Kim's Note Book

  • Home
  • Kim's Note Book

Kim's Note Book Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kim's Note Book, Digital creator, .

18/09/2025

Summer Vibes 🌊🐚 100M Followers

12/06/2025

Life hurts,nature heals🏞️

ဒုက္ခတွေကို အလကား ဖြစ်မသွားပါစေနဲ့။ဒီဒုက္ခကြောင့် စိတ်ထား ပိုရင့်ကျက်တဲ့သူ ဖြစ်လာရမယ်။ဒီပြဿနာ အခက်ခဲကြောင့် သဘောထားမှန်အ...
14/05/2025

ဒုက္ခတွေကို အလကား ဖြစ်မသွားပါစေနဲ့။

ဒီဒုက္ခကြောင့် စိတ်ထား ပိုရင့်ကျက်တဲ့သူ ဖြစ်လာ

ရမယ်။

ဒီပြဿနာ အခက်ခဲကြောင့် သဘောထားမှန်အောင်

ထားနိုင်တဲ့သူ ဖြစ်လာရမယ်။

ဒီစိတ်ဆင်းရဲမှုကြောင့် ပိုပြီး အသိဉာဏ် ရင့်သန်လာ

တဲ့သူဖြစ်ရမယ်။

ဒုက္ခတွေဟာ အလကား အကျိုးမဲ့သက်သက် ဖြစ်လာ

တယ်လို့ မထင်ပါနဲ့။

#ထက်ထက်ထွန်း(waterfall)

လမ်းချင်းတူလို့ လူချင်းတွေ့ရင်တောင်ရှောင်သွားချင်နဲ့ လူတန်းစားတွေနဲ့ဝေးအောင် နေပါတယ် ။ကိုယ့်မာနနဲ့ ကိုယ်နေတဲ့ သူဖြစ်လို့...
19/03/2025

လမ်းချင်းတူလို့ လူချင်းတွေ့ရင်တောင်
ရှောင်သွားချင်နဲ့ လူတန်းစားတွေနဲ့
ဝေးအောင် နေပါတယ် ။

ကိုယ့်မာနနဲ့ ကိုယ်နေတဲ့ သူဖြစ်လို့
ဘယ်လူတန်းစားကိုမှလည်း မနှိမ်သလို
ဘယ်လူတန်းစားကိုမှလည်း အထင်မကြီးပါဘူး ။

ဆရာအောင်ချိမ့်ကဗျာထဲကလိုပါပဲ
ထမင်းစားတိုင်း လူမဖြစ်နိုင်ပါ ။

☘️🤍🍂

အခု ကြိုးစားနေတာတွေကနောက် (၂)နှစ်မှာ နေရာတစ်ခု ရဖို့ပါပဲ ။ ဘယ်သူ့ကိုမှ မပြိုင်သလို ဘယ်သူ့အကြောင်းမှလဲ  စိတ်မဝင်စားတတ်ဘူး...
15/01/2025

အခု ကြိုးစားနေတာတွေက
နောက် (၂)နှစ်မှာ နေရာတစ်ခု ရဖို့ပါပဲ ။

ဘယ်သူ့ကိုမှ မပြိုင်သလို
ဘယ်သူ့အကြောင်းမှလဲ စိတ်မဝင်စားတတ်ဘူး
ကိုယ့်အလုပ်ကိုယ် လုပ်တယ် ။

မနှစ်က "ငါ" ထက် ဒီနှစ် "ငါ" က
ပိုကျန်းမာလာရမယ် ပိုချမ်းသာလာရမယ် ပိုလှလာရမယ်

ဒီလောက်ပါပဲ။

💭 || 15.1.2025

Crd

2025 ကစပြီး ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ နေထိုင်မှုမျိုးနဲ့ ရှင်သန်ပါမယ် ။ ကိုယ့်ကိုယ်ကိုယ် focus ထားပြီးမှကျန်တာတွေ ဆက်...
31/12/2024

2025 ကစပြီး
ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့ နေထိုင်မှုမျိုးနဲ့
ရှင်သန်ပါမယ် ။

ကိုယ့်ကိုယ်ကိုယ် focus ထားပြီးမှ
ကျန်တာတွေ ဆက်လုပ်ပါမယ် ။

ကိုယ် အဆင်ပြေမှ ခေါင်းငြိမ့်မယ်
ကိုယ့်အတွက် တကယ် အဆင်ပြေမှ လက်ခံမယ်

ငြင်းဆိုတတ်ဖို့ လေ့ကျင့်မယ်
အားမနာတတ်ဖို့ အမြဲ remind လုပ်မယ်

ကိုယ်တိုင်က ယိုင်လုလု ရပ်တည်နေရချိန်မှာ
အများကြီးတွေးပြီး လူတကာကို ငဲ့ညှာနေရတာမျိုး
နောက်ထပ်မလုပ်တော့ဘူး ။

တစ်ခုခုဆို နင် အဆင်ပြေရဲ့လားဆိုတာထက်
ငါ အဆင်ပြေရဲ့လား လို့ မေးမယ် ။

2025 မှာ လုပ်သင့်တယ်ထင်တာကို လုပ်မယ်
ကိုယ့်အတွက်ပို ငဲ့ညှာမယ်
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မယ်
ကိုယ် အဆင်ပြေမယ့် နေထိုင်မှုမျိုးနဲ့နေပဲမယ်

2025 ဟာ ကိုယ့်အတွက်ပဲ ကိုယ်ရှင်သန်ပါတော့မယ် ။

💐🌻
#ဆရာအောင်သင်းစာပေ

တစ်စုံတစ်ဦးချစ်တာမချစ်တာထက်မိသားစုနဲ့အိပ်မက်အတွက်ပဲ ပိုကြိုးစားဖြစ်တော့တယ် ။ဘဝအတွက် ချစ်ခြင်းမေတ္တာဟာ အရေးပါပေမယ့်ရှေ့ဆက...
08/10/2024

တစ်စုံတစ်ဦးချစ်တာမချစ်တာထက်
မိသားစုနဲ့အိပ်မက်အတွက်ပဲ ပိုကြိုးစားဖြစ်တော့တယ် ။

ဘဝအတွက် ချစ်ခြင်းမေတ္တာဟာ အရေးပါပေမယ့်
ရှေ့ဆက်ရမယ့်မနက်ဖြန်အတွက်
ဝမ်းရေးကပိုအရေးကြီးနေသေးတယ် ။

၂၁ရာစုလူငယ်တစ်ယောက်ပါ
ဒါပေမယ့်
လူငယ်နဲ့တူတဲ့လူငယ်တစ်ယောက်ရဲ့ဘဝကိုတော့
လုံလုံလောက်လောက်ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး ။

#ဖားစည်ရည်ကျော်
၁၉.၉.၂၀၂၄

ဘာလို့မတုန့်ပြန်လဲ မတန်လို့။လူတွေကရှင်းပြဖို့မတန်သလိုအမှန်တရားနဲ့လည်းမတန်ဘူး။ကိုယ်ဘယ်လောက်ပဲကောင်းအောင်နေနေအမြင်မကြည်တဲ့...
27/08/2024

ဘာလို့မတုန့်ပြန်လဲ မတန်လို့။

လူတွေကရှင်းပြဖို့မတန်သလို
အမှန်တရားနဲ့လည်းမတန်ဘူး။

ကိုယ်ဘယ်လောက်ပဲကောင်းအောင်နေနေ
အမြင်မကြည်တဲ့သူကရှိကိုရှိမှာပဲ။

လူတစ်ယောက်က ကိုယ့်ကို မုန်းနေရင်
ကိုယ်ကတော့ သူ့ကိုသိတောင်မသိဘူးဆိုတဲ့စိတ်နဲ့ပဲ
တိတ်ဆိတ်လိုက်တယ်။

ဘဝက မလိုသူတွေအတွက်နဲ့ လိုက်ခံစားနေရင်
ပျော်ရွှင်စရာတွေနဲ့စိတ်အေးချမ်းခြင်းတွေ
ပျောက်ကုန်မှာပေါ့။

တန်မှမတန်တာ။

#ဖားစည်ရည်ကျော်
14.6.2024

နာစရာတွေ ပုံကြီးမချဲ့ချင်တော့ဘူးအရာရာဟာ ပုံမှန်ပဲ မို့ပျော်မယ် ထင်ရာပဲ တန်းဆီလုပ်မယ်မူးယစ်စေတဲ့အရာတွေနဲ့ ငြိချင်ငြိမယ်အခ...
10/07/2024

နာစရာတွေ ပုံကြီးမချဲ့ချင်တော့ဘူး
အရာရာဟာ ပုံမှန်ပဲ မို့
ပျော်မယ် ထင်ရာပဲ တန်းဆီလုပ်မယ်

မူးယစ်စေတဲ့အရာတွေနဲ့ ငြိချင်ငြိမယ်
အချစ်ဆိုတဲ့ အရာနဲ့လဲ ထိချင်ထိမယ်

နောင်တကင်းစွာ/
လိပ်ပြာလုံစွာဖြင့် ရှင်သန်မယ်
သစ်ပင်လေးတွေ စိုက်မယ်
တိရစ္ဆာန်လေးတွေ ချစ်မယ်
အတိတ်ဆိုတဲ့ အမှိုက်ပုံပေါ်
စင်ထိုးပြီး သဘာဝကို ငေးမယ် ။

ဒီဘဝတော့ ဒီလောက်ပဲ၊
"သေသေ ရှင်ရှင်
မသေမရှင်တော့ ငါမနေချင်တော့ဘူး "

#ဒဿ 2024

photo

နာကျင်မှုက လူတွေကိုပြောင်းလဲစေတယ်တစ်ချို့က ရိုင်းစိုင်းလာတတ်သလိုတစ်ချိို့ကတော့ တိတ်ဆိတ်သွားကြတယ်။
14/06/2024

နာကျင်မှုက လူတွေကိုပြောင်းလဲစေတယ်

တစ်ချို့က ရိုင်းစိုင်းလာတတ်သလို

တစ်ချိို့ကတော့ တိတ်ဆိတ်သွားကြတယ်။

04/06/2024

တစ်နေ့ထက်တစ်နေ့ တိတ်ဆိတ်လာတယ်
လူတွေကို မေ့တတ်လာတယ်
ဘဝမှာ ကိုယ်နဲ့မထိုက်တန်တဲ့
အရာတွေ များလာတယ်။

ပြောစရာ စကားတွေ မဲ့လာတယ်
ခေါ်စရာအသံတွေ နည်းလာတယ်
ကိုယ့်ကို နားလည်နိုင်တဲ့သူတွေ ရှားလာတယ်။

လူ့ဘဝဆိုတာ
ငယ်ငယ်က ပွဲတော်ထဲမှာ လျှောက်လည်ရင်း
ကိုယ်လိုချင်တာတွေကို ငေးရုံပဲငေးပြီး
အမှောင်ထုထဲ
ခေါင်းငိုက်စိုက်ချ တိတ်တိတ်လေး
ပြန်ရသလိုလား...။

-စစ်ငြိမ်း-

"ငါလျှောက်နေတဲ့လမ်းက ရတနာကျွန်းကို မရောက်နိုင်ဘူး"လို့တွေးခဲ့တယ်ဒါပေမယ့် သံသယ​​​တွေအပြည့်နဲ့ ငါဆက်သွားခဲ့တယ်ရတနာသေတ္တာ ဗ...
01/05/2024

"ငါလျှောက်နေတဲ့လမ်းက
ရတနာကျွန်းကို မရောက်နိုင်ဘူး"လို့တွေးခဲ့တယ်
ဒါပေမယ့် သံသယ​​​တွေအပြည့်နဲ့ ငါဆက်သွားခဲ့တယ်
ရတနာသေတ္တာ ဗလာဖြစ်နေရင်တောင်
ကိုယ်တိုင်ဖွင့်နိုင်သည်ထိ ဆက်သွားချင်တယ်။
slump

Address


Website

Alerts

Be the first to know and let us send you an email when Kim's Note Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share