May Thin Kyu Celebrating life 💎

Travel | Wellness | Lifestyle

12/06/2026

POV: You change into a Burmese traditional outfit for the wedding reception and the production crew goes wild 🔥✨

Parisian girl at heart 🖤 Back in one of my favorite cities again but this time for a familymoon with my favorite people ...
11/06/2026

Parisian girl at heart 🖤

Back in one of my favorite cities again but this time for a familymoon with my favorite people after our UK destination wedding 🇲🇲✨

10/06/2026

Our Honeymoon in Greece 🇬🇷

For us, the ultimate honeymoon meant embracing the concept of slow travel after a long and tiring destination wedding in the UK from Myanmar 🇲🇲

We chose Acro Suites in Crete, where high-performance wellness meets total serenity. With a state-of-the-art gym, dedicated yoga and Pilates studios, and an incredible spa, it’s the ultimate space to disconnect and reset.

Our kind of slow travel isn’t about doing less; it’s about experiencing more intentionally. Our days are a seamless blend of movement and mindfulness; jumping between running, boot camp, yoga, and deep tissue massages, all capped off with a dip in the Mediterranean ocean. 🌊

နိုင်ငံခြားခရီးသွားပုံတွေပဲ တင်ဖြစ်လို့ နိုင်ငံခြားမှာ နေတယ် ထင်နေကြတာ။ တကယ်တော့ ကျောင်းပြီးတော့ Sydney ကနေ 2015 မှာပြန်...
08/06/2026

နိုင်ငံခြားခရီးသွားပုံတွေပဲ တင်ဖြစ်လို့ နိုင်ငံခြားမှာ နေတယ် ထင်နေကြတာ။

တကယ်တော့ ကျောင်းပြီးတော့ Sydney ကနေ 2015 မှာပြန်ရောက်ခါထဲက မြန်မာပြည်မှာပဲ တစ်စိုက်မတ်မတ် ရှိနေတာပါ။ ရန်ကုန်မှာ အိမ်၊ ရုံး၊ Gym ပဲ ပတ်ချာလည်နေလို့ Daily ပုံ သိပ်မရှိတာပါ။

ဒါကြောင့် စိတ်အပန်းဖြေစရာ ရှမ်းပြည်က Snap လေးတွေ တင်ပေးလိုက်ပါတယ် 🌿

Location တွေသိရင် comment box မှရေးခဲ့ပေးဦးနော် 🥰🫶

07/06/2026

POV: You traveled 5,370 miles for a dream destination wedding in London 🏛️♥️

Yangon ♾️ London

The ultimate destination for our forever.

Would you cross continents for your dream day? 👇

✨ Wellness Habits I Invested in My 20s for My 30s ✨မေ မကြာသေးခင်ကတင် HYROX ပြိုင်ပွဲနဲ့ 21KM Half Marathon ကို Training ...
07/06/2026

✨ Wellness Habits I Invested in My 20s for My 30s ✨

မေ မကြာသေးခင်ကတင် HYROX ပြိုင်ပွဲနဲ့ 21KM Half Marathon ကို Training သီးသန့်မဆင်းဘဲ ပန်းဝင်ခဲ့ပါတယ်။ အဲဒါက မေ အသက် ၂၀ လောက်ကတည်းကစပြီး အလုပ်တစ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Wellness Habits ကြောင့်လို့ ယုံကြည်ပါတယ်။

၂၀ ကျော် ညီမလေးတွေအတွက် ရေရှည်မှာ အကျိုးရှိစေမယ့် Wellness Habits ရင်းနှီးမြှုပ်နှံမှု (၅) ခုအကြောင်းကို မျှဝေပေးချင်ပါတယ်

1️⃣ Invest in the "Hybrid" Fitness Regime

အသက် ၂၀ ကျော်အရွယ်ဟာ ဘာလုပ်လုပ် သင်ရမှတ်ရလွယ်ပြီး recovery လည်း မြန်တဲ့အချိန်ဖြစ်လို့ Heavy Resistance Training နဲ့ Zone 2 Cardio ပြေးခြင်းတို့ကို မျှတအောင် တွဲဖက်လုပ်ဆောင်သင့်ပါတယ်။ Resistance training နဲ့ Cardio လေ့ကျင့်ခန်း နေ့စဉ်လုပ်တဲ့ အလေ့အကျင့်ရှိခြင်းက အရိုးပွတာ၊ အဆစ်နာတာနဲ့ ဝိတ်တက်တဲ့အချိန်မှာ ကာကွယ်ပေးနိုင်မယ့် အလေ့အကျင့်ကောင်းတစ်ခုပါ။

2️⃣ Invest in Quality Sleep Routine

အိပ်ရေးပျက်ခံခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေပြီး ခန္ဓာကိုယ်ကို ရောင်ရမ်းမှုတွေ ဖြစ်စေပါတယ်။ ငယ်ငယ်ကတည်းက အိပ်ချိန်၊ ထချိန်ကို တိကျအောင် ထိန်းသိမ်းပြီး ညဘက် အရည်အသွေးရှိရှိ အိပ်စက်ခြင်းကို မဖြစ်မနေ အလေ့အထလုပ်ပေးပါ။ အိပ်ရေးဝဝအိပ်စက်ခြင်းက Cortisol (Stress Hormone) တွေကို လျှော့ချပေးပြီး ရေရှည်မှာ Mind and Body အတွက် သဘာဝအတိုင်း Recovery လုပ်ပေးနိုင်ဆုံး အကောင်းဆုံးအရာပဲ ဖြစ်ပါတယ်။

3️⃣ Invest in Healthy Metabolism

အသက် ၂၀ ကျော်မှာ ဘာစားစား ဝမလာပေမယ့် Healthy Routine (လေ့ကျင့်ခန်းနှင့် အစားအသောက်) ကြိုတင်မရှိခဲ့ရင် အသက် ၃၀ ကျော်မှာ ဝိတ်ထိန်းရ ခက်သွားတတ်ပါတယ်။ အသက်ရလာလို့ Muscle mass နည်းပြီး Fat percentage များလာတာက ခန္ဓာကိုယ်ရဲ့ စွမ်းအင်လောင်ကျွမ်းနှုန်း (Metabolic Rate) ကို နှေးသွားစေပြီး ဝိတ်ပြန်ချရ ခက်ခဲစေတာပါ။ ဒါကြောင့် အသက် ၃၀ ကျော်အထိ Healthy BMI ထိန်းထားနိုင်ဖို့ အသက် ၂၀ အရွယ်ကတည်းက Muscle mass မြှင့်တင်၊ Fat percentage လျှော့ချပြီး Healthy Metabolism ရရှိစေမယ့် အလေ့အကျင့်ကောင်းများကို ကြိုတင်တည်ဆောက်ထားရပါမယ်။

4️⃣ Invest in Good Habits & Self-Care

Micro-habits ဆိုတာ သေးငယ်ပေမယ့် ထိရောက်တဲ့ နေ့စဉ် အလေ့အကျင့်ကောင်းလေးတွေ ဖြစ်ပါတယ်။ ဥပမာ- Skin care ပုံမှန်လုပ်တာ၊ ညအိပ်ချိန်မှန်တာ၊ အလုပ်အချိန်တိကျတာနဲ့ တစ်နေ့တာ Balanced routine ရှိတာမျိုးတွေပါ။ ဒီအလေ့အကျင့်လေးတွေက နေ့စဉ်လုပ်နေကျ အသေးအမွှားကိစ္စလေးတွေလို ထင်ရပေမယ့် ရေရှည်မှာ စုမိလာတဲ့အခါ (Compounding Effect အနေနဲ့) ကိုယ့်ရဲ့ ကျန်းမာရေး၊ အလှအပနဲ့ စွမ်းဆောင်ရည်တွေကို သိသိသာသာ အကောင်းဘက်ကို ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲတွေထက် ဒီလို နေ့စဉ် Micro-routine လေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းကသာ ရေရှည်မှာ ထိန်းသိမ်းနိုင်မယ့် Wellness Habit တစ်ခုပါပဲ။

5️⃣ Invest in Stress Management Mechanisms

ဘဝမှာ ဖိအားဆိုတာ ရှိနေမှာပဲမို့ ကိုယ့်စိတ်ကို ပြန်ကုစားပေးနိုင်မယ့် Routine လေးတွေကို ကြိုတင် တည်ဆောက်ထားပါ။ (ဥပမာ- တရားထိုင်တာ၊ ပုံမှန်အားကစားလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ၊ ခရီးထွက်တာနဲ့ မိသားစုကို အချိန်ပေးတာ) စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်တဲ့ မိမိအတွက် အလေ့အကျင့်ကောင်းတွေကို ကြိုတင်သိအောင်လုပ်ပြီး စိတ်အေးချမ်းမှု (Mindfulness) ရှိမှသာ ရေရှည်မှာ Burnout မဖြစ်ဘဲ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ။

အသက် ၂၀ အရွယ်ကတည်းက ခန္ဓာကိုယ်နဲ့ စိတ်ကို စနစ်တကျထိန်းသိမ်းထားမှသာ ရေရှည်အတွက် ကောင်းကျိုးတွေ ရလာမှာပါ။ ညီမလေးတို့ကော အသက် ၃၀ အတွက် အခုကတည်းက ဘယ်လို Wellness Habits မျိုးတွေကို ရင်းနှီးမြှုပ်နှံနေပြီလဲ? Comment မှာ မျှဝေခဲ့ဦးနော်။ ✨

Plan for your dream life, not a dream weddingမနှစ်က ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်မှ မင်္ဂလာဆောင်ဖြစ်ခဲ့ကြတယ်။ စတွေ့တုန်းက...
01/06/2026

Plan for your dream life, not a dream wedding

မနှစ်က ချစ်သူသက်တမ်း (၁၀) နှစ်ပြည့်မှ မင်္ဂလာဆောင်ဖြစ်ခဲ့ကြတယ်။ စတွေ့တုန်းက အသက် (၂၂) နှစ်ပဲ ရှိသေးတဲ့ မေက ရည်မှန်းချက် တစ်ခုပဲ ရှိခဲ့တယ်—Career ကို တည်ဆောက်ပြီး ကိုယ်ဖြစ်ချင်တဲ့ life ကိုသူနဲ့အတူတူတည်ဆောက်မယ်။

တွဲပြီး ခဏလောက်အတွင်းမှာတင် “We both know we found the one”။ ဒါပေမဲ့ နှစ်ယောက်စလုံးက Type A personality ရှိသလို အရာရာတိုင်းကို လက်တွေ့ကျကျပဲ တွေးပြီး ကြိုတင်စီစဉ်တတ်တဲ့အတွက် အချိန်တစ်ခုယူပြီး၊ မိဘဆီကအရင်းအနှီးတစ်ခုမှမယူဘဲ အတူတူကြိုးစားခဲ့ကျတယ်။

(၁၀) နှစ်ကြာသောအခါ ရလဒ်ကတော့-

💎 Yangon နဲ့ England မှာ မြို့တွင်းနေရာကောင်းကောင်းမှာ mortgage မယူပဲ ခြံတစ်ခုစီ ဝယ်ခဲ့ကြတယ်။

💎 ကိုယ်မွေးလာမယ့် ကလေးတွေကိုအကောင်းဆုံး Education ကို University အထိထားပေးနိုင်မယ့် ငွေပမာဏကိုစီစဉ်ထားတယ်။

💎 မေရဲ့ Dream Wedding အတွက် မိဘတွေကို တစ်ပြားမှ အကုန်အကျမခံရအောင် ကိုယ့်ဘာသာ ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံနဲ့ပဲ အားလုံးကို တာဝန်ယူပြီး ကျင်းပခဲ့တာ။

ပြောချင်တာက Wedding ဆိုတာ relationship milestone ကို အမှတ်တရအနေနဲ့ celebrate လုပ်တာပါပဲ။ အဲဒီမှာတင် ပြီးဆုံးသွားတာ မဟုတ်တဲ့အတွက် အဲဒီအလွန်မှာ တကယ်ရင်ဆိုင်ရမယ့် ဘဝကို အချိန်ယူပြီး ကြိုတင်ပြင်ဆင်သင့်ပါတယ်။

မေက ခေါင်းကတော့ မာတယ်၊ နောက်ခံအသိုင်းအဝိုင်း ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ဘဝကို ကိုယ်တိုင်တည်ဆောက်ဖို့ တာဝန်က ဘဝလက်တွဲဖော်နှစ်ဦးရဲ့ တာဝန်ပဲလို့ အပြည့်အဝ ခံယူထားတယ်။ ကိုယ်ကြောင့်ဘယ်သူမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး။ အဲဒီကြောင့် အသက်ထက် life goals တွေအောင်မြင်ပြီးမြောက်မှပဲ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားတာ။

Find someone to build your dream life with!

30/05/2026

Our Destination Wedding in the UK
From Yangon ➡️ London 🇲🇲 🇬🇧💍

14.10.2025

🌟 Grit & Grace Mindset: Women Who Inspired Meမေရဲ့ Post တွေဟာ စာအုပ်တွေထဲကမဟုတ်ဘဲ လက်တွေ့ဖြတ်သန်းမှုတွေထဲက သိမြင်လာတဲ့ ဘ...
29/05/2026

🌟 Grit & Grace Mindset: Women Who Inspired Me

မေရဲ့ Post တွေဟာ စာအုပ်တွေထဲကမဟုတ်ဘဲ လက်တွေ့ဖြတ်သန်းမှုတွေထဲက သိမြင်လာတဲ့ ဘဝမှတ်တမ်းလေးတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ 93 Born Millennial တစ်ယောက်အနေနဲ့ ကြီးပြင်းလာရချိန်မှာ ဆိုရှယ်မီဒီယာတွေ မရှိခဲ့တာကပဲ 'Blessing in disguise' ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းက ပြီးပြည့်စုံတဲ့ပုံရိပ်တွေအစား ကိုယ့်မျက်စိရှေ့က လူသားတွေရဲ့ ရုန်းကန်မှုကို တကယ့်လက်တွေ့ဘဝ Role Model အဖြစ် သင်ခန်းစာယူခွင့်ရခဲ့လို့ပါ။

မေကို Mentally & Physically Strong ဖြစ်အောင် ငယ်ငယ်ကတည်းက စံနမူနာပြ၊ Build Up ပေးခဲ့တဲ့ အမြင်ဆရာ၊ ကြားဆရာ (၃) ယောက်ကတော့ အခြားသူမဟုတ်ပါဘူး။ မေရဲ့ အမေ နဲ့ အဒေါ် (၂) ယောက် ပဲ ဖြစ်ပါတယ်။

💎 Grit

သူတို့ဟာ အသက် (၅၀) ကျော်အရွယ်မှာ စကားလုံးတွေနဲ့တင်မကဘဲ Physical Grit အနေနဲ့ အားကစားပြိုင်ပွဲတွေကတစ်ဆင့် လက်တွေ့သက်သေပြခဲ့ကြပါတယ် -
🏆 အမေ: HYROX Double ပြိုင်ပွဲကို 1:48 နဲ့ ပန်းဝင်ခဲ့တယ်။
🏆 ကြီးတော်: Yoma Marathon (10km) ကို 1:27 မိနစ်အောက်နဲ့ ပန်းဝင်ခဲ့တယ်။
🏆 အဒေါ်ငယ်ဆုံး: Yangon Heritage Night Run (5km) ကို 35 မိနစ်နဲ့ ပန်းဝင်ခဲ့တယ်။

ဒါ့အပြင် Mental Grit အနေနဲ့လည်း မိဘကိုအမှီမပြုဘဲ ကိုယ့်ဒူးကိုယ်ချွန် အခက်အခဲတွေကိုကျော်လွှားပြီး အောင်မြင်လာခဲ့ကြတဲ့ First Generation 'Self-made' အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

💎 Grace

အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုပဲလို့ သက်သေပြရင်း အမြဲနုပျိုသွက်လက်နေကြသူတွေပါ။ အပြင်ပန်းတင်မကဘဲ လုပ်ငန်းခွင်နဲ့ လူမှုပတ်ဝန်းကျင်ကို အမြော်အမြင်ရှိရှိ ဦးဆောင်စီမံနိုင်တဲ့ အရည်အချင်း၊ ဘဝရဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှားပြခဲ့တဲ့ အရှိန်အဝါရှိတဲ့ စံနမူနာပြ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

✨ 10 Life Skills I Learned from Them

1. Self-confidence: မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း။
2. Humility: အောင်မြင်ပေမယ့် ကိုယ်ချင်းစာတရားရှိခြင်း။
3. Discipline: စည်းကမ်းရှိခြင်း။
4. Upskilling: စဉ်ဆက်မပြတ်လေ့လာခြင်း။
5. Resilience: လွယ်လွယ်နဲ့ အလျှော့မပေးခြင်း။
6. Resourcefulness: ရှိတာနဲ့ အောင်မြင်အောင်လုပ်နိုင်ခြင်း။
7. Consistency: ဘယ်တော့မှ မရပ်တန့်ခြင်း။
8. Decisiveness: စိတ်ပြတ်သားခြင်း။
9. Courage: ပြဿနာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်း။
10. Modern & Youthful: ခေတ်မီပြီး နုပျိုအောင် နေထိုင်ခြင်း။

'Actions speak louder than words' ဆိုသလို ဒီအရာတွေကို သူတို့က နှုတ်နဲ့မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေနဲ့ လမ်းပြပေးသွားခဲ့တာပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အောင်မြင်မှုကို ကိုယ်တိုင်တည်ဆောက်ခဲ့ကြသူတွေမို့ တကယ့်ကို အတုယူစရာပါပဲ။

ချစ်ရတဲ့စာဖတ်သူတို့ရဲ့ ဘဝခရီးလမ်းမှာရော အမြဲတမ်း စိတ်ဓာတ်ခွန်အားတွေ ပေးနေတဲ့ Role Model က ဘယ်သူဖြစ်မလဲ? Comment မှာ ဝေမျှပေးခဲ့ပါဦးနော်။ ✨❤️

Kimonos and memories, weaving a story I’ll never forget 💚
09/01/2025

Kimonos and memories, weaving a story I’ll never forget 💚

住所

Kyoto-shi, Kyoto

ウェブサイト

アラート

May Thin Kyuがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する