Soccer House - ဘောလုံးအိမ်

  • Home
  • Soccer House - ဘောလုံးအိမ်

Soccer House - ဘောလုံးအိမ် Soccer House - ဘောလုံးအိမ် မှ အားကစားနှင့် ပတ်သက်သော အစီအစဥ်များကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့အတွက် NFL "Playbook" ပုံစံ အတုခိုးဖို့ တိုက်တွန်းခဲ့တဲ့ ဟာရီကိန်...
17/11/2025

အင်္ဂလန်အသင်း ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့အတွက် NFL "Playbook" ပုံစံ အတုခိုးဖို့ တိုက်တွန်းခဲ့တဲ့ ဟာရီကိန်း
------------------------

အင်္ဂလန်လက်ရွေးစင်အသင်းဟာ နည်းပြတူချယ်လ်လက်ထက်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(၇)ပွဲမှာ (၇)ပွဲလုံးကို အနိုင်ရတဲ့အပြင် သွင်းဂိုး(၂၀)ဂိုး၊ ပေးဂိုးမရှိဆိုတဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့သွင်းဂိုးတွေထဲမှာ ထောင့်ကန်ဘော၊ ဖရီးကစ်၊ လက်ပစ်ဘောလို Set-Pieces တွေက တစ်ဆင့်သွင်းယူတဲ့ဂိုးတွေအများအပြားပါဝင်ခဲ့ပြီး တူချယ်လ်သာမက အသင်းရဲ့လက်ထောက်နည်းပြအန်တိုနီဘယ်ရီ၊ Set-Pieces နည်းပြပေါလ်ကွစ်တာတို့ရဲ့လမ်းညွှန်ချက်တွေကလည်း အဓိက ကျခဲ့ပါတယ်။

မော်ဒန်ဘောလုံးလောကမှာ Set-Piece တွေက အရေးပါအရာရောက်တဲ့အနေအထားကို ရောက်ရှိနေတဲ့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းက Set-Piece တွေကို အခုထက်ပိုမိုထိရောက်စေဖို့ NFL ရဲ့ "Playbook" ပုံစံကို အတုခိုးဖို့ အင်္ဂလန်အသင်းနည်းပြအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

NFL (အမေရိကန်ဘောလုံး)ရဲ့ "Playbook" ပုံစံဆိုတာ တိုက်စစ်ဆင်ရာမှာဖြစ်စေ၊ ခံစစ်ကာကွယ်ရာမှာဖြစ်စေ ကစားသမားတွေအနေနဲ့ ဘယ်လိုနေရာယူမယ်၊ ဘယ်လိုရွေ့လျားမယ်၊ ဘယ်ကစားသမားကို လူကပ်ကစားမယ်ဆိုတာကို Step-by-step နည်းဗျူဟာခင်းကျင်းထားတာဖြစ်ပြီး ပြိုင်ဘက်က မိမိရဲ့နည်းဗျူဟာကစားကွက်ကို မရိပ်မိအောင် ပွဲတစ်ပွဲမှာ အကွက်ပေါင်း(၇၀)ကနေ (၁၀၀)ဝန်းကျင်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။

ကစားသမားတွေအနေနဲ့ အကွက်တွေကို မှတ်မိအောင် Key words တွေနဲ့ အကြိမ်ကြိမ်သင်ကြားပြသပေးထားပြီး ဒီလို အကြိမ်ကြိမ်လေ့ကျင့်ထားခြင်းက တကယ့်လက်တွေ့မှာ ပြိုင်ဘက်တွေကို အသာစီးရရှိစေပါတယ်။ အယ်လ်ဘေးနီးယားနဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲမတိုင်မီ ဟာရီကိန်းက "ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ချိန်သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ set-plays အတွက် သေသေချာချာလေ့ကျင့်သင်ကြားဖို့ လိုပါတယ်။ NFL playbook လို ပြိုင်ဘက်အပေါ်မူတည်ပြီး ဘယ်လိုကစားရမယ်ဆိုတဲ့ လေ့ကျင့်ပြင်ဆင်မှုမျိုးကို ပြုလုပ်ထားသင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံရေပန်းစားမှုစာရင်းမှာ စပိန်အသင်း(၉း၂)ရဲ့နောက် ဒုတိယနေရာမှာ (၁၃း၂)လေးနဲ့ ရပ်တည်နေပါတယ်။

#ဘောလုံးအိမ်

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု(F)ရဲ့နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပေါ်တူဂီအသင်းဟာ အာမေးနီးယာ...
16/11/2025

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)အုပ်စု(F)ရဲ့နောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ပေါ်တူဂီအသင်းဟာ အာမေးနီးယားအသင်းကို (၉-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ အသင်းခေါင်းဆောင်စီရော်နယ်လ်ဒို ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းဟာ ဂိုးပြတ်အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီအသင်းအတွက်သွင်းဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်နဲ့ ဂျာအိုနေးဗက်စ်တို့က ဟက်ထရစ်သွင်းပြီး ဗီဂါ၊ရာမို့စ်နဲ့ ကွန်ဆီကာအိုတို့က (၁)ဂိုးစီသွင်းခဲ့ကြပါတယ်။ ဒီအုပ်စုရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟန်ဂေရီနဲ့ အိုင်ယာလန်အသင်းတို့ပွဲစဉ်မှာ အိုင်ယာလန်အသင်းက နောက်ကျအနိုင်ဂိုးကြောင့် (၂-၃)ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အဲ့ဒါကြောင့် အိုင်ယာလန်အသင်းဟာ အုပ်စုတွင်းဒုတိယနဲ့ play-offs ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

#ဘောလုံးအိမ်

ဦးခေါင်းခွံထဲ ကားသော့စိုက်ဝင်သွားလို့ အရေးပေါ်ခွဲစိတ်ကုသမှုခံခဲ့ရတဲ့ အာဂျင်တီးနားဘောလုံးသမား----------------------အာဂျင်...
16/11/2025

ဦးခေါင်းခွံထဲ ကားသော့စိုက်ဝင်သွားလို့ အရေးပေါ်ခွဲစိတ်ကုသမှုခံခဲ့ရတဲ့ အာဂျင်တီးနားဘောလုံးသမား
----------------------
အာဂျင်တီးနားကလပ် ဂျနရယ်လမ်မာဒရစ်အသင်းရဲ့ကစားသမားတစ်ဦးဖြစ်သူ ဂျိုနသန်စမစ်ဟာ လူငယ်အမျိုးသမီးဘောလုံးပွဲတစ်ပွဲအတွင်း ပွဲကြည့်စင်ပေါ်ဖြစ်ပွားတဲ့ရန်ပွဲမှာ ပါဝင်ခဲ့ရာကနေ ဦးခေါင်းထဲကားသော့စိုက်ဝင်သွားတာကြောင့် ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရကြောင်း သိရပါတယ်။

စမစ်ဟာ သူ့သမီးပါဝင်ကစားတဲ့ ယူ-၁၆ အမျိုးသမီးဘောလုံးပွဲကို လာရောက်ကြည့်ရှုရာကနေ ဒီလိုဖြစ်ပွားခဲ့တာပါ။ အာဂျင်တီးနားသတင်းစာ El Grafico ရဲ့ဖော်ပြချက်အရ ပွဲကြည့်စင်ပေါ်မှာ နှစ်ဖက်အသင်းမိဘတွေ အချင်းများခဲ့ကြပြီး ရန်ပွဲဖြစ်ပွားရာကနေ စမစ်ဟာ ဒီဒဏ်ရာရရှိခဲ့တာပါ။

အာဂျင်တီးနားဆိုရှယ်မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ စမစ်ရဲ့ဦးခေါင်းမှာ ကားသော့တန်းလန်းစိုက်နေပြီး သွေးတွေ တတောက်တောက်ကျဆင်းနေတာကို တွေ့ရပါတယ်။ ဆေးရုံမှာ စမစ်ကို ချက်ချင်းအရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး ကံကောင်းစွာနဲ့ ကားသော့ဟာ သူ့ရဲ့ဦးခေါင်းအတွင်း စိုက်သွားခဲ့ပေမယ့် အဓိက သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေကို ထိခိုက်မိခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

ဒါကြောင့် ခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့တယ်လို့ အာဂျင်တီးနားမီဒီယာ Ole က ဖော်ပြခဲ့ပါတယ်။ စမစ်ရဲ့သမီးဟာလည်း ဒီရန်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် သူ့ဖခင်တက်ရောက်နေတဲ့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။ ဒီကားသော့ပိုင်ရှင်က အိုမာအယ်လ်ဗာရက်ဇ်လို့ အမည်ရတဲ့ လူတစ်ဦးဖြစ်ပြီး သူ့ရဲ့ Chevrolet Zafira ကားကို ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပါတယ်။ အိုမာအယ်လ်ဗာရက်ဇ်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ရဲ့မျက်နှာမှာလည်း ဒဏ်ရာတွေရှိနေခဲ့ပါတယ်။ သူ့ကို လူသတ်ရန်ကြံစည်အားထုတ်မှုနဲ့ တရားစွဲနိုင်ဖို့ ရဲတပ်ဖွဲ့က စဉ်းစားနေကြောင်း သိရပါတယ်။

#ဘောလုံးအိမ်

ဘာစီလိုနာအသင်းတိုက်စစ်မှူးလီဝန်ဒေါစကီးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မကြာမီမှာဆုံးဖြတ်ချက်ချဖို့အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ...
16/11/2025

ဘာစီလိုနာအသင်းတိုက်စစ်မှူးလီဝန်ဒေါစကီးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မကြာမီမှာဆုံးဖြတ်ချက်ချဖို့အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လီဝန်ဒေါစကီးရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့အစီအစဉ်မရှိဘူးလို့ သတင်းတွေထွက်နေပါတယ်။

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ အက်သလက်တီကိုအသင်းအပါအဝင် ဥရောပကလပ်အသင်းအချို့က ချိတ်ဆက်မှုတွေရှိနေပြီး မေဂျာလိဂ်နဲ့ဆော်ဒီကလပ်အသင်းတွေကလည်း သူ့ကို စိတ်ဝင်စားနေကြပါတယ်။ လီဝန်ဒေါစကီးကတော့ အနာဂတ်ဆုံးဖြတ်ချက်အတွက် အလျင်စလိုလုပ်မှာမဟုတ်ပေမယ့် နောက်ထပ်သွားမယ့်ခြေလှမ်းတွေကို မကြာမီအတည်ပြုဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့နေရာမှာအစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟာရီကိန်းကို ပထမဦးစားပေးပစ်မှတ်အဖြစ်သတ်မှတ်ထားပါတယ်။ ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့စာချုပ်ဟာ(၂)နှစ်ကျန်ရှိသေးပေမယ့် စာချုပ်ထဲမှာပါဝင်နေတဲ့ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ကြောင့် နွေရာသီမှာ ပေါင်(၅၇)သန်းနဲ့ ထွက်ခွာနိုင်တယ်လို့ သိရပါတယ်။

#ဘောလုံးအိမ်

ကွင်းအမည်ကို "ဆန်တီယာဂို"ဖြုတ်ပြီး "​ဘာနေဗျူး"လို့ ရီးရဲလ်မက်ဒရစ်အသင်း ဘာကြောင့် ပြောင်းလဲခဲ့သလဲ---------------------ရီး...
16/11/2025

ကွင်းအမည်ကို "ဆန်တီယာဂို"ဖြုတ်ပြီး "​ဘာနေဗျူး"လို့ ရီးရဲလ်မက်ဒရစ်အသင်း ဘာကြောင့် ပြောင်းလဲခဲ့သလဲ
---------------------

ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ကွင်းအမည်ကို "ဆန်တီယာဂိုဘာနေဗျူးကွင်း"(Estadio de Santiago Bernabeu)ဆိုတဲ့အမည်ကနေ "ဘာနေဗျူးကွင်း"(Estadio Bernabeu)လို့ တရားဝင်အမည်ပြောင်းလဲလိုက်ပါတယ်။ ဒီကွင်းရဲ့အမည်ကို ပရိသတ်တွေအကြား "ဘာနေဗျူးကွင်း"လို့ ခေါ်ဝေါ်နေကြပေမယ့်​ တရားဝင် မူလအမည်အပြည့်အစုံကတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီးရဲ့အမည်အတိုင်း "ဆန်တီယာဂိုဘာနေဗျူးကွင်း"ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ၁၉၂၁ ခုနှစ်ကနေ ၁၉၂၆ ခုနှစ်အထိ ကစားသမားတစ်ဦးအဖြစ်ကစားခဲ့ပြီး ၁၉၄၃ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အထိ ကလပ်အသင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဆန်တီယာဂိုဘာနေဗျူးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၅ ခုနှစ်ကတည်းက အသင်းရဲ့အိမ်ကွင်းအမည်ကို "ဆန်တီယာဂိုဘာနေဗျူးကွင်း"လို့ အမည်မှည့်ခေါ်ခဲ့တာပါ။

၁၉၅၅ ခုနှစ်ကနေ အခုအချိန်အထိ နှစ်ပေါင်း(၇၀)တိုင် "ဆန်တီယာဂိုဘာနေဗျူးကွင်း"လို့ တရားဝင်မှည့်ခေါ်ခဲ့တဲ့အမည်ကို ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက "ဘာနေဗျူးကွင်း"လို့ တရားဝင်ပြောင်းလဲလိုက်တဲ့အဖြေက ရှင်းပါတယ်။ ကွင်းအမည်ကို ခေါ်ဝေါ်ရလွယ်ကူစေဖို့ အတိုချုပ်လိုက်တာလို့ဆိုပါတယ်။ ဒီလို အတိုချုပ်ရခြင်းနောက်ကွယ်မှာတော့ အကြောင်းအရာတချို့တော့ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူရို(၁.၇၆)ဘီလီယံအထိအကုန်အကျခံပြီး မွမ်းမံပြင်ဆင်တည်ဆောက်ခဲ့တဲ့ "ဘာနေဗျူးကွင်း"ကနေ ဝင်ငွေပြန်ရစေမယ့် စျေးကွက်စီးပွားရေးအစီအစဉ်တွေပြန်လည်ပြုလုပ်နေပြီး စျေးကွက်ကျွမ်းကျင်သူတွေရဲ့အဆိုအရ ကွင်းအမည်ကို "ဆန်တီယာဂိုဘာနေဗျူး"လို့ အရှည်ခေါ်ဝေါ်တာထက် "ဘာနေဗျူး"လို့ အတိုခေါ်ဝေါ်တာက စျေးကွက်မှာ ပိုမိုအဆင်ပြေချောမွေ့စေကြောင်း သိရပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကွင်းမှာ အမေရိကန်ဘောလုံး(NFL)အသင်းတွေဖြစ်တဲ့ Washington Commanders နဲ့ Miami Dolphins အသင်းတို့ရဲ့ အမေရိကန်ဘောလုံး(NFL)ပွဲကို​ ဒီတနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး ဒါက စပိန်နိုင်ငံမှာ NFL ပုံမှန်ရာသီပွဲစဉ်တစ်ပွဲကို ပထမဆုံးအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ဒီလို အခြားအားကစားနည်းတွေကိုပါ လက်ခံကျင်းပတဲ့အထိ စျေးကွက်ချဲ့ထွင်နေရာမှာ "ဘာနေဗျူး"ကွင်းလို့ ခေါ်ဝေါ်တာက အားလုံးအတွက် လွယ်ကူချောမွေ့စေတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူတွေက ဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ပရိသတ်တချို့ကတော့ ဒီလို ကွင်းအမည်ကို အတိုချုပ်ခြင်းက အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ဆန်တီယာဂိုဘာနေဗျူးကို မလေးစားရာကျရောက်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပါတယ်။

#ဘောလုံးအိမ်

16/11/2025

🟡 ရဲသွေး(Family) Vs ကျော်နိုင်ထွန်း(အဖြူရောင်သွေးသစ်)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡စောဒူးဒူး(တောင်ဝင်ရိုးရာ) Vs အောင်ဗလ(တိုက်နဂါး)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡 ဖိုးကေ(ဒေါနတောင်ခြေ) Vs မိုက်အွာ(လင်းရောင်သစ်)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡 စောငမောက်(ဇာနည်သွေး) Vs စိုးသူရအောင်(ထူးမေတ္တာထူး)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡 နက္ခတ်မင်း(ရန်တိုင်းအောင်) Vs စောဘဟိန်း(ဘိလပ်မြေစက်ရုံ)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡 မိုးဟိန်း(ဘိလပ်မြေစက်ရုံ) Vs စောမင်းနိုင်(MFC)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

16/11/2025

🟡 အောင်ထက်ဟိန်း(ဇွဲကပင်မြေ) Vs အာရှနဂါး(ငြိမ်းချမ်းရေးချစ်သူ)

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ တွဲဆိုင်းကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။

🟡 Premier Strong Coffee မှ အဓိက ကူညီပံ့ပိုးပါသည်။
| #ဘောလုံးအိမ် | | #ရိုးရာလက်ဝှေ့ | #နှစ်၇၀ပြည့်ကရင်ပြည်နယ်နေ့ |

Address


Alerts

Be the first to know and let us send you an email when Soccer House - ဘောလုံးအိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share