Recap Entertainment

  • Home
  • Recap Entertainment

Recap Entertainment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Recap Entertainment, News & Media Website, .

စက်ရုံမှာ ညစောင့်လုပ်တဲ့ ထိုင်းလူမျိုးဦလေးကြီးမှ ထိုင်းထီ ၂ ဆောင်တွဲး ဘတ် ၁၂ သန်းပေါက်သွားပါတယ် 😱ညစောင့်ဘဝမှ သူဌေးကြီးဖြ...
16/09/2025

စက်ရုံမှာ ညစောင့်လုပ်တဲ့ ထိုင်းလူမျိုးဦလေးကြီးမှ ထိုင်းထီ ၂ ဆောင်တွဲး ဘတ် ၁၂ သန်းပေါက်သွားပါတယ် 😱

ညစောင့်ဘဝမှ သူဌေးကြီးဖြစ်သွားတဲ့ ဦလေးအတွက် ဝမ်းသာပါတယ် 🥰😍

Credit

14/09/2025

မြန်မာပြည်အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့အမေစု

Credit ဆရာဒေးဗစ်လား

#အမေစု #အမေစုကျန်းမာပါစေ

“ကျောင်းမှာအခက်အခဲတွေရှိကြောင်းသူ့အဖေဆီစာရေးပို့ခဲ့တဲ့ သူဌေးသားရဲ့ဟာသ”ဒီဟာသလေးကို  သင်တို့တွေရီရအောင်ရေးသားပေးလိုက်ပါတယ်...
13/09/2025

“ကျောင်းမှာအခက်အခဲတွေရှိကြောင်း
သူ့အဖေဆီစာရေးပို့ခဲ့တဲ့ သူဌေးသားရဲ့ဟာသ”
ဒီဟာသလေးကို သင်တို့တွေရီရအောင်ရေးသားပေးလိုက်ပါတယ်
ဂျာမနီမှာ ပညာသင်ကြားနေတဲ့ ချမ်းသာတဲ့ အာရပ်လူငယ်လေးတစ်ယောက်က သူ့အဖေဆီကို စာရေးလိုက်ပါတယ်။
“အဖေ၊ ဘာလင်မြို့က အရမ်းလှသလို၊
လူတွေကလည်း သားအပေါ် အရမ်းကြင်နာကြပါတယ်။ ဒါပေမဲ့ သားရဲ့ Range Rover ကားကြီးနဲ့ တက္ကသိုလ်ကို ရောက်တဲ့အခါ ဆရာကြီးတွေကတော့ ရထားနဲ့ လာကြတာမို့ သား ရှက်မိပါတယ်” လို့ ရေးလိုက်တယ်။
မကြာခင်မှာပဲ သူ့အဖေဆီက စာတစ်စောင် ရောက်လာတယ်။ စာထဲမှာ ဒေါ်လာ ၁၀ သန်းတန် ချက်လက်မှတ်တစ်စောင်ပါလာပြီး အဲဒီစာမှာတော့...
“သားရေ၊ ကိုယ့်အတွက်စိးဖို့ ရထားတစ်စီး ဝယ်လိုက်ပါ။ သူများနိုင်ငံမှာ ငါတို့ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့” လို့ ရေးထားပါတော့တယ်။

အသေခံဗုံးခွဲဝတ်စုံ ဝတ်ထားသည့် အမျိုးသားကြောင့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ပျာပျာသလဲ ဖြစ်ခဲ့ရထိုင်းနိုင်ငံ ဘန်ဘွန်းခရို...
13/09/2025

အသေခံဗုံးခွဲဝတ်စုံ ဝတ်ထားသည့် အမျိုးသားကြောင့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ပျာပျာသလဲ ဖြစ်ခဲ့ရ

ထိုင်းနိုင်ငံ ဘန်ဘွန်းခရိုင် ပြည်သူ့ကာကွယ်ရေးအရန်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် အသေခံ ဗုံးခွဲဝတ်စုံနှင့် အမျိုးသားတစ်ဦးကို တွေ့ရသည်ဟု တိုင်တန်းလာမှုကြောင့် ပျာပျာသလဲဖြစ်ခဲ့ရပြီး လိုက်လံစုံစမ်းဖော်ထုတ်ပြီးမှ ရယ်စရာဖြစ်ခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ဖေ့စ်ဘုတ် Page อปพร.เขตบางบอน က မျှဝေထားခြင်းဖြစ်ပြီး အသေခံအကြမ်းဖက်လာ နိုင်သည့်အနေအထားကြောင့် ပြည်သူ့စစ်အရန်တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ပျာပျာသလဲ စုံစမ်းစစ်ဆေးရာ ဘန်ဘွန်းခရိုင်နေ အသက် ၆၀ အရွယ် ထိုင်းအမျိုးသားကြီးဝတ်ဆင်ထားသည်မှာ အသေခံဗုံးခွဲ ဝတ်စုံမဟုတ်ဘဲ အိတ်များစွာထဲ သဲများထည့်ထားခြင်းသာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

အနီးအနားနေထိုင်သူများက ယင်းအမျိုးသားကြီးသည် နေ့စဉ်မနက်တိုင်း ထိုဝတ်စုံဖြင့် အိတ်များအတွင်း သဲ ၂၀ ကီလိုဂရမ်အလေးချိန်ထည့်ကာ လေ့ကျင့်ခန်းများကို ဝိတ်ထည့် လုပ်ဆောင်လေ့ရှိခြင်းအပေါ် သိရှိကြသော်လည်း မသိသူများက အသေခံဗုံးခွဲဝတ်စုံဝတ်လူတစ်ဦးတွေ့သည်ဟု သတင်းပေးတိုင်ကြားရာမှ ယခုလို အမှုအခင်းဖြစ်ရသည်ဟု ရှင်းလင်းပြောဆိုကြသည်။

ဘန်ဘွန်းရဲတပ်ဖွဲ့ကမူ ရယ်ဖွယ်ရာ ဖြစ်စဉ်ဆိုသော်လည်း တာဝန်ရှိစွာဖြင့် အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်မည့် သံသယရှိမှုအား သတိပေးတိုင်ကြားခြင်းအတွက် နိုင်ငံသားကောင်းလုပ်ရပ်ဟု ချီးကျူးကြောင်း ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ကိုကလင်း
Ref: Bangkokpost

#ထိုင်းနိုင်ငံ
#အသေခံဗုံးခွဲ
#အသေခံဗုံးခွဲဝတ်စုံ
#လုံခြုံရေးတပ်ဖွဲ့ဝင်
#အကြမ်းဖက်မှု

၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် …"၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်...
25/08/2025

၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် …

"၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။

တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။

ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။

နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။

ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။

ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။

ဘ၀မှာ “၄၀ မှ ဘ၀စတယ်” ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။

Credit လေးစားစွာဖြင့် ~~

မြန်မာနိုင်ငံမှာ ပြည်သူတွေပါးစပ်ထဲထည့်နေတာ အစာလား ၊ အဆိပ်လား ကျောင်းဆင်းချိန်မှာ မုန့်လက်ဆောင်းတစ်ခွက်၊ အလုပ်နားချိန်မှာ...
24/08/2025

မြန်မာနိုင်ငံမှာ ပြည်သူတွေပါးစပ်ထဲထည့်နေတာ အစာလား ၊ အဆိပ်လား
ကျောင်းဆင်းချိန်မှာ မုန့်လက်ဆောင်းတစ်ခွက်၊ အလုပ်နားချိန်မှာ အကြော်စုံတစ်ပွဲ၊ ညနေခင်း သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ လမ်းဘေးခေါက်ဆွဲတစ်ပွဲ။ ဒါတွေက ကျွန်တော်တို့ မြန်မာတွေရဲ့ ဘဝနဲ့ ခွဲလို့မရတဲ့ လမ်းဘေးအစားအသောက် ယဉ်ကျေးမှုပါပဲ။

တစ်ချိန်က ဒီယဉ်ကျေးမှုဟာ ပျော်စရာ၊ အရသာရှိစရာတစ်ခုဖြစ်ခဲ့ပေမဲ့ အခု ၂၀၂၅ ခုနှစ်မှာတော့ ဒီအလေ့အထတွေက ကျွန်တော်တို့ကို သေမင်းဆီ အရောက်ပို့နေတဲ့ တရားခံတွေများ ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။

"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့စကားက ကျွန်တော်တို့ရဲ့ ထမင်းဝိုင်းတွေမှာသာမက လမ်းဘေးဆိုင်တွေမှာပါ မှေးမှိန်ပျောက်ကွယ်နေပါပြီ။
ပထမဆုံး၊ ကျွန်တော်တို့ နေ့တိုင်းမြင်နေရတဲ့ "ဆီကြော်ပြန်" ပြဿနာကိုပဲ ကြည့်ပါ။ မနက်ကကြော်ထားတဲ့ဆီကို ညနေအထိ သုံးတယ်၊ နောက်နေ့မနက်မှာ အဲ့ဒီဆီအမည်းကြီးထဲကို ဆီအသစ်နည်းနည်းရောပြီး ဆက်ကြော်တယ်။

အဲဒီဆီတွေနဲ့ကြော်ထားတဲ့ အကြော်၊ အသားလုံး၊ မုန့်တွေကို စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာပြီး သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါတွေအတွက် လမ်းခင်းပေးနေတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်နှစ်ယောက်က သတိထားမိလို့လဲ။ ရောင်းတဲ့သူကလည်း "မတတ်နိုင်ဘူး"၊ စားတဲ့သူကလည်း "ဒါလေးပဲ စားတာပဲ" ဆိုတဲ့အတွေးတွေနဲ့ ဒီသံသရာက လည်ပတ်နေတုန်းပါပဲ။

ဒုတိယအချက်က "သန့်ရှင်းမှု" ပါ။ ပန်းကန်ဆေးတဲ့ရေဇလုံတစ်လုံးတည်းနဲ့ တစ်နေကုန်သုံးနေတာတွေ၊ ယင်နားနေတဲ့အသားတွေကို ဘာမှအဖုံးအအုပ်မရှိဘဲ ရောင်းချနေတာတွေ၊ ဖုန်တွေကြားထဲမှာ ချက်ပြုတ်နေတာတွေက မြင်ရက်စရာမရှိပါဘူး။ ဒီ့ထက်ပိုဆိုးတာက မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေကနေ ကူးစက်တဲ့ရောဂါတွေပါ။ လက်ကို စင်ကြယ်အောင်မဆေးဘဲ အစားအစာတွေကို ကိုင်တွယ်တာ၊ မသန့်ရှင်းတဲ့ရေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောတာတွေက အစာအဆိပ်သင့်ခြင်းကို တိုက်ရိုက်ဖိတ်ခေါ်နေတာပါပဲ။ လေ့လာချက်တွေအရဆိုရင် ငါးကင်၊ ဝက်သားကင်လို အစားအစာတချို့မှာ ဗီဘရီယို နဲ့ ဆယ်လ်မိုနဲလားလို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ အများအပြားတွေ့ရှိရတယ်လို့ဆိုတယ်။ ဒါ့အပြင် အသားငါးလို ပုပ်လွယ်တဲ့ပစ္စည်းတွေကို ရေခဲသေတ္တာထဲမှာ စနစ်တကျမသိမ်းဆည်းတာ၊ အပူချိန်ကို ကောင်းကောင်းမထိန်းနိုင်တာတွေကလည်း ဘက်တီးရီးယားပိုးတွေကို အလျင်အမြန် ပေါက်ဖွားစေပြီး ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။

ဒါတွေ မကသေးဘူး။ ကျွန်တော်တို့ရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကရော ဘယ်လောက်စိတ်ချရလို့လဲ။ အထွက်တိုးဖို့နဲ့ ပိုးမကျအောင်ဆိုပြီး စည်းမရှိကမ်းမရှိသုံးထားတဲ့ ပိုးသတ်ဆေးတွေရဲ့အကြွင်းအကျန်တွေက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကို နေ့စဉ်ဝင်ရောက်နေတယ်။ သက်တမ်းလွန်နေတဲ့ အသားငါးတွေကို ဓာတုဆေးနည်းနည်းသုံးပြီး အသစ်ဖြစ်အောင် အရောင်တင်ရောင်းချနေတာတွေကလည်း ဈေးတွေထဲမှာ ဒုနဲ့ဒေးပဲ။

ငါးပိ၊ လက်ဖက်လို အစားအစာတွေကတော့ မြန်မာ့အစားအစာရဲ့ အသည်းနှလုံးလို့ ပြောလို့ရပါတယ်။ သူ့မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုတာမှန်ပေမဲ့ စနစ်တကျမရှိတဲ့ ကစော်ဖောက်တဲ့ဖြစ်စဉ်တွေကတော့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေ ပေါက်ဖွားနိုင်ခြေကို တံခါးဖွင့်ပေးနေသလိုပါပဲ။ ဒီအရာတွေအားလုံးက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိတ်တဆိတ် တိုက်စားနေတဲ့ ပြည်တွင်းဖြစ်အဆိပ်တွေပါပဲ။
ဒီပြည်တွင်းက အန္တရာယ်တွေထက် ပိုပြီး ကောက်ကျစ်စဉ်းလဲတဲ့ ပြဿနာတစ်ခုကတော့ ကျွန်တော်တို့ရဲ့ မီးဖိုချောင်တွေထဲအထိ တိတ်တဆိတ် ဝင်ရောက်နေပါပြီ။ အဲဒါကတော့ နိုင်ငံခြားကနေ ဝင်လာတဲ့ အသင့်စား စားသောက်ကုန်တွေပါပဲ။ အထူးသဖြင့် တရုတ်ပြည်ကလာတဲ့ ရောင်စုံမုန့်ထုပ်တွေ၊ အသားလုံးတွေ၊ ယိုစုံတွေပေါ့။ သူတို့ရဲ့ အရသာက အံ့မခန်းပဲ။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာမျိုးစုံနဲ့ လျှာကိုညို့ယူဖမ်းစားထားတော့ ကလေးတွေရော လူကြီးတွေပါ ကြိုက်ကြတယ်။ ဒါပေမဲ့ အဲဒီအရသာတွေက သဘာဝပစ္စည်းတွေက လာတာမှမဟုတ်ဘဲ၊ ဘယ်လိုဓာတုပစ္စည်းတွေနဲ့ ဖန်တီးထားမှန်းမသိတဲ့ "ဓာတုအရသာ" တွေဆိုတာကို ကျွန်တော်တို့ မေ့နေကြတယ်။

အဆိုးဆုံးကဘာလဲသိလား။ ပါဝင်ပစ္စည်းစာရင်းကို လုံးဝမရေးထားတာ၊ ရေးထားပြန်တော့လည်း ဘယ်သူမှဖတ်တတ်တဲ့ တရုတ်စာနဲ့ဆိုတော့ ဘာတွေစားမိမှန်းမသိတဲ့ကိန်းဆိုက်နေတာပဲ။ တရုတ်နိုင်ငံရဲ့ အစားအသောက်ဘေးကင်းမှုရာဇဝင်က နာမည်ကောင်းမရှိဘူးဆိုတာ အားလုံးအသိပါ။ တရုတ်လူမျိုးတွေကိုယ်တိုင်တောင် ယုံကြည်ရတဲ့ ကုမ္ပဏီကြီးတွေက မဟုတ်ရင် သူတို့နိုင်ငံထုတ် သရေစာမုန့်တွေကို ရှောင်ကြတယ်။ ဒီမှာတော့ ကျွန်တော်တို့က ဘာမှန်းမသိတဲ့ အသေးစား၊ အလတ်စား တရုတ်စက်ရုံတွေကလာတဲ့ အစားအသောက်တွေကို ဘာမှမသိဘဲ စားသုံးနေကြတာဟာ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ ဘာမှမထူးပါဘူး။
နောက်ထပ် ထည့်ပြောရမယ့်အချက်ကတော့ အစားအသောက်ကိုင်တွယ်ရောင်းချသူတွေရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းချက်ပါပဲ။ သူတို့အများစုဟာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး စနစ်တကျသင်ကြားထားတာမရှိဘူး။ ပိုက်ဆံကိုင်လိုက်၊ အသုပ်သုပ်လိုက်၊ လက်အိတ်လည်းမစွပ်ဘူး။ ဒီအပြုအမူတွေက ရောဂါပိုးမွှားတွေကို တစ်နေရာကနေတစ်နေရာ အလွယ်တကူ ကူးစက်စေပါတယ်။ အထူးသဖြင့် ရေကောင်းရေသန့်ရှားပါးတဲ့ လမ်းဘေးဆိုင်တွေမှာ ဒီပြဿနာက ပိုဆိုးတယ်။ မန္တလေးက ဆေးရုံစားသောက်ဆိုင်တွေမှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် ရောင်းချသူတွေရဲ့ ထက်ဝက်ကျော်ဟာ အစားအသောက်ကိုင်တွယ်ပုံ စည်းကမ်းပိုင်းမှာ အားနည်းချက်တွေရှိနေတယ်လို့တောင် တွေ့ခဲ့ရပါတယ်။

ဒီပြဿနာတွေအားလုံးရဲ့ ဗဟိုချက်မှာ ဒုက္ခအများဆုံးခံစားနေရတာက ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေပါ။ အလုပ်ကပြန်လာလို့ ပင်ပန်းနေတဲ့ ညီမလေးတစ်ယောက်အတွက် လမ်းဘေးက အသင့်စားအသုပ်တစ်ပွဲက အဆင်ပြေဆုံးဖြစ်မှာပေါ့။ မိသားစုအတွက် ဈေးဝယ်ချိန်မှာ ဈေးသက်သာတဲ့ တရုတ်ပြည်ဖြစ် အသားလုံးတွေက အိမ်ရှင်မတစ်ယောက်အတွက် ရွေးချယ်စရာ ဖြစ်နေမှာပေါ့။ သူတို့ရဲ့ "အဆင်ပြေမှု" နဲ့ "သက်သာမှု" တွေက သူတို့မသိလိုက်ဘဲ သူတို့မိသားစုရဲ့ ကျန်းမာရေးကို ပေးဆပ်နေရတယ်ဆိုတာကတော့ ဝမ်းနည်းစရာအမှန်တရားပါပဲ။
ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီအတိုင်းပဲ ဆက်သွားနေကြမှာလား။ ကိုယ့်ရဲ့ သက်တမ်းကို နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေနဲ့ တဖြည်းဖြည်းတိုစေတော့မှာလား။
ဒီစာကိုဖတ်နေတဲ့ လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးငယ်တွေကို ကျွန်တော်တိုက်တွန်းချင်တယ်။

ကျွန်တော်တို့ရဲ့ အစားအသောက်ယဉ်ကျေးမှုကို ပြန်လည်သုံးသပ်ဖို့ အချိန်တန်ပါပြီ။ အဆင်ပြေတာ၊ ဈေးသက်သာတာထက် "ကျန်းမာရေးနဲ့ ညီညွတ်မှု" ကို ဦးစားပေးရွေးချယ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူကြဖို့လိုပါတယ်။ ကိုယ်စားမယ့်အစာကို ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်ပေးတာ၊ ဝယ်မယ်ဆိုရင်လည်း စိတ်ချရတဲ့၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာကို ရွေးချယ်တတ်တာက ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို အကောင်းဆုံးကာွယ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ရွေးချယ်မှုလေးတွေက ကျွန်တော်တို့အားလုံးရဲ့ အသက်ရှည်ကျန်းမာတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်ကြောင်း အလေးအနက် သတိပေးလိုက်ပါရစေ။

Credit ပေးပါတယ်

ရန်ကုန်မှာ taxi ဌားစီးမယ်ဆိုဂရုစိုက်ကြပါ အထူးသဖြင့် ခရေပင်လမ်းခွဲထိပ်က ကားမှန်ကို အမဲကပ်ထားတဲ့ ကားကို ရှောင်စီးကြပါ။ ကား...
19/08/2025

ရန်ကုန်မှာ taxi ဌားစီးမယ်ဆိုဂရုစိုက်ကြပါ

အထူးသဖြင့် ခရေပင်လမ်းခွဲထိပ်က ကားမှန်ကို အမဲကပ်ထားတဲ့ ကားကို ရှောင်စီးကြပါ။
ကားနံပါတ်တော့ မသိလိုက်လို့ပါ
အဖြူရောင် pro box ကားပါပဲ...

#သတိထားဖို့ပါ

ရန်ကုန်နဲ့ပြည်ဆိုတာ

အိမ်ဦးနဲ့ကြမ်းပြင်လို လွန်းပြန်အောင်
သွားနေတဲ့ ကျွန်တော်အတွက်တော့ ပထမဆုံးပဲ

အခုခေတ်မှာ ဘယ်သူကိုမှမယုံပါနဲ့

ရန်ကုန်ပြန်ရောက်တော့
ခရေပင်လမ်းခွဲမှာဆင်းတယ်

ဆင်းဆင်းချင်း ဝိုင်းခေါ်တဲ့taxiသမားများလို့

သူတို့နဲ့လွတ်ရာလျောက်ရင်း

လမ်းထိပ်က လူတယောက်က

လာမေးတယ် ဘယ်သွားမလဲ ပေါ့

Taxi ခ ညှိ တယ် အဆင်ပြေတော့
ကားဆီသွားပြီး မောင်းတဲ့သူနဲ့ သူတို့ချင်း
စကားတီးတိုးပြောကြတယ်

ပြီးလည်းပီးယော အကို လာတက်ဆိုပီး
ရှေ့တံခါးဖွင့်ပေးတယ်

ကိုတက်ထိုင်ပီး ကားထွက်ခါနီးမှ
နောက်ကနေ ခုန လာမေးတဲ့ပွဲစားလိုလို
အကောင်က တက်လာတယ်

တယောက်ထဲစီးဖို့ပြောထားတာလေညီဆိုတော့

ဒီနားတင်လိုက်မှာပါတဲ့

ကားထွက်ပြီး ပုံမှန်သွားနေကြ
လမ်းအတိုင်းမဟုတ်ပဲ

မြောက်ဥကလာလေဆိပ်ဖြတ်လမ်းကြားက
ခေါ်သွားပါတယ်

လူလုံးဝပြတ်တဲ့လမ်းပါ

လမ်းထဲစဝင်တာနဲ့ ကားdriver က နောက်ဘက်က
ကားမှန်ကို တင်လိုက်တာသိလိုက်ပါတယ်

Back မှန်က မြင်လိုက်တာ့ လုံးဝအမဲပါ
အပြင်က လုံးဝမမြင်ရတဲ့အနေအထားပါ

နောက်ကမှန်တင်နေတုန်း ခေါင်းက ဆတ်ကနဲ
ဆက်ကနဲ အချက်ပြသလို ၃ခါ၄ခါလောက်ဖြစ်
ပါတယ်

ကိုယ်မြင်လိုက်တဲ့အနေအထား မမှန်တာသိတော့
ကို့မှန်ပေါက်ပေါ် မှန်တင်မရအောင်
လက်တင်ထားပြီး မှန်ပိတ်ရင်
မူးပီးအန်တက်လို့ပါဆိုပီး

Driverနဲ့နောက်ကလူကို တည့်တည့်မြင်ရအောင်
လှည့်ထိုင်လိုကိပြီးခြေထောက်ပါ
သူတို့ဘက်လှည့်ပီး တခုခုဆိုစောင့်ကန်လို့ရအောင်
အနေအထားပြောင်းထားလိုက်တယ်

အာ့ချိန်သုတို့နှစ်ယောက်လည်း မူပျက်ပြီး
ကျွန်တော်အန်ချင်နေလို့ အိတ်ကျွတ်ပေးပါ
ပြောလိုက်တယ်မရှိဘူးပြောတော့ အန်ချင်နေပီ

အန်ချမိလိုကိတော့မယ်ထင်တယ်
ကားရပ်ပေးပါဆိုတာမရပ်ဘူး အတင်း
တံခါးဘောင်ကို ရိုက်ပြီး ချက်ဆွဲဖွင့်လိုက်မှ
ရပ်ပေးတယ်

ကိုလည်း ချက်ခြင်းဆင်းပြီးတဖက်က
လမ်းဘေးမုန့်ဆိုင်ပြေးဝင်သွားတယ်
သူတို့လည်း ချက်ခြင်းမောင်းပြေးသွားတယ်

နံပါတ်အနက်ပါ

ကားမငှါးခင်မှာ မှန်အကုန်ချထားပါတယ်
ကားပေါ်တက်ပီး မှန်တင်မှ အနက်မှန်းသိတာပါ
ကိုနဲ့သိတဲ့taxiကို လာကြိုခိုင်းတာမျိုးပဲ
အဆင်ပြေပါတယ်

ကိုနားတဲ့မုန့်ဆိုင်က အန်တီကပြောတယ်
ပြီးခဲ့တဲ့အပတ်ကပဲ ကောင်မလေးနှစ်ယောက်
ကားပေါ်မှာပိုက်ဆံအိတ်တောင်းပြီး
အာ့လမ်းထဲချခဲ့တာတဲ့

အသက်ကို ဥာဏ်ပဲစောင့်တာပါ

ကံမစောင့်ပါဘူး

Crd

စေတနာမေတ္တာကို နေရာလွဲပြီး မပေးမိပါစေနဲ့ လိုအပ်သူကို လိုအပ်သလောက်ပဲ ပေးပါမတောင်းပဲနဲ့ ပေးတတ်တဲ့အကျင့်ကို ရှောင်ပါအလိုက်သ...
12/08/2025

စေတနာမေတ္တာကို နေရာလွဲပြီး မပေးမိပါစေနဲ့

လိုအပ်သူကို လိုအပ်သလောက်ပဲ ပေးပါ
မတောင်းပဲနဲ့ ပေးတတ်တဲ့အကျင့်ကို ရှောင်ပါ
အလိုက်သိလေ တန်ဖိုးကျလေပါပဲ

သင့်ဘက်က အရာရာကို
အလိုက်တသိနဲ့ လုပ်ဆောင်ပေးတတ်ခြင်းက
တခါတရံမှာ သင့်တန်ဖိုးကို ကျဆင်းစေပါတယ်။

အလကားရရင် တန်ဖိုးမရှိဘူးလို့ ထင်တဲ့သူတွေ
အလကားရနေလို့
တန်ဖိုး မထားတတ်တဲ့သူတွေအတွက်
ဘာမှ ထပ်ပြီး မပေးမိအောင် ကြိုးစားပါ။

ဖြူစင်သော စေတနာနဲ့
စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတရားကို
အစော်ကားခံရခြင်းဟာ
အတော်လေးကို ခံရခက်စေတဲ့ နာကျင်မှုပါ

မေတ္တာ စေတနာဆိုတာ ရောင်ပြန်ပေမယ့်လည်း
တန်ဖိုးမသိသူ (ဒါမှမဟုတ်)
တန်ဖိုးမထားသူတဲ့သူဆီကို ရောက်သွားရင်
အဲ့ဒီမေတ္တာ စေတနာဟာ အချည်းအနှီး ဖြစ်သွားရတယ်။

စေတနာ မေတ္တာဟူသည်
လူတိုင်းနဲ့ ထိုက်တန်သော်လည်း
လူတိုင်းက စေတနာ မေတ္တာနဲ့
မထိုက်တန်ဘူး ဆိုတာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့
သင် အမြဲသတိရနေပါ ....။

Credit

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး သံချေးကပဲ ဖျက်စီးနိုင်တယ်   ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလိ...
11/08/2025

သံကို ဘယ်အရာကမှ မဖျက်စီးနိုင်ဘူး
သံချေးကပဲ ဖျက်စီးနိုင်တယ်

ဒီလိုပဲ မင်းဘဝကို မင်းကလွှဲလို့
ဘယ်သူကမှ ရိုက်ချိုးဖျက်စီးလို့မရဘူး

မင်းဘဝကို မင်းရဲစိတ်ကပဲ
ဖျက်စီးနိုင်တယ်

လူတိုင်း မထိန်းနိုင်တဲ့ ကိုယ့်ရဲစိတ်ကို
အကယ်၍ မင်းထိန်းနိုင်ခဲ့ရင်
မင်းမှာ စူပါစွမ်းအင် တခုရှိနေလို့ပါ

ကိုယ့်စိတ်ကို ထိန်းနိုင်တာဟာ
ရန်သူအယောက် ၁၀၀ ကိုတျောက်ထဲ
တိုက်နိုင်တာနဲ့ ညီမျှတယ်တဲ့

လူတွေရဲ့စိတ်က အပြောင်းလဲမြန်တာမို့
အကယ်၍ မင်းကအခက်ခဲပေါင်းများစွာထဲ
ရှင်သန်ရုန်းကန်နေရတယ်ဆိုရင်

မင်းကိုမင်း ဘယ်တော့ခါမှ
အရှုံးပေးဖို့ မတွေ့မိပါစေနဲ့။

Credit

PUBG ကမ္ဘာ့ ချန်ပီယံလေးတွေအတွက် စိတ်မကောင်းပါဘူး ..ဆုကြေးငွေ ဒေါ်လာ ၅  သိန်းထဲက  ပြည်တွင်း income tax  အဖြစ်  ၂၅ % (ဒေါ်...
09/08/2025

PUBG ကမ္ဘာ့ ချန်ပီယံလေးတွေအတွက် စိတ်မကောင်းပါဘူး ..

ဆုကြေးငွေ ဒေါ်လာ ၅ သိန်းထဲက ပြည်တွင်း income tax အဖြစ် ၂၅ % (ဒေါ်လာ ၁ သိန်းကျော်) ဆောင်ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် ပိုတဲ့ ဒေါ်လာ ၃ သိန်းကျော်ကို ပြည်ပဝင်ငွေအဖြစ် သတ်မှတ်ပြီး ၂၅ % ကို ပြည်တွင်း ဘဏ့်အကောင့် တခုထဲ MMK နဲ့ လဲထည့်ပေးရမယ် (မိသားစုကို အလွှဲပြရမယ်)။

ကျန်တဲ့ ဒေါ်လာ ၂ သိန်းခွဲကိုတော့ USD ကိုင်ထားခွင့်မရှိလို့ အစိုးရရဲ့ ကြီးကြပ်မှု အောက်က ပြည်တွင်း နိုင်ငံခြားငွေ ဘဏ့်အကောင့် ထဲထည့်သိမ်းထားရမယ်လို့ ဆိုပါတယ်။

YMPA အသင်းက လူငယ်လေးတွေ လာကြိုထဲက တခုခုတော့ ညစ်တော့မယ်လို့ စိတ်ထင့်နေခဲ့တာပါ။ ခုလောက်ထိ ညစ်တာကိုတော့ စိတ်မကောင်းပါဘူး။ .
Income tax ဆိုတာ အခြားတိုင်းပြည်တွေမှာလည်း ဆောင်ရတာပါပဲ၊ မြန်မာနိုင်ငံမှာလည်း ဆောင်ရမှာပါ။
ဒါပေမယ့် ငွေမဲတွေနဲ့ လုပ်ငန်း လည်ပတ်နေတဲ့ ခရိုနီကြီးတွေ နှစ်စဉ် ဘီလျံနဲ့ချီပြီး အခွန်ရှောင်နေချိန်မှာ သာမန် ပြည်သူတွေ ရိုးသားစွာ ရှာဖွေထားတဲ့ ငွေဖြူတွေကို နည်းအမျိုးမျိုးနဲ့ ညှစ်နေတာကတော့.. .
SZNT-Articles and News

သံကို အပူပေးလေလေသူ့မာကျောမှုလျော့ လေလေဖြစ်သလိုရွှေကိုလည်း အပူပေးလေလေပိုမိုတောက်ပလာလေလေဖြစ်ပါတယ်။ထို့အတူပဲ စိန်ဟာလည်း ပွတ...
09/08/2025

သံကို အပူပေးလေလေ
သူ့မာကျောမှုလျော့ လေလေဖြစ်သလို
ရွှေကိုလည်း အပူပေးလေလေ
ပိုမိုတောက်ပလာလေလေဖြစ်ပါတယ်။

ထို့အတူပဲ စိန်ဟာလည်း ပွတ်တိုက်လေလေ၊ ပိုမိုတောက်ပလာလေဖြစ်ပြီး
မြေအိုးကို မီးနာနာဖုတ်လေလေ ပိုခိုင်မာလေလေဖြစ်ပါတယ်။

သင်က နေမင်းကြီးလိုတောက်ပချင်ရင်
နေမင်းကြီးလောင်ကျွမ်းသလို လောင်ကျွမ်း
နိုင်ရမှာဖြစ်ပါတယ်။
မြစ်တစ်ဆင်းလို လှပစွာ စီးဆင်းချင်ရင်
တောတောင်ကို ကျော်ဖြတ်ပြီး စီးဆင်းနိုင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့ ဒီကမ္ဘာမြေကြီးမှာရှိတဲ့
သဘာဝတရားကတောင် အလွယ်တကူမရှိနေတာ
ဒီကမ္ဘာမြေမှာ မွေးလာတဲ့ သင် လူတစ်ယောက်က
သင်လျောက်နေတဲ့ လမ်းကြောင်းတွေ
လွယ်ကူမယ်လို့ ဘယ်လိုများတွေးမိလိုက်သလဲ

အခုခက်ခဲနေလား သိပ်မကြာခင်မှာ လွယ်ကူလာပါလိမ့်မယ် အမြဲတမ်းကြိုးစားအားထုတ်နေဖို့လိုပါတယ်။

ကြိုးစားနေတဲ့သူက တစ်ချိန်မှာ အောင်မြင်လာမှာပဲမို့
တစ်ခုသိထားရမှာက ပြဿနာတိုင်းမှာ
အဖြေရှိနေတာဖြစ်ပြီး ကနေ့မဟုတ်ရင် မနက်ဖန် အဖြေရမှာဖြစ်ပါတယ်။

#ဘဝစာပေ #လူငယ်

သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပ...
08/08/2025

သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…
ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …
ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..
ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...
နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။
ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..
crd_to_writer

Address


Website

Alerts

Be the first to know and let us send you an email when Recap Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Recap Entertainment:

  • Want your business to be the top-listed Media Company?

Share