09/06/2024
ခရီးဝေးနှင်လာပြီးမှ ပထမဆုံးတွေ့ရှိတဲ့
အိုအေစစ်လေးပါ....
လမ်းတစ်ဝတ်မှာကျပျောက်ခဲ့တဲ့
မေတ္တာတွေ အကို့ အလင်းအောက်
ရူးရူးမိုက်မိုက် ရှာဖွေမိသေးတာ...
ပါးချိုင့်လေးက လူသတ်လက်နက်ပါလို့
ပြောတော့ အကိုကရယ်တယ်
ကျတော်ထပ်သေတယ်...
လှပနူးညံတဲ့အပြုံးဥယျာဉ်လေးထဲ
လိပိပြာလေးလို တဝဲလည်လည်....
မျက်ခုံးနက်နက်တွေထဲ
လမ်းပျောက်နေလို့ လမ်းပြပေးမဲ့သူ
မလိုအပ်ဘူးတကယ်...
နဖူးပေါ်တချက်ချက်ဝဲကျလာတဲ့
ဆံနွယ်တွေကြောင့် နှလုံးသားလေး
ရုတ်တရက်ဖျားသွားရတယ်....
ရူးနမ်းလိုက်ပုံများ
အကိုပြန်ချစ်လာမလား နှင်းဆီပွင့်ဖက်တွေ
တလွှာချင်းခြွေ
ကျွန်တော်လဲနေမြင့်လေအရူးရင့်လေ