်တော မြောက်ပိုင်းကနေ တောင်ပိုင်းအထိ ရောက်ရှိလာကြပြီ။ ရသေ့တောင်မြို့နယ်ထဲ ရောက်လာကြတော့မယ်။ ဒီအကြမ်းဖက်သမားတွေရဲ့ အန္တရာယ်က တကယ်စိုးရိမ်စရာ ကောင်းလာပါပြီ။ AA လုံခြုံရေးအဖွဲ့အနေနဲ့ အကြမ်းဖက် ရှင်းလင်းရေးတွေကို ဒီထပ်ပိုပြီး ဖိဖိစီးစီး လုပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ARSA နဲ့ RSO စတဲ့ အကြမ်းဖက်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်သို့ စိမ့်ဝင်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင်အမှတ် ၅၁ ကနေ ၅၇ ကြားတွင် အကြမ်းဖက်မှု ကျူးလွန်လျက်ရှိကြောင်းနဲ့ လုံခြုံရေးတပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့များမှာ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စတဲ့ သုံးမြို့နယ်ကြားမှာရှိတဲ့ မေယုတောင်တန်းကို အခြေပြု သွားလာလှုပ်ရှားကာ အရပ်သားပြည်သူများအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ မောင်တောဒေသခံတွေက ပြောဆိုထားကြပါတယ်။

ပုံစာ - ၂၀၂၅ မတ်လ ၂၉ ရက်နေ့တွင် မောင်တောမြို့နယ်မှ ခမီလူမျိုး အရပ်သား ၄ ဦး ARSA အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်၍ သေဆုံးသွားခဲ့ရသည်။ (ဓါတ်ပုံ - APM)

#အကြမ်းဖက်အဖွဲ့ #အကြမ်းဖက်မှုကျူးလွန်ခြင်း #အရပ်သားပြည်သူများသေဆုံး #သေနတ်ပစ်ခတ်သတ်ဖြတ်ခြင်း #လုံခြုံရေးခြိမ်းခြောက်နေ

BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Western News


Western News သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Burma Media Consortium - BMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Media Consortium - BMC:

  • Want your business to be the top-listed Media Company?

Share