
25/06/2024
မြန်မာနိုင်ငံရဲ့ပထမဆုံး Myanborghini ပြိုင်ကားကို တီထွင်ထုတ်လုပ်ခဲ့တဲ့ ကိုဇော်မျိုးဦး
ကိုဇော်မျိုးဦးက တစ်တော့ပေါ်မှာ ဟာသဗီဒီယိုလေးတွေတင်ပြီး လူအများကို ပျော်ရွှင်အောင် ဖန်တီးပေးနေသူဖြစ်ပါတယ်။ ကိုဇော်မျိုးဦးနဲ့ သူ့ရဲ့မိသားစုက ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတာကြောင့် သူတို့ကို အားပေးသူတွေများကြပါတယ်။ တစ်ဖက်မှာတော့ ကိုဇော်မျိုးဦးက မြန်မာနိုင်ငံရဲ့ပထမဆုံး Myanborghini ပြိုင်ကားကို တီထွင်ထုတ်လုပ်ခဲ့သူဖြစ်နေတာကြောင့် လူအများက အံ့ဩနေကြပါတယ်။
ကိုဇော်မျိုးဦးက မိတ္တီလာမြို့မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး တွင်ခုံလုပ်ငန်းကို လုပ်ကိုင်လာတာ ကြာမြင့်နေပါပြီ။ ဈေးကြီးတဲ့ Lamborghini ပြိုင်ကားကို လိုချင်ပေမယ့်မလည်း မဝယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ Lamborghini ပြိုင်ကားကို မဝယ်နိုင်ပေမယ့်လည်း စိတ်ဓာတ်မကျဘဲ ကိုယ်တိုင်တီထွင်လိုက်ပါတယ်။
ကိုဇော်မျိုးဦးက သူကိုယ်တိုင်တီထွင်ထားတဲ့ ပြိုင်ကားလေးကို Myanborghini လို့ နာမည်ပေးထားပါတယ်။ ဒီကားအတွက် ဒီဇိုင်းကို ကိုယ်တိုင်ပဲဆွဲထားသလို ဝါယာရိန်းကိုလည်း ကိုယ်တိုင်ပဲ ဆင်ထားတာပါ။ ၂၀၁၈ ကတည်းက တီထွင်ထားခဲ့တဲ့ကားဖြစ်ပြီး အဲဒီခေတ်က ငွေကြေးနဲ့ဆိုရင်တော့ ၁၈ သိန်းခန့်ကုန်ကျပါတယ်။
နာမည်ကိုလည်း မြန်မာဆန်ဆန်ပေးထားတဲ့အပြင် ကားလေးကလည်း ချစ်စရာကောင်းတာကြောင့် မြင်သူတိုင်းက သဘောကျကြပါတယ်။ ကိုဇော်မျိုးဦးက ဒီကားလေးနဲ့ ပုဂံ၊ မန္တလေး၊ နေပြည်တော်တို့ကို သွားပြီးပါပြီ။ ကားမှာတော့ စမ်းသပ်ယာဉ်လို့ ရေးထားပါတယ်။
ကိုဇော်မျိုးဦးက ကားတစ်စီးလုံးကို ကိုယ်တိုင်တီထွင်ထားနိုင်တဲ့အတွက် အားလုံးက အံ့ဩနေကြပါတယ်။ တီထွင်ရတာကို သဘောကျတာကြောင့် သူတတ်တဲ့ပညာတွေနဲ့ ကားတွေကို ထုတ်နေတာ ဒီကားနဲ့ဆို ၃ စီးရှိသွားပါပြီ။ ချစ်စရာကောင်းတဲ့ ကားသေးသေးလေးတွေကို ကိုယ်တိုင်ထုတ်လုပ်ပြီးတော့ မြို့ထဲမှာ စီးနေပါတယ်။ ကားအပြင် ဆိုင်ကယ်နဲ့ မသန်စွမ်းသုံးဘီးတို့ကိုလည်း ကိုဇော်မျိုးဦးက တီထွင်ထားပါတယ်။
ကိုဇော်မျိုးဦးက လူလတ်ပိုင်းအရွယ်ခန့်သာ ရှိသေးပေမယ့်လည်း သူ့ရဲ့ပညာကတော့ ကြီးမားပါတယ်။ ကားတစ်စီးလုံးကို ကိုယ်တိုင်တီထွင်နိုင်တာက နိုင်ငံခြားမှာပဲ ရှိနိုင်မယ်လို့ အချို့က ထင်ကြပေမယ့်လည်း မြန်မာနိုင်ငံမှာလည်း ကိုဇော်မျိုးဦးရှိတာကြောင့် ဝမ်းသာနေကြပါတယ်။
သူ့ရဲ့ Myanborghini ပြိုင်ကားလေးက Manual gear အမျိုးအစားဖြစ်ပြီးအင်ဂျင်ကိုတော့ ၂၅၀ စီစီကို တပ်ဆင်ထားပါတယ်။ သုံးဘီးအင်ဂျင်ဖြစ်ပေမယ့်လည်း မြန်မြန်ပြေးအောင်လို့ Transfer gear ကို တပ်ဆင်ထားသေးတယ်လို့လည်း ဆိုပါတယ်။ ပြိုင်ကားပုံစံဖြစ်တာကြောင့် ကားထဲမှာတော့ လူနှစ်ယောက်ပဲ ထိုင်လိုက်လို့ရပါတယ်။
စပွိုင်လာတွေကိုလည်း ပြိုင်ကားပုံစံပြုလုပ်ထားလို့ ကိုဇော်မျိုးဦးရဲ့ကားကတော့ မြင်သူတကာတိုင်းငေးဖြစ်နေပါပြီ။ သူ့ရဲ့ကားလေးတွေကို သဘောကျတာကြောင့် ထုတ်လုပ်ရောင်းချဖို့အတွက် အကြံပေးကြပါတယ်။ ကိုဇော်မျိုးဦးကတော့ သူ့ဘဝမှာ မှတ်တိုင်လေးအဖြစ် စိုက်ထူနိုင်အောင် ကားတွေကို ထုတ်လုပ်နေတာပါ။ စတုတ္ထမြောက်ကားကို ထုတ်ဖို့ ဒီဇိုင်းဆွဲထားပေမယ်လည်း စားဝတ်နေရေးက ရှိသေးတာကြောင့် ငွေမထည့်နိုင်သေးပါဘူး။
ကိုဇော်မျိုးဦးက ကားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း မျှဝေပေးနေပါတယ်။ လက်ရှိမှာ တစ်တော့ဆယ်လီတစ်ယောက်ဖြစ်နေတဲ့ ကိုဇော်မျိုးဦးက ကြော်ငြာလေးတွေလည်း ရိုက်ကူးနေပါတယ်။ ကိုဇော်မျိုးဦးက အနုပညာအလုပ်တွေကိုလည်း ဆက်လုပ်ဦးမှာဖြစ်တဲ့အတွက် သူ့ကို အားပေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
လိုချင်တဲ့အရာကို မရရအောင် ဖန်တီးနိုင်တဲ့ ကိုဇော်မျိုးဦးအပေါ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။
Credit .. Original Writer
#ကိုဇော်မျိုးဦး
#မိတ္ထီလာသားလေး
်မှု့လက်မှု့