EXIT news

EXIT news Wars and International Conflicts, Religious, Knowledge, Articles & Youth Life Newsletter..

ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အရ လူဟာ သေပြီးရင်...နှလုံးက- ၁၀ မိနစ်ဦးဏှောက်- ၂၀ မိနစ်မျက်လုံး- ၄ နာ...
23/06/2022

ဆေးဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အရ လူဟာ သေပြီးရင်...
နှလုံးက- ၁၀ မိနစ်ဦးဏှောက်- ၂၀ မိနစ်
မျက်လုံး- ၄ နာရီ အရေအပြား- ၅ရက်
အရိုး- ၃၀ရက် ထိ အလုပ်လုပ်ပါတယ်။
၃-ရက် အကြာမှာတော့ လက်သည်းခွံတွေ ကြွေလာပါတယ်။
၄-ရက် အကြာမှာ ဆံပင်တွေ ကျွတ် လာပါတယ်။
၅-ရက် အကြာမှာ ဦးဏှောက်က အရည်ပျော်ပါတယ်။
၆- ရက် အကြာမှာတော့ အစာအိမ်က အရည်ဖြစ်ပြီး ထွက်လို့ရသမျှ အပေါက်ကနေ အရည်တွေ ထွက်လာတယ်။
၆၀-ရက် အကြာမှာ ကမ္ပဌာန်း ရုပ်ပဲ ကျန်ပါတော့တယ်။
လူက ၂လ လောက်ပဲ ခံတဲ့ ခန္ဓာကိုယ် ကို
ထာဝရ ခရီးကို သွားရမယ့် ဝိညာဉ် ထက် ပိုပြီး ဦးစားပေးကြတယ်။
ခင်ဗျား
ဘာလူမျိုးလဲ?
ဘယ်ဘာသာလဲ?
ဘယ်လောက်ချမ်းသာလဲ?
ဘယ်လောက်ဆင်းရဲလဲ?
ဂုဏ်ပကာသန ဘယ်လောက်ကြွယ်ဝသလဲ?
သေချာပြောနိုင်တာ တစ်ခုကတော့ ခင်ဗျား
ဘာကြီးပဲ ဖြစ်နေဖြစ်နေ တနေ့ သေရမှာပဲ။...

Crd

Crd to OriginalDubai အတွေ့အကြုံတခုက Beggar တွေအကြောင်း လေ့လာမိတာပဲ။ 2022 ရာမဒန် ကာလမှာ Police တွေဟာ Beggar အယောက် တရာကျေ...
04/06/2022

Crd to Original

Dubai အတွေ့အကြုံတခုက Beggar တွေအကြောင်း လေ့လာမိတာပဲ။ 2022 ရာမဒန် ကာလမှာ Police တွေဟာ Beggar အယောက် တရာကျော်ဖမ်းမိတယ်။ ဖမ်းမိတဲ့သူတွေထဲက၃ ပုံ ၂ ပုံက အမျိုးသားတွေ၊ ကျန်တာကတော့ အမျိုးသမီးတွေ။ အဲ့ဒီထဲက တချို့က Foreigner
တွေ၊ Tourist Visa တွေပါသလို Business Visa
နဲ့လာတဲ့သူတွေလည်းရှိတယ်။

တရက်ဘယ်လောက်ရကျသလဲဆိုတော့ ပျမ်းမျှ AED 9000 ( U$ 2450 ) လောက်ထိရတဲ့သူတွေရှိတယ်။ တလဝင်ငွေဟာ နေ့စဥ်တောင်းရင် U$ 75000 ထိရတယ်။ ဒါပေမဲ့ အတော်များများ Professional Beggar တွေဟာRelax လုပ်ကြတဲ့အချိန် တပတ် ၂ ရက်လောက်ထိထားတတ်ကြသတဲ့။ Dubai ကိုလာမတောင်းခင် Beggar Traing ကို Zoom လို App မျိုးကတဆင့်တက်ပြီးမှ လာတောင်းရမ်းတဲ့သူတွေပါရှိကြတယ်။

ဘယ်နေရာ ဘယ် Point ကတော့ဖြင့် ဘယ်နေ့ ဘယ်အချိန်တွေမှာ ငွေပိုရတတ်တယ်၊ သောကြာနေ့လို့ နေ့ရက်တွေအတွက် ဘယ်နေရာဟာ အကောင်းဆုံး၊ Weekend တွေဆိုရင် ဘယ်နေရာ၊ ဘယ်လိုပြောဆို ဘယ်လိုဝတ်ဆင် ဘယ်သူတွေကို Target ထား ဆိုတာမျိုးတွေအထိ သင်ပေးတဲ့ Lectures တွေ ရှိတယ်။ ကိစ္စရပ်တိုင်းဟာ စိတ်ဝင်စားစရာပဲ လေ့လာကြည့်ရင်တော့ ။

Professional ကျရင် တလ သိန်း ၁၀၀၀ နော် .....
၅ ရက် အလုပ်လုပ်၊ တပတ် ၂ ရက်နားးး။
😁😁😁😁😁

#စာခိုး

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမူးဟောင်းရုပ်ရှင်သရုပ်ဆောင်အာနိုးဟာ တချိန်က သြစတြီးယားတပ်မတော် တင့်ကားတပ်ဖွဲ့မှာ M47 P...
28/04/2022

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမူးဟောင်း
ရုပ်ရှင်သရုပ်ဆောင်အာနိုးဟာ တချိန်က သြစတြီးယားတပ်မတော် တင့်ကားတပ်ဖွဲ့မှာ M47 Patton တင့်အဖွဲ့သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်

သူဟာအောင်မြင်ကျော်ကြားပြီးချမ်းသာလာတဲ့အချိန်မှာသူမောင်းနှင်ခဲ့ဖူးတဲ့တင့်ကားကိုသွားပြန်လိုက်ရှာခဲ့ပြီး မောင်းလို့မရတော့တဲ့သူ့တင့်အဟောင်းကိုဝယ်ယူပြီးအမေရိကကိုသယ်လာခဲ့ပါတယ်
အဲ့နောက်မှာတော့ သေချာပြန်လည်ပြင်ဆင်ခဲ့ပြီးအမြတ်တနိုးထိမ်းသိမ်းစောင့်ရှောက်ထားကြောင်းသိရပါတယ်

The former governor of California posted this as his profile photo today!

For those who do not know, Arnold was a tanker in the Austrian Army, having crewed the M47. IIRC, after becoming rich and famous, he tracked down his old tank, which had been converted to a stationary tank emplacement guarding a pass in Austria, bought it, shipped it the the US, and had it restored!


Crd to Tankers

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း Azov ပင်လယ်ဆိပ်ကမ်းမြို့ Mariupol မြို့က သံမဏိစက်ရုံအောက်က နူကလိယားဒဏ်ခံ မြေအောက်ဥမင်ဘန်...
20/04/2022

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း Azov ပင်လယ်ဆိပ်ကမ်းမြို့ Mariupol မြို့က သံမဏိစက်ရုံအောက်က နူကလိယားဒဏ်ခံ မြေအောက်ဥမင်ဘန်ကာကြီး
မြေကြီးအောက်အတွင်းမှာ နက်ရှိုင်းကြီးမားစွာတည်ရှိနေတဲ့ ဒီမြေအောက်ဘန်ကာကြီးကို စစ်အေးခေတ်အတွင်းက သံမဏိစက်ရုံလုပ်သား ၄၀၀၀၀ ကိုနူကလိယားတိုက်ခိုက်မှုဒဏ်ကနေလွတ်မြောက်နိုင်အောင် ဆိုဗီယက်ပြည်ထောင်စုကတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်
(ဒါကြောင့်ရုရှားတို့အနေနဲ့ ဒီမြေအောက်ဘန်ကာအကြောင်းကိုသိပြီးသားဖြစ်ပါတယ်)
မြေအောက်ဘန်ကာကြီးရဲ့အပေါ်ဘက်မြေပြင်ပေါ်မှာတော့ မြေအောက်ကတပ်ဖွဲ့ဝင်များကိုအကာအကွယ်ပေးဖို့ မိုင်များစွာဧရိယာအတွင်း အဆောက်အဦးတွေ ဂိုဒေါင်တွေ ဓတ်အားပေးရုံတွေ မီးခိုးခေါင်းတိုင်တွေတည်ဆောက်ထားပါတယ်
ဥမင်လှိုဏ်ခေါင်းများဟာအလွန်လုံခြုံမှုရှိပြီး အထပ်ခြောက်ထပ်တည်ဆောက်ထားပါတယ်
ဒီဥမင်လှိုဏ်ခေါင်းများဟာဗုံးကြဲတဲ့ဒဏ်ကိုကောင်းစွာခံနိုင်ရည်ရှိလောက်အောင်မာကြောခိုင်ခံ့ပါတယ်
ဥမင်အတွင်းကလူနားနေရာနေရာတခုဟာ တပ်ဖွဲဝင်ပေါင်း ၁၅၀၀ လောက်ဝင်ဆန့်လောက်အောင်ကျယ်ဝန်းပါတယ်
ဒီမြေအောက်ဘန်ကာဥမင်လှိုဏ်ခေါင်းကြီးတခုလုံးကိုရှင်းလင်းဖို့က ကလိုရင်းဓတ်ငွေ့လို ဓာတုလက်နက်တွေအသုံးပြုမှဖြစ်နိုင်မဲ့ပုံရပါတယ်
မြေကြီးအပေါ်ဘက်ကိုဖောက်လုပ်ထားပေးတဲ့ လှိုဏ်ခေါင်းပေါက်လေးများစွာကနေ ယူကရိန်းတိုက်ခိုက်ရေးတပ်မဟာတခုလုံးဟာ မာရီယူပိုးလ်မြို့အနှံ့မှာပျောက်ကျားတိုက်ခိုက်မှုများပြုလုပ်ဖို့ လွယ်ကူလျင်မြန်စွာအရောက်သွားနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်

ဒါပေမဲ့ယူကရိန်းတပ်ဖွဲ့များဟာမြေအောက်ဘန်ကာဥမင်လှိုဏ်ခေါင်းအတွင်းမှာဘယ်လောက်ပဲလုံခြုံနေပါစေ ရက်ပေါင်း ၅၀ ကျော်လုံးလုံး ရုရှားတပ်ဖွဲ့ပေါင်းစုံရဲ့ရက်ရက်စက်စက် ပိတ်ဆို့ဗုံးကျဲ တိုက်ခိုက်ခံနေရတဲ့အပြင် ပြင်ပက လက်နက်ခဲယမ်းနဲ့ အဓိကအသက်ရှင်နေထိုင်နိုင်ဖို့အရေးကြီးတဲ့ စားနပ်ရိက္ခာအကူအညီများ မပို့ပေးနိုင်တဲ့အတွက် ဆက်လက်တောင့်ခံဖို့ခက်ခဲလာနေပြီး အခုဆို တဖွဲဖွဲလက်နက်ချနေကြတာကိုမြင်တွေ့နေရပြီး Mariupol မြို့တခုလုံးဟာလဲရုရှားလက်ထဲကျရောက်ဖို့အလွန်နီးစပ်နေပြီဖြစ်ပါတယ်

photo Crd

အိန္ဒိယနိုင်ငံ အနောက်ဘက်ဒေသ မဟာရက်ထရာပြည်နယ် ဆဟိုင်ဒရီ ကျားဘေးမဲ့တောအတွင်းမှာ ထိမ်းသိမ်းစောင့်ရှောက်ခံ Bengal Monitor Li...
19/04/2022

အိန္ဒိယနိုင်ငံ အနောက်ဘက်ဒေသ မဟာရက်ထရာပြည်နယ် ဆဟိုင်ဒရီ ကျားဘေးမဲ့တောအတွင်းမှာ ထိမ်းသိမ်းစောင့်ရှောက်ခံ Bengal Monitor Lizard (ဖွတ်ကြီးမျိုး) တကောင်ကို
အုပ်စုဖွဲ့မဒိန်းကျင့်ပြီးသတ်ဖြတ်စားသောက်ခဲ့တဲ့ အမျိုးသား ၄ဦးကိုဖမ်းဆီးအရေးယူ

မဟာရက်ထရာသစ်တောထိမ်းသိမ်းရေးဌာနက လက်နက်ကိုင်ဆောင်ပြီး ဘေးမဲ့တော့အတွင်းသွားလာနေတဲ့သူတို့အဖွဲ့ကို ဘေးမဲ့တိရိစ္ဆာန်စောင့်ကြည့် CCTV ကင်မရာများမှနေတဆင့် မသင်္ကါဖွယ်တွေ့ရှိခဲ့ရတာဖြစ်ပြီး သွားရောက်စစ်ဆေးမေးမြန်းတဲ့အခါ ဖွတ်မဒိန်းကောင်တဦးရဲ့လက်ကိုင်ဖုန်းထဲမှာ ဖွတ်ကိုမဒိန်းကျင့်နေစဥ်ရိုက်ယူထားတဲ့ ဗီဒီယိုဖိုင်ကိုတွေ့ရှိခဲ့ရတဲ့အတွက် ရှာပါးတိရိစ္ဆာန်ထိမ်းသိမ်းစောင့်ရှောက်ရေးဥပဒေအပြင် ရာဇသတ်ကြီးပုဒ်မ ၃၇၇ (မြန်မာနဲ့တူ) အရဖမ်းဆီးအရေးယူထားတာဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၁၀ နှစ်ခန့် ချမှတ်ခံရနိုင်ပါတယ်


ကမ္ဗာပေါ်ကရှိရှိသမျှ တင့်ဖျက်ဒုံးကျည်တွေစုပြုံနေတဲ့ ယူကရိန်းမှာ ရှိသမျှတင့်ဖျက်ဒုံးအားလုံးထက် ထိရောက်မှုပိုကောင်းတဲ့ အစ္...
18/04/2022

ကမ္ဗာပေါ်ကရှိရှိသမျှ တင့်ဖျက်ဒုံးကျည်တွေစုပြုံနေတဲ့ ယူကရိန်းမှာ ရှိသမျှတင့်ဖျက်ဒုံးအားလုံးထက် ထိရောက်မှုပိုကောင်းတဲ့ အစ္စရေးနိုင်ငံထုတ်
Spike ATGM များကိုမကြာမှီမှာယူကရိန်းစစ်မြေပြင်မှာမြင်တွေ့လာရဖွယ်ရှိတယ်လို့ဆိုပါတယ်

အစ္စရေးထုတ် SPIKE ဒုံးကျည်ဟာမျိုးကွဲ ၈မျိုးလောက်ရှိပြီး မျိုးကွဲအလိုက်ထိရောက်မှုအကွာအဝေး ပြောင်းလဲသွားပါတယ်
အနိမ့်ဆုံး Mini Spike ဒုံးက ၈၀၀ မီတာလောက်ထိပစ်ခတ်နိုင်ပြီး
Spike-NLOS မျိုးကွဲကတော့ မီတာ ၂၅၀၀၀ ထိပစ်ခတ်နိုင်ပါတယ်
ဒုံးကျည်တခုရဲ့တန်ဖိုးဟာလဲ အမေရိကန်ဒေါ်လာ ၂သိန်းကျော်ရှိတာဖြစ်ပြီး

ယူကရိန်းကဘယ်အမျိုးအစားကိုရရှိမယ်ဆိုတာတော့မသိရသေးပါဘူး

စစ်ပွဲမစခင်ကနေစစ်ပွဲတလျောက် ရုရှားနဲ့ဆက်ဆံရေးမပျက်ပြားလိုတဲ့အစ္စရေးဟာ ဂျူးလူမျိုးယူကရိန်းသမ္မတရဲ့ စစ်လက်နက်ပစ္စည်းအကူအညီတောင်းခံမှုတွေကိုတောက်လျောက်လစ်လျူရှု့လာခဲ့တာဖြစ်ပါတယ်

လက်တလောမှာတော့ အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများနဲ့ ပရိပက္ခများဖြစ်ပွားဖို့တာဆူနေတာဖြစ်ပြီး ပြသနာအကြီးအကျယ်ဖြစ်တဲ့အခါ ကမ္ဗာ့နိုင်ငံများရဲ့ထောက်ခံအားပေးမှုကိုလိုအပ်တာဖြစ်လို့ အခုလိုယူကရိန်းကို စစ်လက်နက်ပစ္စည်းအကူအညီပေးဖို့လေသံဟလာတာဖြစ်နိုင်ပါတယ်

မြန်မာနိုင်ငံကလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် လေယာဥ်ပစ်ဒုံးကျည်များကို မူးယစ်ဆေးဝါးနဲ့လဲလှယ်ဝယ်ယူဖို့လုပ်ဆောင်ခဲ့တဲ့ ယာကူဇ...
08/04/2022

မြန်မာနိုင်ငံကလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် လေယာဥ်ပစ်ဒုံးကျည်များကို မူးယစ်ဆေးဝါးနဲ့လဲလှယ်ဝယ်ယူဖို့လုပ်ဆောင်ခဲ့တဲ့

ယာကူဇာဂိုဏ်းခေါင်းဆောင်း Takeshi Ebisawa နှင့် ထိုင်းနှင့်အမေရိကန် နှစ်နိုင်ငံသားခံယူထားသူတဦး (ထိုင်းလေတပ်အရာရှိဟောင်း) နှင့်ထိုင်း၂ဦး (ထိုင်းစစ်တပ်အရာရှိဟောင်း)
ပေါင်း ၄ဦးကို
နိုင်ငံဖြတ်ကျော် လက်နက်နှင့်မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်ဖောက်ကားမှုနဲ့ဖမ်းဆီးအရေးယူထားတယ်လို့
အမေရိကန်တရားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်

ဘိန်းဖြူ ၅၀၀ ကီလိုဂရမ် နှင့် အဖက်တမင်း နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါးနဲ့လက်နက်ခဲယမ်းများ၅၀၀ ကီလိုဂရမ်ကို လေယာဥ်ပစ်ဒုံးကျည်များနဲ့အလဲအလှယ်လုပ်မဲ့အရောင်းအဝယ်ကို
အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအထူးတပ်ဖွဲ့ DEA အေးဂျင့်များက ဟန်ဆောင်အသွင်ယူပြီးဖမ်းဆီးခဲ့တာဖြစ်အမေရိကန်တရားရေးဝန်ကြီးဌာနကပြောပါတယ်တယ်လို့ဆိုပါတယ်

ဖမ်းဆီးခံရတဲ့ယာကူဇာဂိုဏ်းဟာ
UWSA ရယ် KNU ရယ် SSA (တောင်လားမြောက်လားတာ့မသိ) နှင့်အခြားအဖွဲ့၂ခု
အဲ့ဒီအဖွဲ့အတွေအပြင် သီရိလင်္ကါက တမီးလ်ကျားသူပုန် အဖွဲ့အတွက်ပါ မောင်းပြန်ရိုင်ဖယ်များ စက်သေနတ်များ ဒုံးပစ်လောင်ချာများအပြင် လေယာဥ်ပစ်ပုခုံထမ်းဒုံးကျည်များကိုပါ မူးယစ်ဆေးဝါးနှင့်လဲလှယ်ဝယ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်

မြန်မာ ထိုင်း နယ်စပ်ကနေမူးယစ်ဆေးဝါးတွေကိုအမေရိကထိသယ်သွားပြီး ဟိုမှာလက်နက်ခဲယမ်းတွေနဲ့အလဲအလှည်လုပ်
လက်နက်ခဲယမ်းတွေကိုထိုင်းနိုင်ငံကိုပြန်သယ်လာ တော်လှန်ရေးအဖွဲ့တွေဆီရောင်းစား
အဲ့လိုလုပ်စားနေကြတာဖြစ်မယ်

ဘာပဲဖြစ်ဖြစ်မူးယစ်ဆေးဝါးတွေပါဝင်ပတ်သတ်နေတော့ မြန်မာပြည်ကတော်လှန်ရေးအဖွဲ့တွေအတွက်တော့နိုင်ငံတကာမှာမျက်နှာပန်းမလှစရာဖြစ်တာပေါ့

Address


Website

Alerts

Be the first to know and let us send you an email when EXIT news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share